ခပ်ဆန်းဆန်းလေးဖြစ်သွားအောင်ငရုတ်သီးချက်စားကြရအောင်နော်။ လိုတဲ့ပစ္စည်းတွေကတော့... အသားတု (သို့) မြေပဲ ပုဇွန်ခြောက်မှုန့် ကြက်သွန်ဖြူ/နီ နံနံပင် ငရုတ်သီးအတောင့်ရှည်အစိမ်း..... ပထမဆုံးအနေနဲ့ မြေပဲကိုမညက်တစ်ညက်ထောင်းပါ။ ဆီချက်သတ်ပြီးမြေပဲထောင်းထားတာကိုထည့် ရပါတယ်။ ရေနဲနဲထည့်ပါ။ မြေပဲနူးပြီးပျော့သွားအောင်အတွက်ပါ။ သတ်သတ်လွတ်အတွက်ဆိုရင်တော့ ပုဇွန်ခြောက်မှုန့်မထည့်ပါနဲ့။ သတ်သတ်မလွတ်ရင်တော့ပုဇွန်ခြောက်မှုန့်တွေကိုပါထပ်ထည့်ပြီးဆီသတ် ပါ၊ အရောင်တင်၊နနွင်းမှုန့်ထည့်ပါ။ ပြီးရင်တော့ငရုတ်သီးအတောင့်ကြီးတွေကိုနှစ်ခြမ်းခွဲထားပြီးထည့် လုံးပါ။ ရေနဲနဲလေးထပ်ထည့်ပါ။ ပြီးရင်တော့မီးနွေးနွေးနဲ့နှပ်ပါ။ ငရုတ်သီးတွေနွမ်းရင်တော့ကျက်လောက် ပြီဖြစ်တာမို့အပေါ့ငံမြည်းပြီးစားလို့ရပါပြီးနော်... စပ်စပ်လေးနဲ့စိမ့်စိမ့်လေးပေါ့.. တစ်ရက်ကကျောင်းကဆရာမချက်ကြွေးတာစားလိုက်ရတော့ခံတွင်းတွေ့သွားတာ... အစပ်ကြောက်တဲ့သူအတွက်တော့သိပ်မကိုက်ဘူး။ ငရုတ်သီးအတောင့်ရှည်တွေကအရမ်းတော့မစပ်ပါဘူး အဲဒီဟင်းလေးနဲ့ခရမ်းချဉ်သီးကိုထူထူလှီး၊ ကြက်သွန်နီနဲ့ အချဉ်လေးဆမ်းပြီးသုပ်ထားတာလေး တွဲစားလိုက်ရင်တော့ကောင်းမှကောင်းပါဘဲနော်.. ခါတိုင်းဖြစ်သလိုစားနေတဲ့ကျွန်မ...သူငယ...
ကျွန်မချစ်တဲ့မိသားစုလေးရှိတယ်။လေးစားမြတ်နိုးရတဲ့ချစ်သူတစ်ယောက်ရှိတယ်။ တစ်နေ့၊ကျွန်မမရှိတော့တဲ့တစ်နေ့၊ဒါမှမဟုတ်ပြန်ဆုံတဲ့တစ်နေ့မှာအမှတ်တရဖြစ်အောင်ရင်ထဲကစကားတွေ၊ခံစားချက်တွေ၊အတွေ့ကြုံတွေ၊ ချက်ဖြစ်တာလေးတွေနဲ့ဝေမျှခြင်တာလေးတွေ၊ကိုဒီထဲမှာသွန်ချထားတယ်။