Skip to main content

ဂျုံခေါက်ဆွဲပြုပ်

ဒီနေ့တော့အလွယ်တစ်ကူစားနိုင်မယ့် ခေါက်ဆွဲပြုပ်စားနည်းတစ်မျိုးကိုပြောပြမယ်နော်။

ပါဝင်တဲ့ပစည်းတွေကတော့

ဂျုံခေါက်ဆွဲ တစ်ထုပ် (ပြုပ်ပြီး ရေစစ်၊ ရေအေးနဲ့ဆေးပြီးရေစစ်ပြီးအသင့်စားလို့ရအောင်ပုံထား)

တူနာ ငါး (ကြော်ပြီးသားအတုံးတွေကို အသားချည်းဘဲနွှာထား)

ကြက်သွန်ဖြူနီ (ကိုဆီချက်သတ်ပါ။ ငါးအသားတုံးနွှာထားတဲ့ခပ်ကြီးကြီးတွေထည့်ပါ)

ရေနွေးဆူလာရင် ဆီသတ်ထားတဲ့ငါးကိုထည့်၊

Knorr နော ကြက်သားခဲ တစ်ခဲ ကိုထည့်၊

ဆားထည့်၊

မုန်ညှင်းဖြူကို ခပ်ရှည်ရှည်လှီးထည့်ပါ။

ပြီးရင်တော့ အသင့်ပြင်ထားတဲ့ခေါက်ဆွဲကိုစားချင်သလောက်ထည့်ပြီး၊ ခုနက ဟင်းရည်ကိုလောင်း ထည့်လိုက်ရင်ပြီးပါပြီ။ အစပ်အတွက် ငရုတ်သီးစိမ်းအနီလတ်လတ်ဆတ်ဆတ်ကိုပါးပါးလှီးထည့်ပါ။ အချဉ်အတွက်သံပုရာသီးညှစ်ပါ။

အရမ်းတော့ရိုးရှင်းပေမယ့် တစ်ခါတစ်လေအပျင်းပြေအလွယ်နည်း၊အရသာရှိရှိစားနိုင်စေဖို့အတွက် ဝေဌလိုက်ပါတယ်နော်။

(ခေါက်ဆွဲသပ်သပ်၊ဟင်းရည်သပ်သပ်ထည့်စားတော့ခေါက်ဆွဲတွေမပွသွားတော့ဘူးပေါ့။ လူလေးငါး ယောက်စုစားတဲ့အခါ ကိုယ်ကြိုက်သလောက်လဲထည့်စားလို့ရတယ်လေ။)

Comments