Skip to main content

Cash Flow Game Winner

ကျွန်မခေါင်းနာနေတာတစ်ပတ်လုံးပါဘဲ။ဘာကြောင့်လဲတော့မသိဘူး၊အမှန်ကမိုင်ဂရိန်း.
ဆေးသောက်ပေမယ့်သက်သာတယ်ပြီးတော့ခေါင်းထပ်ကိုက်တယ်။ဒီနေ့တော့ကျွန်မတို့
အဖွဲ့Cash Flow gameကို ဆရာ့အိမ်မှာဆော့ကြမယ်လို့ဆရာကချိန်းထားတယ်။ အားလုံး
အနီရောင် ၀တ်သွားကြတယ်။ပြီးခဲ့တဲ့နှစ်ကကျွန်မတို့အဖွဲ့Treasury groupအတွက်ရှပ်အနီ ရောင်တွေဆင်တူဝယ်ပေးထားတာကိုဒီညနေတော့ဝတ်သွားကြတယ်။ဒီဂိမ်းမှာလဲကျွန်မနိုင်
မှဖြစ်မယ်လေ။ဟိုတစ်ခါကတော့ပီဇာ..ဒီတစ်ခါတော့ဘာဆုလဲမသိသေးဘူး။Robert Kiyosaki
ကRich Dad, Poor Dad စာအုပ်ရေးတဲ့သူပေါ့။ သူထွင်ထားတဲ့ဂိန်းပါ။ ကျွန်မစိတ်ထင်တော့မိုနို
ပိုလီ ကစားနည်းအပေါ်မှာအခြေခံထားတဲ့အတွက်သိပ်ခက်မယ်တော့မထင်ဘူး။ အဆင့်တော့
ပိုမြင့်တာပေါ့။ပထမဆုံး banker ရှိတယ်။ ကျွန်မတို့က ကဒ်တစ်ခုဆီကိုမဲနိုက်
သလိုရွေးရ တယ်။အဲဒါကျွန်မတို့အလုပ်အကိုင်ဝင်ငွေနဲ့ကုန်ကျစရိတ်တွေ (လစဉ်)ပါတဲ့ကဒ်ပေါ့။
တစ်ယောက်က ထရပ်ကားမောင်းတဲ့သူ၊ တစ်ယောက်ကအင်ဂျင်နီယာ၊ ကျွန်မကဆရာဝန်၊ကျန်တစ်
ယောက်ကတက္ကသိုလ်ပါမောက္ခ၊နောက်တစ်ယောက်ကအိုင်တီအင်ဂျင်နီယာ။ ကိုယ်ရတဲ့အလုပ်အကိုင်ပေါ်မှာမူတည်ပြီးတော့ရတဲ့လစာ၊ကုန်ကျစရိတ်တွေကကွဲပြားတယ်။ကျွန်မ
ဆရာဝန်၊ရတဲ့လခက ဒေါ်လာ ၅၅၀၀၊ လစဉ်ကုန်ကျစရိတ်က ၄၈၀၀၊နဲ့စုငွေက ၄၀၀။ ကျန်တဲ့သူတွေ
လဲသူတို့လခနဲ့သူတို့ကုန်ကျစရိတ်၊ ၀င်ငွေများရင်ကုန်ကျစရိတ်လဲများတယ်။ဘဏ်ကကျွန်မတို့ကို
ထုတ်ပေးတာပထမဆုံးကတော့ကိုယ့်လခပေါ့။စစခြင်းမှာကျွန်မ ၅၅၀၀ ရတယ်။ နောက်အံစာတုံး
စလှည့်တာနဲ့အကွက် တွေရွှေပြီးလခထုတ်တဲ့အကွက်ကိုရောက်ရင်/ကျော်သွားရင်Cash Flowကို
ရတယ်။ ဒီနေရာမှာ Cash Flow ဆိုတာကကျွန်မတို့ရတဲ့လခထဲကနေကုန်ကျစရိတ်ကိုနုတ်၊ကျန်
တဲ့အသား တင်ငွေကိုထုတ်ပေးတယ်။Cash Flowများလာနိုင်တဲ့အကြောင်းကတော့ Passion
Incomeအဲဒါဘယ်ကနေရမလဲဆိုတော့အကယ်လို့ကျွန်မအံစာတုံးလှည့်တဲ့အခါမှာOpportunities ဆိုတဲ့အကွက်ရောက်ရင်ကျွန်မကဒ်ကိုနိုက်ရတယ်၊stock share တွေဝယ်လို့ရတယ်၊အိမ်ဝယ်လို့
ရတယ်၊ လုပ်ငန်းတွေဝယ်လို့ရတယ်။Passion Incomeက ၀ယ်ပြီးပြန်ရောင်းတဲ့အခါဝင်တဲ့ငွေကို ပြောတာမဟုတ်ဘူး.အိမ်ဌားလို့ရတဲ့ငွေ၊အဲဒီငွေရမှcash flow ကမြင့်လာမှာကိုး။ဒီတော့ cash flow
ကို build up လုပ်နိုင်တဲ့အနေထားရဖို့ Small Deal နဲ့ Big Dealကဒ်မှာBig Dealကဒ်ရအောင်ဝယ်
နိုင်ဖို့ကိုယ့်မှာပိုက်ဆံအများကြီးရှိဖို့လိုတယ်။ ဒါမှကြွက်တွင်းလေးထဲကထွက်နိုင်မယ်။ Cash flow
ကကိုယ့်ရဲ့တစ်လကုန်ကျစရိတ်ကိုမှီရင်၊ကျော်ရင်ကြွက်တွင်းကနေထွက်လို့ရတယ်။ဒီနေရာမှာသတိ
ထားရမယ့်တစ်ချက်ကBaby ကလေးဆိုတဲ့အကွက်ရရင်တော့ကလေးတစ်ယောက်ရဲ့ကုန်ကျစရိတ်
က ထပ်တိုးလာပြီ၊ဒါကြောင့်ကျွန်မတို့အဲဒီအကွက်ကို သတိထားရတယ်။ ဟားဟား ကျွန်မကမေး
တယ်..ကလေးကိုရောပြန်ရောင်းလို့မရဘူးလားလို့..သူများတွေကတော့ရှိတဲ့ပိုက်ဆံလေးနဲ့ဝယ်လိုက် ရောင်းလိုက်မြတ်လိုက်လုပ်ကြတယ်။ကျွန်မကတော့လခကိုဘဲစောင့်ယူတယ်။ပြီးတာနဲ့Big Deal့ ကိုတန်းယူပြီးဈေးကြီးကြီးအိမ်တွေstockတွေကိုဝယ်တယ်။ဒါမှ cash flow ကမြင့်တာလေတစ်လကို ရာကျော်လောက်လေးကိုစောင့်ပြီးတွက်နေလို့မဖြစ်ဘူး။ တစ်လကုန်ကျစရိတ်ကိုမှီဖို့ကဒေါ်လာသောင်း ချီကျော်တယ်ဆိုတော့။နောက်ဆုံးတော့ ကျွန်မအရင်ဆုံးကြွက်တွင်းကထွက်ရပါပြီ။တစ်ခုမေ့နေတယ်။ ဂိန်းမစခင်မှာကိုယ့်ရဲ့goal ကိုရွေးပြီးအဲဒီအကွက်မှာကျွန်မရဲ့ Cheeseအတုံးလေးကိုထားရတယ်။ အဲဒီ
အကွက် ကိုအံစာတုံးလှည့်လို့တန်းကျမယ်၊၀ယ်နိုင်တဲ့ငွေအင်အားရှိရင်နိုင်ပြီ၊ နောက်တစ်နည်းက
တော့cash flow ၅၀၀၀၀ရရင်နိုင်တယ်။ကြွက်တွင်းအကွင်းထဲကထွက်တာနဲ့ကျွန်မရထားတဲ့Cash flow ရဲ့အဆ၁၀၀ဘဏ်ကထပ်ထုတ်ပေးတယ်။ကုန်လိုက်တာကတော့သောက်သောက်လဲ။
ဝင်ငွေကလဲမတရားကိုရတာ.ကိုယ့်goalအကွက်ကိုရောက်ဖို့က့ကံကောင်းအုံးမှ၊ဆိုတော့ကျွန်မက
cashflow ကိုဘဲ build up လုပ်ဖို့ဆုံးဖြတ်လိုက်တယ်။(၅)နာရီကျော်လောက်ဆော့ပြီးတဲ့အခါမှာအနိုင် ရသွားတာကတော့ကျွန်မပါဘဲ။ဟီးဟီး...
ဒီဂိမ်းကတွက်ရချက်ရ၊ဦးနှောက်ခြောက်ပေမယ့်ပျော်စရာကောင်းပါတယ်။ ဈေးကြီးတယ်ဗျ.. အဲဒီ boardgame
လေးတစ်ခုကို ဒေါ်လာ ၂၀၀ပေးရတယ်။ ဒါကြောင့်သူများတွေကဈေးကြီးတဲ့ဂိမ်းလို့ပြောကြတယ်။ဒါပေမယ့်
တော်တော့ကိုပညာရပါတယ်။လက်တွေ့မှာတော့ဘယ်လိုရှိမလဲမသိပေမယ့်နည်းလမ်းတွေကိုတော့သိသွားတာ
ပေါ့...


မနက်ဖြန်တော့မြန်မာမိသားစုမိတ်စုံစားပွဲရှိတယ်။ ကျွန်မနဲ့ကိုကြီး၊ကျော်ကျော်က အသား (၂)ကီလို ချက်ရ
မယ်။ကျန်တဲ့သူတွေကိုတော့တာဝန်တွေခွဲပြီးသွားပြီ။ ကိုကြီးဘွဲယူတုန်းကမြန်မာမိသားစုတွေဂုဏ်ပြုလက်
ဆောင်မပေးရသေးဘူး.မနက်ဖြန်တော့သူ့ကိုဂုဏ်ပြုတဲ့ပွဲလေးပါတယ်။
ဒီညတော့စောစောအိပ်လိုက်အုံးမယ်။မနက်ဖြန်ဟင်းချက်ရမှာမို့လို့လား..မဟုတ်ပါဘူးနော်..
ကိုကြီး၊ကျော်ကျော်နဲ့မာမီတို့ချက်မှာ..ကျွန်မကတော့ယောင်လေ၀ါးဝါးပေါ့။

Comments

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ...

ခါနွေပိတောက် ၂၀၁၀

သင်္ကြန်ရက်နီးလာပီနော်။ ပိတောက်ပန်းမချစ်တဲ့မိန်းကလေးများရှိမလား။ ကျွန်မတော့ချစ်တယ်။ မြင်ရင်ကို စိတ်ထဲအေးမြနေတာ... အပင်မြင့်ကြီးမှာပွင့်နေတဲ့ရွှေဝါရောင်ပိတောက်လေးတွေ ငေးကြည့်ရင်း လေအသင့်မှာ ပိတောက်နံ့လေးဝေ့လာမလားလို့ ခေါင်းမော့ပီးရှုမိတာအခါခါပါ။ နောက်နေ့မှာတော့ ပိတောက်ဝါပွင့်လေးတွေကြွေပီး မြေခနေတာတွေ နှမြောတသစွာကြည့်ရင်း.. ဘာလိုလိုနဲ့ နှစ်ကူးပြန်တော့မယ်လေ.. ပန်းချစ်သူတွေအတွက် ခါနွေပိတောက် တစ်ပွေ့တစ်ပိုက်ကြည့်နိုင်အောင် ပုံလေးတွေတင်ပေးလိုက်တယ်။ ဒီနေ့ညနေမှ ခြံထဲက အကိုင်းနိပ်တဲ့အပင်ကပွင့်နေလို့ အများကြီးခူးလာခဲ့တယ်။ တစ်အိမ်လုံးပန်းအိုးတွေနဲ့လိုက်ထိုးထားတယ်..သင်္ကြန်ချိန်ဆိုသူတို့မပွင့်တော့ဘူး။