မနက်ကနိုးနိုးခြင်း မြူးစ် ဘလော့မှာ နှုတ်ဆက်တယ် တွေ့လို့ message ချန်ထားစရာနေရာလဲမရှိလို့ပါ။ မြူးစ် .. ဘာဖြစ်လဲတော့ ကူးကူးစ် အသေချာမသိပါဘူး.. ဒါပေမယ့် မြူးစ် အဲလိုနောက်ဆုတ်သွားဖို့ မလိုပါဘူးနော်။ မြူးစ် ချစ်တဲ့ ဘလော့လေးမှာ စိတ်ချမ်းသာတာလေးတွေရေးပီးဘယ်သူ့ကို မှ အနှောက် ယှက်ပေးတာမဟုတ်.. ကိုယ်မှန်ရာကိုယ်လုပ်နေတာမို့ စိတ်မကောင်းမဖြစ်ပါနဲ့... မြူးစ်ရေးထာတာတော့ ကူးစ် သေချာနားမလည်လို့ ဘယ်လောက်ထိခံစားစိတ်ထိခိုက်မလဲဆိုတာ ကာယကံရှင် ကိုယ်တိုင်သာသိမှာပါ.. ကူးစ်ကိုယ်ချင်းစာပါတယ်.. ဘလော့လေးတော့မဖျက်ပါနဲ့.. မြူးစ် စီဘောက် နဲ့ ကောမန့်ဖြုတ်ထားလို့ရပါတယ်.. တစ်ခါတစ်လေ... ဖြောင့်ဖြောင့်လေးလျှောက်လို့မရတဲ့အခါတွေရှိတယ်..မြူးစ် ရေ..ကျမ်းစာထဲမှာ လူသားချင်း အပြစ်သားတွေချင်းမို့ နားလည်ခွင့်လွှတ်ပေးပါလို့ ကူးစ်တို့သင်ကြားခဲ့ရတယ်မဟုတ်လား.. ကိုယ်ကရိုးသားစွာနေထိုင်ပြောဆိုတဲ့အခါ မကောင်းတဲ့အမြင်နဲ့ကြည့်ရင် မကောင်းတာဘဲမြင်နေမှာမို့ လူ ထောင်သောင်းပေါင်းများစွာရဲ့ အမြင်ကိုလိုက်တည့်မတ်ပေးဖို့ ကိုယ်တို့မတတ်နိုင်ဘူးလေး.. အကောင်းဆုံးက သူတို့အတွက်ဆုတောင်းပေးရုံဘဲရှိတယ်... ...
ကျွန်မချစ်တဲ့မိသားစုလေးရှိတယ်။လေးစားမြတ်နိုးရတဲ့ချစ်သူတစ်ယောက်ရှိတယ်။ တစ်နေ့၊ကျွန်မမရှိတော့တဲ့တစ်နေ့၊ဒါမှမဟုတ်ပြန်ဆုံတဲ့တစ်နေ့မှာအမှတ်တရဖြစ်အောင်ရင်ထဲကစကားတွေ၊ခံစားချက်တွေ၊အတွေ့ကြုံတွေ၊ ချက်ဖြစ်တာလေးတွေနဲ့ဝေမျှခြင်တာလေးတွေ၊ကိုဒီထဲမှာသွန်ချထားတယ်။