(စန္ဒကူးရေးချင်တာက)
ဒီဇင်ဘာလကိုချစ်တတ်တဲ့သူများအတွက် တစ်ကူးတစ်ကရိုက်ပို့ထားပေးတဲ့ ပုံလေးတွေတင်ပေးလိုက် ပါတယ်။ ညီမလေးက ဒီဇင်ဘာမှာမွေးတယ်၊ မာမီနဲ့ပါးပါး ဒီဇင်ဘာမှာ မင်္ဂလာဆောင်တယ်..
ဒီဇင်ဘာတိုင်းမိသားစုတွေပြန်စုံကြတယ်...
ရုံးပိတ်ရက်တွေလဲအများကြီး...လက်ဆောင်တွေလဲအများကြီးရသလို.မရှိဆင်းရဲသားတွေကိုလဲ ကိုယ့်မှာ ရှိတာလေးကို အကုန်နီးပါးပြန်ဝေမျှဖြစ်တဲ့ပုံမှန်လလေးပေါ့....
(ဆက်ဖတ်ရန်)
အလုပ်အများဆုံးလလို့ပြောလို့ရသလို..
ဒီဇင်ဘာလရဲ့အေးစိမ့်တဲ့အရသာကိုလဲချစ်တယ်...
ခြောက်သွေ့တဲ့လေအေးအေးတွေကိုလဲချစ်တယ်...
မိသားစုရဲ့နွေးထွေးမှုကိုလဲလွမ်းတယ်...
ချစ်သူ့ရဲ့စိုးရိမ်ပူပန်တဲ့အကြည့် ကိုလဲ တမ်းတတယ်...
ဒီနှစ်ခရစ္စမတ်ပါတီကိုတော့ အသက်နဲ့အလိုက် dress code အရောင်တွေသတ်မှတ်ထားတယ်...
ကျွန်မအသက်နဲ့ဆိုတော့ အစိမ်းရောင်ကျတယ်...
blue christmas လို့ လွမ်းရောင်သန်းပီး အလှဆင်ထားတဲ့ ခရစ္စမတ်သစ်ပင် အပြာရှေ့မှာ အလွမ်းကဗျာ ဆန်မယ့်အရေးမှာ..အခုတော့ အစိမ်းရောင်ဝတ်ပီး ခဏစိမ်းကားနေရအုံးမယ့်နမိတ်များလား..နော်။

ပုံတွေက တကယ်ကဗျာဆန်တယ် မကူးရေ :)
ReplyDeleteကူးကူးရေ..
ReplyDeleteပေါက်လည်း ဒီဇင်ဘာအမှတ်တရ ရှိတယ်။။
ပုံတွေကလှလိုက်တာ
ReplyDeleteကိုယ်လဲ ဒီဇင်ဘာကို ကြိုက်တယ်။
ReplyDeleteကူးကူးစ်
ReplyDeleteရုံလေးလည်းဒီဇင်ဘာကြိုက်တယ်သိလား
Nice pictures. did you take them? where is that?
ReplyDeleteိခရစ္စမတ် အလွမ်းတွေ လွမ်းရတာများနေလို့ ဒို့တော့ ဒီနှစ် ရန်ကုန်ပြန်ဘို့ ဆုံးဖြတ်လိုက်တယ်
ReplyDelete