Skip to main content

မျှစ် ထောင်း

ဆောင်းတွင်းဝင်လာပီမို့ ရက်ဟောင်းတွေကြွေ၊ ရွက်ရင့်တွေ နီဝါရောင်ပြောင်းလို့ တစ်ဆောင်းသစ်ပြန်ပီပေါ့။
မိုးတွင်းပိုင်းသာ အသီးနှံပေါပေမယ့် ဆောင်းတွင်းကျတော့ အသီးရွက်နဲနဲပါးသွားတယ်။
အရင်အပတ်က supermarket မှာ မျှစ်လေးတွေထုတ်ထားတာတွေ့လို့ဝယ်လာတယ်၊ စိတ်ထဲ တစ်ထင့်ထင့် ရယ်။ ဒီကမျှစ်တွေများ ၀ါးကိုပါးပါးလှီးထားသလားအောက်မေ့ရအောင် ရင့်မာလှပါတယ်။
အိမ်ရောက်ရောက်ခြင်းဖွင့်ကြည့်တော့ မျှစ်လေးတွေက အရမ်းမဟုတ်တောင် အနေတော်လောက်နုနေတော့ အရမ်းကိုပျော်သွားတယ်။ ကားပေါ်မှာလဲမဖွင့်ရဲဘူး။ အနံ့က သင်းလှိုင်နေတာ။
ဒီကနေ ၂နာရီလောက်ကားစီးရတဲ့ နေရာမှာ ကျောင်းတက်နေတဲ့ ဆရာမတစ်ယောက် အိမ်ကို လာလည်တော့ အဲဒီနေ့မှာ မျှစ်တာလပေါ့လေးချက်ထားတာနဲ့ကြုံတော့ သူ့ကိုကျွေးလိုက်တယ်။
သူကအရမ်းစားလို့ကောင်းတာဘဲတဲ့ သူတို့ဘက်မှာတော့ မျှစ်မရောင်းဘူး မျှစ်အရမ်းကြိုက်တယ် လို့ ပြောပါတယ်။ အေးလေ.. ဒါနဲ့ဘဲ ကူးလဲ မျှစ်ကိုဘယ်လိုရှာပုံတော်ဖွင့်ရသလဲ ဆိုတဲ့ဇတ်လမ်းအစက နေ ပြန်ခင်းရပြန်ပါတယ်။ ဒီတစ်ခေါက်တောင် ကံကောင်းစွာ မျှစ်လေးတစ်ထုတ်ရတာပါ။
ကျန်နေတဲ့တစ်ဝက်ကိုတော့ ကျောင်းအလွမ်းပြေ၊ အရှေ့တောင်တိုင်းက ကရင်သူငယ်ချင်းမလေးတွေ အလွမ်းပြေ ထောင်းစားဖို့ စီစဉ်လိုက်ပါတယ်။
ရေခဲသေတ္တာထဲက ငရုတ်သီးစိမ်းတွေလိုက်ရှာတော့ ခြောက်နေပီ၊ ဒါနဲ့ဘဲ ပန်းရုံတွေကြားငရုတ်ပင်ကို လိုက်ရှာပီး ငရုတ်သီးစိမ်းလိုက်ခူးရပါတယ်။
မျှစ်ကိုရေနွေးပူပူ မှာထပ်ဖျောလိုက်ပါတယ်။ 
ငရုတ်သီးစိမ်း ၁၂ တောင့်
မျှင်ငပိ (ထမင်းစားဇွန်း ၄ပုံ ၁ပုံစာ)
မြေပဲကြော် အနည်းငယ်
ကြက်သွန်ဖြူ (၂ မွှာ)
ကြက်သွန်နီ (၁ ခြမ်း)
ဆားအနဲငယ်နဲ့ အချိုမှုန့်အနည်းငယ်ဆိုရပါပီနော်။ 

ပထမဦးဆုံး ငရုတ်သီးစိမ်းကိုညက်နေအောင် ဆားနဲ့ရောထောင်းပါမယ်။

မြေပဲကြော်တွေ ကိုပါ ညက်အောင်ထည့်ထောင်းပါ
ကြက်သွန်ဖြူ ထည့် ဆက်ထောင်းပီး 
မျှင်ငပိကို မီးနဲနဲပြပီး ထည့်ထောင်းပါ
ကြက်သွန်နီထည့်ဆက်ထောင်းမယ်
ပီးရင်တော့ ရေနွေးဖျောထားတဲ့မျှစ်တွေကိုရေစစ်ပီး ဆား အချိုမှုန့် အနည်းငယ်လောက်သာ ထပ်ထည့် မွှေပီး ငရုတ်ဆုံထဲကို စိတ်ကြိုက် ထည့်ထောင်းပါလေ..
သတိထားနော်.. မျက်စိစင်မယ်.. အဖတ်တွေလဲ ငရုတ်ဆုံအပြင်လျှံကျတတ်ပါသေးတယ်..လက်လေးနဲ့ ကာထား။
ထောင်းပီးပီဆိုရင်တော့ မမေ့မလျှော့ သံပုရာသီးလေးညှစ်လိုက်မှာ မျှစ်ထောင်းအရသာပိုမိုပေါ်လွင်လာ မှာနော်။   ကဲ ဒီညတော့ မျှစ်ထောင်းလေးနဲ့ ထမင်းမြိန်အုံးမှာသေချာတယ်။

နောက်နေ့တော့ ပေါက်ကရစားတယ်ဆိုပီး အနုနည်းနဲ့ အဆူခံဖို့ ပြင်ဆင်ရပါအုံးမယ်။ :P

Comments

  1. ကူးကူးရေ

    စားချင်တာစားပြီးအဆူခံရတာ တန်တယ်နော့။
း)

    ကြုံတုန်းမြှောက်သွားတာ။

    တကယ်တော့ စားချင်စရာလေးပါ။ ပေါက်ကရ ဟုတ်ပါဘူး။ သံပုရာသီးလေးပါတော့ ပိုသွားရည်ကျသွားတယ်။
း)

    ReplyDelete
  2. ဗိုက်စာနေတုန်း ရောက်လာတယ်ကူးရေ အရမ်းကြိုက်တဲ့ဟင်း စားချင်လိုက်တာ

    ReplyDelete
  3. ဗိုက်တောင်ဆာလာပြီ ကူးကူးရေ။ မျှစ်ဆို ဘယ်လိုလုပ်လုပ်ကြိုက်ပါသည်။
    မရောက်တာလဲ အတော်ကြာသွားလို့ စိတ်ဆိုးနဲ့အုံးနော်။

    ReplyDelete
  4. မျှစ်ကိုဘယ်လိုချက်ချက် ကြိုက်တယ်။
    ရှေ့  တပ်ထဲလုပ်စားကြည့်မယ်။
    ကျေးဇူးတင်ပါတယ်။

    ReplyDelete
  5. စားကောင်းမယ်ပုံလေး . တစ်ခါမှအဲလိုလုပ်မစားကြည့်ဖူးဘူး။ ဒီတစ်ပတ်ပိတ်ရက်မှလုပ်စားကြည့်ရမယ်။

    ReplyDelete
  6. မျှစ်ထောင်းတဲ့။ မကြားဖူးဘူး။ အရမ်းကောင်းမှာပဲ။ လုပ်စားကြည့်ချင်တယ်။ ဒါပေမဲ့ ငရုတ်ဆုံ မရှိဘူး ညီမရ။ ညီမဆီကပဲ စားသွားတယ်နော်။ သိပ်ကောင်း။

    ReplyDelete
  7. ကူးးးးးးကူးးးးစ်
    အဟင့်.... မျှစ်ထောင်းတဲ့
    မြူးစ် သိပ်ကြိုက်တာသိလား

    ReplyDelete
  8. သားရေတောင်ကျတယ် လုပ်စားအုံးမယ် ..ကျေးဇူးကူးစ်

    ReplyDelete
  9. မျှစ်ထောင်းကြိုက်တယ်ကူးကူးရေ

    ReplyDelete
  10. အခုပဲ ဟိုဘက်အိမ်ကနေ ကြာဇံချက်နဲ့ ရှောက်သီးသုပ်စားလာတယ်။ ဒီဘက်အိမ်ရောက်တော့လည်း မျှစ်ထောင်းတဲ့။ ကောင်းလိုက်တာ။ သွားရည်တောင် ကျတယ်။ ထမင်းပူပူလေးနဲ့ စားမယ်၊ အမဲနှပ်လေးနဲ့၊ ဟင်းခါးလေး တစ်ခွက်လောက်နဲ့ဆို ရှယ်ပဲ။
    အရမ်းကျေးဇူးတင်တယ်နော်။ သိပ်ကြိုက်။

    ReplyDelete
  11. မျှစ်ထောင်းက လန်းပဗျာ :)

    ReplyDelete
  12. ချစ်အုန်းဖေNovember 18, 2009 at 4:17 AM

    ဝါးမျိုးတုန်းတော့မှာပဲ။

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါကြောင့် မှိုလေးတွေနဲနဲတက်ေ

ပိန်းစွယ်ချဉ်စပ် နှင့် ပိန်းစွယ်ဟင်းခါး

အခုရက်ပိုင်း ဈေးနေ့မှာ ဈေးသွားရင်ရှည်မျောမျောအရိုးလေးတွေရောင်းတာတွေ့တယ်။ စိတ်ဝင်စားလို့ သွားမေးတော့ သူတို့စကားနဲ့သူတို့ဖြေတော့ ကျွန်မလဲနားမလည်ဘူး။ ဒီကလူတွေ အင်္ဂလိပ်ကို နေ့စဉ်သုံးစကားလို ကျွမ်းကျင်ပေမယ့် ဈေးနေ့မှာ အိမ်စိုက်ခင်းက လာရောင်းတဲ့ဈေးသည်တွေကတော့ တောင်ပေါ်ကဆင်းလာ တာမို့ အင်္ဂလိုဂဏန်းလောက်သာပြောတတ်တယ်။ နှစ်ခါမြောက်သွားသွားမေးပြီးတော့ မနေ့ညနေက ဈေးကအပြန်မှာ ထိုင်းကအမကြီးနဲ့ ဈေးတန်းဖက်လျှောက် အလာ၊ သူက အဲဒီအရိုးတွေဝယ်တယ်.. ဒါနဲ့အတော်ဘဲ စားလို့ရတာသေချာတယ်ဆိုပြီးကျွန်မလဲဝယ်လာ တယ်။  အဲဒါ ပိန်းစွယ်ပေါ့လေ...ပိတ်စွယ်လို့များခေါ်သလားမသိဘူး..ကြားဖူးတာ..း))) တစ်သက်မှာ တစ်ခါမှမစားဖူးလို့ မျောက်အုံးသီးရသလို ပျော်နေတာ အရမ်း... အာရှသူဖြစ်ရတာ တယ်ကံကောင်းတာလား.. အစုံစားလို့ရတယ်..း)) သူကပြောတယ် အုန်းနို့နဲ့ချက်စားရင်ကောင်းတယ်တဲ့... ကျွန်မ အဲဒီညနေက ဟင်းခါးလုပ်သောက်တယ်.. ကောင်းမှကောင်းး......   ဒီနေ့တော့ ချဉ်ပေါင်မရှိလို့ မာမီတစ်ကူးတစ်က အခြောက်လှမ်းပေးထားတဲ့ ကင်ပွန်း ချဉ်ခြောက်နဲ့ချက်တယ်... ဒါလဲရှယ်ကောင်းတာဘဲ... ဒီနေ့ချက်တဲ့ပိန်းစွယ်အချဉ်ချက်ကိုတော့ အချဉ်အတွက် ကင်ပွန်းချဉ်ရွက်သုံးပါမယ်။ ချဉ်ေ