Pages

Wednesday, August 5, 2009

မိုးဦး မျှစ်စိမ်းတာလပေါ့

နွေ၊မိုး၊ဆောင်း ပုံမှန်ရာသီလိုမရှိပေမယ့် မိုးစရွာတဲ့ရာသီကိုမိုးဦးရာသီလို့ဘဲသတ်မှတ်လိုက်ပါတယ်။ အခုရက်ပိုင်းမှာမိုး က တရစပ်ကိုရွာနေတာမို့ အပြင်ထွက်ရလဲခက်ပါတယ်။ ခါတိုင်းတော့အမြဲလိုလို မိုးရွာနေပူ မုန်တိုင်းတွေဖြစ်နေ ပေမယ့် ပီးခဲ့တဲ့ အပတ်ကတည်းက ရွာလိုက်တဲ့မိုးရယ်တစ်ခါမှမစဲတော့ပါဘူး။ အိမ်ကိုလဲသတိရတယ်၊ မြန်မာပြည် ကအစာတွေလဲလွမ်းတယ်။ လုံးဝရှာမရတဲ့အစာတွေအထူးသဖြင့် ကြောင်လျှာသီး၊ ဇီးဖြူသီး၊ ဖန်ခါးသီး၊ ကတက် ချဉ်၊ အင်ဥ၊ မျှစ်... အကုန်ကိုစားချင်နေတော့တာပါပဲ။
မျှစ်ကတော့ကြံဖန်လုပ်လို့ရတဲ့အရာဆိုတော့ ကျန်တဲ့ဟာတွေကိုတော့အိမ်ကလှမ်းမှာရတာဘဲ။ မိုးဆက်တိုက်ရွာ နေတဲ့အချိန် မိုးလေးနဲနဲစဲတော့ ခြံထဲက အလှစိုက်ထားတဲ့ဝါးရုံတွေအောက်ခြေမှသွားချောင်းချောင်းနေတာ.. မနေ့ ညနေက ၀ါးပေါက်စို့လေး ၂ ခုတွေ့တော့ဝမ်းသာအားရ ဒီနေ့ ၀ါးရုံအောက်သွားမျှစ်သွားချိုးလာခဲ့ပါတယ်။
ရင်ကခပ်ခုန်ခုန်ရယ်၊ ၀ါးရုံကြီးကလေတိုက်တိုင်းကျိ ကျိကျိ နဲ့အော်နေတော့ သရဲခြောက်သလိုလို၊ အထဲကအကောင်ရှည်များ ထွက်လာမလားခပ်ကြောက်ကြောက်ရယ်။ စားချင်လွန်းလို့သာအရဲစွန့်ရသပ။
ဝါးပင်အခွံအဖတ်လေးတွေကိုခွာပီး အထဲကအနုလေးတွေရေစိမ်ပီး၊ တစ်ရေလောက်ပြုပ်လိုက်ပါတယ်။
ဆန်လှော်၊ ကြေအောင်ဘလန်ဒါနဲ့မွှေပီး မျှစ်နုနုလတ်လတ်ဆတ်ဆတ် တာလပေါ့ဟင်းလေးချက်စားဖြစ်တယ်။
လတ်ဆတ်လို့လားတော့မသိ..အရသာလဲရှိ၊ ချိုလဲချို၊ မျှစ်လေးတွေဆတ်ဆတ်လေးနဲ့မိုးအေးအေးမှာ အရမ်းသောက်လို့ ကောင်းပါတယ်။ ကျမ်းမာရေးလိုက်စားသူများအတွက်သင့်တော်မှာပါ..ဆီလဲမပါပါဘူး။
တာလပေါ့ချက်ဖို့ကတော့ထုံးစံအတိုင်း
ဆန်မှုန့်
စိမ်းစားငပိအနည်းငယ်
ကြက်သွန်ဖြူနီ
ငါးပြုပ် (အသား)
ငါးငံပြာရည်အနဲငယ်... ဆိုရပါပီ..း)
ချစ်ပေါက်စ်.. ကတာလပေါ့ချက်နည်းလေးရေးပါပြောလို့ထပ်ရေးလိုက်တယ်။ ချက်နည်းကတော့ တူချင်မှတူ မှာပါ။ ဒါပေမယ့်ခြုံကြည့်ရင်တော့အတူတူပါဘဲ..
ပထမဆုံး
၁။ ရေနွေးကိုပွက်ပွက်ဆူအောင်တည်ထားပါ
၂။ ဆန်ကိုလှော်ပီးညက်နေအောင်ထောင်းပီး.. ရေနွေးလေးနဲ့ ခွက်တစ်ခုတည်းမှာအရေဖျော်ထားပါ။
၃။ ရေနွေးပွက်ပွက်ဆူထဲကိုဆန်လှော်မှုန့်အရည်ကိုလောင်းထည့်ပါ။(အများကြီးမလိုပါဘူး..ဆန်ကပွလာအုံးမှာမို့)
၎။ ငါးကိုငံပြာရည်လေးနဲ့ပြုပ်ပီးအသားနွှာထားပါ၊ အနည်းငယ်ကိုဟင်းအိုးထဲခတ်ပါ။
၅။ ကြက်သွန်ဖြူ၊နီ ကိုမညက်တစ်ညက်ထောင်းပီး ဟင်းရည်အိုးထဲထည့်ပါ၊ ဆားထည့်ပါ
၆။ စိမ်းစားငပိအနည်းငယ်ကိုအရည်ဖျော် လောင်းထည့်ပါ။
၇။ မျှစ်အစိမ်း (သို့)အပြုပ် ((သို့) ပိန္နဲသီးအနု၊ ကင်ပွန်းချဉ်၊ ပတတ်စာ၊ ကြိုက်ရာဟင်းရွက်) ကိုပါးပါးလှီးထည့်ပါ။
၈။ ဆန်မှုန့်လဲပျစ်လာပီ၊ မျှစ်လဲကျက်လောက်ပီဆိုရင်တော့ အရသာမြည်းပီး ပူပူနွေးနွေးသောက်လို့ရပါပီ။

13 Comments:

စူးနွယ် said...

စားချင်လိုက်တာ
မျှစ်စိမ်းချက်စားခဲ့တာသတိရသွားပြီ

PAUK said...

ကူးကူးရေ..
တာလပေါ ဆိုတာကြားဖူးတယ်..
မစားဖူးဘူးး
ချက်နည်း သေချာပြောပြပါအုန်းး

subuueain said...

မျှစ်ဆတ်ဆန်လှော်ဟင်း မစားရတာတောင်ကြာပေါ့။ ဒီက ယိုးဒယားဈေးမှာ မျှစ်စိမ်းလေးတွေတွေ့တယ်။ လတ်ဆတ်နေတာဘဲ။ဒါပေမယ့်ဈေးကြီးတယ်။ ကူးကူးဆီကဘဲ ယူစားသွားတော့မယ်။

ကျောပိုးအိတ် said...

ကူးကူးရေ

မြွေပါးကင်းပါးသတိထားဦးနော်။
တာလပေါ့ဟင်းလေးလာစားသွားတယ်။
အတော်ဘဲဝိတ်ချနေတာနဲ့ အဆီမပါဘူးဆိုလို့ အားရပါးရစားသွားတယ်

စန္ဒကူးမေ said...

စူးနွယ်... မျှစ်စိမ်းချက်စားဖူးတယ်လား..ပြောပြပါအုံး.. ကူးကအခုမှအစိမ်းစားဖူးတာ..

ပေါက်စ်...
ကူးရေးထားပေးပီနော်.. ချက်နည်း

စုဘူး...
ဈေးမှာဝယ်စားရတာပိုသက်သာမယ်ထင်တယ်..ဒီမှာ မရောင်းလို့ရင်တမမနဲ့သွားချိုးရတာ..ဟီးးးး

ကျောပိုးအိတ်..
ကျေးဇူး... မြွေတွေ့ရင်လန့်သေမလားမသိဘူး..တီကောင်တောင်ဒီလောက်ကြောက်တား(

vista said...

my favourite !!! ကူးကူးရယ်ရက်စက်ပ ..ငါအရမ်းစားချင်တာ ..မေကြီးကတော.မြစ်အစိမ်းကိုပေါက်ပြီးရေတညစိမ်တယ်
ပြီးမှချက်တာ မပြုတ်ဘူး ဒီမှာ မတွေ.သေးဘူးအစိမ်းကို
( မြွေတွေ.ရင်မလန်.နဲ. ငါရှိတယ် ဟိဟိ )

rose of sharon said...

ကရင်ရိုးရာဟင်းလေးတွေ့လိုက်ရလို့ ကရင်မတယောက်အနေနဲ့ အတိုင်းမသိဝမ်းသာမိပါတယ် ချက်မစားဖြစ်တာအတော်ကြာပြီ ကျေးဇူးကူးကူးရေ...

မိုးစက်အိမ် said...

ညကတည်းက ရောက်တာဗျ မန်.ချင်တာလေး
မန်.မရလို. ခုမှ ပြန်လာတာ ... ညကတော. ချက်နည်း
မတင်ထား ဘူး ခုတင်ထားတယ် ဆိုတော.ကောင်း
တာပေါ. လျောက် ကလိလို.ရတာပေါ.ဗျာ...အဲ
မျှစ်ရော ၀က်သားနဲ. ချက်စားလို.ရလား မကူးကူး
အမ ချက်တဲ.ဟင်းကတော. ကောင်းပြီးသားဆိုတော.
ပြောဖို.မလိုပါဘူး :)

စန္ဒကူးမေ said...

vista.. အချွန်နဲ့မပီ..မြွေကိုက်ပီးမှ ပေါ်လာမလားမသိဘူး...
rose of sharon... ကရင်မလေးပေါ့..ဒုံးယိမ်းညလေးတစ်ည.. ကူးကူးလဲကရင်မ.. ၄ပုံ၁ပုံ..သွေးပါတယ်.. ဟိ

မိုးစက်... ၀က်သားနဲ့ဆိုပိုကောင်းရင်ကောင်းမှာပေါ့ နော်.. ကူးကတော့ဝက်သားမစားလို့သိဘူးရယ်..း)

sskyaw said...

မျှစ်ကို ဒီလိုချက်တာ အရမ်းကြိုက်တာ ဟီးဟိ သရေကျပြီး ပြန်သွားတယ် :PP

မိုးကောင်းသူ said...

အိမ်မှာ အဲလို မျှစ်စိမ်းနဲ့ချက်စားတယ်။ ဟိုနေ့ကတော့ မျှစ်ပြုတ်နဲ့ဆန်လှော်ဟင်းရည် လုပ်စားလိုက်သေးတယ်။ စုဘူးပြောသလို မျှစ်စိမ်းက ဈေးကြီးလို့ ၀ယ်စားဘူး။ ကူးကူးဆီက ငမ်းသွားတယ်နော့်။

ဆောင်း said...

တာလပေါ့ စားချင်တာကြာပီ ကျေးဇူးဘဲ ကူးကူးရေ

ဆောင်း said...

သြော်ဒါနဲ့ မျှစ်စိမ်းကြော်စားတာ ကောင်းတယ် ကြွပ်တယ် ပြောရ မလား ထုတ်ထုတ် ထုတ်ထုတ်နဲ့ 

Post a Comment

ကူးကူးရေ...

 
Powered by Blogger