Skip to main content

Posts

Showing posts with the label သူငယ်ချင်းတို့ရေ

ပျိုမေတို့အသုံးဝင်စေဖို့

ကျွန်မရှာဖွေတွေ့ရှိထားတဲ့ အသုံးဝင်မယ့်ဆေးနည်းလေးတွေနဲ့အသုံးဆောင်လေးကိုဝေဌချင်လို့ပါ။ အချို့သောမိန်းမပျိုလေးတွေစကပ်အတိုဝတ်ချင်ပေမယ့် ခြေသလုံးသားအရောင်မညီတာတို့.. ခြေထောက်က မွှေးညှင်းပေါက်တွေ ကျယ်နေတာတို့. ဒဏ်ရာဟောင်းလေးတွရှိတာနဲ့ ဒူးခေါင်းမဲနေတာတို့ အရမ်းကိုအဆင်ပြေမယ့် အသုံးဆောင် Sally Hensen airbrush leg ပါ။ မြန်မာမိန်းကလေးတွေအများစုက ထမီရှည်ရှည် စကပ်ရှည်ရှည်လေးတွေ ဝတ်နေကျမို့ (မိန်းကလေးတိုင်မဆိုလိုပါ) ခြေထောက်ကိုတော်ရုံဂရုမစိုက်ခဲ့ကြဘူး။ အခုချိန်မှာ စကပ်တွေ ဘောင်းဘီတိုတွေခေတ်စားလာတာရယ်၊ နိုင်ငံရပ်ခြားမှာ အများနဲ့ လျှော်ညီအောင်ဝတ်ကြ ရတဲ့အခါ.. ဟောင်ကောင်လေဆိပ်မှာ တစ်ခါသာဆုံဖူးခဲ့တဲ့အန်တီတစ်ယောက်က ဟိုမှာ သူလဲမြန်မာဘဲ ဆိုပီး ပြတော့ ကူးက ဘယ်လိုသိတာလဲမေးတော့ သူ့ခြေထောက်ကိုကြည့်ပါလားတဲ့.. စကပ်တိုတို ဝတ်ထားပီး အနာရွတ်အမဲတစ်ချို့နဲ့ အမျိုးသမီးကိုလှမ်းပြတော့ ..အဲဒီအချိန်ကနေစပီး  အဆင်ပြေသုံးနိုင်မယ့်ပစ္စည်းကိုရှာနေခဲ့တာ..  ကူးလဲခြေထောက်မှာမြေပုံလိုအမှတ်လေးရှိတယ်  တော်ရုံဆိုအတိုတွေမဝတ်ဘူး။  အတိုဝတ်ရင် သူများ attention ပိုဖြစ်တာနဲ့ မသိတဲ့သူတွေက tatoo ထင်ပြီးလာလာမေးလို့ ကြာတော့ စ...

Tulips Festival -2014

Tulips Festival အတွက် ပန်းလေးတွေပွင့်ဖို့စောင့်နေကြတဲ့သူတွေအများထဲမှာ ကျွန်မလဲအပါဝင်ဘဲ။ မိုးက တစ်ချက်တစ်ချက်သည်းသည်းရွာတော့ ပန်းလေးတွေပျက်မှာသိပ်စိုးရိမ်ခဲ့ရတာ.. မနေ့က နေကသာတော့ သိပ်ဝမ်းသာသွားပီးပန်းပုံလေးတွေသွားရိုက်ခဲ့တယ်။  နေသာ သာနေပေမယ့် တစ်ချက်တစ်ချက်လေတိုက်လိုက်တဲ့အခါနဲ့ တိမ်အုပ်လာတဲ့အချိန် အေးနေတာ ခိုက်နေတာပါဘဲ။။း) ပန်းချစ်သူတွေကြိုက်ရင် ကူးသွားလို့ရတယ်နော်။ ကူးကူးမှာ ကင်မရာအကောင်းတော့ မရှိဘူး..ရှိတာလေးနဲ့ ပန်းရောင်စုံခင်းကြီးကို ဘလော့ပေါ်သယ်လာခဲ့တယ်။ အပေါ်က ကျွန်မ sony camera လေးနဲ့ရိုက်ထားတာပါ...ဒီအောက်ပိုင်းကပုံလေးတွေကို ပိုသဘောကျတယ်.. samsung note နဲ့ရိုက်ထားတာ..

ကျွန်မ နှင့် Hamster ပေါက်ကလေးများ

ကျွန်မ ဆေးရုံတက်နေတာရယ်.  ဆေးရုံဆင်းပီးနောက်ပိုင်း ကွန်ပြူတာကြည့်လို့ မရတာရယ်ကြောင့်ပေါက်ကရမတင်ဖြစ်တာကြာပီ။ တစ်နေ့တစ်နေ့အိမ်မှာ hamster လေးတွေကိုဘဲအဖော်လုပ်ပီးနေရတာနဲ့ သူတို့တွေအကြောင်းကို တော် တော်ကိုနားလည်နေပီ။  စစခြင်းတော့ အကောင်လေး နှစ်ကောင်ဘဲ ၀ယ်ထားတာပါ။  ပထမ ၈ ကောင်မွေးတယ်.. ကိုယ်ကလဲမလုပ်တတ်မကိုင်တတ်နဲ့ မဖတ်မတင်ဘူး။  နောက်တော့ ၆ ကောင်ထပ်မွေးတယ်... အဖတ်မတင်ဘူး။ နောက်ဆုံး ၄ ကောင်မွေးတော့ အဖေကိုခွဲထားလိုက်တယ်.. အမေကိုလဲ အစာအပြည့်ထည့်ထားပီး ချောင်ထဲ မှာထား လိုက်တယ် သွားလဲမကြည့်တော့ ဘူး။ သူက လူများကြည့်ရင်ဂနာမငြိမ်ဖြစ်ပီး သူ့ကလေး သူပြန်ကိုက်သတ်တတ်တာကို အရင်ကမသိခဲ့လို့ ကလေးတွေဆုံးရှုံးခဲ့ရလို့ အခုတော့ သိသွားပီ။  အထီးအနားမှာရှိရင် လဲ သူ့ဘာသူစိတ်လှုပ်ရှားပီး ကလေးတွေကို နို့ကောင်းကောင်း မတိုက်တဲ့အခါ ကလေးတွေက နို့မ၀ဘဲ ပိန်ခြောက်ပီးသေသွားပြန်တယ်...  သူ့အိမ်လဲ သန့်ရှင်းရေးလုပ်လို့မရဘူး..အနံ့ပြောင်းတာနဲ့ သူ့ကလေးတွေအကုန် ကိုက်သတ်ပြန်တယ်...  ကလေးရှိတဲ့အတောတွင်းတော့ အနံ့အသက်တော်တော်ဆိုးတာ သီးခံရတယ်... ခဏခဏလဲသူ့ကိုသွားကြည့်လို့မရဘူး။  အစားနဲ့ရေကိုတော့ များမ...

ဆန္ဒမစောကြပါနဲ့

ဥဥချစ်သူမောင် က tag ထားတယ်။  သူ့ခေါင်းစဉ်ကြီးက ခက်လိုက်တာလို့။ အပင်စိုက်တာဝါသနာပါတဲ့ ကျွန်မတောင်မှ နှစ်ရှည်ပင်ဆိုမစိုက်ချင်ဘူး။  စောင့်ရမှာ စိတ်မရှည်တာရယ်၊ ကိုယ်မရှိမှသီးရင်ဒါမှမဟုတ် ကိုယ်မရှိတဲ့အချိန် ဘာပင်မှန်းမသိ သူများခုတ်ပစ်လိုက်ရင် အလဟသဖြစ်မှာကိုတွေးကြောက်နေတဲ့အတွေးနဲ့ ရေရှည်မ ကြည့်မိခဲ့တဲ့အချိန်တွေအများကြီးရှိဖူးတယ်။ ကျောင်းတုန်းက ဘောပွဲကြည့်တော့တစ်ဖက်အသင်းက နိုင်ရင်ကိုယ်ကမခံချိမခံသာနဲ့.. ဘေးနားက ကျောင်းသားတွေကလဲဟိုလိုကန်ပါလား..ဒီိလိုလုပ်ပါလားဝိုင်းအော်ကြတာတွေလဲနားယဉ်ဖူးတယ်။ စိတ်ထဲမှာတော့ သူတို့ကိုယ်တိုင်ဝင်ကန်ပါလားလို့ အမြင်ကတ်ကတ်နဲ့ ပြောခဲ့ဖူးတယ်။ ကိုယ်တိုင်ဝင်ကန်ဆိုတော့လဲအဖြစ်မရှိ၊ကွင်းလယ်ရောက်ပီးထင်သာမြင်သာရှိတဲ့သူတွေကို ကွင်းဘေးနားထိုင် အချဉ်ထုတ်လေးစား၊ ကွမ်းယာလေးမြုံပီး လှမ်းဆဲဆို နေကြတဲ့ သူတွေ ပိုများနေပါတယ်။ ပွဲပြီးသွားရင် နိုင်တဲ့သူနိုင်မယ်၊ ရှုံးတဲ့သူလဲရှိမယ်။ ဒါကို ပျော်သူရှိသလိုဝမ်းနည်းသူရှိမယ်။ ဒါပေမယ့် ဘောပွဲပီးနောက်မှာတော့ ၀မ်းတစ်ထွာကိုဖြည့်ဖို့ဆက်ပြီးရုန်းနေကြရအုံးမှာ... မြင်နေရတဲ့လူတွေထဲမှာ တစ်ပိုင်တစ်နိုင်ကျိုးစားလုပ်ပေးနေတဲ့သူတွေလဲရှိတယ်။ ...

တစ်နိုင်စိုက်ခင်း

ဒီမှာတော့ ဈေးမှာ ၀ယ်မရတဲ့အပင်တွေ ခြံဝင်း တစ်နေရာမှာစိုက်ခင်းလေး တွေလုပ်ပြီးစိုက် ကြတယ်၊ နိုင်ငံပေါင်းစုံကလူတွေအကြိုက်ခြင်းကလဲမတူကြဘူး။ စိုက်ခင်းလေးတွေတစ်ခုနဲ့တစ်ခု လိုက်ကြည့်ရင် ဘယ်နိုင်ငံသူရဲ့စိုက်ခင်းလဲခန့်မှန်းလို့ရတယ်။ ကျွန်မတစ်ယောက်တည်း စိုက်တဲ့ စိုက်ခင်းတော့မဟုတ်ပါဘူး။ သူများစိုက်ထားတဲ့ကိုယ့်နားကအခင်းတွေပါ ပါတယ်နော်. အထင်မကြီးနဲ့အုံး။း)) နာနတ်သီး ကညွတ်  စပါးလင် ဆူးပုပ် (ထိုင်းကနေ ကိုင်းဖြတ်လေးတွေယူလာပြီးစိုက်ထားတာပါ၊ အညွန့်လေးတွေထွက်တဲ့ နေ့တုန်းက ဒီကမ္ဘာမှာအပျော်ဆုံးသူကိုယ်ပေါ့)..  ဟီးးးး သင်္ဘောသီးပင် ခရမ်းရောင်ညွန့် (အရသာက ဟင်းနုနွယ်လိုဒါပေမယ့်တစ်မျိုး၊ ရန်ကုန်မှာတော့မစားဘူး အစေ့ဘဲ ကလေးတွေဆော့တာ.. ဒါပေမယ့်ဒီမှာတော့သူများစားကြတယ်) ခရမ်းသီးပင် ပင်စိမ်း နှင့် မုန်ညှင်းဖြူ   မုန်ညှင်းစိမ်း / မုန်ညှင်းခါး ကန်ဇွန်းရွက် ကြက်ဟင်းခါးသီး (ဂျပန်စိုက်ခင်း)   ခရမ်းချဉ်သီး ကန်ဇွန်းဥ ခင်း မုန်လာဥ(ပါပူးဝါး စိုက်ခင်း) ဒန့်သလွန် (ဖိလိပီနိုစိုက်ခင်း) ဆလတ်ရွက် (အမေရိကန်စိုက်ခင်း) ခရမ်းသီး (SALMON ISLANDS စိုက်ခင်း)   ငရုတ်သီးတောင့်ရှည် (ကိုးရီးယားစိုက်ခင်း) ပင်စိမ်း (...