ကင်မ်ချီစွပ်

Kimchi Soup
beef
enoki mushroom
kimchi
tofu 1/4
soy beansprout
onion & garlic minced
chilli



spacer

မျှစ်ထောင်း

ပြီးတဲ့လတွေက အိမ်မှာမာမီရောက်နေလို့ မီးဖိုချောင်ကနေလုံးဝအနားယူပါတယ်။
အိမ်ပြန်ရောက်တာနဲ့ မာမီချက်ထားတာအဆင်သင့်မို့ စားလိုက်ရုံဘဲ..
အခုတော့ ကိုယ်တိုင်မီးဖိုထဲပြန်ဝင်နေရပြီ။ အစားသောက်စုံအရင်လို့စားလို့မရပေမယ့် သူငယ်ချင်းတွေစုစားတဲ့အချိန်ရောက်ပီဆိုရင်တော့ အရသာစုံ ချက်ပါတော့တယ်။
ဒီတစ်ခေါက်တော့ မျှစ်ထောင်းနည်းနောက်တစ်မျိုးပါ။  အချို့က ငရုတ်သီးအစိမ်းထောင်းစားရင် ဗိုက်နာတတ်လို့ ဒီတစ်ခါပြုပ်ပီးထောင်းပါတယ်။
ကြက်သွန်နီ -၁ လုံး
ကြက်သွန်ဖြူ - ၄ မွှာ
ငရုတ်သီး (အာဝါးသီး) ၄ လုံး
ခရမ်းချဉ်သီး (၆)လုံး
မျှစ် တစ်ရေပြုပ်)
ပင်စိမ်း အနည်းငယ်

ခရမ်းချဉ်သီးကိုရေဆေးပီး ကြက်သွန်နီကို ထူထူလှီး၊ ကြက်သွန်ဖြူ၊ ငရုတ်သီးနဲ့ ထည့်ပြုပ်ပါမယ်။ နူးလောက်ပီဆိုမှ..ခရမ်းချဉ်သီးတွေကို အခွံခွာ... အစေ့လေးတွေ ညှစ်ထုပ်ပြီး ဓားနဲ့ ပါးပါးလှီးထားပါမယ်။

ကျန်တဲ့အရာတွေကိုတော့ ပင်စိမ်းလေးပါလှီးထည့်ပြီး ငရုတ်ဆုံထဲထည့်ဖိချေမွှေ လိုက်ရုံပါဘဲ...
မျှစ်ကို ပါးပါးလှီးပြီး... ကြက်သွန်၊ ငရုတ်သီးမွှေထားတဲ့ငရုတ်ဆုံထဲကိုထည့်ထောင်းပါ။
ဆားနဲ့ မှိုအမှုန့် (အချိုမှုန့်) ထည့်ပါမယ်...
ပြီးရင်တော့ အားလုံးဆယ်ထုပ်ပြီး ခရမ်းချဉ်သီးနဲ့ရောမွေလိုက်ရင်  အရမ်းစားကောင်းတဲ့ မျှစ်ထောင်းတစ်ခွက်ရပါပီ..
မျှစ်ကို ကြိုက်တဲ့သူတွေအစိမ်းထောင်းစားသလို၊ ပြုတ်ပီးမှလဲထောင်းစားသုပ်စား  တတ်ကြပါတယ်။ ကျွန်မကတော့ မကျက်တစ်ကျက်ကြိုက်လို့တစ်ရေပြုပ်ထားတာကိုထောင်းပါတယ်။ 
ကိုယ်တိုင်တော့ စားလို့မရသေးဘူး၊ သူငယ်ချင်းတွေစားဖို့လုပ်ဖြစ်တာလေးတွေဘဲ တင်ပါမယ်။
ဒီမှာ မျှစ်ထောင်းနည်းနောက်တစ်မျိုးရေးထားပါတယ်။




spacer

ကြံမဆိုင်ကြက်ရိုးဟင်းရည်



ကြံမဆိုင်ကို ဘယ်လိုချက်ချက်နှစ်သက်တဲ့သူတွေအတွက်ပါ။
ရန်ကုန်ပြန်တိုင်း ဆိုင်မှာထမင်းစားရင် ကြံမဆိုင်ဟင်းချိုအမြဲမှာတယ်.. ကျွန်မအတွက် မပါမဖြစ် အရည်သောက်တစ်ခွက်ပေါ့။
ကြံမဆိုင် လုပ်နည်း ကိုတော့ မမလု ဘလော့မှာ အသေးစိတ်သေသေချာချာရေးပြ ရှင်းပြထားပါတယ်။ 
ကူးကူးကတော့ ကိုယ်တိုင်လုပ်ဖို့ သိမ်းထားဖို့အဆင်မပြေတာရယ်.. ကိုယ်တိုင် အမြဲမချက်စားဖြစ်တာကြောင့် Ruby Mart ကနေ ဒီလိုအထုပ်လေးတွေ ၀ယ်လာခဲ့တယ်။

 ရေခဲသေတ္တာထဲထည့်ထား အကြာကြီးခံတယ်.. အရမ်းလဲ လတ်ဆတ်တယ်။
ကြံမဆိုင်ကြက်ရိုးဟင်းချိုအတွက်..

ကြက်ရင်အုံသား အရိုးအသားပါ (Native chicken)
ကြက်သွန်ဖြူ၊နီ၊ဂျင်း၊
ဆားအနည်းငယ်
မှိုအမှုန့်
နံနံပင်
ငရုတ်သီးအနီတောင့်

  1. ကြက်ရင်အုံသားကိုရေစင်စင်ဆေးပြီးအရိုးအသားပါ ငံပြာရည်လေးနဲနဲထည့်ပြီး ကျက်အောင်ပြုပ်ပါမယ်။ 
  2. ညက်အောင်ထောင်းထားတဲ့ကြက်သွန်ဖြူ၊နီ၊ဂျင်းနဲ့ငရုတ်သီးအနီတောင့်ကို ထည့်ပီး ပွက်ပွက်ဆူအောင်ဆက်တည်ပါ။ 
  3. ဆားအနည်းငယ်ထည့်ပါ။ 
  4. ကြံမဆိုင်ကိုအထုတ်ထဲကဖောက်ပီး ရေလေးတစ်ခေါက်ဆေးလိုက်ပါ။ ပြီးရင်တော့ အနေတော်လှီးဖြတ်ပီး ဟင်းရည်အိုးထဲထည့်ပါ.. 
  5. မီးမျှင်းမျှင်းနဲ့ အချိန်ယူပီးဆက်တည်ပါ...   ကြက်အရိုးသားအရသာရယ်.. ဟင်းရည်အရသာရယ်.. ကြံမဆိုင်က စိမ့်ထွက်လာတဲ့အရသာရယ်..အကုန်ရောစပ်ပီ ဆိုရင်တော့ မှိုမှုန့်အနည်းငယ်ကို ထည့်ပါမယ်..   နံနံပင်အုပ်ပါမယ်။ 
ဒါဆိုရင်တော့ ချဉ်စိမ့်စိမ့်လေးနဲ့ စပ်စပ်လေး ... ကြံမဆိုင်ကြက်ရိုးဟင်းရည်တစ်ခွက် ရပါပီ။

ဌက်ပျောသီးနဲ့ နာနတ်သီး...  တောင်ပေါ်က တောလမ်းလေးမှာ ရောင်းနေတာတွေ့လို့ သဘောကျလို့... 
အချိုတည်းလို့ရပါသည်.. 
spacer

ကျွန်မ နှင့် Hamster ပေါက်ကလေးများ

ကျွန်မ ဆေးရုံတက်နေတာရယ်.  ဆေးရုံဆင်းပီးနောက်ပိုင်း ကွန်ပြူတာကြည့်လို့ မရတာရယ်ကြောင့်ပေါက်ကရမတင်ဖြစ်တာကြာပီ။ တစ်နေ့တစ်နေ့အိမ်မှာ hamster လေးတွေကိုဘဲအဖော်လုပ်ပီးနေရတာနဲ့ သူတို့တွေအကြောင်းကို တော် တော်ကိုနားလည်နေပီ။  စစခြင်းတော့ အကောင်လေး နှစ်ကောင်ဘဲ ၀ယ်ထားတာပါ။  ပထမ ၈ ကောင်မွေးတယ်.. ကိုယ်ကလဲမလုပ်တတ်မကိုင်တတ်နဲ့ မဖတ်မတင်ဘူး။  နောက်တော့ ၆ ကောင်ထပ်မွေးတယ်... အဖတ်မတင်ဘူး။ နောက်ဆုံး ၄ ကောင်မွေးတော့ အဖေကိုခွဲထားလိုက်တယ်.. အမေကိုလဲ အစာအပြည့်ထည့်ထားပီး ချောင်ထဲ မှာထား လိုက်တယ် သွားလဲမကြည့်တော့ ဘူး။ သူက လူများကြည့်ရင်ဂနာမငြိမ်ဖြစ်ပီး သူ့ကလေး သူပြန်ကိုက်သတ်တတ်တာကို အရင်ကမသိခဲ့လို့ ကလေးတွေဆုံးရှုံးခဲ့ရလို့ အခုတော့ သိသွားပီ။  အထီးအနားမှာရှိရင် လဲ သူ့ဘာသူစိတ်လှုပ်ရှားပီး ကလေးတွေကို နို့ကောင်းကောင်း မတိုက်တဲ့အခါ ကလေးတွေက နို့မ၀ဘဲ ပိန်ခြောက်ပီးသေသွားပြန်တယ်... 
သူ့အိမ်လဲ သန့်ရှင်းရေးလုပ်လို့မရဘူး..အနံ့ပြောင်းတာနဲ့ သူ့ကလေးတွေအကုန် ကိုက်သတ်ပြန်တယ်...  ကလေးရှိတဲ့အတောတွင်းတော့ အနံ့အသက်တော်တော်ဆိုးတာ သီးခံရတယ်... ခဏခဏလဲသူ့ကိုသွားကြည့်လို့မရဘူး။  အစားနဲ့ရေကိုတော့ များများထည့်ထားပေးရတယ်.. အစားမ၀လဲ ကလေးကို ကိုက်စားတယ်။   သူ့စိတ်ထဲမှာ လှုပ်ရှားပီ ဆိုရင် ကလေးတွေကို တစ်နေရာပီးတစ်နေရာ ရွှေ့တော့တာ ဘဲ...  သူ့ကလေးတွေကို သူများသတ်မယ်လို့စိတ်ထင်ပီး သူများမသတ်ခင်သူကိုယ်တိုင်အရင်သတ်တဲ့ မိခင်မေတ္တာမျိုးကလဲ တစ်မျိုး...ဘဲ... 
ဒါပေမယ့် ၃ ပတ်လောက် မျက်လုံးလေးပွင့် အမွှေးလေးတွေပေါက်လာရင် အကောင်လေး တွေ စမ်းတစ်ဝါးဝါးလမ်းလျှောက်နေရင်တော့ ကိုင်လို့ ရပီ။  အိမ်လဲ သန့်ရှင်းရေးလုပ်ပေးလို့ရပါပီ။  သိပ်ချစ်ဖို့ကောင်းတယ်။

Hamster အဖေ kooky နဲ့ အမေ luvfy... လည်ပတ်အဖြူလေးနဲ့ က အမေ
ဗိုက်ကြီးသည်လေး Luvfy လပ်(f)ဖီ အိပ်ပျော်နေပုံ
မွေးပီးတစ်ရက် ပေါက်စနလေးများ
ဒုတိယရက် hamster ကလေးများ
ကလေးတို့ အဖေ kooky ကွတ်ကီ.... သိပ်သဘောကောင်းတယ်.. ၀၀ လုံးလုံးနဲ့... ဘယ်သူကိုင်ကိုင် မကိုက်ဘူး... 
၂ ပတ်အကြာ ကလေးများ

16 ရက်သားကလေးများ အမွေး









စပ်စုကောင်လေးတွေပဲသီးစားဖို့လာချောင်းနေတာ..

အိပ်ရင်သိပ်ချစ်ဖို့ကောင်းတာ... အသည်းယားတယ် တစ်ခါတစ်လေ လက်ကိုဆွဲနှိုးပစ်ချင်တာ...

spacer

တိုရန်တို

ကျွန်မအထက်တန်းကျောင်းသူအရွယ်လောက်မှာ ပါးပါးက ကနေဒါကို အစည်းဝေး သွားတက်တယ်။ သူကပြောတယ်.. အစည်းဝေးက တိုရန်တို မှာတဲ့။   အဲဒီမှာ သူတို့တည်းတဲ့ဟိုတယ်မှာထမင်းမရှိလို့ တရုတ်တန်းဘက်ကို တစ်ကိုယ်တော့ ရှာဖွေ သွားပီးထမင်းသွားဝယ်စားတယ်ဆိုတာပြောခဲ့ဖူးတယ်။
ကျွန်မလဲ ကနေဒါရောက်မှ ဒီကလူတွေ ထမင်းအစား အာလူး နဲ့ ရွှေဖရုံသီးကို ထမင်းလိုစား နေရ သလားအောက်မေ့ရပါတယ်။  victoria က ဟိုတယ်မှာ ၂ ပတ်နီးပါး ထမင်းမစား ရလို့  အားပြတ်ခါနီးပါ။..း)  
ကျွန်မဒီတစ်ခေါက် ကနေဒါသွားမယ်ဆိုတော့ ပါးပါးကတိုရန်တို ကိုရောက်မလားလို့ သူက သံယောဇဉ်မပြတ်နိုင်မေးပြန်တယ်။
ရောက်ခဲ့တယ်...  ဒါပေမယ့် အာရှသားတွေနေတဲ့မြို့လို့တောင်ပြောလို့ရလောက်  အောင် အာရှသားတွေ အများကြီးပါ။  china town လဲရှိပါတယ်။...  ပစ္စည်းတွေစုံပလုံအောင် လဲ ၀ယ်လို့ရပါ တယ်.. ပဇွန်ခြောက် နဲ့ အခြား မြန်မာအစားစာ ချက်ပြုတ်ဖို့ ပစ္စည်းအခြောက်ခြမ်း အကုန်ဝယ်လာခဲ့တယ်...
ဒါပေမယ့် လူအရမ်းရှုပ်လို့ ကျွန်မတော့ တိုရန်တို ဆိုတဲ့မြို့ကြီးကို သဘောမကျခဲ့ပါဘူး။း)
တရုတ်တန်းမှာ ၅၀ တန် ဓားတစ်ချောင်းတော့ဝယ်ခဲ့တယ်.. ဟင်းချက်ရင်ခုတ်ထစ်ဖို့..း))
spacer