Skip to main content

Posts

Showing posts from June, 2010

ခရီးသွားနေသည်။

ကူးကူးဘလော့လာလည်သူများ ပျော်ရွှင်ပါစေနော်။ အရင်နှစ်ပတ်ကတည်းက မိုးကြိုးပစ်လိုက်လို့ ကွန်ပြူတာလဲ ကြွသွားရှာသလို.. cable တွေလဲအကုန်လောင်သွားပါတယ်။ လူကိုပစ်လိုက်ရင်အကောင်း..မိုးကြိုးသွားရှည်ရှည်လေးရအုံးမယ်.. အခုတော့ မပြောချင်ဘူး.. ရင်နာတယ်။  အခြေနေရ ဆက်ပီး ပျောက်နေအုံးမယ်.. ခရီးထွက်နေတယ်..  နောက်မှ စားစရာတွေ နဲ့ပြန်လာမယ်။ လမ်းမှာတွေ့လဲ မုန့်ခေါ်ကျွေးကြအုံးနော်။း)))

ပြန်လာပီ။

ပျောက်နေရတဲ့အကြောင်းရင်းက ထုံးစံအတိုင်းနေမကောင်းဖြစ်နေတာပါ။ ဒီတစ်ခေါက်တော့ တစ်ခါမှမဖြစ်ဖူးသေးတဲ့ရောဂါဖြစ်တော့ တော်တော်ခံလိုက်ရတယ်။ ဘယ်သူ့ကိုလှည့်အပြစ်တင်ရမှန်းမသိတာနဲ့ ဆေးရုံ အတင်းသွားခိုင်းတဲ့ ချစ်သူ ဘဲ တရားခံ။ ကျွန်မဘယ်ဘက်ပခုံးနဲ့ အနောက်တစ်ပြင်လုံးကိုက်ခဲနေတာကြာပီ၊ တစ်နေကုန်နီးပါးထိုင် အလုပ်များတဲ့ ရက်တွေဆက်လာရင် ညတိုင်းလိုလိုကိုက်ခဲနေတော့တာ။ ထွန်းရွှေဝါ၊ မိဂသီ၊ ဦးစိုင်း စုံအောင်လိမ်းတာ ဘဲ။ မရဘူး။ အရင် တစ်လနီးပါး လက်မောင်းကိုက်တာ ဆိုးဆိုးလာတော့ ညညဆိုအိပ်မရတော့ဘူး။ ဆိုးရိမ်တာတော့ အကြောလား၊ အရိုးလား၊ ကြွက်သားများတစ်ခုခုဖြစ်လားဆိုပီး ဆေးရုံရောက်သွားပါတယ်။ ဆရာဝန်က ဟိုမေးဒီမေး စစ်ဆေးပီး arconxia နဲ့ Myonal ဆေးပေးလိုက်တယ်၊ ။ ဒါပေမယ့် တစ်သက်လုံးဆေးသောက်နေတဲ့ကျွန်မ ဆေးနဲ့ allergic မဖြစ်ဖူးတော့ ပုံမှန်ဘဲ ညအိမ်ပြန် ရောက်တော့ ဆေးသောက်ပီးအိပ်၊ ညသန်းခေါင်ရောက်တော့ တစ်ကိုယ်လုံးနီရဲ ရောင် ပီး အဖုတွေ ဖြစ်လာ ရော၊  တစ်ရက်နေပျောက်မယ်ထင်ပေမယ့် တစ်ပတ်ကျော်ကျော်ခံလိုက်ရတယ်၊ ရုံးလဲမသွားနိုင် အိမ်ထဲမှာ တံခါးပိတ်ချိပ်၊ ဆေးတစ်လုံးပီးဆက်မသောက်တော့ပေမယ့် allergic အတွက်ပေးတဲ့ဆေးက မပျောက်ဘူး၊ နောက်မှ ဆရ

မန်ကျည်းပွင့်

မန်းကျည်းရွက်နုလေးတွေကြိုက်ကြလားဟင်။ ကျွန်မတော့အရမ်းကြိုက်တယ်၊ မန်းကျည်းရွက်နုလေးတွေကို ဆီစိမ်းလေးနဲ့ ကြက်သွန်နီလေးနဲ့သုပ်စား။ ကောင်းမှကောင်း။ အိမ်မှာ မာမီက မန်ကျည်းပင်သေးသေးလေးတွေစိုက်ထားပေးတယ်လေ.. အဲဒါ မန်းကျဉ်းရွက်နုပေါ်ချိန်မဟုတ်လဲ ကျွန်မ စားဖို့ တစ်ခါစာတော့ အမြဲလိုလိုရတတ်တယ်။ ဒီတစ်ခါနဲနဲအဆင့်မြင့်သွားပီ။ အရွက်တင်မက အဖူးရောအပွင့်ပါ စားတယ်။ ရုံးပိတ်ရက်က ဈေးမှာ အပွင့်လေးတွေရောင်းတာတွေ့လို့ အဖူးလေးကို ကိုက်မြည်းကြည့်တော့ ချဉ်ချဉ်လေး မို့ ငပိချက်လေးချက်စားရကောင်းမယ်ဆိုပီးဝယ်လာတာပါ။ အိမ်ရောက်တော့ အဖူးအပွင့်လေးတွေ..နဲနဲသုပ်စားတယ်၊ ကောင်းတယ်။ ခရမ်းချဉ်သီး၊ စိမ်းစားငပိလေးနဲ့ ငပိချက်လေးလဲချက်စားတယ်။ ကောင်းမှကောင်း။း)))