Skip to main content

Posts

Showing posts from February, 2008

မုန်လာဥချဉ်သုပ်၊ ပဲတီပေါက်သုပ်

သူငယ်ချင်းတွေက..စားစရာအကြောင်းဘဲရေးနေလို့ဆိုပြီးပြောနေကြပေမယ့်လဲ... အစားကနေ့တိုင်းစားရတာကိုး..ဒီတော့ အစာအကြောင်းဘဲရေးတာများမှာပေါ့... အမှန်ကတော့ပုံဘဲကြည့်ပြီးသူတိုကမစားရလို့.. မနာလိုတာဖြစ်မယ်.. ဟီးဟီး ဒီနေ့တော့ မုန်လာဥချဉ် သုပ်နဲ့ ပဲတီပေါက်သုပ်အကြောင်းကိုရေးမလို့ပါ။ ချဉ်ဖတ် ကိုအရမ်းကြိုက်ပေမယ့် ဘယ်လိုလုပ်ရမှန်းမသိပါဘူး။ ဒီရောက်တော့ ချဉ်ဖတ်စားချင်လို့ ကိုးရီးယား ကင်မ်ချီကို ၀ယ်စားတယ်.. အရသာကတော်တော့ကိုဆိုးတယ်..ဘာကြောင့်မှန်းမသိဘူး ကြိုက်ဘူး။ ချဉ်ဆုတ်နေတဲ့အထဲ အနံ့က စိမ်းရွှင်ရွှင်နဲ့... ဒါနဲ့ မာမီကိုဖုန်းဆက်ပြီး ချဉ်ဖတ်ဘယ်လိုလုပ်ရလဲမေးတယ်။ ပထမတစ်ခါ..မုန်လာဥတွေဝယ်..ဗူးကြီးကြီးဝယ်ပြီး အချဉ်တည်မယ်ဆိုပြီး...ထမင်းချက်ပြီး ဆားနဲ့ရောနယ်.. မုန်လာဥလှီးထားတာတွေနယ်.. ဗူးထဲမှာသိပ်.. နေလှန်း... တစ်လပြည့်လို့ ပုပ်သွားတယ် မချဉ်ပါဘူး။ ဒါနဲ့ ဇွဲမလျော့ဘူး။ နောက်တစ်ခါထပ်ဝယ်..လှီးပြီးဆန်ဆေးရေနဲ့စိမ်တယ်.. ဆားထည့်တယ်..မချဉ်ပြန်ဘူး။ နောက်တော့ မာမီကပြောတယ် ဘာဆားသုံးတာလဲဆိုတော့.. အိုင်အိုဒိုက် ဆားသုံးတာကိုး...ဆိုင်မဆိုင်တော့မသိဘူး..ဆားအကြမ်းသွားဝယ်... နောက်တတိယတစ်ခါစိမ်တော့ အောင်မြင်သွားတယ်..ပျော်လိုက်တာ... မ

မိသားစုထမင်းဝိုင်း

တစ်နေ့က.. ညီမ၀မ်းကွဲက ငါးပိရေကျိုစားခြင်တယ်တဲ့။ ရှိသေးလား လို့မေးတော့ ကျွန်မကရှိတယ်။ ယိုးဒယား ငါးပိလားလို့မေးတော့ သူက မဟုတ်ဘူး..မြန်မာငါးပိဘဲစားချင်တယ်တဲ့။ ဆိုတော့..ကျွန်မက နဲနဲကျန်သေးတယ်။ ပို့ပေးလိုက်ရမလားဆိုတော့သူကမပို့နဲ့အမနဲ့အတူစားချင်တာတဲ့.. ခုတစ်လောနေကသိပ်မကောင်းအလုပ်ကပင်ပန်း စိတ်လဲ ပင်ပန်းနဲ့ ဒီအချိန် နို့မှုန့်လာကျွေးရင်တောင်ကောင်းကောင်းစားနိုင်မှာမဟုတ်ဘူး..ဒါပေမယ့် သူလာတော့ ငါးပိကို အိမ်က ကောင်မလေး စိတ်ရှည်ရှည်နဲ့ သောက်ေ၇သန့်ဗူးထဲကိုထိုးထည့်ပေးလိုက်တဲ့ဟာကိုခက်ရင်းနဲ့ ဆွဲထုတ်တာ..ဟူးးးး မောတယ်။ ထည့်တဲ့သူကတော့ ဘယ်လောက်ပင်ပန်းမလဲမသိဘူး။ ငါးပိက မာမီ့ရဲ့ selected ဆိုတော့ အကျည်းခွံပါတဲ့ ငါးသေးသေးတွေ.. ကိုသေချာလုပ်ထားတာ.. ကျိုလိုက်တော့ မွှေးးနေတာဘဲ.နဲနဲတော့ကျဲတယ်. ဒါနဲ့ကျွန်မက ငရုတ်သီးစိမ်းလေးတွေကို အညှာချွေ၊ ကြက်သွန်ဖြူကိုအခွံနွှာပြီး လှော်လိုက်တယ်။ အနံ့သင်းပြီးမွှေးလာရင်ချ၊ ပြီးတော့ ညက်အောင်ထောင်း၊ ခွက်ထဲထည့်၊ ပြီး ငါးပိရည်ကျိုပူပူကိုအပေါ်လောင်းထည့်..အနံ့ကတော့မွှေးနေတာဘဲ။ တစ်အိမ်လုံးငပိနံ့ကလှိုင်လှိုင်ထနေတာ။ ဒါတောင်သူများကိုအားနာလို့ ကျိုတုန်းက အဖုံးအုပ်ထားသေးတယ်.. ကိုယ်ကြိုက်တဲ့အစာဆိုတော

ဆယ်လ်မွန်ငါးချက်

၁။ ဆယ်လမွန်ငါးစားလောက်ရုံး (ပဲပြားတုံးခန့်) အတုံးတစ်တုံး အရေခွံ ဓားနဲ့လျှပ်ခွာ ပါ။ ၂။ ဆား+ ငရုတ်ကောင်းမှုန့်ကို ငါးအသားတုံးပေါ်အနဲငယ်ပတ်ပတ်လည်လိုက်ဖြန်းပါ။ ၃။ မကပ်နိုင်တဲ့ဒယ်အိုးမှာဆီနဲနဲထည့်၊ ဆီကိုဒယ်အိုးမှာပြန့်အောင်လုပ်ပါ။ အငွေ့ထွက်လာလျှင် ငါးအသားတုန်းကိုထည့်.. လှည့်ပြီး ရွှေအိုရောင်သန်းလာသည်အထိလှိမ့်ပါ..ပြီးအဖုံးခဏအုပ် အလွန်ဆုံး (၂)မိနစ်နှင့်ဆို ငါးကျက်နေပြီး..ထို (၂) မိနစ်အတွင်းမီးကိုအေးအေးမျှင်းမျှင်းထားပါ ပြီးဒယ်အိုးမှထုတ်အအေးခံ ၄။ ကြက်သွန်ဖြူ၊ နီ ဂျင်းကို တောက်တောက်စင်း ဆီနဲနဲထည့်… ပူရင် ဆနွင်းနဲနဲထည့်..ပြီးဆီသတ် ၊ မဆလာ ထည့်..ငရုတ်သီးမှုန့်ထည့် အနှစ်ရအောင်ဆီသတ်။။အချိုမှုန့်၊ဆားလိုတဲ့အရသာထည့်.. ပြီးခရမ်းချဉ်သီးကိုလေးထောင့် အတုံးလေးတွေ အံစာတုန်းအရွယ် လှီးပြီးဆီချက်အိုးထဲထည့်။။ မီးအေးအေးနှင့်အနှစ်ရအောင်မွှေပါ။ ပေါ့ ငံမြည်း.. လိုတာထပ်ထည့်(အချဉ်ကြိုက်ရင် မန်ကျဉ်းရေ.. သို့ အချဉ်မှုန့်ထည့်) ၅။ ငါးရုတ်သီးအနီပွ.. အနီနဲ့ အစိမ်းရောင်၊ ဂေါ်ဖီထုတ်တို့ ကို ပါးပါးလေး မျှင်မျှင်လေးရှည်ရှည်လေးလှီးပါ။ ပြီးဆီအိုးကပ်တည်ပြီး.. တစ်ချက်နှစ်ချက်ထည့်မွှေပါ.. ပြီးရင်ခပ်ပြီး ပုဂံပေါ်တွင်ပြင်ဆင်ခြင်း ပုဂံအ

အောင်မြင်သောအသက်တာသို့

ပညာရှင် ဒွိုက်အေဒီလာဖီးလ် က ဘာပြောလဲဆိုတော့ ဘုရားသခင်ဟာ လှုပ်ရှားမှုမရှိတဲ့ဟာကို မကူညီပေးဘူး..ဒါဟာမှန်ပါသလား.. ၁။ ရေကူးသင်မယ်ဆိုပါတော့။ စာသင်ခန်းထဲမှထိုင်ပြီး ရေကိုဘယ်လိုကူး..ဘယ်လိုခတ်ရတယ်ဆိုတာထိုင်ပြီးသင်နေတာ တကယ်တမ်းလက်တွေ့မပါရင် ဘယ်တော့မှရေကူးတတ်မှာမဟုတ်ပါဘူး။ ၂။ စက်ဘီးစီးတာ၊ ကြက်တောင်ရိုက်တာ၊ ကားမောင်းသင်တာ.. အကုန်လုံးက လက်တွေ့ ကိုယ်တိုင်ကိုယ်ကျ သင်ယူမှသာတတ်မြောက်မှာဖြစ်ပါတယ်။ ၃။ စကိတ်စီးတာနဲ့ ဘတ်စကတ်ဘော၊ ဘောလုံးကန်တာ..အားလုံးဟာလဲအတူတူပါဘဲ။ ဘုရားသခင်ဆီမှာ ကျွန်တော်ကျွန်မကို ဒီလိုဖြစ်အောင်လုပ်ပေးပါ။ ဟိုဟာပေးပါတောင်းဆိုတာထက် လူကိုယ်တိုင်ကလဲကြိုးစားမှုရှိမှရမှာဖြစ်တယ်။ ခန္တာကိုယ်အရ.. တစ်ချို့သောသူတွေကထိုင်ခုံမှာထိုင်နေတာက မရွေ့ဘူး၊ ဒါပေမယ့် သူတို့ တစ်စုံတစ်ဦးလာရောက်ကူညီစောင်မ ဖို့ကိုမြော်လင့်နေတယ်။ တစ်ချို့တွေကြတော့.. ဘုရားသခင် ကျွန်တော်ကျွန်မကိုစောင်မပါ၊လမ်းပြပါလို့တောင်းဆိုပေမယ့် သူတို့ကိုယ်တိုင်ကျတော့ ပြထားပေးတဲ့လမ်းကိုမသွားခြင်ကြဘူး။ ဘုရားသခင်က ကျွန်တော်/မ တို့ကို အနာဂတ်မှာဘာတွေဖြစ်လာမလဲဆိုတာကို အကုန်လုံးမညွှန်ပြ၊ မဖော်ပြထားပါဘူး။ အကယ်လို့ သူသာ ညွှန်ပြခဲ့ရင် ကျွန်တော်/မ တို့မှာလဲ ယံ

ကြိမ်သီး

လမ်းဘေးမှာ တွန်းလှည်းလေးနဲ့ အပေါ်မှာ သဲနဲ့ရောပြီးလှော်တဲ့ကြိမ်သီးတွေရောင်းတာတွေ့ဖူးကြမှာပါ... ရန်ကုန်မှာတုန်းက လမ်းဘေးမှာတွေ့တာနဲ့ ကားရပ်ခိုင်းပြီး ဆင်းဝယ်တာ..အရမ်းကြိုက်တယ်။ မာတာကတော့ ပြောမနေနဲ့..သူငယ်ချင်းတွေက..သွားကျိုးမယ်တဲ့..တစ်လုံးနှစ်လုံးလောက်စား ပြီးရင် သူတို့မစားနိုင်တော့ဘူး. ဇွဲရှိရှိနဲ့စားတာကတော့ ကျွန်မဘဲ.. ဒီရောက်တော့ ကြိမ်သီးကို Roast လုပ်ပြီးရောင်းတာဝယ်စားတယ်။ ဈေးတော့နဲနဲကြီးတယ်။ တစ်ခြားအသီးတွေမစားဘဲချွေတာလိုက်တော့ စားချင်တဲ့ကြိမ်သီး ကိုတစ်ချိန်လုံးထိုင်စားလို့ရပြီ။ အမကြီးတစ်ယောက်ကမေးတယ်.. ကြိမ်သီးနင်တို့တိုင်းပြည်မှာရှိလားတဲ့.. ဟာ.ရှိတာပေါ့..အများကြီးဘဲ... ဘယ်လိုအပင်မျိုးလဲတဲ့.. ကျွန်မက ကြိမ်ခုံတစ်ခုကို ပြလိုက်တယ်.. အဲဒါကြိမ်သီးရဲ့ အပင်ပေါ့လို့... သူတို့ကလဲ မတွေ့ဖူးတော့ ဟုတ်လား..တခါမှမသိဘူးတဲ့...ကြိမ်သီးက အင်္ဂလိပ်လို chestnut's လို့ခေါ်တယ်လေ.. အဲဒါ ကို အွန်လိုင်းက မမ ခိုင်ခိုင်ထွန်းက ကြိမ်သီးမဟုတ်ဘူး မြေဇာဥလို့ခေါ်တယ်လို့ အတင်းလာငြင်းနေသေးတယ်... မလွယ်ဝူး... ဥနဲ့ အသီးတောင်မခွဲတတ်ကြပါလားနော်... အမှန်က ပဲခူးကို (၉)တန်းတုန်းက ကျောင်းပေါင်းစုံကပွဲသွားတုန်းက ကြိမ်ပင်တွေတွေ

အပြင်မှ အတွင်းသို့

ငါအပြင်မှာအမြဲရပ်နေရတယ်။ ပြတင်းပေါက်ကနေအထဲကိုလှမ်းကြည့်လိုက်တော့ အခြားသူတွေပျော်ရွှင်တက်ကြွ နေထိုင်မှုဘ၀တွေနဲ့ အပျော်အတိပီးလို့ပေါ့ အချစ်..ငါဘယ်တော့မှ ရလာနိုင်တော့မှာမဟုတ်ပါဘူး ငါလုပ်ခဲ့သမျှအားလုံး ရောက်ခဲ့သမျှနေရာအားလုံး ငါ အပြင်မှာဘဲရပ်ပြီး အထဲကိုငေးကြည့်နေရတယ်။ ငါ..အောင်မြင်ရမယ်၊ လို့တွေးလိုက်တိုင်း အသက်တာမှာ အထီးကျန်မွန်းကြပ် လစ်ဟာနေတဲ့နှလုံးသာက နာကြင်မှုအပြည့်နဲ့ အနာဂတ်ရောင်ခြည်တွေကို ၀ါးမျိုသွားပြီး အထီးကျန်အေးစက်နေတဲ့မိုးရေအောက်မှာ ငါ့ တစ်ယောက်တည်းထားခဲ့ပြန်တယ် ငါ.. အထဲကိုငေးကြည့်နေတာကိုရပ် ငါ့စိတ်ဘယ်လောက်ပြင်းပြခိုင်မာလဲဆိုတာပြဖို့ ငါကြိုးစားတယ် သူများတွေဘ၀ထဲဝင်ပြီး ဖျော်ဖြေမိတဲ့စိတ်အလျဉ်အတွေးဆိုးတွေကိုရပ် ငါ့ကိုယ်ငါအပြင်မှာ မားမားမတ်မတ်ရပ်တည်နိုင်အောင် ကြိုးစားတယ်.. အစကတော့ေ၀၀ါးဝါးနဲ့ ခံယူချက်ကမငြိမ်ဘူး တစ်ဆဆနဲ့ သန်မာလာပြီး နေပူအောက်မှာ ရပ်နေတဲ့ငါ့ကို အရိပ်ပေးလာတယ် ငါ့အိမ်မက်တွေ အချိန်နဲ့အမျှ အကောင်ထည်ပေါ်လာတယ် ငါ..ဖိတ်ခေါ်ခြင်းမခံရတုန်းက နောက်ဆုံမှာ အမြဲထားခံခဲ့ရတာတွေကို စဉ်းစားမိရင်တောင် အားငယ်နေတာထက် ထက်ကြွတဲ့စိတ်အဟုန်က ပိုပြင်းပြနေတယ် ငါ့အနာဂတ်ကိုလဲ တစ်စိုက်မတ်မတ်ကြည့်တော့

ပဲပြားဘလချောင်ကြော်

ပဲပြားကို အတုံးလေးတွေတုံးပြီး ဆား၊ နနွင်းနဲနဲသမအောင်ထည့်၊ ဆီများများနဲ့ ကြွပ်နေအောင်ကြော်၊ ပြီးရင် ခပ်ပြီးဆယ်ထား..ဆီစစ်ထား၊ ပြီးကြက်သွန်ဖြူနီကို ကြော်..ပြီးအားလုံးအတူရောလိုက်ရင်.. အချိန်ကြာကြီးထားစားလို့ရတဲ့ သတ်သက်လွတ်ပဲပြားဗလချောင်ကြော်ရပါပြီ။

ကြက်သားသုပ်

ကြက်ရင်အုံသားကိုငံပြာရည်နဲ့ နဲနဲထည့်၊ ဂျင်းအပြားလိုက်လှီးထည့်ပြီးပြုပ်လိုက်တယ်။ ပြီးတော့အအေးခံ၊ အမြောင်းမြောင်းလေးဖြစ်အောင်နွှာ ဂေါ်ဖီထုပ်ကို ပါးပါးလှီး ပြီတော့ ရေအေးထဲမှာ သံပုရာ တစ်လုံးညှစ်ထည့်ပြီးစိမ်ထား၊ (ဂေါ်ဖီကအစိမ်းနံ့ကို မကြိုက်လို့ပါ) ခရမ်းချဉ်သီးကို ခပ်ထူထူလှီး၊ ကြက်သွန်မြိန်လေးကိုလဲ အပိုင်းရှည်ရှည်ဖြတ်ထား ကြက်သွန်နီကို အကွင်းလိုက်လှီးပြီးရေနဲ့ (၂) ခါလောက်ဆေး၊ ရေစစ် ပြီးရင်တော့ ကြက်သားနွှာထားတဲ့အပေါ်မှာ ကြက်သွန်နီထည့်၊ ဂေါ်ဖီရေစစ်ထည့်၊ ခရမ်းချဉ်သီး၊ ပဲမှုန့်၊ ဆီစိမ်းနဲနဲထည့်၊ ဆား၊ အချိုမှုန့် တို့နဲ နယ်လိုက်တော့ ကြက်သားသုပ် စိမ့် ချဉ်ချဉ်လေးရပြီး၊ အစပ်အတွက် ကတော့ ငရုတ်သီးစိမ်း နဲနဲထည့်လိုက်တယ်။ ကြက်သွန်မိတ်နဲ့ နံနံကို အပေါ်ကအုပ်ပြီးဖြူးလိုက်တော့ စားချင်စဖွယ်လေးဖြစ်သွားရောပေါ့။

ဘူးသီးကြော် /မြင်းခွာရွက်ကြော်

ဘူးသီးကြော်အတွက် ဘူးသီးကို ရေစင်အောင်ဆေးပြီး အကွင်းလိုက်လှီးပါတယ်။(အခွံနွှာဖို့မလိုပါဘူး) ပြီးရင်တော့ ကန့်လန်ဖြတ်အချောင်းရှည်လေးတွေရအောင်ထပ်လှီးပါတယ်။ မုန့်နှစ်ကတော့ အိမ်ကယူလာတဲ့ရွှေလိပ်ပြာအကြော်မှုန့် ကိုသုံးပါတယ်။ နိုင်ငံရပ်ခြားကသူတွေအတွက်တော့ တန်ပူရာအမှုန့်နဲ့ကြော်လို့ရမှာပါ။ မုန့်နှစ်မှုန့်ကိုရေနဲ့ခပ်ပြစ်ပြစ်ဖျော်ပြီး ဗူးသီးချောင်းလေးတွေကိုနှစ်ထားပါတယ်.. ဆီအရမ်းပူပြီးအငွေ့တွေတက်လာတာနဲ့ မီးကို အေးအေးရောက်အောင်လျှော့ချပြီး ဗူးသီးလေးတွေတစ်ချောင်းဆီထည့်ကြော်တာပါ..အထက်အောက်..လှန်ပေးး..အနီညိုရောင်လေးသန်းလာရင်တော့ စကာထဲထည့်စစ်ထား... ဆီစင်လောက်မှ တစ်ရှူးသန့်သန့်မှာတင်ပြီး ထပ်စစ်..ပြီးရင်တော့စားလို့ရပါပြီး... အချဉ်ရေကတော့ မန်ကျည်းမှည့်ကိုရေစိမ်ပြီး မန်းကျည်းရေကိုယူ ကြက်သွန်ဖြူကိုညက်အောင်ထောင်း ငရုတ်သီးစိမ်း ကိုလဲညက်အောင်ထောင်းပါ။ ပြီးရင်တော့ နံနံပင်တောက်တောက်စင်းပြီး ဆား၊ ချိုမှုန့်နဲ့ ဖျော်လိုက်ရုံပါဘဲ။ ဒါကတော့ မုန့်နှစ်တွေပိုလို့ အိမ်နောက်က မြင်းခွာရွက်တွေသွားနှုတ်လာပြီးရေစင်စင်ဆေးပြီးရောကြော်ထားတာပါ။

ကျွန်မ၏ရုံးပိတ်ရက်-၃

ဒီတစ်ပတ်ကတော့.. long weekends ပါ။ တနင်္လာနေ့ကဘာနေ့လဲမသိဝူး..Working Holiday ကနေ Non-working Holiday ဖြစ်သွားတော့..အားတာပေါ့..သုံးရက်တောင်.. သောကြာနေ့ကတော့ ရုံးနေ့တစ်ဝက်ပိတ်တာမို့.. ပတုန်းမထဲက မမအွန်စောရေးထားတဲ့ကြက်သားသုပ်နည်းကိုဖတ်.. မလုလုဆီက ကြက်သားသုပ်ကိုငမ်းထားတော့ လုပ်စားမယ်ဆိုပြီးတော့ ကြက်ရင်အုံသားကိုငံပြာရည်နဲ့ နဲနဲထည့်၊ ဂျင်းအပြားလိုက်လှီးထည့်ပြီးပြုပ်လိုက်တယ်။ ပြီးတော့အအေးခံ၊ အမြောင်းမြောင်းလေးဖြစ်အောင်နွှာ ဂေါ်ဖီထုပ်ကို ပါးပါးလှီး ပြီတော့ ရေအေးထဲမှာ သံပုရာ တစ်လုံးညှစ်ထည့်ပြီးစိမ်ထား၊ (ဂေါ်ဖီကအစိမ်းနံ့ကို မကြိုက်လို့ပါ) ခရမ်းချဉ်သီးကို ခပ်ထူထူလှီး၊ ကြက်သွန်မြိန်လေးကိုလဲ အပိုင်းရှည်ရှည်ဖြတ်ထား ကြက်သွန်နီကို အကွင်းလိုက်လှီးပြီးရေနဲ့ (၂) ခါလောက်ဆေး၊ ရေစစ် ပြီးရင်တော့ ကြက်သားနွှာထားတဲ့အပေါ်မှာ ကြက်သွန်နီထည့်၊ ဂေါ်ဖီရေစစ်ထည့်၊ ခရမ်းချဉ်သီး၊ ပဲမှုန့်၊ ဆီစိမ်းနဲနဲထည့်၊ ဆား၊ အချိုမှုန့် တို့နဲ နယ်လိုက်တော့ ကြက်သားသုပ် စိမ့် ချဉ်ချဉ်လေးရပြီး၊ အစပ်အတွက် ကတော့ ငရုတ်သီးစိမ်း နဲနဲထည့်လိုက်တယ်။ ကြက်သွန်မိတ်နဲ့ နံနံကို အပေါ်ကအုပ်ပြီးဖြူးလိုက်တော့ စားချင်စဖွယ်လေးဖြစ်သွားရောပေါ့။ စနေနေ့ကတော့ဘုရားကျောင်းသ

STOP THE KILLING OF SEALS

ကျွန်မဒီနေ့ သူငယ်ချင်တစ်ယောက်ကပို့ပေးလိုက်တဲ့ ဒီပုံလေးတွေနဲ့ စာကိုဖတ်ပြီး မျက်ရည်တောင်ကျမိတယ်။ ကျွန်မအကောင်လေးတွေကိုအရမ်းချစ်တယ်.... ကိုယ့်ကိုအန္တရာယ်မပေးဘဲ သူတို့ဘာသာနေတဲ့အကောင်လေးတွေကို အပျင်းပြေလိုက်သတ်ဖြတ်နေတဲ့အကြောင်းအရာတွေကို စိတ်ကိုထိခိုက်စေခြင်းနဲ့အတူ တတ်နိုင်သလောက် ဝေဌပေးချင်လို့ ဒီပိုစ်လေးကိုတင်လိုက်တာပါ။ This is me.... Baby Seal.. ကျွန်တော်ဖျံကလေးပါ Norway and Canada have a new kind of tourism. Killing baby seals!!!! They call it 'hunting' and it's a sport နော်ဝေး နဲ့ ကနေဒါနိုင်ငံတွေမှာ ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်တဲ့အနေနဲ့... ဖျံကလေးတွေကိုသတ်ရအောင် ဆိုပြီး သူတို့ပြောတာကတော့ အမဲလိုက်အားကစားနည်းတစ်မျိုးတဲ့ You want to call this sport ?? ဒါကိုကစားတယ်လို့ခေါ်ပါလားဗျာ။ Is he a sportsman??? သူကရော အားကစားသမားလား Why? ဘာကြောင့်လဲ You're our only hope !!! သင်သာကျွန်တော်တို့အတွက် တစ်ခုတည်းသောမြော်လင့်ချက်ပါ Please let it stop. This barbarism shouldn't be possible in our society ကျေးဇူးပြုပြီးရပ်ပါတော့... ဒီလိုကြမ်းတမ်းရက်စက်တဲ့သူတွေ လူ့အဖွ

ငါးကင်

တီလားဗီးယားငါးကို အကျည်းခွန်ထိုး၊ ဗိုက်ခွဲ၊ အူထုတ်၊ ကလီစာထုတ်... သဲခြေအိတ်(အစိမ်းရောင်)လေးမကွဲအောင်ထုတ်..မဟုတ်ရင်ခါးလိမ့်မယ်။။ သံပရာသီးခြောက်လုံးကိုအရည်ညှစ်ထားပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်းကို နုတ်နုတ်စင်း (သို့)ထောင်း။ စပါးလင်က နှစ်ချောင်းလောက်ကိုအရင်းလေးတွေဘဲလှီးပြီးထောင်းထည့်.ခရမ်းချဉ်သီးတစ်လုံးကိုနုတ်နုတ်စင်း။ ပြီး သံပရာရည်ထဲကိုထည့်မွှေ၊ သကြားကိုနဲနဲထည့်၊ ပြီးရင် ပဲငံပြာရည်အကြည်ရည်ကို လဖက်ရည်ဇွန်း လေးဇွန်းထည့်။ ဆားသင့်တော်ရုံထည်.. (အစပ်ကြိုက်ရင် ငရုတ်သီးတောင့် ၆တောင့်ပါးပါ့လှီးထည့်) ငါ့ကိုဗိုက်ခွဲပြီး..ကိုယ်မှာသုံးလေးမြောင်းနဲနဲမွှန်း။။။ ငါးနဲ့..ခုနရောထားတဲ့ဆော့ တွေနဲ့ ရောပြီးနှပ်ပြီးစိမ်ထား.... ၁၅ မိနစ် ပြီးတော့ ငါးကိုထုတ်... ခုနလုပ်ထားတဲ့ဆော့ထဲကအဖတ်တွေကိုထုတ်ပြီး... ငါးဗိုက်ထဲထည့် အပြင်ကိုလဲ လိုက်သုတ်.. မွန်းထားတဲ့နေရာကြားတွေလဲထည့်. ပြီးရင် ငွေရောင်စက်ကူ (foil) နဲ့မထုတ်ခင်း ငါးထည့်မယ့်နေရာကို နှမ်းဆီ (သို့ ) ဟင်းသီးဟင်းရွက်ဆီနဲ့သုတ်..လုံအောင်ပတ်ပြီးတော့... oven ထဲထည့်... 180 - 185 ဒီဂရီနဲ့ 15 to 20 minutes ကင်/ဖုတ်... ပြီးရင်ထုတ်... ပြီးငါးအကောင်ပေါ်ကို ငရုတ်ကောင်းမှုန့်နဲနဲဖြူး

ရုံးပတီသီးမြေပဲနှပ်

ဒီကလူတွေက...မြေပဲကြော်ကို လမ်းဘေးမှာဆိုင်လေးတွေနဲ့ရောင်းကြတယ်။ မြန်မာမှာတော့ နေကြာစိ၊ ကွာစိ၊ အချဉ်ထုပ်၊ ဇီးထုပ်တို့သာရေစာစားကြပေမယ့်.. ဒီမှာတော့ လမ်းလျှောက်ရင်းလဲ မြေပဲကြော်လေးတွေ ကတော့လေးတွေနဲ့ထည့်ပြီး..စားကြတယ်။။။ ရုံးပတီသီး - ရေစင်အောင်ဆေးထားပါ။ ရုံးပတီသီးကို အညှာထိနားထိတိုင်အောင် အဖျားကနေလေးခြမ်းခွဲပါ။ ရုံးပတီသီးအတောင့်လိုက်ပုံမပျက်စေနဲ့။.... ပြီးရင်.. ကြက်သွန်ဖြူ၊နီ၊ ဂျင်းနဲနဲ အရောင်တင်မှုန့်၊ နနွင်းနဲ့ ဆီသတ်မယ်။ ပြီးရင်.. မြေပဲထောင်းထားတာကိုထည့်မယ်။ ပြီး ငါးငံပြာရည်..လေးငါးစက်လောက်ထည့်မယ်။.. အနံ့မွှေးလာတာနဲ့.. ရုံးပတီသီးအတောင့်လိုက်လေးတွေကိုစီပြီးထည့်ပါ. ဆား၊ သကြားထည့်ပြီး ရေလေးမြုပ်ရုံလောင်းထည့်ပြီး အဖုံးအုပ်ထားပါ (မမွှေနဲ့နော်)...စိမ်းစိမ်းလေးနဲ့ နှုးလောက်ပြီဆိုရင် ချပြီး.. အတောင့်လိုက်လေးတွေကိုဟင်းပန်းကန်ထဲစီထည့်ပါ။။ ပြီးမှ ဟင်းအနှစ်လေးတွေကိုအပေါ်ကလောင်းထည့်ပါ။။။ ရုံးပတီသီးစီးစီးလေးမှာ မြေပဲစိမ့်စိမ့်အရသာဟာအတွင်းထိစိမ့်ဝင်နေပြီး.. လျှာပေါ်တင်လိုက်တာနဲ့ ဆီချက်မွှေးမွှေးအနံ့လေးပါ..ရောပြီး.. အလွန်မြိန်တဲ့ဟင်းတစ်ခွက်ဖြစ်ပါလိမ့်မယ်။ ဒါကတော့သက်သတ်လွတ်တွေအတွက် ဟင်းသီးဟင်းရွက်ကြော်လေးတွေပါ။

ရိုးရာအချဉ်ဟင်းအရည်

ငါး Knorr termerine cube (1) ပဲသီးတောင့်ရှည် မုန်လာဥဖြူ မုန်လာထုပ်ဖြူ ဌက်ပျောဖူး ကန်ဇွန်းရွက် ပိန်းဥ ဂျင်း ကြက်သွန်နီ ဆန်ဆေးရေ ဆန်ဆေးရေ (ဒုတိယ /တတိယ) ကို အိုးထဲထည့်တယ်ပါ။ ပွက်ပွက်ဆူလာလျှင်..ကြက်သွန်နီကိုလှီးထည့်ပါ။ ဂျင်းကိုအပြားဝိုင်းဝိုင်းလှီးထည့်ပါ။ ငါးကြီး(၄) ပိုင်း(သို့) ငါးခေါင်း ကိုအတုံးလိုက်ထည့်ပြုပ်ပါ။ ပိန်းဥအခွံခွာ လေးခြမ်းခြမ်းထည့်ပါ။ ပိန်းဥနူးလောက်သည်အထိ အနဲငယ်စောင့်ပါ မုန်လာဥဖြူစောင်းစောင်းလှီး၊ မုန်လာထုပ်အဖြူ နှင့် ဌက်ပျောဖူကိုလှီးထည့်ပါ။ Knnor မန်းကျဉ်းခဲတစ်ခဲထည့်ပါ။ (မန်ကျည်းရည်ထည့်လဲရပါတယ်) ဆား၊ ချိုမှုန့်ထည့်ပါ။ ပွက်ပွက်ဆူလာလျှင် ပေါ့/ငံ/ချဉ်.. မြီးပြီး.. ကန်ဇွန်းပင် အရှည်လိုက်ရေဆေးပြီးထည့်ပါ။ ပဲသီး ကို ရှည်ရှည်ဖြတ်ပြီးထည့်ပါ။ ပြီး အဖုံးအုပ်ပြီးမီးဖိုပေါ်မှချပါ။။

ကြက်ဟင်းခါးသီးအကြွပ်ကြော်

ဒီနေ့ညနေ..ပျင်းပျင်းနဲ့လမ်းလျှောက်.. ဈေးရောက်တော့ ကြက်ဟင်းခါးသီးအရှည်တစ်လုံးဝယ်လာတယ်။ ကြော်စားမယ်.. ပထမဆုံးကြက်ဟင်းခါးသီးကိုပါးပါးလှီး၊ ဆားနဲနာနာနယ်၊ ရေနဲနဲထည့်။။ နယ် ပြီး နှစ်ရေလောက်ဆေးထား.. (နဲနဲလျှက်ကြည့် ဆားအရသာ..ကြက်ဟင်းခါးသီးမှာစိမ့်ဝင်နေလိမ့်မယ်) ကြက်သွန်နီ ကို ဓါးနဲ့ နုတ်နုတ်စင်း၊ ကြက်သွန်ဖြူကို ဓါးပြားရိုက်ပြီး..သေးသေးလှီး ဆီနဲနဲများများ..မှာထည့်ကြော်... အနံ့လေးမွှေးလာတာနဲ့ ဗလချောင်ကြော် (အိမ်မှပို့ပေးသည်) နှစ်ဇွန်းလောက်ခပ်ထည့်.. တစ်ချက်နှစ်ချက်မွှေပြီးတာနဲ.... ကြက်ဟင်းခါးသီး ကိုထည့်.. အချိုမှုန် နဲနဲလေးထည့် (ဆားထည့်ရန်မလိုတော့ပါ).. ပြီးတော့ အဖုံးမအုပ်ဘဲမီးအေးအေးနဲ့ကြော်... နဲနဲနွမ်းလာ ရင်.. နော ကြက်သားခဲ Knorr Chicken Cube တစ်ခြမ်းကိုထည့် ( ဘာရယ်မဟုတ်စမ်းထည့်ကြည့်တာ၊ ကျက်မှအရမ်းကောင်းမှန်းသိတာ ) ပြီး.. မီးအေးအေးလေးနဲ့ကြွပ်အောင်ကြော်... အရမ်းကိုစားလို့ကောင်း... ထမင်းမပါဘဲနဲ့တောင်..ဒီတိုင်းစားလို့ကောင်းတယ်။။ အရင်တုန်းကလဲခဏခဏကြော်စားဖူးတယ်။ ဒါပေမယ့် တစ်ခါမှဒီလောက်အရသာမရှိဘူး..

မုန်ညှင်းခါးချဉ်ရေဟင်း

မုန်ညှင်းစိမ်း (အစိမ်းရောင်..ခါးသက်သောအရသာရှိပါသည်) ကိုရေစင်အောင်ဆေး..သင့်တော်ရုံဖြတ်ပြီး အိုးထဲထည့်ပါ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် ဂျင်းအနဲငယ်ကိုထောင်းပြီး ထည့်ပါ။ ငံပြာရည်ထည့်ပါ။ မျှင်ငပိအနဲငယ် ရေဖျော်ထည့်ပါ။ ဆနွင်းနဲနဲ၊ အရောင်တင်မှုန့်ထည့်ပါ။ ငရုတ်သီးစိမ်းကိုနှစ်ခြမ်းခြမ်းပြီးထည့်ပါ။ ဆား၊ ချိုမှုန့် ဆီနဲငယ်ထည့်ပြီး... နောာ (Knoor) မန်ကျည်းခဲ တစ်ဝက်ထည့် (သို့) မန်ကျည်းရည်ထည့်ပြီး အားလုံးကိုသမအောင်လက်နှင့်နယ်ပါ။ ပြီးလျှင် မီးဖိုပေါ်တည်ပါ။ သူ့အရည်နှင့်သူ..ဆူလာပြီး အနံ့မွှေးလာလျှင်.. ရေသင့်တော်ရုံထပ်ထည့်ပြီး..ပွက်ပွက်ဆူအောင်ထပ်တည်ပါ။ ပြီးလျှင်အရသာမြီး.. အိုးကိုဖိုပေါ်မှချပြီးသုံးဆောင်ပါ... ချဉ်စပ်ဟင်းရည်...စားလို့အရမ်းကောင်း... ငါးကြိုက်သူများ..ငါးခေါင်း (သို့) ငါးတုံးများကို ရေထည့်ပြီးနောက်ပိုင်းထည့်ပြီးချက်စားလဲကောင်းပါသည်။ (မုန်ညင်းအစိမ်းမှာခါးသက်သောအရသာရှိပါသည်။ သို့သော်အချဉ်ဟင်းချက်ပြီးလျှင်ခါးသောအရသာပျောက်ပြီး...စိမ့်သောအရသာသို့ပြောင်းသွားပါလိမ့်မည်)

ချဉ်ပေါင်ရွက်ဟင်းရည်

ကူးကူးကတော့ ချဉ်ပေါင်ရွက်ဟင်းချိုဆိုရင်..ချဉ်စုတ်နေတာတဘောကျလို့... ချဉ်ပေါင်ရွက်တွေကိုရေဆေး... အိုးထဲထည့်.. တည်လိုက်တယ် ပြီးနွမ်းလာရင်... ဘာမှမထည့်ဘဲ မွှေတယ်... ကြေပြီး နဲနဲစေးလာပြီဆိုရင်.. ကြက်သွန်နီလှီးထည့်... ငရုတ်သီးစိမ်းလှီးထည့်.. မျှင်ငပိ ကိုရေဖျော်ထည့် ဆီနဲနဲထည့်... ပြီး ဆားထည့်.. ချိုမှုန့်ထည့်.. ငါးငံပြာရည် (၃)စက်လောက်ထည့်.. ရေထည့်... ချဉ်စုတ်နေတာ... ဟီးဟီး... (ကြိုက်တတ်ရင် ဟင်းအိုးပွက်ပွက်ဆူမှ မီးဖိုပေါ်ကချပြီး နံနံပင်လေးနဲနဲအုပ်) အဲဒါကူးကူးရဲ့ အလွယ်နည်းပါ.. ** ကြက်ဥလေးတွေကို အလုံးလိုက်ကြော်ပြီးရောထည့်လိုက်ရင်လဲဟင်းတစ်ခွက်ရရော... ပါဝင်ပစည်းများ ချဉ်ပေါင်ရွက် ကြက်သွန်နီ ငရုတ်သီးစိမ်း မျှင်ငပိ ငါးငံပြာရည် ဆား/ချိုမှုန့်

ငါးကြော်ပဲငပိနှပ်

ငါး - ခတ်လတ်လတ်(၁) ကောင် အကြော်မှုန့် (သို့) တန်ပူရာမှုန့် ကြက်ဥအနှစ် (၁)လုံး ကြက်သွန်နီ/ဖြူ/ ငရုတ်သီးခြောက် ဂျင်း ပဲငပိ (၅)ကျပ်သား ကော်ရည် ဆလတ်ရွက် ခရမ်းချည်သီးသေးသေးလေး ငါးတစ်ကောင်ကို ဗိုက်ဖောက်၊ အူထုတ်၊ ဗဟက်ထုတ်ပြီး တည့်တည့်ခွဲချပါ။ ပြီးလျှင်ပြားပြားလေးဖြစ်အောင် မှောက်ချပြီး ခေါင်းမှ ကျောရိုးအလည်ကို ဓါးနှောင့် (သို့) ငရုတ်ကျည်ပွေ့နှင့် ထုပါ... ပြီလျှင်.. ငါးတစ်ကောင်လုံးကို ကြက်ဥအနှစ်ဖြင့်သုတ်ပါ.. ပြီးလျှင် အကြော်မှုန့်ထဲ ထည့်လှိမ့်လိုက်ပါ.. ငါးတစ်ကောင်လုံးဖြူသွားသောအခါ..ဆီအေးအေးနှင့်ကြော်ပါ.. ကြော်နေသောအချိန်တွင် ကြက်သွန်ဖြူ၊ နီ၊ ဂျင်း၊ ငရုတ်သီးခြောက်တို့ကိုညက်အောင်ထောင်းထားပါ. ပြီးလျှင် ဆီသတ် မွှေးလာလျှင် ပဲငပိ ကိုထည့်ပါ.. (ပဲငပိ ဆားငံသောကြောင့်ဆားထည့်ရန်မလို) အချိုမှုန့်နဲနဲ.. သကြားနဲနဲထည့်ပါ... ပြီးလျှင်... ကျက်ခါနီး.. ကော်ရည်ဖျော်ပြီးထည့်ပါ...့ ပန်းကန်အပြားကြီးကြီးပေါ်တွင် ဆလတ်ရွက်ကြီးကြီးနှစ်ရွက်ကို အောက်ခံအနေနှင့်ခင်းထားပါ... ပြီလျှင်ကြော်ထားသောငါးကို မှောက်ပြီး အလယ်တွင်တင်ပါ... ပြီးလျှင်.ချက်ထားသော ပဲငပိကော်ရည်ဟင်းနှစ်ကို ငါးကြော်ပေါ်သို့ လောင်းချ..ပတ်ပတ်လည်တွင်လဲလောင်းချပါ... ချယ်

ငါးကျပ်တိုက်ငရုတ်စိမ်းထောင်း

ငါး - ကျပ်တိုက် (၃) ကောင် ( ငါးခြောက်ရောင်းသောနေရာမှ ကြပ်တိုက်ထားသောငါးခြောက်) နံနံပင် ကြက်သွန်နီ ငရုတ်သီးစိမ်း သံပုရာသီး ငရုတ်သီးစိမ်းများကို မညက်တစ်ညက်ထောင်းပါ။ ငါးများကို နွှာထားပါ (ကြပ်တိုက်ထားပြီးဖြစ်သောကြောင့် ပြုပ်ရန်မလိုတော့ပါ) နံနံပင်ကိုပါးပါးလှီးပါ။ ငရုတ်သီးစိမ်းထောင်းထားသောအထဲသို့ ငါးကြပ်တိုက်နွှာထားသောအဖတ်များ၊ လှီးထားသောကြက်သွန်များကိုထည့်ပါ။ နံနံပင်ကိုထည့်ပါ ချိုမှုန့် နဲငယ်ထည့်ပြီး အနဲငယ်သမအောင်ဆက်ထောင်းပါ။ ပြီးအရသာမြည်းကြည့်ပါ။ ငါးကြပ်တိုက်ဆားငံလျှင် ဆားထည့်ရန်မလိုပါ.. အငံကြိုက်လျှင်စားအနဲငယ်ထပ်ထည့်ပါ။ ပြီးလျှင်ခပ်ပြီ ဟင်းခွက်တွင်ထည့်ထားပါ။ သံပုရာသီးတစ်ခြမ်းကိုလှီးထားပြီ.. စားသောအခါအဆင်သင့်ညှစ်စားနိုင်ရန် ဘေးနားမှာ ပုံထားပါ။

ပုံပြင်

တစ်ခါတုန်းက..... ကောင်လေးဘာပြောပြောယုံတတ်တဲ့ကောင်မလေးတစ်ယောက်ရှိတယ်။ တစ်ခါတုန်းက....ကောင်လေးနဲ့ သူငယ်ချင်းတွေ ဒေါ်ရိတ်ကြီးဆိုင်မှာ ထိုင်ပြီး ကောင်မလေးတွေငမ်းနေတာကို အတူထိုင်ကြည့်ဖူးတယ်။ တစ်ခါတုန်းက.... ကောင်လေးက အရမ်းကြိုက်တဲ့ ဆေးကုလာမ ကျောက်ကျောမဲမဲတွေကို ဖားလောင်းတွေကို ကြိတ်ထားတာ မသောက်နဲ့လို့ပြောတာယုံပြီးမသောက်ရဲတော့တဲ့ကောင်မလေးရှိဖူးတယ်။ တစ်ခါတုန်းက... ကောင်လေးရဲ့သူငယ်ချင်းတွေက လူသားတွေကို စီးတီးမတ်မှာ စရောင်းနေပြီ၊ ဟိုအသားရှိလားလို့ ဒိုင်ရှိုမေးရတယ်လို့ပြောတာကိုယုံပြီး သွားမေးလို့ အရှက်ကွဲဖူးတဲ့ကောင်မလေးတစ်ယောက်ရှိတယ်။ တစ်ခါတုန်းက....ကောင်လေးက အမျိုးတွေသွားကြည့်မယ်လို့ခေါ်တော့ ယောင်တောင်တောင်နဲ့ တရိစ္ဆာန်ရုံကို ခဏခဏရောက်ဖူးတဲ့ကောင်မလေးတစ်ယောက်ရှိတယ်။ တစ်ခါတုန်းက....လိုင်းကားက အရမ်းစီးလို့ကောင်းပါတယ်ဆိုပြီး လူတွေကျပ်ညပ်နေတဲ့လိုင်းကားကို ပုဇွန်တောင်အထိလိုက်စီးဖူးတဲ့ကောင်မလေးတစ်ယောက်ရှိတယ်။ တစ်ခါက...တစ်ခါက ပေါ့.... ငတုံးမလေးတစ်ယောက်ရှိသတဲ့.... သူကဘယ်သူလဲ...

အသိခေါက်ခက်အ၀င်နက်

ဒီနေ့... နှင်းဆီ နီရဲရဲ (၅) ပွင့်နဲ့ ၀က်ဝံကလေးတစ်ကောင်ရတယ်။ (၅) ပွင့်ကတော့ဘာအဓိပါယ်လဲတော့မသိဘူး... ထားပါလေ... ချစ်သူများနေ့ကပြီးခဲ့ပြီဘဲ... အချစ်ဆိုတာ ဆန်းကြယ်လို့ ချစ်သူများနေ့ဆိုပြီးတစ်ခန်းတစ်နားကျင်းပကြတယ်ထင်ပါတယ်။ ဆန်းကြယ်တဲ့အဖြစ်ပျက်တွေအများကြီးထဲက ၂၀၀၄ တုန်းက အဖြစ်ပျက်လေးတစ်ခုကိုရေးပြချင်လို့ပါ။ ကျွန်မက အဲဒီတုန်းက Secretary ဆိုပါတော့... အကြီး(၃) ယောက်က အားလုံးယောက်ျားတွေဘဲမို့လို့ အလုပ်လုပ်နေတဲ့သူတွေအားလုံးနဲ့ပတ်သတ်တဲ့ Personal ကိစ္စ တွေ ကို ကျွန်မကတာဝန်ယူပြီဖြေရှင်းရတယ်။ ရုံးကို စာနဲ့တစ်မျိုး၊ လူကိုယ်တိုင်လာပြီးတစ်ဖုံ.. ကျွန်မတို့ရုံးက တောရွာလေးတစ်ရွာရဲ့ အခမဲ့စာသင်ကျောင်းမျာ စာသင်ဖို့လွှတ်ထားတဲ့ ဆရာမလေး(အပျို)က ကိုယ်ဝန်ရှိနေတယ် ဆိုတဲ့သတင်းကို ကြိမ်ဖန်များစွာကြားလာတဲ့အခါ အဲဒီဆရာမလေးနဲ့တစ်အိမ်ထဲအတူထားတဲ့ သူနာပြုဆရာမလေး ကိုခေါ်မေး တော့သူလည်းသေချာမသိ၊ သူစမ်းတာ လဲအစမ်းမခံဘူးတဲ့။ ဒီကိစ္စတော့ရှင်းမှရတော့မယ်ဆိုပြီး တစ်ရက် ကျွန်မ ရုံးက ကားဆရာရယ်၊ ကျွန်မရယ်၊ ရုံးက ကောင်မလေးတစ်ယောက်ရယ်အဖော်ခေါ်ပြီး.. ရန်ကုန်မြစ်တစ်ဖက်ကို ဇက်နဲ့ကူး၊ ဟိုလက်ရောက်တော့ ကားပြန်စီး၊ ပြီးတော့ စက်လှေစီး၊ ပြီတော့ ကုန်း

အချစ်စစ်ဆိုသည်မှာ (True Love mean)

Find a guy who calls you beautiful instead of hot... ...who calls you back when you hang up on him... ...who will stay awake just to watch you sleep... ...wait for the guy who kisses your forehead... ...who wants to show you off to the world when you are in your sweats... ...who holds your hand in front of his friends... ...wait for the one who is constantly reminding you of how much he cares about you and how lucky he is to have you... ...wait for the one who turns to his friends and says, "...that's her, or that's him"... If you open this, you have to repost it so that you'll be showered with only love for the rest of your life .

နှစ်ထပ်ကား..မွှား.မွှား

ထုံးစံအတိုင်းစာဖတ်သူကရေးတာတိုလို့ ပွစိပွစိလုပ်တာနားမခံနိုင်လို့...နောက်တစ်ခုထပ်ရေးအုံးမယ်... နှစ်ထပ်ကားစီးဖူးကြလား.. ကျွန်မကတော့နှစ်ထပ်ကားကို စင်ကာပူရောက်မှတွေ့ဖူးတာပါ..စီးချင်လိုက်တာ..ပြောမနေနဲ့ စီးတာကဟုတ်ပီ..ဘယ်ကနေဘယ်ကိုစီးမလဲ..မသွားတတ်မလာတတ်တော့ တော်တော်ဒုက္ခရောက်တယ်။ ဒါနဲ့ဘဲ တိုတိုပြောရရင်နှစ်ထပ်ကားကိုစီးဖြစ်တယ်ဆိုပါတော့... စင်ကာပူလိုနိုင်ငံမျိုးက..နှစ်ထပ်ကားမှာ မွှား..ရှိတာယုံလားဟင်...မယုံချင်နေ..ကိုယ်တွေ့..ပြောပြမယ်.. ငယ်ငယ်တုန်းကတော့မွှား ဆိုတာတစ်ခါမှမတွေ့ဘူးဖူး..လူကြီးတွေပြောတာတော့ကြားဖူးတယ်.. ပိုးမွှားတွေကိုက်မယ်..ဘာညာပေါ့... ပိုးကတော့ဟုတ်ပီ..မွှားကဘာလဲ.. ကားပေါ်ရောက်တော့ ထိုင်တာမကြာတေးဘူး..အဲဒီမွှား က လက်ပေါ်တက်လာတယ်.. ခါထုတ်လဲမရ.. ဖိသတ်လဲမရ... လက်ချောင်းတွေလဲပါတယ်..တော်တော်ကြောက်ဖို့ကောင်းတယ်.. အကောင်သာကြီးရင်.. တောဘုရင်ဖြစ်မှာ..

ရှားစောင်းပင်နဲ့ပိုးတုံးလုံး

ကျွန်မရဲ့ဘလော့ကိုဝင်ကြည့်တဲ့သူပေါင်းရာကျော်ပြီဖြစ်ပေမယ့် ဘယ်သူတွေဖတ်လို့ရလဲ၊ မရလဲတော့ မသိဘူး.. ခင်မင်တဲ့သူတစ်ချို့ကတော့ comment လေးတွေချန်ထားပေးပါတယ်။ နောက်ခံတွေက အခုမှ ညီမပင့်ဂိုး က ကြိုးစားပန်းစားလုပ်ပေးနေစဲမို့..တစ်ရက်တစ်မျိုးပြောင်းနေတာ..မိုက်တယ်နော်..ဟ..ဟ.. ဘာဘဲဖြစ်ဖြစ်တစ်ရက်တစ်မျိုးလေးတော့ ရေးမှ..မဟုတ်ရင်အလုပ်ကပြန်လာ..မောမောပန်းပန်းနဲ့ ကျွန်မဘလော့လေးကိုဝင်၊ အသစ်ရေးထာတာမတွေ့ရင် ရန်တွေ့တတ်တဲ့သူတွေကိုကြောက်လို့.. ရေးလိုက်အုံးမယ်။ တစ်ခါတုန်းက လူတစ်ယောက်က သူ့ကို ပန်းလှလှလေးတစ်ပွင့်နဲ့ လိပ်ပြာလေးတစ်ကောင်ပေးပါလို့ဘုရားဆီမှာ ဆုတောင်းတယ်။ ဒါပေမယ့် ဘုရားသခင်က သူ့ကို ရှားစောင်း (ကန္တာရ) ပင်နဲ့ ပိုးတုံးလုံးကောင်ပေးတယ်တဲ့.. သူတော်တော်စိတ်မကောင်းဖြစ်သွားတယ်.. ငါတောင်းတာတမျိုးဘာများမှားသွားလို့လဲ..သွားတယ်.. .ဘုရားသခင်ကလဲ ငါတောင်းတာလှလှလေးတွေကိုမပေးဘူး..ဘာလို့ ဒါဒီရုပ်ဆိုဆိုး ဆူးပင်နဲ့ ပျော့စိစိပိုးတုံးလုံးကောင်ကိုပေးတာလဲဆိုပီးတော့ရေရွတ်နေသတဲ့. ဒါပေမယ် ဘုရားသခင်ကသူ့ကိုတောင်းတဲ့သူများတော့အလုပ်များမှာဘဲ ငါဘာမှ ပြန်မေးပြီးစောဒကတက်မနေတော့ပါဘူးဆိုပြီးနေလိုက်တယ်။ တစ်ရက်ကျတော့ အဲဒီ ရှားစောင်းပင်ပေးလကနေ.

ကျွန်မ၏ရုံးပိတ်ရက် - ၂

ဒီတစ်ပတ်ရုံးပိတ်ရက်မှာတော့...ဖြစ်သလိုစားနေတာကြာလို့ဈေးသွားပြီးတော့ဟင်းချက်စားအုံးမှဘဲဆိုပြီး..ဒီနေ့စောစောထ၊ စောစောဆိုတာ (၈း၃၀) ပါ ဈေးကိုလမ်းလျှောက်သွားတယ်..လမ်းမှာဈေးကပြန်လာတဲ့သူတွေနဲ့တွေ့တော့ သူတို့က ..ဟေး ဘယ်သွားမလို့လဲဆိုတော့ရှက်တာနဲ့ ကျောင်းနားခဏသွားမလို့လို့ပြောခဲ့တယ်။ သူများဈေးပြန်လာတဲ့အချိန်မှ..ဈေးသွားတဲ့အဖြစ် ဒါတောင်မနဲကိုအိပ်ရာပေါ်ကထရတယ်။ ပြီးခဲ့တဲ့အပတ်က အိမ်မှာဆန်ကုန်သွားတော့ ၀ယ်ထားပြီးသားလုံးတီးဆန်အညိုတွေကိုဘဲချက်စားနေတာ.. စားလို့လဲမကောင်းဘူး.မနဲဝါးရတယ်..အရေးထဲအံသွားကလဲပေါက်တော့... မ၀ါးနိုင်..ဒီကဆန်တွေက အကောင်းဆုံးတောင် တော်တော်ဆိုးတယ်။ ဆန်ဝယ်မယ်ဆိုရင် ယိုးဒယားက ဆန် (Jasmine Rice) ကိုဝယ်စားရတယ်။ ဆန်အကောင်းကြိုက်တာမဟုတ်ပါဘူး..အဲဒီဆန်ကမြန်မာပြည်ကဆန်နဲ့ခပ်ဆင်ဆင်လေ.. သူကလဲ ကီလိုနဲ့ခွဲမရောင်းဘူး၊ ၀ယ်ချင်ရင်အိတ်လိုက်ဝယ်ရတာဆိုတော့..မ၀ယ်ဘဲရှိတာနဲ့စားနေတာ.. သောကြာနေ့ကတော့ သူငယ်ချင်းကောင်လေးတစ်ယောက်ကို ဆန်အိတ်လိုက်ဝယ်လာခဲ့ပေးပါလို့ အကူညီတောင်းတော့..အခုဆိုဆန်လဲရှိပြီ..တော်တော်အဆင်ပြေတယ်။ ဈေးသွားတော့ တလားဗီးယား ငါးဝယ်မယ်ဆိုပြီးငါးတန်းထဲဝင်တာ..လူတွေများလို့မတိုးနိုင်တာနဲ့ အပြင်ကိုပြ