Pages

Wednesday, February 13, 2008

ကဗျာ -၂

မင်းသာ ကိုယ့်ချစ်ရတဲ့သူ

ကိုယ်လေးစားရတဲ့သူ

မင်းကိုဘဲကိုယ်မြင်တယ်

ဒီထက်ပိုပြီးဘာမှမတောင်းဆိုပါဘူး

ရောင်စုံလောကမှာ

အရာဝတ္တုတွေ..

တန်ဖိုးကြီးလက်ဆောင်တွေ

ကိုယ်ဘာမှမလိုပါဘူး..

ကိုယ်လိုအပ်တာမင်းတစ်ယောက်သာပါ။

မင်းယုံကြည်မယ်လို့ကိုယ်မြော်လင့်တယ်

တစ်ခြားဘယ်ကောင်လေးကိုမှ စိတ်မကူးဘူး

မင်းအသံလေးကိုကြားနေရတာ

ငါ့အတွက်အကြီးမားဆုံးရလဒ်တစ်ခုပါ။

မင်းအနာမှားမရှိလို့

နေ့ညရှည်ကြာပေမယ့်လည်း

မင်းအကြောင်းတွေးမိတိုင်း..မင်းငါ့နားမှာလေပြေနဲ့အတူရောက်လာတယ်

ကိုယ်မင်းအနားမှာရှိနေချင်တယ်

အနမ်းတစ်ချို့ အနားမှာဝေ့၀ဲစေမယ်

ဘယ်အရာမှတားလို့မရစေရဘူး

မင်းကိုငါ့နှလုံးသားထဲမှာသိမ်းထားတယ်

အတွေးတွေထဲမှာလဲရှိနေရမယ်

ဒါကြောင့်

ကိုယ့်အကြောင်းကို မင်းခဏလောက်တွေးကြည့်ပါ

ငါတို့လက်တွေဘယ်လောက်ခိုင်မြဲနေပြီလဲဆိုတာ

ငါစာကြောင်းတွေရေးချနေတယ်

မင်းဟာငါ့ချစ်သူဖြစ်နေတယ်ဆိုတာ မယုံနိုင်ဘူး

မင်းကိုဘယ်လောက်ချစ်လဲဆိုတာ ဖော်ပြလို့မရဘူး

မင်းကိုတစ်ခုတော့သိစေချင်တယ်

မင်းဟာငါ့ရဲ့တစ်ဦးတည်းသောအချစ်ဆုံးပါ။

0 Comments:

Post a Comment

ကူးကူးရေ...

 
Powered by Blogger