Pages

Monday, April 30, 2012

ခွေးအီးပုတ်သီး


နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ....
ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း
လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ်
ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ်
ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့...
ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ..
ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ..
စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။ 
ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါကြောင့် မှိုလေးတွေနဲနဲတက်နေတယ်.. ရေဆေးပြီး အပေါ်ယံတွေခြစ်လိုက်တော့ အထဲမှာ လတ်ဆတ်နေတုန်းဘဲ.. စားလို့အရမ်းကောင်းတယ်။
ဒါကအခွံလေးတွေခြစ်အပြီး...


15 Comments:

မြတ်ကြည် said...

ထူးထူးခြားခြား အစ်မရယ်။ အခုမှပဲ ကြားဖူးတယ်။

Anonymous said...

အမလေး နာမည်နဲ.လဲလိုက်ပါ.။ စားချင်စရာကိုမရှိဘူးနော်
တခါမှကိုမကြားဖူးခဲ.တာ။ မစနကူးက ရှာရှာဖွေဖွေတွေတကယ်စားတတ်တယ်နော်

Anonymous said...

ဒါဦးဆုံးကြားဘူးတာပါဘဲကူးရေ။
ခြစ်ပြီးသားလေးတော့နဲနဲစမ်းကြည့်ချင်သား။
ဒီတိုင်းလာကြွေးရင်တော့...ဟင်း......အသဲယားစရာ။
အိုင်အိုရာ

ချောကလက်ကျူးပစ်လေး said...

ခွေးအီးပုတ်အသီးတော့မမြင်ဘူးဖူး
အပင်တော့မြင်ဘူးတယ်...
အရွက်ကအနံ့နဲ့တင်မစားရဲတော့ဘူးးး..:P

T T Sweet said...

ကြံကြံဖန်ဖန်နော်။ ဟုတ်တယ် အပေါ်ဆုံးကပုံကတော့ တူမှတူ။ ကူကူးရေးမှပဲ ကြားဖူးတော့တယ်။

စန္ဒကူး said...

ဟုတ်တယ်.. အဲဒီအသီးရှိတဲ့ဒေသဆိုရင် ထမင်းပွဲတိုင်းမပါမဖြစ်စားကြတာ...

ပန်ပန် said...

ကြည့်ကျက်လည်းစားကြပါအုံးအေ-
တော်ကြာမစားအပ်တဲ့အသီးတွေဖြစ်ပြီး
မထော်မလန်းတွေဖြစ်နေကြပါအုံးမယ်းးး

ချမ်းမင်းကို(ပဥာက်) said...

တခါမှတော့ကြားဖူးဘူး..ဟဟဟဟဟဟ..အမ်း..စားတော့ပါဘူးလေ...။

ပန်းခရမ်းပြာ said...

ခေါင်းစဉ်တွေ့တာနဲ့ ကမန်း ကတန်း လာကြည့်တာ ကူးကူးရေ ..
ခုမှပဲ ကြားဖူးတော့တယ် ..

မချို

san htun said...

ခုမှ ကြားဖူးတယ်..ကြုံကြိုက်ရင်တော့ စားကြည့်ချင်သား...

mstint said...

ဒီတစ်ခါပဲ ကြားဘူးတယ် စန္ဒကူးရေ။
သေချာမှတ်သွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

yuki said...

ကျိုက်ထိုဘက်က စားဖူးတဲ့ဟာနဲ့တူသလိုပဲ..သူက ဒညင်းသီးအရည်တည် (နုန)လေးနဲ့တော်တော့်ကို အရသာရော အနံပါတူတယ်..ပြီးတော့တအားလည်းကျွတ်တယ်လေ.ရောင်းတဲ့သူတွေကလည်းဒညင်းညီးနဲ့တူတဲ့အသီးလို့ပြောရောင်းတာ..အရမ်းကြိုက်တယ်..ဒီအသီးနဲ့ တူသလိုပဲ..နာမည်တော့မသိဘူး

စန္ဒကူး said...

ဟုတ်လိမ့်မယ်..အဲဒီအသီးဘဲ.

Gue Gue said...

အသီးဆိုပေမယ့်နာမည်ကြီးကရွံစရာကြီး........

Anonymous said...

I always used to study article in news papers but now as I am a user of internet so from now I
am using net for posts, thanks to web.

my homepage - ranger forum

Post a Comment

ကူးကူးရေ...

 
Powered by Blogger