Skip to main content

Posts

Showing posts from August, 2013

မျောက်ငိုသီးကြော် နှင့် ဘန်ကောက်ဈေး

  ဘန်ကောက်ရောက်တုန်းအငမ်းမရ..ဈေးသွားတိုင်းလိုက်ရှာပီးဝယ်စားတဲ့မျောက်ငိုသီး တွေပါ။ အသီးနဲနဲနုတာလေးလဲရတော့ အခွံနဲ့ရောပီးကြော်စားတယ်.. ပိုစိမ့်ပီးအရသာရှိတယ်။ ပဇွန်ခြောက်မှုန့်၊ ငရုတ်သီးတောင့်၊ ကြက်သွန်ဖြူ/နီ၊ ဂျင်း ထောင်း ကို ငါးငံပြာရည်နဲနဲ ထည့်ကြော်ထားတာပါ.... ဆူးပုတ်ရွက်လေးကတော့ ခြံထဲက နဲနဲရလို့ ရောထည့်လိုက်တယ်။။... တစ်တွဲကို သုံးချောင်းပါတယ်..အဲဒါကို ဈေးထဲမှာ ဘတ် ၂၀/ ၂၅ ပေးရတယ်.. မြို့ထဲမှာတော့ အထမ်းသည်ကရောင်းတာ တစ်တွဲကို ၅ ချောင်းပါပီး ဘတ် ၁၀၀ ပေးရပါတယ်။  ဈေးထဲမှာရောင်းတဲ့ တစ်နေလှမ်းငါးတွေကတော့ ဥလေးတွေနဲ့ ကြော်စားရင်အရမ်းအရသာရှိတယ်.. ငါးကြော်ရမှာကြောက်လို့ မ၀ယ်စားဖြစ်ဘူး။ ငါးချဉ်တွေတော့ ၀ယ်ပီးကြော်စားတယ်..သိပ်ကောင်း... ငါးမြွေထိုးတွေလဲတွေ့တော့ ညီမလေးက မာမီ့ကိုဖုန်းဆက်ပီး ဘယ်လိုကြော်ရလဲ လှမ်းမေးတော့ မာမီက ဘယ်အရွယ်လဲဆိုတော့ သူက ဆိုဒ်ပြောပြတော့..ဟယ်ကြီး လိုက်တာ..ဒီမှာဆို အဲလို အရွယ်စားချင်တာရှိဘူးတဲ့...  ..း)...  ဘန်ကောက်ဈေးထဲက ပုံလေးနဲနဲပါ....  ကိုယ့်အကြိုက်ပုံလေးတွေစုပီး ဘလော့ပေါ်မှာတင်ထားလိုက်ပါတယ်ရှင်..။