Skip to main content

မျောက်ငိုသီးကြော် နှင့် ဘန်ကောက်ဈေး

 
ဘန်ကောက်ရောက်တုန်းအငမ်းမရ..ဈေးသွားတိုင်းလိုက်ရှာပီးဝယ်စားတဲ့မျောက်ငိုသီး တွေပါ။
အသီးနဲနဲနုတာလေးလဲရတော့ အခွံနဲ့ရောပီးကြော်စားတယ်.. ပိုစိမ့်ပီးအရသာရှိတယ်။
ပဇွန်ခြောက်မှုန့်၊ ငရုတ်သီးတောင့်၊ ကြက်သွန်ဖြူ/နီ၊ ဂျင်း ထောင်း ကို ငါးငံပြာရည်နဲနဲ ထည့်ကြော်ထားတာပါ.... ဆူးပုတ်ရွက်လေးကတော့ ခြံထဲက နဲနဲရလို့ ရောထည့်လိုက်တယ်။။...
တစ်တွဲကို သုံးချောင်းပါတယ်..အဲဒါကို ဈေးထဲမှာ ဘတ် ၂၀/ ၂၅ ပေးရတယ်..
မြို့ထဲမှာတော့ အထမ်းသည်ကရောင်းတာ တစ်တွဲကို ၅ ချောင်းပါပီး ဘတ် ၁၀၀ ပေးရပါတယ်။ 


ဈေးထဲမှာရောင်းတဲ့ တစ်နေလှမ်းငါးတွေကတော့ ဥလေးတွေနဲ့ ကြော်စားရင်အရမ်းအရသာရှိတယ်.. ငါးကြော်ရမှာကြောက်လို့ မ၀ယ်စားဖြစ်ဘူး။ ငါးချဉ်တွေတော့ ၀ယ်ပီးကြော်စားတယ်..သိပ်ကောင်း...
ငါးမြွေထိုးတွေလဲတွေ့တော့ ညီမလေးက မာမီ့ကိုဖုန်းဆက်ပီး ဘယ်လိုကြော်ရလဲ လှမ်းမေးတော့ မာမီက ဘယ်အရွယ်လဲဆိုတော့ သူက ဆိုဒ်ပြောပြတော့..ဟယ်ကြီး လိုက်တာ..ဒီမှာဆို အဲလို အရွယ်စားချင်တာရှိဘူးတဲ့...  ..း)... 














ဘန်ကောက်ဈေးထဲက ပုံလေးနဲနဲပါ....  ကိုယ့်အကြိုက်ပုံလေးတွေစုပီး ဘလော့ပေါ်မှာတင်ထားလိုက်ပါတယ်ရှင်..။

Comments

  1. ဟန်ကြည်August 11, 2013 at 8:36 AM

    ယိုးဒယားက အစားသမားကြိုက်တိုင်းပြည်လို့ တင်စားရမယ်ထင်ရဲ့...စားလိုက်ကြတာမှ ကိုယ်မစားဖူး မမြင်ဖူးတာတွေချည်း...မျောက်ငိုသီးကတော့ အခုမှပဲ မြင်ဖူးတော့တာကလား...ထူးဆန်းပါပေ့ နာမည်ကး)

    ReplyDelete
  2. အယ်တော့.. မြန်မာပြည်မှာလဲ စားပါတယ်နော်... အထူးသဖြင့် မြန်မာပြည်အထက်ပိုင်းနဲ့ ချင်းတောင်ဘက်မှာ မပါမဖြစ်ကို စားကြတာ.. မန္တလေး စစ်ကိုင်းဘက်မှာ လဲအများကြီးဘဲ..

    ReplyDelete
  3. ကူးရေ..
    ခုအိမ်နားကလမ်းဘေးမှာအဲဒီအသီးလိုမျိုးတွေသီးနေတာတွေ့ တော့သိချင်လိုက်တာ။ အဲဒီအပင်လားလို့ ။
    ကူးကိုလည်းအသီးတွေတွေ့ တိုင်းသတိရနေတာ။
    အိုင်အိုရာ

    ReplyDelete
  4. ဟုတ်လား... အဲဒီအပင်ဆိုရင်တော့ပွတာဘဲ... ကူးတောင်သွားကြည့်ချင်လာပီ..

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

ခွေးအီးပုတ်သီး

နာမည်ကြားတာနဲ့ စိတ်မညစ်သွားနဲ့အုံး... စားဖူးမှအရသာရှိမှန်းသိတာ.... ကျွန်မတို့ဦးဝိစာရလမ်းမှာနေတုံးကညနေပိုင်းဆိုမိသားစုလမ်းလျှောက်ရင်း လျှာက်လမ်းဘေးကအပင်အုံတွေပေါ်နွယ်တက်ပေါက်နေတဲ့ခွေးအီးပုတ် ညွန့်တွေခူးခူးလာတတ်တယ်...အန်ကယ်တစ်ယောက်ကပြောဖူးတယ် ဆေးဖက်အတော်ဝင်တဲ့အပင်တဲ့။ကျွန်မကတော့မကြိုက်ဘူး။နံလို့... ဒါပေမယ့်အနံ့က ဘောစကိုင်းညွန့်အစိမ်းလိုအနံ့မျိုးပါ။ ကျမ်းမာရေးအတွက်ကောင်းတယ် ပြောတာဘဲ.. ခွေးအီးပုတ်သီးကိုတော့ တောင်ငူ၊ တာပြောဘက်ရောက်မှစားဖူးတာပါ.. ငပိရည်ရယ်၊ တာလပေါ့ရယ်.. ခွေးအီးပုတ်သီးတို့စရာရယ်... စတွေ့တွေ့ခြင်းက မစားရဲဘူး.. မဲမဲ ကြီး  တကယ့် ခွေးဟိုဟာအခြောက်လိုဘဲလို့...  နောက်မှ ခြုံပုတ်တွေကြား နွယ်နဲ့ ပေါက်နေတဲ့ အပင်တွေကနေ အသီးတွေလိုက်ခူးမှ အသီးအစစ်လို့မြင်ရပီး မှဘဲ စားရဲတော့တယ်.. စားကြည့်တာ မျောက်ငိုသီးလိုဘဲ..အရသာက ဒညင်းသီးအနုလေးလို အနံ့ပြင်းပြင်းနဲ့ ကြွပ်ကြွပ်လေး..အရမ်းစားလို့ကောင်းတယ်...  စားပီးရင် လျှာတွေမဲနေတာကလွဲလို့ပါ.. စားဖူးတဲ့သူလဲရှိမှာပါနော်...  မသိသေးသူတွေအတွက် ဗဟုသုတအဖြစ်တင်ပေးလိုက်ပါတယ်။  ကျွန်မဆီရောက်တော့ ၁ ပတ်လောက်ကြာသွားပီ... ဒါေ...

ငွေဆောင် အစားစာများ

ငွေဆောင်မှာတော့ ပထမရက် ဟော်တယ်ကဘဲအဆင်ပြေတာမှာစားတယ်၊ နောက်နေ့မှာတော့ ရွာထဲကိုသွားစားဖြစ်တယ်၊ စားစရာရယ်အထွေထူးမရှိပါဘူး။ မောင်လေးကတော့ ငါးကင်၊ ပုဇွန်ကင်နဲ့အလုပ်ရှုပ်နေတာ။ သူက ဂဏန်းစားချင်တာ အရမ်းဘဲ၊ ပါးပါးက ဗိုက်ပျက်မှာစိုးလို့ မစားခိုင်းဘူး။  ရိုက်ဖြစ်ခဲ့တဲ့အစားသောက်ပုံလေးတွေပါ။ ကျွန်မကတော့ ရောက်တုန်း ကျောက်ပွင့်သုပ်တော့ ထမင်းပွဲတိုင်းမှာစားတယ်။ ကြိုက်မှကြိုက်။   သတ်သတ်လွတ် ဘာဘီကယူးးးးး ငါးကင်  ငါးပုတ်ခြောက် - တစ်ကောင် ၅၀၀၀  ကြက်ဥထမင်းကြော်  ကျောက်ပွင့်သုပ်  ပင်လယ်ငါး ပဲငပိချက်  ငါးနီတူသုပ်  ကျောက်ပုဇွန်..  တစ်ကောင် ၁၀၀၀၀ ငါးခေါင်းချဉ်ရေ   ပင်လယ်ငါးမချက်မှီ  ပင်လယ်ငါးချက်  ငပိရည်တို့စရာ  ခေါင်းရွက်ဗျပ်ထိုးဈေးသည်ထံမှ မချက်ရသေးသောငါးများ ကြက်သားခေါက်ဆွဲကြော် (ရွာတွင်းထမင်းဆိုင်) ထမင်းဆိုင်မှကြောင်ကလေး..  ပါးပါးဦးထုပ်ကျသွားတာကိုသူက အဆင်သင့်ဝင်ထိုင်နေတာ။

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ...