Skip to main content

Posts

Showing posts from February, 2010

ချ ထားခဲ့ပါ၊ လွှတ်ပစ်လိုက်ပါ။

ဖြစ်ရပ်မှန်ပုံပြင်လေးတစ်ခုပါ။ ဘုန်းကြီးနှစ်ပါးအကြောင်းပေါ့။  ၀ါရင့်ဘုန်းကြီးတစ်ပါးနဲ့ ဘုန်းကြီးအသက်ရွယ် အလတ်ပိုင်း တစ်ယောက်တို့ တောအုပ်တစ်ခုကိုဖြတ် ခရီးသွားရင်း လမ်းခုလတ်တစ်ခု မြစ်ကမ်းပါး မှာ အကူညီမဲ့စွာရပ်နေတဲ့ အမျိုးသမီးတစ်ယောက်ကိုတွေ့တယ်.. မြစ်ကိုဖြတ်ကူးဖို့ မိန်းမသားတစ်ယောက်အနေနဲ့အခက်ခဲတွေ့နေတာမို့ ဘုန်းကြီးနှစ်ပါးကိုတွေ့တော့ ၀မ်းသာအား ရအကူညီတောင်းတယ်။  ဘုန်းဘုန်းအကြီးတစ်ယောက်က ချက်ချင်းဘဲ.. ကောင်းပါပီ ကူညီပါ့ မယ့်ဆိုပီး အမျိုးသမီးကို သူ့လက်မောင်းနဲ့ပွေ့ချီပီး မြစ်တံတားငယ်ကို ဖြတ်ကူး တစ်ဖက်ကမ်းရောက်တော့ ချပေး လိုက်တယ်။ ဘုန်းဘုန်းအငယ်တစ်ယောက်က ဇဝေဇ၀ါနဲ့ကြည့်နေတယ်.. ဒီဘုန်းဘုန်း ဘယ်လိုများလုပ်လိုက်တာပါလိမ့်.. ငါတို့တွေ အမျိုးသမီးတွေကိုထိလို့မရဘူးမဟုတ်လား...ဟင်း...ပိုဆိုးသေး အမျိုးသမီးကလဲချောတောတောနဲ့ သူက လက်မောင်းမှာတောင်ပွေ့ချီပီး သွားလိုက်သေးတယ်.. ဒါပေမယ့် သူ့စိတ်ထဲမှာသာပြောနေတာပါ.. ဘုန်းဘုန်းအကြီးကိုလှမ်းကြည့်လိုက် သူ့စိတ်ထဲမှာ မတင်မကျနဲ့ ဆက်ပီး လမ်းလျှောက်ခရီးသွားနေကြတယ်.. (၈)နာရီလောက်နီးပါးကြာတော့ သူ့စိတ်ထဲမှာ မကျေနပ် ဖြစ်နေ တာကိုဆက်ပီး ထိန်းထားမရတော့ စိတ်တိုတိုနဲ့ထပီးပေါက်က

ကြေးအိုးပူပူလေး

ကြေးအိုးစားချင်တဲ့ရောဂါကတော်တော်ဆိုးပါတယ်။ ဘယ်လောက်ထိလဲဆို ရန်ကုန်ပြန်ဖို့လက်မှတ်ချောင်း နေတဲ့အထိပါဘဲ။ ခရီးစဉ်တွေကလဲ ရန်ကုန်နဲ့ဘယ်လိုမှမအပ်စပ်လို့ငြိမ်နေရပေမယ့် google မှာ ကြေးအိုး လို့ ရိုက်ပီး သူများစားထားတာတွေလိုက်ငမ်းနေတာတစ်ပတ်ရှိပီ။ ကြေးအိုးကို ၀က်သားနဲ့ချက်တာအကောင်းဆုံးဘဲလို့ပြောကြတယ်။ ကူးကူးရန်ကုန်မှာတုန်းက ကြေးအိုး YKKO မှာသွားစားတယ်.. The Prome မှာစားတယ် ...  YKKO ကြေးအိုးကိုတော့အကြိုက်ဆုံးဘဲ... သူတို့ကတော့ ကြေးအိုးစပယ်ရှယ်လစ် ဆိုတော့ ပိုကောင်းတာလားတော့မသိဘူး။ The Prome မှာတုန်းက သူငယ်ချင်းကစတယ်... အရည်က ၀က်ရိုးပြုတ်ရည်နဲ့အတူတူဘဲတဲ့... အဖြစ်က ဆိုင်မန်နေဂျာကိုတောင်ခေါ် ပီး သေချာမေးယူရတယ်... သူတို့က ကြက်သားနဲ့လုပ်တယ်ပြောတာပါဘဲ။ မနေ့ကတော့ အွန်လိုင်းမှာ မမလုလု ကို သူလုပ်ပြထားတဲ့ကြေးအိုးကို ကြက်သားနဲ့ revised လုပ်ပေးဖို့ တောင်းဆိုရပါတယ်... သူကလဲစိတ်ရှည်လက်ရှည်ရှင်းပြပေးပါတယ်... ကြက်ရိုး ကနေစတယ်... ကြက်ကဒီမှာအရိုးချည်းဘဲဝယ်လို့မရဘူး.. ပေါင်တစ်ခြမ်းလုံးကိုယ်တစ်ခြမ်းလုံးဝယ် လဲ အရိုးသတ်သတ် အသားသတ်သတ်လုပ်ခိုင်းလို့မရဘူး။ အဲဒါကြောင့် ၀ယ်ပီး နဲနဲလေး ခဏ ပြုတ်လိုက်တယ်။ ပီးမှဘဲ အသားတွေလှ

ကျုပ်တို့ကိုဘယ်အချိန်စားမလဲ

ကဲ...  အသီးတွေစားပေးတယ်ဆိုတဲ့သဘောက အသီးတွေဝယ်တယ်၊ အခွံနွှာတယ်၊ လှီးတယ်.. ပါးစပ်ထဲ တန်းထည့်လိုက်တာပါဘဲလား။ ဒါပေမယ့်အဲလောက်မလွယ်ကူပါဘူး။ ငွေကြေးကုန်ကျခံဝယ်ယူ ထားတဲ့အသီးနှံတွေ ဘယ်လိုစားရမလဲ၊ ဘယ်အချိန်မှာ စားရမလဲ ဆိုတာသိဖို့ ပိုအရေးကြီးလှပါတယ်။ ဒါဆိုရင် အသီးနှံစားတာဘဲ..ဘယ်လိုစားမှ အကျိုးအာနိသင်ရှိမှာလဲ..??? ဘယ်လိုဘယ်ပုံ အသီးတွေစားသင့်သလဲ...  အဓိက ပြောချင်တာကတော့ အသီးတွေစားတဲ့အခါမှာ ဗိုက်ထဲမှာ ဘာအစာမှရှိမနေစေပါနဲ့... အစာအိမ်ဟောင်းလောင်း..ဆာလောင်နေတဲ့အချိန်မှာစားပါ.. အစားတစ်ခုခုစားပီးမှ အသီး စားဖို့ မစဉ်းစားပါနဲ့... ဒါကြောင့် အသီးတွေကို ထမင်းစားပီးတဲ့အခါတို့ အခြားအစားသောက်စားပီးတဲ့အချိန်မှာမစားမိပါစေနဲ့။ သူငယ်ချင်းတို့လဲကြားဖူးကြမှာပါ.. ငါကွာ..ဖရဲသီးစားပီးတိုင်း လေအန်..တယ်၊ ဒူးရင်းသီးစားရင် ဗိုက်ပွတယ်၊ တစ်ချို့ကတော့ ငါဌက်ပျောသီးစားပီးတိုင်းအိမ်သာပြေးချင်တာဘဲ...စသည်ဖြင့် ပြောနေကြပါတယ်။ တစ်ကယ်တော့ အသီးတွေစားလို့ ဖြစ်လာပါတယ်ဆိုတဲ့ဆင်ခြေတွေက သူငယ်ချင်းတို့ဝမ်းဗိုက်ထဲမှာ အစာ အခံမရှိဘဲ.. အစာအိမ်ဟောင်းလောင်ဖြစ်နေတဲ့အချိန်၊ ဆာလောင်နေတဲ့အချိန်မှာ အသီးတွေစားရင် ဒီလို ပြသနာတွေကြုံတွေ့ရတော့မှာမဟုတ်ပါဘူး

ကန်ဇွန်းဥရွက်အစိမ်းသုပ်

အခုတစ်လော Pasta ဆိုတဲ့ ကိုးရီးယားဇတ်လမ်းတွဲလေးကြည့်နေတယ်။ အစပိုင်းဘဲရှိသေးတယ်။ Pasta ကိုအရမ်းကိုစိတ်ဝင်စားနေမိတယ်။ လုပ်တတ်ချင်တာပါ။ Pasta စားဖူးတယ်..ဆိုင်မှာတော့မဟုတ်ဘူး၊ သူများ လုပ်ကျွေးတာစားဖူးတာ..မဆိုးပါဘူး။ Spaghetti ကိုတော့မကြိုက်ဘူး။ ချိုရဲရဲနဲ့ ဘာအရသာမှန်းကိုမသိဘူး။ ဒီမှာ Spagetti ဆော့စ် တွေရောင်းတယ်..အဲဒါကို ခေါက်ဆွဲနဲ့ရောစားကြတာဘဲ.. မ၀ယ်တတ်လို့လားမသိချိုရဲရဲကို ဖြစ် နေတာကိုမကြိုက်ဘူး။ ရုံးမှာ ပီးခဲ့တဲ့အပတ်က overtime 12 နာရီကျော်ထိဆိုတော့ ကျွန်မနဲ့ လုပ်ဖော်ကိုင်ဖက် အကိုကြီးတစ်ယောက်ကို အ၀ယ်တော်လွှတ်လိုက်တယ်.. ဒီကလူတွေများ Spaghetti တယ်လဲကြိုက်ကြသကိုး..  မှာလိုက်တာ(၁၀) ယောက်မှာ (၉) ယောက်က Spaghetti တဲ့လေ... Mall ကစားသောက်ဆိုင်တွေ..fast-food ဆိုင်တွေမှာလိုက်ရှာတာ..မသင်္ကာလို့မေးကြည့်တော့ တစ်ခုမှ ၀က်သား နဲ့မလွတ်ဘူး.. ဆော့စ် ထဲမှာထည့်ချက်ထားတာ..ကံကောင်းချင်တော့ သေချာမေးကြည့်မှ ဆိုင်အကုန်လုံးနီး ပါး ၀က်သားနဲ့မလွတ်ဘူး... ကျွန်မအပြင်မှာတစ်ခါမှစမ်းမစားဖူးတာတော်သေးတယ်။  နောက်ဆုံးတော့ KFC လိုက်ရှာပီး သူတို့ဆီက spaghetti ကတော့ ၀က် နဲ့လွတ်တယ်ဆိုမှ စိတ်ချလက်ချ ၀ယ်ရတယ်..  ဒီကလူတွေဝက်သားအရမ်ြး

တောမြိုင်ရှုခင်း (၂)

တောမြိုင်ထဲက သစ်ပင်ချုံနွယ်တွေရယ်.. သဘာဝအလျှောက်စီးနေတဲ့ရေတံခွန်ကြီးရယ်.. အောက်ခြေက ရေကန်အိုင်လေးမှာ ရေကူးပျော်မြူးနေကြတာတွေရယ်.. စိမ်းဆိုနေတဲ့စပါးခင်းနဲ့ ရွာတောစပ်ကတဲအိမ်လေးတွေရယ်.. အိမ်သုံးတံမြက်စည်းကို အုန်းရွက်အရိုးတံလေးတွေထွင်ပီးစည်းနေတာရယ်.. သစ်အိမ်ရှင်လေးရဲ သမီးငယ်လေးရယ်.. အစားသောက်ချက်ပြုတ်တဲ့ မီးဖိုတဲလေးရယ်.. စပါးခင်းနောက်ကတောအုပ်လေးနဲ့ တောင်တန်းတွေရယ်အလှ...ပန်ချီရေးမှီနိုင်မယ်မထင်ပါဘူး။ နောက်ဆုံးပုံလေးကတော့ ရွာထဲကကလေးလေးတစ်ယောက် ကျောင်းသွားတဲ့လမ်း လယ်ကွင်းတွေဖြတ် ကျောပိုးအိတ်လေးလွယ်ပီး..... ဘယ်လောက်ခက်ခဲပါစေ..ဘ၀ကြမ်းတမ်းပါစေ.. အနာဂတ်မျိုးဆက်သစ်တွေကို ပညာသင်ပေးဖို့ ဆိုတာ သူတို့တွေရင်ထဲမှာ အုတ်မြစ်သဖွယ်ဖြစ်နေတဲ့စိတ်ဓာတ်ကိုလဲချီးကျုးမိတယ်... တောမြိုင် သွားလာရခက်ခဲတဲ့နေရာလေးတွေမှာ လခ မဖြစ်စလောက်လေးနဲ့ ကလေးတွေကို အခမဲ့နီးပါး ပညာသင်ပေးနေတဲ့ ၀န်ထမ်းတွေ၊ ကျမ်းမာရေးစောင့်ရှောက်ပေးနေတဲ့ ဆရာဝန် ဆရာမလေးတွေ စိတ်ဓာတ်ကိုလည်း ချီးကျုးမိပါရဲ့....  

တောဓလေ့ရှုခင်း (၁)

ဒီပုံလေးတွေကြည့်ရင်း ရွာတောအလွမ်းပြေနိုင်ပါစေနော်... စမ်းချောင်းလေးရယ်.. သဘာဝအလျှောက်စီးနေတဲ့ရေတံခွန်ရယ်... ကျွဲ ရုပ်ကြီးနဲ့ကလေးရယ်.. တောပန်းလေးတွေရယ်... ခံစားကြည့်ရအောင်...

ဒန့်သလွန်သီးဟင်း

ဒီနေ့ တရုတ်နှစ်သစ်ကူးနေ့၊ ချစ်သူများနေ့...  ကျွန်မသူငယ်ချင်းတွေကတော့ သူ့အစီစဉ်နဲ့သူ အလုပ်တွေရှုပ် နေကြတယ်..တစ်ယောက်ဆီကမှအဆက်သွယ်မရဘူး။ မနေ့ညက Chicken Invader ဆော့နေတာ ညနက် သွားတယ်။ နိုးတော့ (၁၀)နာရီထိုးနေပီ။ သောကြာနေ့ညနေ ညီမ၀မ်းကွဲက တောင်ပေါ်ကဈေးဖက်သွားရအောင်ဆိုလို့လိုက်သွားတယ်... လေအေးအေးနဲ့ ပြင်ဦးလွင်လိုမျိုးနေရာပေါ့.. ပန်းပင်လေးတွေလဲလှလိုက်တာ..ပန်းတွေလဲအမျိုးမျိုးဘဲ။ တော်တော်ရောင်းကောင်းတဲ့အချိန်ပေါ့။ အသားတွေလဲရောင်းတယ်၊ အသီးရွက်တွေလဲများတယ်... ထူးထူးဆန်းဆန်း supermarket တွေမှာဝယ်လို့မရတဲ့ ဒန့်သလွန်သီးအစည်းလိုက်ရောင်းနေတာတွေ့တော့ ၀မ်းသာအားရ၀ယ်ခဲ့တယ်..အသီးရွက်ဈေးကိုကျွန်မအရမ်းကြိုက်တယ်..ဈေးသွားလိုက်ရင်စိတ်ဝင်စားစရာတွေ ချည်းဘဲ..ချက်စားချင်စရာတွေချည်းဘဲ... လမ်းကြုံတုန်းဝယ်လိုက်အုံးမှဆိုပီး ပြန်ရောက်ရင်သာ မချက်ချင်တော့တာ.. ဒီနေ့တော့ အိပ်ရာနိုးတော့ ဒန့်သလွန်သီးဟင်းချက်စားဖို့စိတ်ကူးလိုက်တယ်.. overtime ရှိလဲ ဒီနေ့တော့ ပေတေပီးမေ့ချင်ယောင်ဆောင်လိုက်မယ်စိတ်ကူးပီး ဟင်းချက်ဖို့အတွက် ဒန့်သလွန် သီးကို ဓားနဲ့အစိမ်းတွေခြစ်ထုတ်လိုက်ပီး တစ်ဆင့်စီချိုး၊ အမျှင်မာမာတွေခွာထုတ်... အိမ်ကယူလာတဲ့ငါ

My Valentine!!

ကျွန်မအတွက်ဒီနှစ် Valentine လက်ဆောင်က စောပီးရောက်လာပါတယ်.ထုံးစံအတိုင်း စောချင်စော..မစောချင် နောက်ကျတယ်.. ဘာမှန်းရယ်အတိကျမသိပေမယ့် ဒီနှစ်ပန်းလေးနဲ့အတူပါလာတဲ့ကဒ်ကိုပိုစိတ်စောပီးကြည့်ချင်နေမိတယ်... မျှော်လင့်ထားတဲ့စာတန်းလေးတော့မပါလာဘူး..ဒါပေမယ့် ကျေးဇူးတင်ပါတယ်.. ၀က်ဝံရုပ်လေးကခြေဖ၀ါးမှာအသည်းပုံလေး နဲ့ ချစ်ဖို့ကောင်းတယ်..

ခေါက်ဆွဲ

ဒီတစ်ခေါက်ရန်ကုန်က ပြန်လာပီးဘာမှကိုချက်ချင်အသစ်ထွင်ချင်တဲ့စိတ်မရှိတော့ဘူး။ ဘာကြောင့်လဲတော့မသိဘူးဖြစ်နိုင်တာကတော့ ကိုယ့်ကိုယ်ကိုစိတ်ပျက်တာဖြစ်မယ်.. အိမ်မှာဟင်းချက်မယ်လုပ်တော့လဲ ကျွန်မချက်တဲ့ဟင်းကအရာမ၀င်ဘူး။ ဘာလို့လဲသိလား... အိမ်မှာကောင်မလေးချက်တာတောင်ကျွန်မထက်ပိုကောင်းတယ်လေ.. မာမီကနဲ့ပါးပါး ဒိုင်ခံလုချက်နေကြတော့ ကျွန်မလဲ ချက်သမျှ ဘဲစား...စားမှဘဲကိုယ်တစ်နှစ်လုံးစားခဲ့တဲ့ကိုယ့်လက်ရာကို ကိုယ်ပိုနားလည်လာတယ်.. သူငယ်ချင်းတွေလိုက်ကျွေးတဲ့ဆိုင်တွေ မှာ စားတဲ့အစားသောက်တွေလဲကောင်းမှကောင်း... အင်း...ဒီလိုနဲ့ဘဲ..ငါချက်တဲ့ဟာတွေက ထမင်းပွဲတန်းမ၀င်ဘူးလို့ လက်ခံလိုက် ပီး (၁၁)ကျပ်ကျသွားတာ... အိမ်ကပြန်လာ..ခရီးထွက်..ပြန်ရောက်တော့ အိမ်ကယူလာတဲ့အခြောက်ခြမ်းတွေနဲ့ဘဲ ဖြစ်သလိုစားနေတာ.. ချက်ချင်စိတ်ကိုမရှိတော့ဘူး.. အချဉ်စားချင်လို့ သရက်သီးစိမ်းသွားဝယ်ပါတယ်..မချဉ်ဘူး.. Indian mangoes လို့ခေါ်တယ်တဲ့... ဒါနဲ့ဘဲချဉ်တဲ့သရက်သီးလိုက်ရှာတော့ သရက်သီးမှည့်ထက်ဈေးပိုကြီးတဲ့ အမှည့်ထားမယ့်အသီးတွေကိုဝယ်မှချဉ်စုတ်စုတ်လေးရတယ်။ အရာရာကမောက်ကမဖြစ်နေတာတော့အမှန်ဘဲ.. အလုပ်က နှစ်လစာလောက်ပုံနေတယ်..overtime မလုပ်လဲမရတော့ဘူး..အလုပ်မှမ

ပုလဲချစ်သူများ

ပုလဲချစ်တတ်တဲ့သူတွေအတွက်ပါ။ ကျွန်မတော့ပုလဲမကြိုက်ဘူး။ ဈေးကြီးကြီးပေးဝယ်ပီး အလှဆင်နေတဲ့သူ တွေလဲအံ့သြတယ်..အထူးသဖြင့် နိုင်ငံခြားသားတွေပါ။ ကျွန်မနဲ့ကျောင်းနေဖက်သူငယ်ချင်း သူကတော့ senior ပါ သူအလုပ်လုပ်နေတဲ့ မလေးက ဟိုတယ်တစ်ခု ဆီ ရောက်သွားပါတယ်။ သူက ပုလဲဆိုင်မှာ တစ်ယောက်တည်း... ကျွန်မလဲဝင်သွားတော့ သူက ပုလဲလေးတွေ သီနေတယ်.. ရောင်းလဲသူဘဲ၊ ရှင်းပြလဲသူဘဲ..အကူလဲမရှိ...အစောင့်လဲမရှိ.. ကျွန်မက လိုက်မေးကြည့်တော့ သူ့ဆိုင်မှာရှိတဲ့ပုလဲတွေ အနည်းဆုံး ရင်းဂစ် (၆၀) ကနေစတယ်... အများဆုံးတော့ ရင်းရစ် (၄၀၀၀၀) ကျော်ထိရှိတယ်.. မျက်လုံးတောင်နဲနဲပြူးသွားတယ်.. နင့်ကို သူများ ဒမြလာတိုက်ရင်ဘယ်လိုလုပ်မလဲလို့၊ သူကပြောတယ်.. ဒီလိုဘဲဆုတောင်းပီးနေရတာပေါ့တဲ့...  ပါသွားလဲကိစ္စမရှိဘူး.. ငါ့ပစ္စည်းတွေမှမဟုတ်တာတဲ့လေ.. (သူကအရင်ကတည်းက ပျော်ပျော်နေတတ်တယ်  သူကပြောတယ်.. ငကူး..နင်သိလား ငါတို့ကျောက်ဖျာသွားတုန်းကလေ..ဒီပုလဲတွေဆို ၁၀၀ ကျပ်နဲ့ ရတယ် တဲ့။ ပီးတော့ ခရုတွေဆို အလကားလိုက်ကောက်တောင်ရတယ်...တဲ့လေ... သူ့သူဌေးက စီးပွားရေးလုပ်တာအရမ်းတော်တဲ့အကြောင်း... ပုလဲတွေကို ပင်လယ်ကမ်းစပ်တွေမှာ လိုက် ၀ယ်ပီး အရောင်တင်..ဒီဇိုင်းထွင်ပီး ဆိုင်ပေါ်ေ

မေ့လိုက်ပီ - ခေမီကို

မနေ့ညနေက လွန်ခဲ့တဲ့ (၅) နှစ်လောက်ကအိမ်ကယူလာတဲ့အခွေဟောင်းလေးတွေပြန်ရှာရင်းနဲ့ ဓာတ်ပုံ ဟောင်း လေးတွေပြန်တွေ့တယ်..သီချင်းခွေလေးတွေလဲပြန်တွေ့တယ်... အခုလောလောဆယ် ကိုယ့်ခံစားချက်နဲ့တိုက်ဆိုင်တဲ့သီချင်းလေးတွေ နားထောင်နေမိတယ်..ခံစားချက်နဲ့သီချင်း ကာရံညီတဲ့အခါ..သီချင်းတိုင်းက လှပနေတော့တာဘဲ...  မေ့လိုက်ပီဆိုတဲ့သီချင်းလေးပါ... ခေမီကို ဆိုထားတာ... စာသားလေးသေချာဖတ်ကြည့်ရင်ခံစားလို့ရမှာပါနော်။ singforyou မှာလဲသီချင်းသွားဆိုတယ်.. ဘာ credit မှမရှိတော့ ပိုက်ဆံ 10 ထွက်သွားတယ်.. ရောဂါ ရောဂါ.. credit မရှိတော့ သီချင်းသွင်းလို့မရဘူးလေ...ဆိုကလဲဆိုချင်...သွင်းလို့လဲမရ..အဲတော့ ၀ယ်ရတော့တာပေါ့..း)...  အစမ်းဆိုကြည့်တာ..ဆုံးသွားတော့ တစ်ကယ် credit ဖြတ်တယ်... အဲဒါနဲ့ ပြိုင်ပွဲဝင်ထဲမှာ..မ၀ါက ဆုရတာတွေ့တယ်.. ပျော်စရာကြီး.. ဒါကတော့ 25credits တန်သီချင်းပါ. ကျောပူမခံနိုင် နားပူ ခံလိုက်ကြပါအုံး

လိမ်တတ်ကြပါတယ်

လူတိုင်း လိမ် ခြင်းနဲ့မကင်းနိုင်ပါဘူး။ လိမ် တယ်ဆိုတိုင်း မကောင်းဘူး လိမ်ညာတတ်တဲ့သူလို့ သတ်မှတ်လို့ မရပါဘူး။ ငယ်ငယ်က မိဘတွေ ကျွန်မကိုလိမ်တယ်၊ ပြန်လာခေါ်မယ်.. မလိုက်နဲ့ ခဏဘဲသွားမှာ...အဲဒါမစား ရဘူး အရမ်းချောင်းဆိုးပီး ဆေးထိုးရမယ်၊ လာ မုန့်သွားဝယ်စားမယ်ဆိုပီး ဆေးရုံခေါ်ခေါ်သွားတာ စသည်ဖြင့် ပေါ့။ ဒါကို မိဘတွေ လိမ်တတ်တဲ့သူလို့ သတ်မှတ် လို့ ရမလား။  ကျောင်းတက်တော့ အတန်းဖော်ကောင်လေးတွေဆရာမကိုအမျိုးမျိုးလိမ် ပီး ကျောင်းပြေး ကြတယ်၊ ကောင်မလေးတွေက တော့ ကျောင်းပုံမှန်တတ်ပေမယ့် အိမ်စာမပီးရင် အဖွားနေမကောင်းလို့၊ အိမ်မှာမီးပျက်လို့ စသည်ဖြင့် လိမ်ပြော ကြတယ်... အဲဒါမကောင်းတာမှန်ပေမယ့် တစ်ဖက်သားကိုထိခိုက်စေလိုတဲ့ ဆန္ဒမပါဘူး။ စာမလုပ်တော့စာမရဘူးပေါ့...း) ကျွန်မလဲ လိမ် တယ်။ ကိုယ့်အန္တရာယ်ကာကွယ်ဖို့၊ မိန်းမသားချင်း ညှာ တာလို့၊ ချစ်သူကို သူများတွေ အမြင်မှား ကုန်မှာစိုးလို့  မိဘစိတ် မကောင်းဖြစ်မှာ စိုးလို့၊ မိသားစု အဝေးကနေ စိုးရိမ်ပူပန်နေမှာစိုးလို့ကျွန်မ လိမ် ပါတယ်... ဒါကိုအပြစ်ရှိတယ်ပြောလဲ ကျွန်မကျေကျေနပ်နပ် ခံပါတယ်။ ကျွန်မ လိမ် ပြော လိုက်လို့ ဘယ်သူ့ဖက်မှမထိခိုက်ရင် ကျွန်မကျေနပ်တယ်... လိမ် တယ်ဆိုတဲ့အလုပ်ကို ဘ

ဘလော့လည်ထွက်သည်

မနက်ကွန်ပြူတာရှေ့ထိုင်ထိုင်ချင်း ပထမဆုံးနေ့တိုင်းဝင်ကြည့်မိတာ ကိုအန်ဒီ ဘလော့ပါ။ အသစ်မတင်ရင် တောင် သူ့ဆီက feed roll တွေသွားသွားယူပါတယ်။ ယောက်ျားများကိုထိန်းနည်း ဆိုတာတွေ့တော့ စိတ်ဝင်စားလို့ဝင်ဖတ်မိတယ်။ ၁. အစားကောင်းများဖြင့်ထိန်းနည်း (အစာအိမ်ကိုထိန်းနည်း) ၂. ပိုက်ဆံကိုထိန်းနည်း ၃. လူကိုထိန်းနည်း ၄. မိမိကိုယ်ကိုထိန်းနည်း   ဒီထက်ပိုတဲ့နည်းလမ်းတွေများရှိအုန်းမလားမသိဘူး။ ဘယ်နည်းနဲ့မှကျွန်မမကိုက်ဘူး။ အစားကောင်းလဲမချက်တတ်၊ ချက်တတ်လှချည်ရဲ့လို့သူများကပြောတဲ့ကျွန်မအစားသောက်တွေက ချစ်သူ စားနေကြအစားသောက်တွေလောက်လဲမကောင်းဘူး။ နောက်ဆုံးတော့ သူဘဲချက်ကျွေးရမှာဘဲ။ ပိုက်ဆံနဲ့ထိန်းရအောင်လဲ ကိုယ်က သူဌေးမဟုတ်၊ သူ့ပိုက်ဆံလဲ ကိုယ်က မမက်မော၊ လူကိုထိန်းရအောင်လဲ ကျွန်မကိုယ်တိုင်က ချုပ်ချယ်တာ၊ နေရာတစ်ကာဝင်ပါလွန်းတာမကြိုက် တော့ ချစ်သူကိုလဲ မချုပ်ချယ်ချင်ဘူး။ မိမိကိုယ်ထိန်းတာတော့ ကိုယ့်သိက္ခာအကျင့်တရားကလွဲလို့ ချစ်သူမရှိဘဲ ပျော်ပျော်နေပါဆိုတာတော့ မဖြစ် နိုင်ဘူး။  ချစ်သူထားခဲ့လဲ ပြုံးပီးမနေနိုင်ဘူး... ဟန်ဆောင်ပီးလဲ ပျော်မနေနိုင်ဘူး...ဆိုတော့.. ကျွန်မချစ်သူ ကံကောင်းလားကံဆိုးလား... သူ့ဘာသူဘဲဆုံးဖြတ်ပါစေ။ နောက် ဘ