Skip to main content

Posts

Showing posts from September, 2009

Fly back to Me တဲ့.. ဘယ်လိုလုပ်မတုန်း

အရင်အပတ်က မေးလ်ထဲကို တစ်စုံတစ်ယောက်သောသူပို့လိုက်တဲ့ မူဗီ ဖိုင်လေးပါ... အစကတော့ ignore လုပ်ထားမလို့ပါဘဲ... နေ့လည်ထမင်းစားချိန် မရောက်သေးခင် ခေါင်းနောက်လို့ ခဏ နားနေရင်နဲ့ အဲဒီဖိုင်လေးသွားကလစ်မိတော့ ပုံလေးတွေပါ..ပါလို့ဆက်ကြည့်လိုက်တယ်... လေးဖြူသီချင်းဆို ကျွန်မ တစ်ခါမှနားထောင်တာမဟုတ်၊ ခံစားလို့လဲမရ..ဒါပေမယ့် ဒီဟာလေးတော့ ကြည့်ရင်း နဲ့ ထိုင်လဲရီ၊ ရီတော့ သူငယ်ချင်းတွေပါလာဝိုင်းကြည့် သူတို့ကတော့ ဘယ်နားလည်မလဲလေ... အင်္ဂလိပ်လို ရေးထားတာ မြန်မာကဒါရိုက်ပြန်တော့ သူတို့အတွက် အထူးဆန်းဖြစ်နေတာပေါ့.. ကျွန်မကလွဲလို့ဘယ်သူက ခံစားနိုင်မလဲလေ...ဒါပေမယ့်လုပ်ထားတဲ့ ပုံလေးသဘောကျလို့  ချစ်သူနဲ့ အဆင်မပြေသူများ၊ ချစ်သူကိုယ့်ကိုအလိုမကျဖြစ်နေသူများ၊ ချစ်သူက ထားခဲ့သူများ.... ၀မ်းသာ ၀မ်းနည်း ပြုံးစိစိလေးဖြစ်အောင်တင်ပေးလိုက်ပါသည်။

ဆန်ခေါက်ဆွဲကြက်သားပြုပ်

ညနေပိုင်းတွေမှာ အပြင်ကမိုးကသဲကြီးမဲကြီးရွာ၊ မိုးစက်သံတွေဆူညံတာကြောင့်အိပ်ရာထဲ မှာကွေးနေရင်း ထမင်းချက်၊ဟင်းချက်ဖို့ mood မလာတာကြောင့် အပြုပ်လေးဘဲစားမယ်လို့စဉ်းစားပီး ဆန်ခေါက်ဆွဲပြုပ်စားဖို့ ပြင်ဆင်လိုက်ပါတယ်။ ဆန်ခေါက်ဆွဲက တစ်ထုပ်ဝယ်ပီး တစ်ဝက်တစ်ပြတ်သိမ်းထားရင်နောက်မစားဖြစ် တော့တာများလို့ အပီးသတ်ဖို့ကြံစည်ရပါတယ်။ ဆန်ခေါက်ဆွဲ အနည်း ငယ် (thai ကလာတဲ့ ဆန်ခေါက်ဆွဲခြောက်ထုတ်ကိုသုံးပါတယ်) မြေပဲဆန် အစိမ်း ၇ ဆံ ကြွက်နားရွက်မှို အနည်းငယ် ကြက်ဥ ၁ လုံး မှိုလုံး (သို့) အသားလုံး ၄ လုံး မုန်လာထုပ်ဖြူ အနည်းငယ် ကြက်ရင်အုံသား အနေတော် ၃ တုံး ဂျင်း လက်တစ်ဆစ် ကြက်သွန်ဖြူ ၄ မွှာ (တောက်တောက်စင်းဆီချက်သတ်ထားပါ) ငရုတ်ကောင်းမှုန့် အိုးပူလာတာနဲ့ နှမ်းဆီလေးနဲနဲထည့်ပါ။ ဂျင်းကို ဓါးပြားရိုက်ပီး မွှေးလာအောင်နဲနဲကြော်လိုက်ပါ။ ပီးရင်တော့ ကြက်ရင်အုံးသာ ၃ တုံးကိုထည့် အပေါ်ယံအရေခွံတင်းသွားအောင်နဲနဲဆက်မွှေလိုက်ပါ။ ရေကို ကြက်သားနူးလောက်တဲ့အတိုင်းတာထက် ပိုထည့်ပီး ပွက်ပွက်ဆူအောင်တည်ထားပါ။ ပီးရင်တော့ ကြွက်နရွက်မှို ပါးပါးညှပ်ထည့်၊ မုန်ညှင်းဖြူလေးတွေထပ်ထည့်ပါ။ ဆီချက်သတ်ထားတဲ့ ကြက်သွန်ဖြူကို ထည့်ပီး ဆူနေအောင် အနံ့မွှေးလာအော

ဆန်ခေါက်ဆွဲသုပ်

မနေ့ညနေက အွန်လိုင်းမှာ မမလုလု နဲ့ လေပေါ နေရင်းနဲ့ ညနေစာစားချင်စိတ်မရှိတဲ့အကြောင်းပြောတော့ မမလု က ခေါက်ဆွဲသုပ်စားပါလားလို့ အကြံပေးတယ်။ သူလဲခေါက်ဆွဲသုပ်စားနေတာ အရမ်းကောင်းတယ် ရှလွတ် ဆိုတော့ ကူးကူးက ဒီဘက်ကနေဗိုက်ဆာလှပီ.. မလုရေ ခေါက်ဆွဲသုပ်ဖို့ ကြက်သားမရှိဘူးဆိုတော့ သူက ကြက်သားမလိုဘူး..ပြောပြမယ်ဆိုပီး သုပ်နည်းလေးပြောပြပါတယ်။ ကူးကူးထပ်အတွန့်တက်ပါသေးတယ်.. ပဇွန်ခြောက်မှုန့်ထည့်ရင် ညှီမှာပေါ့... အဲဒီအနံ့ကြီး မကြိုက်ဘူး ဆိုတော့ မလု က ပုဇွန်ခြောက်လေးကို ဒယ်အိုးလေးနဲ့ လှော်လိုက်လေ ..ပိုတောင်မွှေးသွားသေးတယ်တဲ့။ ကဲဒီတော့ ခေါက်ဆွဲသုပ်လေးလုပ်ဖို့ စိတ်ကဆုံးဖြတ်ပီးသားဖြစ်သွားရော။ မမဂျာမုန်း လဲခေါက်ဆွဲတွေသုပ်ထားတာ အားရပါးရဘဲ။ အဲဒီကတည်းကစားချင်စိတ်က တစ်ဖွားဖွားပေါ်နေတာ... ၀လာတာလဲ မဆန်းပါဘူး။ ဟင်းချက်တဲ့ဘလော့တွေမှာဘဲ လိုက်ကျင်လည်နေတာကိုး။ ခေါက်ဆွဲသုပ်မယ်လုပ်မှ စပါဂတီလုပ်တဲ့ ခေါက်ဆွဲခြောက်က ပိုးတက်နေပီ.. စားလို့မရတော့ဘူး။ ဆန်ခေါက်ဆွဲဖတ်အခြောက်ပဲကျန်တော့တယ်။ မုန့်ဟင်းခါးဖတ်လေးသုပ်စားဖို့ပြင်ဆင်လိုက်ပါတယ်။ ဆန်ခေါက်ဆွဲကိုပြုတ် ကြက်သွန်၊ဖြူ၊နီ ငရုတ်သီးအနီလေးတွေပါ -တောက်တောက်စင်းပီး နနွင်းမှုန့်ထည့် ဆီချက်လုပ

ပန်းပွဲတော်

ပန်းပွဲတော်တုန်းက တောင်ပေါ်မှာတက်ရိုက်ထားတဲ့ ပုံလေးတွေကို ပြန်စုပီးတင်ပေးလိုက်ပါတယ်.. ကဗျာတော့ ဆန်ချင်မှဆန်မယ်။ သဘာဝတော့ကျမှာပါ။ ပန်းဆိုတာ လူတွေစိတ်ကို ပျော်ရွှင်ကြည်နူးမှု့ပေးတဲ့ ဘုရားဆီကအလကားရတဲ့လက်ဆောင်လို့ ပြောလို့ ရအောင်ကို စိတ်ချမ်းသာကြည်နူးဖို့ကောင်းပါတယ်။

မုန့်လုံးလေး နှင့် မုန့်ကြာစိ

အရင်တစ်ခါမုန့်လုံးရေပေါ်လုပ်တုန်းက ဆန်မှုန့်နဲ့ ကောက်ညှင်းဆန်ကိုယ်တိုင်အမှုန့်လုပ်တော့သိပ်အဆင် မပြေဘူး ဖြစ်နေတာ။ အခုတစ်ခါတော့ ဆိုင်က ဆန်မှုန့်နဲ့ကောက်ညှင်းဆန်မှုန့် ၀ယ်ပီးလုပ်တော့မှအတော် လေးဟန်ကျတယ်။ မုန့်နှစ်ကြိတ်ဖို့မလွယ်တဲ့သူတွေအတွက်လဲ လွယ်လွယ်နဲ့ မြန်မြန်လုပ်စားနိုင်တဲ့ မုန့်လုံးရေပေါ်၊ မုန့်ကြာစိ ကြိုက်နှစ်သက်ရာအကုန်လုပ်နိုင်ပါပီ။ Supermarket မှာ Rice flour နဲ့ Glutinous Rice Flour နှစ်ထုပ် ၀ယ်လိုက်ပါ။ ပျော့ပျော့နူးညံ့ညံ့လေးစားချင်ရင်တော့ ကောက်ညှင်းဆန်မှုန့်ပိုထည့်ပါ၊ ၁။ ကောက်ညှင်းဆန်မှုန့် ၂ ခွက်၊ ဆန်မှုန့် ထမင်းစားဇွန်း ၁ ဇွန်း ထည့်ပီး ရေနဲ့သမအောင်မွှေပါ။ ပြီးရင်တော့ အ၀တ်ပါးလေးထဲကိုထည့်ပီး လေးတဲ့ဟာတစ်ခုခု ဖိထားပါ။ တစ်ညလောက်ဆိုရပါပီ။ နောက်နေ့မှာတော့ လုံးလို့ ကောင်းမယ့်အနေထားမုန့်နှစ်စီးစီးလေးရနေပါပီ။ ၂။ ရေနွေးပွက်အောင်တည်၊ မုန့်လေးတွေအနေတော်လုံးပီး ချက်ချင်းရေနွေးအိုးထဲ ထည့်လိုက်ပါ၊ လုံးလိုက်ထည့် လိုက်၊ မုန့်လုံးလေးတွေ အပေါ်ကိုပေါလောပေါ်လာရင်တော့ဆယ်ပီး ရေအေးထဲမှာခဏထည့်ထားပါ။ ၃။ ထညက်ခဲလေးတွေခွဲပီး ထည့်လုံးလို့ရပေမယ့် ကူးကူး ကတော့ အချိန်မရတာတစ်ကြောင်း၊ ထညက်ခဲ လဲ နဲနဲဘဲကျန်တော့တာမို့ချွေတာ

ပျား သေ

ဝတ်ရည်ငမ်းလို့ လမ်းမမြင် ပွင့်ဖတ်လန်းလတ် ငါ့ မသတ် စုံးစုံးမြုပ်မှ ငါ့အသက် ၀တ်ဆံအများ လှောင်ရီနှက်

မှို မုန့်

အရိုးသားဆုံးဝန်ခံရရင်တော့လုပ်တုန်းကတော့ ဘိန်းမုန့်ပါ။ ဘိန်းမုန့်ဆိုတာလဲ ရန်ကုန်မှာတုန်းက တစ်ခါမှ ၀ယ်စားတာမဟုတ်ဘူး။ လမ်းဘေးမုန့်ဆိုင်တန်းတွေနားဖြတ်မလျှောက်ချင်တာ အစားသောက်တွေညစ်ပတ် လို့မဟုတ်ပါဘူး။ အဲဒီအကြော်၊ အညှော်အနံ့တွေရရင်ခေါင်းက တစ်အားကိုက်ပီး နာလာလို့ ဝေးဝေးရှောင် တာပါ။ စားချင်ရင်တော့ သူငယ်ချင်း အထွေးကိုခေါ်ပီး ၀ယ်ပေးပါလို့တောင်းဆိုရပါတယ်။ ဒီရက်ပိုင်မှာဘိန်းမုန့်အရမ်းစားချင်နေတာကြောင့် ပါလာတဲ့ဟင်းချက်စာအုပ်လေးဖွင့်လိုက်ရှာပီး ဆန်ကြမ်း နဲနဲသွားဝယ်ပီး အမှုန့်လုပ် ထားပါတယ်။ ထညက်လေး ၄ခဲလောက်ကျန်နေသေးတာမို့ ရေနွေးနဲ့ ကြွက်မှီးတန်း အောင်ကြိုထားပါတယ်။ ဆန်ကြမ်းမှုန့် ထမင်းကြမ်းအနည်းငယ် ဆားဆော်ဒါ ထညက် နှမ်းအနဲငယ် မြေပဲအစိမ်း အုန်းသီးဆံ ထောပတ်ဆီအနည်းငယ် ဘိန်းမုန့်လုပ်ဖို့ပြင်ဆင်ထားတာတွေအဆင်သင့်ဖြစ်နေပါပီ။ ဆန်မှုန့်ကိုအရေဖျော်၊ ထမင်းကြမ်းလက်တစ်ဆုပ်စာလောက်နဲ့ ရောညက်အောင်မွှေပီးမုန့်နှစ်ဖတ်ရအောင် အ၀တ်ပါးမှာစစ်ထားပါတယ်။ ထညက်ကြိုထားတာလဲ အဆင်သင့်ဖြစ်ပါပီ။ နောက်နေ့မှာတော့ မုန့်နှစ်ရည်ထဲကို၊ ဆားနဲနဲ၊ ဆော်ဒါနဲနဲနဲ့ ထညက်ကြိုထားတဲ့အရည်လောင်းထည့်ပီး မွှေပီး မကပ်တဲ့ဒယ်အိုး နက်နက်လေးကိုအပူပေး၊ ထောပတ်အနဲငယ်အို

ဒူးရင်းသီး (အသီးမှာဘုရင်)

အသီးတို့ရဲ့ဘုရင်လို့တင်စားခေါ်တဲ့ ဒူးရင်းသီးက အသီးတွေအားလုံးထဲမှာ ရောဂါကုစားပေးတဲ့ ဆေးဘုရင်တစ်ပါး လို့ခေါ်ဆိုနိုင်ပါသတဲ့။ ဒူးရင်းသီး ကတော့ အနံ့အင်မတန်ပြင်းထန်သလောက် မထင်ရလောက်အောင် ချိုပီးဆွဲဆောင်မှုရှိတဲ့အသီးတစ်မျိုးဖြစ်ပီး အာရှတိုက်ကလူတွေလောက်သာ အသိများကြတဲ့အသီးတစ်မျိုးပါ။ အနံ့ကပြင်းထန်ပီး အနံ့ဆွဲ ကျန်ရစ်တတ်လို့ များသောအားဖြင့် လူအများရှိတဲ့ နေရာတွေမှာယူခွင့်၊ သယ်ဆောင် သွားခွင့်မရှိပါဘူး။ အထူးသဖြင့် ဟော်တယ်၊ ရထား၊ ကား၊ လေယဉ်၊ ရုံး အစရှိတဲ့နေရာတွေမှာ သယ်ဆောင် ခွင့်ပိတ်ပင်ထားတတ်ကြပါတယ်။ ဒူးရင်းသီးအနံ့ပြင်းပုံကတော့ ဘယ်လိုဖုံးဖုံး၊ အုပ်အုပ် ခိုးသယ်လို့ မရလောက်အောင်ကိုဆိုးပေမယ့် ကြိုက်တတ်တဲ့သူများအတွက်တော့ ဒူးရင်းသီးအနံ့လေးရတာနဲ့ အလိုလို နေရင်းမရရအောင်ရှာပီး ဈေးကြီးပေးဝယ်စားတတ်ကြပါသေးတယ်။ ဒူးရင်းသီးရဲ့ ကောင်းလွန်းတဲ့အရသာ နဲ့ အံ့ဖွယ်ကောင်းတဲ့ကျမ်းမာရေးအတွက် ရရှိတဲ့ အကျိုးကျေးဇူး တွေက သူ့ရဲ့ပြင်းထန်ဆိုးတဲ့အနံ့ကို မေ့ပစ်နိုင်အောင်လဲ စွဲဆောင်မှုရှိလှပါတယ်။ အခြားအသီးတွေနဲ့ မတူတဲ့အချက် ကတော့ ဒူးရင်းသီးက အပင်ပေါ်မှာမမှည့်မချင်းတွယ်နေပီး ကြွေကျလာပီဆိုရင်တော့ မှည့်ပီဆိုတဲ့ သဘောကိုဆောင်ပါတယ်။ အထူးသဖြင်

မှိုလုံး ပဲညို စွပ် (soup)/ဟင်း

ပဲညိုလုံးရှည်ရှည်လေးတွေ (kidney beans) ကအဟာရလဲရှိသလိုစားရင်လဲစိမ့်နေတာမို့ ကျွန်မတော့အရမ်းကိုကြိုက်ပါတယ်။ အချိန်ယူပီး ရေစိမ်ထားရတာရယ်၊ အကြာကြီးပြုပ်နေရတာရယ်၊ ပြုပ်ထားရင် အဖုံးဖုံးမှ ပဲလေးတွေက လုံးဖောင်းပီး တင်းတင်းလေးဖြစ်နေတာမို့ အဖုံးပေါ်ကရေတွေ တစ်စက်စက် ကျ နေလို့ မီးဖိုညစ်ပတ်တာရယ်..အဲဒါလေးတွေကတော့ သီးခံရတာပေါ့လေ။ အသင့်စားလို့ရအောင် ဗူးထဲထည့်ထားတဲ့ ဟာတွေကတော့အချိန်ကုန်သက်သာပီးမြန်မြန်ဆန်ဆန် ချက်စားနိုင်တဲ့ အတွက် တစ်ခါလေများ စားချင်စိတ်ဖြစ်ရင် အသင့်စားဗူး လေးတွေဘဲဝယ်ပီးချက်စားလိုက်တယ်။ ဒီညနေကတော့ မှိုအလုံးလေးတွေ (ဗူးထဲမှ)လေးတွေနဲ့ပါ ရောချက်ပီး စားဖို့စီစဉ်ထားတဲ့အတွက်စိတ်ကူးပေါက်တာနဲ့ မှိုနဲ့ ပဲညို ဗူး တွေကိုဖောက်ထားပီး အရည်လေးနဲ့တစ်မျိုး၊ ဟင်းမယ်တစ်ဖွယ်ချက်ဖြစ်ပါတယ်။ အသင့်စားဗူးထဲက မှိုလုံးလေးတွေကိုထုတ်ပီး၊ အထဲကရေတွေသွန်ပစ်ပါတယ်၊ ပြီးရင် အနေတော်လှီးထားပါ။ ဆီပူပူမှာ ကြက်သွန်ဖြူလေးတွေတောက်တောက်စင်းထည့်ပီး လှီးထားတဲ့မှိုလေးတွေ အနားတင်းပီး ညိုလာ အောင်ကြော်ပီးရင်တော့ သပ်သပ်ခပ်ထားလိုက်ပါ။ ကြက်သွန်ဖြူနီကိုဆီသတ်ပီးရင်တော့ ပဲငံပြာရည်နဲနဲခပ်လိုက်ပီး (အအီပြေအောင်ချဉ်ပေါင်ခံ) ချဉ်ပေါင်ရွက် လေးနဲနဲကိုထ

ကြက်ကာလသားဟင်းနှင့်တိုဟူးသုပ်

ကြာသပတေးနေ့က Health Director ကကြေငြာတယ်။ နေ့လည် ၁း၄၅ မှာ ဆပ်ပြာမှုန့်ကိုယ်တိုင်ဘယ်လို လုပ်ရသလဲ၊ အပြင်မှာဝယ်တာထက်ကိုယ်တိုင်လုပ်တဲ့ကောင်းကျိုးတွေဘာညာပြောပီး ဒီကနာမည် ကြီးဆပ်ပြာ ကုမ္ပဏီကလူတွေ လာရောက်ပြသမှာမို့ စိတ်ဝင်စားရင်လာတက်နိုင်ကြောင်း ကျွန်မလဲစပ်စပ်စုစု ယောင်လည်လည် နဲ့ ခန်းမနားအပြင်ကနေချောင်းကြည့်မလို့ ခေါင်းဖော်လိုက်တာနဲ့ သူများတွေတွေ့ပီး ၀ိုင်းခေါ်တာ နဲ့ အားနာပါးနာ ဆက်ထိုင်နေလိုက်ပါတယ်။ စာရွက်တွေလာဝေတော့ယူလိုက်တယ်။ ဆပ်ပြာမှုန့် ကို ဘယ်လိုအချိုးစားနဲ့ ရောစပ်ရသလဲ၊ ဘာတွေပါလဲ။ ပီးတော့ အ၀တ်လျှော်ပီး အ၀တ်တွေပျော့ပြောင်းမွှေးကြိုင် သွားအောင် သုံးတဲ့အရည်လုပ်နည်း fabric softener နောက်တော့ ပန်းကန်ဆေးဆပ်ပြာရည်။ တစ်ဝိုင်းကို လေး ယောက်ခွဲပီးလုပ်ကြတယ်၊ လက်အိပ်တွေစွပ်၊ မျက်နှာဖုံးတွေတပ်၊ ကျွန်မလဲနဲနဲစိတ်ဝင်စားသွားတော့ လုပ်ပြနေ တဲ့ ခေါင်းဆောင်ခုံနားကပ်ပီး အသေချာလိုက်မှတ်ပီး သူလုပ်တာကြည့်တော့ အမှုန့်တွေ နှာခေါင်းထဲဝင်သွားတယ် ထင်တာဘဲ။ ချောင်းတဟွတ်ဟွတ်ဆိုးပီး ပြန်ထွက် လာပါတယ်။ အဲဒီနေ့ကစပြီး ချောင်းဆိုးပီး ညပိုင်းမှာ အဖျားတက်တာ အခုထိပါဘဲ။ (စိတ်ဝင်စားတဲ့သူရှိရင် အကြောင်းကြားခဲ့...လုပ်နည်းပြောပြမယ်... အဟွတ်

ခရမ်းသီး အုမ္မလက် Omelet

ခရမ်းသီးကြိုက်သူများအတွက် နောက်တနည်းလေးလုပ်စားကြည့်ဖို့ ဝေဌလိုက်ပါတယ်နော်။ ပထမဦးစွာ ခရမ်းသီးကို ဖုတ်ပါတယ်။ ovan နဲ့ ဖုတ်ရင် မိနစ် ၃၀ ၊ ၁၆၀ ဒီဂရီ လောက်ဆိုရပါပီ။ အအေးခံပီး အခွံနွှာ၊ ခရမ်းသီးဖုတ် အသားမွှေးမွှေးလေးတွေကို ပန်းကန်လုံးထဲထည့်ထားပါ။ ပီးရင်တော့ ဆား၊ ကြက်သွန်နီ တောက်တောက်စင်း၊ ငရုတ်သီးအနီလေးတွေပါးပါးလှီးထည့်၊ ကြက်ဥတစ်လုံး ခေါက်ထည့်ပါ။ ပြီးရင်တော့ နံနံပင် (လတ်လတ်ဆတ်ဆတ်ရှိရင်ပိုကောင်းမှာပါ၊ ဒီမှာတော့ ထိုင်းက လာတဲ့ ပုလင်းနဲ့ အထားခံအောင်လုပ်ထားတဲ့) ကို ထည့်၊ ငရုတ်ကောင်းမှုန့်လေးဖြူးပီး မွှေပါ.. အားလုံးညက်ပီဆိုရင် တော့ ဒယ်အိုးပြားပြားလေးထဲကို ဆီနဲနဲထည့် ပီး ဒယ်အိုး နှံ့သွားအောင် ဝေ့ လိုက်ပါ.. ပီးရင်တော့ နယ်ထားတဲ့ ခရမ်းသီးကို ထည့်ပီး အပြားလိုက်ရအောင်ကြော်ပါ။ ပီးရင်တော့စားလို့ရပါပီ။ ခရမ်းသီးကို အတွန့်တက်ပီး ဖုတ်တာ က ကြော်ပီးစားတဲ့အချိန်မှ ပြုပ်တာနဲ့ အရသာကွာတာကို သတိထားမိမှာပါ။ ခရမ်းသီးဖုတ် ကအရမ်းမွှေးတာ... အားလုံးရောနယ် ကြော်ပီးတဲ့အခါတော့ ရိုးရိုး ကြက်ဥ အုမ္မလက် Omelet ကြော်ထက်..ပိုကဲထူးပီး ကောင်းနေတာအမှန်ပါပဲ။ စိတ်ဝင်စားရင်လုပ်စားကြည့်နော်။

အင်ဒို ပဲပုပ် (tempe)

ဒီနေ့အိပ်ရာထတာစိတ်ကမကြည်ဘူး။ အခုတစ်လောအလုပ်များ၊ စိတ်ပင်ပန်းတော့ ရှိသမျှအစားစာတွေ တရစပ် စားတာနဲ့ ဗိုက်ကြီးကလဲ ပူ၊ ခါးလဲတုတ်၊ မာမီက vzo ကနေတွေ့တော့ ယောကျာ်းတောင်မရသေးဘူး အဲလောက် ဗိုက်ပူနေရင်ဘယ်လိုလုပ်မလဲတဲ့လေ။ လေ့ကျင့်ခန်းလေးလုပ်ဖို့စဉ်းစားပါတယ်၊ လုပ်တဲ့အဆင့်ထိမရောက်ခင် အိပ် ပျော်ပျော်သွားလို့ခက်နေတာ။ ချစ်သူကတော့အားပေးရှာပါတယ်၊ သူလဲဗိုက်ပူတယ်တဲ့ အတူတူဘဲ ဆိုပီး ရီနေပါသေးတယ်။ အပြင်ထွက်ဆိုင်မှာစားရအောင်လဲ ညနေ ၆ နာရီ ရုံးကပြန်ရောက်ရင် မှောင်ရီသန်းနေပီ။ ခြံထဲလမ်းလျှောက်ဖို့ စိတ်ကူးရလိုက်ပေမယ့် ပြန်ရောက်တာနဲ့ ဗိုက်ကြီး ကဆာ၊ စားဖို့သောက်ဖို့ ဘာချက်ရင်ကောင်မလဲကြံစည်တာနဲ့၊ ရေမိုးချိုးပီး အပြင်လှမ်းကြည့်လိုက်ရင် မိုးစုန်းစုန်းချုပ်နေပီလေ။ ဒီတော့ ထမင်းလေးစား tv လေးကြည့်ပီး မနက်ဖြန်မှစောစောထ ပြေးတော့မယ် စဉ်း စားလိုက်ပေမယ့် နှိုးစက်ဆူညံသံကြောင့်နိုးတော့ အချိန်ကမိနစ် ၃၀ ဘဲလိုတော့တယ်၊ အဲဒီအတွင်းမှာ ရေချိုး၊ အလှပြင်၊ အ၀တ်လဲပီး ပြေးမှ ရုံးကိုအချိန်မှီလေးရယ်။ ရုံးမှာလဲ တစ်နေကုန် ထိုင်နေတာ၊ မ၀ဘဲနေနိုင် တော့ မလားလေ။ ခရီးသွားရင်လဲ အစားသောက်ကောင်းတဲ့ နေရာဆို ၀ါးပီဘဲ။ ပင်ပန်းလို့ ပိန်မလားမှတ်တယ်၊ ပို၀၀ လာလို့ခ