Skip to main content

Posts

Showing posts from February, 2012

ငါးမျှားခြင်း - ၀ါသနာ

  ကျွန်မစိတ်ဝင်စားတဲ့အရာတွေအမြဲပြောင်းလဲနေတယ်။ မပြောင်းလဲသေးတာကတော့ ငါးမျှားဖို့အရမ်းဝါသနာပါတာကိုဘဲ။  ငါးတွေ့ရင်မနေနိုင်ဘူး။  အိမ်မှာတော့ ငါးလေးတွေလဲမွေးထားတယ်။ နိုင်ငံရပ်ခြားရောက်ကတည်းက ငါးမျှားခွင့် မကြုံခဲ့ဘူး။  ဒီတစ်ခါတော့ rideau canal ဘက်ကိုလမ်းလျှောက်ရင်းနဲ့ ကိုးရီးယားအန်တီတွေ လေးငါးယောက်စုပြီးငါးမျှားနေတာစိတ်ဝင်စားလို့အကြာ ကြီးရပ်ကြည့်နေမိတယ်။ ငါးမိတာမြန်လိုက်တာ..ဖတ်ကနဲ့ ဖတ်ကနဲ့ အသည်းကိုယားနေတာ...  ငါးမိတော့ ချိတ်က ပြန်ဖြုတ်ပြီး ရေထဲ ၀ှီးကနဲ့ပြန်လွှတ်ချချလိုက်တာတွေတော့ ဘာများလုပ် ပါလိမ့်။  ပြန်လွှတ်ရင်လဲဘာလို့များ ငါးမျှားနေသေးလဲဆိုပြီး စဉ်းစားမိတယ်။ နောက်မှ အဲဒီမှာနေတဲ့သူက ရှင်းပြတာ ငါးမျှားဖို့လိုင်စင်လျှောက်ရတဲ့အကြောင်း၊ မျှားလို့ရရင်လဲ ငါးအကောင်ရေနဲ့အမျိုးအစားကန့်သတ်ထားတဲ့အကြောင်း ပြောပြ ပါတယ်။  ကျွန်မက ဘာဖြစ်လဲ ဘယ်သူမှလာစစ်တာလဲမဟုတ် မိတာအကုန်ယူသွား လဲပြီးတာဘဲဆိုတော့ ....မရဘူးလေ အဲဒါကိုယ့်အကျင့်နဲ့ဆိုင်တယ်..  သူများလာစစ်မှမဟုတ်ဘူး..လိုင်စင်လျှောက်ကတည်းက ကတိဝန်ခံချက်ရှိပြီးသားမို့ လိုက်လျှောက်မယ်မလျှောက်ဘူးဆိုတာ ကိုယ်ကျင့်တရားနဲ့ဆိုင်တယ်လို့ရှင်းပြတော့ ရင်ထဲနဲနဲ ထိသွားတယ်..  က

အဖွားတို့ရွာ ၂၀၁၁

၂၀၁၁ဒီဇင်ဘာမှာတော့ခရစ္စမတ်ပြီးတာနဲ့အဖွားတို့ရွာကိုသွားလည်ဖြစ်တယ်။မရောက်ဖြစ်တာလဲ ဆယ်စုနှစ်နီးပါးရှိခဲ့ပြီလေ။  မောင်လေးကသူ့ရုံးကကားလေးယူသွားမယ်ဆိုတော့မာမီတို့ကလဲ ရွာသွားမယ့်ပစ္စည်းအစုံအလင်အကုန်ကားပေါ်တင်တာပေါ့။ရွာမှာအိပ်မယ့်စောင်တွေ၊အိပ်ရာ ခင်းတွ၊လက်ဆောင်ပေးမယ့်ပိစိကွစိတွေအစုံဘဲ.  ရေနွေးအိပ်လဲပါတယ်၊ခါးနာတတ်တဲ့ကျွန်မ အတွက်အမြဲဆောင်ထားရတယ်။ မြောင်းမြကိုဝင်ပြီးငရုတ်သီးခြောက်၊နဲ့ဆန်အိတ်တစ်အိတ် ၀င်ဝယ်ပြီးထပ်တင်သွားသေးတယ်။  ကားလမ်းကြမ်းတာကလွဲလို့ ပျော်ဖို့ကောင်းပါတယ်။ရန်ကုန်ပုသိမ်လမ်းတစ်လျှောက်တော့ လမ်းမဆိုးလှပေမယ့်အိမ်မဲကနေလမ်းခွဲ မြောင်းမြလမ်းကတော့ ပြောမပြတတ်အောင်ကြမ်း တမ်းတယ်။ကျာက်တုံး အကြီးကြီးတွေနဲ့ မြေနီလမ်းကြမ်းမှာဖုန်တစ်ထောင်းထောင်းနဲ့.. တံတားရှိတဲ့နေရာနားတစ်ဝိုက်မှာတော့ ကတ္တရာလမ်းရှိပေမယ့် တံတားကျော်သွားပြီး ကိုက် ၁၀၀ လောက်ဆို လမ်းကြမ်းပေါ်ပြန်ရောက်တယ်... မြောင်းမြကနေ လပွတ်တာသွားတဲ့လမ်းကတော့မဆိုးလှဘူး။  ကျွန်မတို့သွားတဲ့ ရွာက လမ်းတစ်ဝက်မှာ.. သိလ္လာဆိုတဲ့ရွာလေးပေါ့။ တောင်ပေါ်စု ထိသွားမယ့်ရန်ကုန်က အတူလိုက်လာတဲ့မာမီ့ သူငယ်ချင်းအန်တီနဲ့သူ့အမျိုးသားကိုသွားချပေးခဲ့တယ်။ အဲဒီမှာပထမဆုံးဖြတ်ဖူးတဲ့ဂျု