Skip to main content

Posts

Showing posts from May, 2012

တိုရန်တို

ကျွန်မအထက်တန်းကျောင်းသူအရွယ်လောက်မှာ ပါးပါးက ကနေဒါကို အစည်းဝေး သွားတက်တယ်။ သူကပြောတယ်.. အစည်းဝေးက တိုရန်တို မှာတဲ့။   အဲဒီမှာ သူတို့တည်းတဲ့ဟိုတယ်မှာထမင်းမရှိလို့ တရုတ်တန်းဘက်ကို တစ်ကိုယ်တော့ ရှာဖွေ သွားပီးထမင်းသွားဝယ်စားတယ်ဆိုတာပြောခဲ့ဖူးတယ်။ ကျွန်မလဲ ကနေဒါရောက်မှ ဒီကလူတွေ ထမင်းအစား အာလူး နဲ့ ရွှေဖရုံသီးကို ထမင်းလိုစား နေရ သလားအောက်မေ့ရပါတယ်။  victoria က ဟိုတယ်မှာ ၂ ပတ်နီးပါး ထမင်းမစား ရလို့  အားပြတ်ခါနီးပါ။..း)   ကျွန်မဒီတစ်ခေါက် ကနေဒါသွားမယ်ဆိုတော့ ပါးပါးကတိုရန်တို ကိုရောက်မလားလို့ သူက သံယောဇဉ်မပြတ်နိုင်မေးပြန်တယ်။ ရောက်ခဲ့တယ်...  ဒါပေမယ့် အာရှသားတွေနေတဲ့မြို့လို့တောင်ပြောလို့ရလောက်  အောင် အာရှသားတွေ အများကြီးပါ။  china town လဲရှိပါတယ်။...  ပစ္စည်းတွေစုံပလုံအောင် လဲ ၀ယ်လို့ရပါ တယ်.. ပဇွန်ခြောက် နဲ့ အခြား မြန်မာအစားစာ ချက်ပြုတ်ဖို့ ပစ္စည်းအခြောက်ခြမ်း အကုန်ဝယ်လာခဲ့တယ်... ဒါပေမယ့် လူအရမ်းရှုပ်လို့ ကျွန်မတော့ တိုရန်တို ဆိုတဲ့မြို့ကြီးကို သဘောမကျခဲ့ပါဘူး။း) တရုတ်တန်းမှာ ၅၀ တန် ဓားတစ်ချောင်းတော့ဝယ်ခဲ့တယ်.. ဟင်းချက်ရင်ခုတ်ထစ်ဖို့..း))

မနာဒို ဆန်ပြုတ်

ဆန်ပြုတ်ကြိုက်တတ်လာတဲ့ကျွန်မအတွက် နောက်ထပ်နည်းသစ်တစ်မျိုးပါ။ ကျွန်မနေတဲ့ နေရာမှာ ရွှေဖရုံသီးတွေအများကြီးရှိတယ်။ အရင်က ခဏခဏ၀ယ်ချက်စားဖြစ်ပေမယ့် စီးလဲမစီး၊ အရသာလဲ ဖွာတာတာနဲ့မို့ နောက်ဆို လုံးဝကိုမ၀ယ်စားတော့ဘူး။ ဒါပေမယ့် ဒီတစ်ခါတော့ ထိုင်းက ယူလာတဲ့မျိုးစေ့နဲ့ စိုက်ထားတဲ့အပင်ကို ခြံထဲက အင်ဒိုအရှေ့ပိုင်းကလာတဲ့ အန်တီတစ်ယောက် ကပေးထားလို့ ခပ်စီးစီးလေး ရွှေဖရုံသီးကိုစားခွင့်ရတယ်။   ခြံထဲကအလုပ်သမားတွေ ပိုင်ရှင်မရှိဘူးထင်ပြီးခူးမှာစိုးလို့နာမည်တပ်ထားတာ..း) သူက ရွှေဖရုံသီးနဲ့ ဆန်ပြုတ်ချက်စားရင်အရမ်းကောင်းတဲ့အကြောင်းလဲပြောပြလို့ သူ့ဆီက ချက်နည်းလေးမေးထားတယ်။ သူက အင်ဒိုအရှေ့ပိုင်းကပါ။  အဲဒီဖက်က လူတွေကအသားတော်တော်ဖြူကြတယ်..တရုတ်နဲ့စပ်သလားမဆိုတတ်ဘူး။  ဂျကာတာရောက်တုန်းကလဲ အဲဒီကသူတွေ မနာဒို(အင်ဒိုအရှေ့ပိုင်း)က ဆန်ပြုတ်က နာမည်ကြီးတယ်ပြောတယ်... ဆန်ပြုတ်ပြုတ်တာကတော့လွယ်ပါတယ်။ ဆန်ကိုထည့်... ရွှေဖရုံသီးကိုပါအတုံး လေးတွေတုံးပြီးတစ်ခါတည်းထည့်ပြုတ်တာဘဲ...  ဆန်ပြုတ်ကျက်တဲ့အခါဆန်ကျေသွားအောင်မွှေရင်းနဲ့ ရွှေဖရုံသီးလေးတွေကိုပါဖိမွှေ.. အဲဒီတော့ ဆန်ပြုတ်ကရွှေဝါရောင်လေးဖြစ်လာရော.. ဆားလေးနဲနဲထည့်...  ကျက်

Kooky & Luvfy

    အရင်အပတ်က ပူးပူးဆီသွားလည်ရင်းနဲ့ သူ့အကောင်လေးတွေတွေ့တော့ ကိုယ့်အကောင်လေးတွေလဲ အမှတ်တရတင်ထားဖို့စိတ်ကူးရတယ်... kingfisher လေး သေသွားပီးကတည်းက စိတ်မကောင်းဖြစ်နေတာနဲ့ အရမ်းကို အထီးကျန်တဲ့အိမ်လေးမှာ ချစ်သူက ယုန်လေးဝယ်ပေးမယ်တဲ့... ဒါနဲ့ ယုန်က ထိမ်းသိမ်း ရခက်တာနဲ့ hamster လေးဘဲဝယ်ဖို့ဆုံးဖြတ်လိုက်တယ်.. တစ်ကယ်ပါ..မျောက်အသေးစားနှစ်ကောင်ရသလိုဘဲ.. အိပ်နေတဲ့အချိန် ပိုးလိုးပက်လက် အသေကောင်လိုအိပ်မောကျနေတာကလွဲရင်ကျန်တဲ့အချိန် ဆော့တာ မျက်စိမူးနောက်နေအောင်ကြည့်ရတယ်...  နာမည်က kooky နဲ့ luvfy...  kooky ကနဲနဲဝတယ်..  တစ်ခါမှမကိုက်ဘူး.. luvfy ကတော့ ကိုက်တယ်.. သူ့ကြောင့် လက်ခဏခဏပေါက်ပီးသွေးထွက်တယ်.. အရမ်းလဲဆော့တယ်... အရင်နှစ်ပတ်လောက်တော့ bath sand ၀ယ်ထားပေးတော့ နှစ်ကောင်လုံး သဲမှာ လူး ရေချိုးပီး အမွှေးလေးတွေမွှာားးးး နေအောင်လှလာတယ်... အဲဒီသဲကလဲ ရှာဝယ်ရခက်သေးတယ်..