Skip to main content

Posts

Showing posts from November, 2010

Pain >>aching>>> ??

ဒီဇင်ဘာရောက်တော့မယ်။ အိမ်ပြန်ဖို့ရက်လဲနီးလာပြီလေ။ အခုတစ်လော နှစ်ရှည်ဝေဒနာ တစ်ခုပြန်ဒုက္ခပေးလို့ ဆေးရုံနဲ့အိမ် နှစ်ပါးသွားနေရတယ်။ အထူးသဖြင့်ရုံးမှာ တစ်နေကုန်နီးပါးထိုင်တဲ့သူတွေ၊ ကွန်ပြူတာရှေ့မှာ ထိုင်စာရေး၊ စာဖတ် မလှုပ်မယှက်နေတဲ့သူအများစု ခံစားရတဲ့ဝေဒနာနဲ့စပ်ဆက်နေတယ်။ လည်ပင်းအနောက်၊ ပုခုံး၊ နောက်ကြောဘက်တွေမှာ မခံမရပ်နိုင်အထဲက ဆွဲ ဆိတ်နေသလို ခံရတာ။ လေ့ကျင့်ခန်းလုပ်လဲ မထူးလာဘူး၊ အရမ်းကိုက်နေတာ တစ်ခါတစ်လေ အိပ်မရဘူး။ တစ်နှစ် ကျော်လောက် သတိထားမိတာ ဆေးရုံသွားတော့ ဆေးတွေပေးလိုက်ရော။ ဒါနဲ့ အဲဒီဆေးတွေက allergic ဖြစ်ပီး အဲဒါကိုပြန်ထပ်ကုရတာ နောက် ၃ ပတ်၊ အဲနောက်ခရီးသွားတော့ မေ့နေရာက တစ်ရက်ပစ္စည်းနဲနဲလေးတာသယ်မိရာကနေ ထပ်ပီးကိုက်လိုက်တာ မခံမရပ်နိုင်ဖြစ်ရော။ ဒါနဲ့ ဟိုတယ်က အမကြီးက တရုတ်ဆေးဆရာကောင်းတယ်ညွှန်းတာနဲ့ တရုတ်ဆေးဆရာရှာတာ မတွေ့ဘဲ နောက်ဆုံး body relax spa ရောက်သွားပါလေရော။ အဲဒီက ကောင်မလေး နှိပ်ပီး ပြန်ရောက်တာနဲ့ အရမ်းကိုအိပ်ချင်တာ၊ အိပ်ရာလဲနိုးရော တစ်ကိုယ်လုံးလှုပ်မရတော့ဘူး။ ကြိုးစားပီး ဟိုလှည့်ဒီလှည့်လုပ်တော့ တစ်ခြမ်းက ရသေးတယ်၊ ကျန်တဲ့တစ်ခြမ်းက ခေါင်းလဲလှည့် မရ၊ လူက စက်ရုပ်လိုဖြစ်နေတာ၊ ညသန်းခေါင်ြ

Christmas Spirit moves early -2010

သဇင်ဥ (tzo counter)  လက်ရာ လေးတွေပါ။ 

တာ ဟဲ ဖိုး

တာဟဲဖိုးဆိုတာဆီမပါတဲ့အသီးရွက်စုံထောင်း ကရင်အစားစာတစ်ခုပါ။ အရမ်းလဲအရသရှိပြီး အတော်များ များ ကြိုက် နှစ်သက်မှာသေချာပါတယ်။  လုပ်စားရတာလဲလွယ်ကူပါတယ်။အဆင်ပြေတဲ့ အသီးရွက် စိတ်ကြိုက်ထည့် ပြုပ်ထောင်းပီးစားရုံပါဘဲ။  အရင်ကတော့ စားခဲ့ဖူးတယ်၊ ဒါပေမယ့် မေ့နေတာ ကြာပြီ၊ ကျောင်းလာတက်နေတဲ့ ကရင်ဆရာမတစ်ယောက်က ထောင်းပြီး ကျွန်မရှိတဲ့နေရာ ပို့ပေးလိုက်တယ်၊ ဒါနဲ့ဘဲ အတိတ်ဟောင်းပြန်ဆွသလိုဖြစ်ပီး နေ့တိုင်းထောင်းစားတော့တာဘဲ။ ရုံးပတေသီး ပဲတောင့်ရှည် ခရမ်းကဇော့သီး ခရမ်းသီး မျှစ် (အခြောက် သို့ ပြုပ်ထားသောမျှစ်) ဌက်ပျောဖူး  ငရုတ်သီးစိမ်း ငါး (သို့) အမဲသား စိမ်းစားငပိတစ်တုံး ကြက်သွန်နီ ကြက်သွန်ဖြူထောင်း ကိုယ့်စိတ်ကြိုက်အနေထား ဖြတ်လှီးထားတဲ့ အထက်ပါအသီးရွက်စုံကို ရေဖုံးရုံထည့်ပီး နူးသွားအောင်တည်ပါမယ်။ ကြက်သွန်ဖြူထောင်းထားတာရယ်၊ ငရုတ်သီးအစိမ်းတောင့် အညှာခြွေထားတာရယ်နဲ့ စိမ်းစားငပိတစ်တုံးထည့်ပြုပ်ပါမယ်။  ငါးကတော့ တစ်တုံးလောက်ထည့်ပြုပ်အရိုးနွှာထည့်လို့ရပါတယ်၊ အမဲသားလဲ ပါးပါးလှီး အရင်ထည့်ပြုပ်ထားလိုက်ရင်ရပါတယ်။  အရမ်းနူးတာကြိုက်တဲ့သူရှိသလို၊ မနူးတစ်နူးလေးမှာ အားလုံးဆယ်ထုပ်ပြီး ငရုတ်ဆုံကြီးကြီးနဲ့ ထောင်း၊ အပေ့

ကန်ဇွန်းအကြွပ်ကြော်

မင်္ဂလာနံနက်ခင်းပါ။  မြန်မြန်လွယ်လွယ် ရုံးချိန်လုသွားဖို့ ထမင်းစားမှ အာသာပြေသူများ အတွက် ကန်ဇွန်းရွက် အကြွပ်ကြော်လေးပါ။ အရင်ဆုံး ကြက်ဥတစ်လုံး နဲ့ ဂျုံမှုန့်အနည်းငယ်ကို သမ အောင်ခေါက်ထားပါ၊  ဆား၊ ငရုတ်ကောင်း နဲနဲထည့်ပါ။ ပြီးရင်တော့ ကန်ဇွန်းကို အရိုးရော အရွက်ပါတောက်တောက်စင်းပီး ထည့်မွှေ၊ ထမင်းစား ဇွန်းတစ်ခပ်စာ ဆီထည့်ပြီး ကြော်ရုံပါဘဲ။  ကြော်ပြီးရင်တော့ ဆီစုပ်တဲ့ ပ၀ါပေးတင်ထားပါ၊ ထမင်းပူပူလေးနဲ့ ရောစား။ ကြွပ်ရွရွလေးနဲ့ အင်မတန်အရသာရှိပါတယ်။ နေ့တိုင်းတော့ ဆီကြော်တွေမစားနဲ့ပေါ့နော်။ ကန်ဇွန်းအစား ကိုယ်ကြိုက်တဲ့အရွက်ထည့်ကြော်လို့ရပါတယ်။

ရေကန်နှစ်ခုကြားမှမီးတောင်

ဒီတစ်ခါတော့ အရင်လ က သတိပေးချက်ထုတ်ထားတဲ့မီးတောင်ရှိတဲ့ ကျွန်းကို မောင်လေးနဲ့အတူ သွားလည် ခဲ့ပါတယ်။ သူက ခရီးသွားလုပ်ငန်း လုပ်နေတော့ ငြိမ်ငြိမ်မနေနိုင် ဘူး။ တစ်နေရာမဟုတ်တစ်နေရာ သွားမယ်ဆိုတာချည်းဘဲ။  လွန်ခဲ့တဲ့ ၄ နှစ်ကျော်က ကျွန်မ တစ်ခေါက်ရောက်ခဲ့ဖူးသေးတယ်၊ ဒါကတော့ ဒုတိယအကြိမ်ပေါ့။  မောင်လေးအတွက် တော့ ပထမအကြိမ်ပါ။ သူက မီးတောင်ဆို ပုပ္ပါးဘဲရောက်ဖူးတော့ သူ့အတွက် အထူးဆန်းဖြစ်နေတာ။ အဲဒီကိုသွားဖို့က ဈေးကြီးတယ်၊ ကိုယ်တစ်ယောက်တည်းဆိုဘယ်တော့မှမသွားဘူး။ ဒါကြောင့် ချွေတာရေးနဲ့ သူ့နောက်ကပ် လိုက်တာလေ။ လျှောက်လည်လို့ရတဲ့နေရာလေးတွေကို လေဆိပ်ကရလာတဲ့စာအုပ်မှာကြည့်၊ မြေပုံကိုင်ပြီး လျှောက်သွားကြတာ.. ခရီးစဉ်ကိုဖြတ်ပြောရမယ်ဆိုရင်တော့ မီးတောင်နဲ့ ရေအိုင်ကြီးကို အပေါ်စီးက လှမ်းမြင်ရတဲ့ မြို့လေးပေါ်မှာ ကားရပ်တာနဲ့ ကျွန်မတို့ဆင်းပြီးတော့ တောင်အောက်ခြေကိုဆင်းဖို့ ကားစောင့်ရပါတယ်၊ ကားကလဲရှား နေတာမို့ မော်တော်ဆိုင်ကယ်လို အသေးစားလေးကိုစီးပီး တောင်အောက်ခြေဇောက်နက်အထိ ၂ နာရီ လောက်ကြာအောင်ဆင်းရပါတယ်။  သူငယ်ချင်းအမကြီးတစ်ယောက်ကိုအကူညီတောင်းထားလို့ သူက မော်တော်ဘုတ် ဌားတဲ့ resort တစ်ခုက အန်တီတစ်ယောက်ဆီဆက်သွယ်ထားပေးတာနဲ့ တေ

ရဲယိုရွက် ငါးပေါင်း

လျှော့မတွက်နဲ့၊ မီးတောင်က ခူးလာတဲ့ ရဲယိုရွက်ပါရှင်။ မီးတောင်သွားလည်တဲ့အကြောင်းတော့ မတင်ရသေး ပေမယ့် ရလာတဲ့ရဲယိုရွက်ကိုတော့ အားရပါးရ ပေါင်းစားလိုက်ပါတယ်။ အရင်အပတ်က မောင်လေးနဲ့အတူ မီးတောင်ကို သွားလည်ကြတာ။ မီးတောင်ပေါ်တက်တဲ့လမ်းမှာ ရဲယိုပင်တွေတွေ့လို့ ၀မ်းသာအားရ ခူးလာခဲ့ တယ်။  သူများတွေကတော့ဘယ်လိုပေါင်းစားလဲမသိဘူး။ ကူးကူးကတော့ အချိန်မရတာ ရော၊ ထမင်းပေါင်း အိုးသေးသေးလေးမှာထည့်ပေါင်းရတာမို့ တစ်ထုတ်ချင်းမထုတ်အားတော့ဘူး။  အောက်က ရဲယိုရွက်ခံပီး  ဆန်မှုန့်အသားထဲကိုလဲ ရဲယိုရွက်ပါးပါးလှီးနယ်ပီးထည့်..ရဲယိုရွက်ပြန်အုပ်ပြီးပေါင်းလိုက်တယ်။ ငါးအသားလွှာ ဆန်မှုန့် ကြက်သွန်နီ ငရုတ်ကောင်း ခရမ်းချဉ်သီး... နဲ့ အားလုံးရောနယ် ပေါင်းလိုက်တာပါ။ ကောင်းမှကောင်းပါဘဲ။  အဲဒီနေ့က သူများကိုလဲ ကျွေးသေးတယ်။

ရေညှိပင်ရှည်ဟင်းချို

ရေညှိ.. seaweeds ကြိုက်ကြလားဟင်။  ကျွန်မကတော့ အရမ်းကြိုက်တယ်။  ဒီတိုင်းလဲ သရေစာ အဖြစ်စားတယ်၊ ကျောက်ကျောသုပ်၊ ကျောက်ပွင့်သုပ်.. ပင်လယ်ထဲက စားလို့ရတဲ့အပင်အကုန်ကြိုက်တယ်။ ရေညှိလို့ခေါ်လား ရေမှော်ပင်ခေါ်မလားမသိ။  အဆင်ပြေသလိုခေါ်ကြရအောင်။ ကိုးရီးယားကားတွေထဲမှာ မွေးနေ့မှာ အထူးဟင်းချိုအဖြစ်သောက်တဲ့ ရေညှိပင်ရှည်ရှည်လေးတွေ ကို ဒီတစ်ခေါက် စမ်းပြီးဟင်းချိုချက်ဖြစ်တာလေး နဲ့ အရသာလေးက အရမ်းမညှီဘဲ သောက်လို့ ကောင်းတဲ့ နည်းလေးတစ်မျိုးပြောပြမယ်နော်။ ရေညှိထုပ်ကို ကိုရီးယားဆိုင်တွေမှာဝယ်လို့ရပါတယ်၊ အဲဒီအထဲက ကိုယ်လိုသလောက် ဆွဲထုတ် ပီးရေစိမ်ထားပါ။  ရေညှိတွေကခြောက်နေတော့ ရေစိမ်တာခဏအတွင်းဘဲ ပွလာပီး အရောင် လေးတွေက အစိမ်းရင့်ရင့်လေးတွေအဖြစ်ပြောင်းလာပါတယ်။  ဒါကြောင့် ရေညှိစိမ်းရောင်ဆို တာ  လူအတော်များများကြိုက်ကြတာဖြစ်မယ်။  ကဲဟင်းချိုချက်ဖို့လိုအပ်တာတွေကတော့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းနဲ့ ငရုတ်သီးခြောက် ကိုညက်ညက်ထောင်း ခရမ်းချဉ်သီး အလုံးလတ် တစ်ခြမ်း (နုတ်နုတ်စင်း) အမဲသား (သို့) ကြက်သား အတုံးသေးသေး အနည်းငယ် Knorr တုံယမ်းအခဲ ၄ပုံ ၁ပုံ ငါးငံပြာရည်အနည်းငယ် ကြက်သွန်မိတ် ငရုတ်သီးတောင့် (၁) တောင့်  ရေနွေ

၂၀၁၀ မွေးနေ့မှာ

မွေးနေ့မရောက်ခင် အပတ်သောကြာနေ့မှာ ပန်းသွားဝယ်တယ်၊ ဘုရားကျောင်းမှာ ပန်းလှူဖို့ ရက်ယူထားတာ။ ထုံးစံအတိုင်းကျွန်မ အကြိုက်ဆုံးကတ္တီပါနီသွေးရောင်နဲ့ အပန်းရောင် စပ် လိုက်တယ်။ ဒီနှစ်မွေးနေ့မှာ..မောင်လေးက လာလည်နေတဲ့အချိန်နဲ့ကြုံတယ်။ ကျွန်မနံနက်စောစောရုံးကို ထွက်လာတော့ သူအိပ်ပျော်နေတုန်းဘဲ။ ၁၀ နာရီလောက်တော့ သူအွန်လိုင်းလာတာနဲ့ ရုံးက သူငယ်ချင်းတွေကိုကျွေးဖို့ မုန့်မှာထားတာသွားယူခိုင်းတော့ သူက ဘာလို့လဲတဲ့။ အဲလို..အမတော် မွေးနေ့ကိုမေ့နေတာ..  အမေ့သန်တာတော့မပြောနဲ့တော့ သူယူလာတဲ့ မွေးနေ့လက်ဆောင်ကို နောက်နေ့မှ ထုတ်ပေးပြီး အိမ်ကပို့လိုက်တဲ့ မွေးနေ့ ကဒ်ကို ၄ ရက်မြောက်မှ ပေးပါတယ်။ အဲဒီ ကဒ်မှာ ပုလု တို့ မိသားစု ပါ ဆိုင်းထိုးထားတယ်၊ သူတို့ခြေရာ တွေနဲ့။  (ဒီပုံက အဲကောင်တွေငယ်သေးတယ်၊ အခုတော့ကြီးနေပီ) မွေးနေ့မှာ ၀က်ဝံရုပ်ကြီးကြီးးးး တစ်ကောင်ရတယ်။  ဟဲဟဲ။။  မျက်နှာကစူပုပ်ပုပ်နဲ့ ၀၀ဖိုင့်ဖိုင့်.. ခရီးဝေးကလာတဲ့ဝက်ဝံက ပင်ပန်းနေလောက်ပီ။ ၀က်ဝံက ဆွယ်တာ လေးနဲ့။  ညဖက်ဆို ဖက်အိပ်ရင်နွေးတယ်။ ဆိုဖာမှာ ထိုင်ရင်း သူ့ပုခုံးပေါ်လက်တင် tv ကြည့်လို့လဲကောင်းတယ်။ အိကျီချုပ်ဖို့လဲ စက်တစ်လုံးရတယ်၊ Singer  ကိုယ့်ကိုယ်ကိုယ်ချုပ