Pages

Thursday, November 4, 2010

၂၀၁၀ မွေးနေ့မှာ


မွေးနေ့မရောက်ခင် အပတ်သောကြာနေ့မှာ ပန်းသွားဝယ်တယ်၊ ဘုရားကျောင်းမှာ ပန်းလှူဖို့ ရက်ယူထားတာ။ ထုံးစံအတိုင်းကျွန်မ အကြိုက်ဆုံးကတ္တီပါနီသွေးရောင်နဲ့ အပန်းရောင် စပ် လိုက်တယ်။

ဒီနှစ်မွေးနေ့မှာ..မောင်လေးက လာလည်နေတဲ့အချိန်နဲ့ကြုံတယ်။ ကျွန်မနံနက်စောစောရုံးကို ထွက်လာတော့ သူအိပ်ပျော်နေတုန်းဘဲ။ ၁၀ နာရီလောက်တော့ သူအွန်လိုင်းလာတာနဲ့ ရုံးက သူငယ်ချင်းတွေကိုကျွေးဖို့ မုန့်မှာထားတာသွားယူခိုင်းတော့ သူက ဘာလို့လဲတဲ့။ အဲလို..အမတော် မွေးနေ့ကိုမေ့နေတာ..  အမေ့သန်တာတော့မပြောနဲ့တော့ သူယူလာတဲ့ မွေးနေ့လက်ဆောင်ကို နောက်နေ့မှ ထုတ်ပေးပြီး အိမ်ကပို့လိုက်တဲ့ မွေးနေ့ ကဒ်ကို ၄ ရက်မြောက်မှ ပေးပါတယ်။ အဲဒီ ကဒ်မှာ ပုလု တို့ မိသားစု ပါ ဆိုင်းထိုးထားတယ်၊ သူတို့ခြေရာ တွေနဲ့။  (ဒီပုံက အဲကောင်တွေငယ်သေးတယ်၊ အခုတော့ကြီးနေပီ)

မွေးနေ့မှာ ၀က်ဝံရုပ်ကြီးကြီးးးး တစ်ကောင်ရတယ်။  ဟဲဟဲ။။  မျက်နှာကစူပုပ်ပုပ်နဲ့ ၀၀ဖိုင့်ဖိုင့်..
ခရီးဝေးကလာတဲ့ဝက်ဝံက ပင်ပန်းနေလောက်ပီ။ ၀က်ဝံက ဆွယ်တာ လေးနဲ့။  ညဖက်ဆို ဖက်အိပ်ရင်နွေးတယ်။ ဆိုဖာမှာ ထိုင်ရင်း သူ့ပုခုံးပေါ်လက်တင် tv ကြည့်လို့လဲကောင်းတယ်။
အိကျီချုပ်ဖို့လဲ စက်တစ်လုံးရတယ်၊ Singer  ကိုယ့်ကိုယ်ကိုယ်ချုပ်တတ်တယ်ထင်တာဘဲ၊ ချုပ်ကြည့် တော့ ချုပ်ရာတောင်မညီလို့ လောလောဆယ်ခဏရပ်ထားတယ်၊ ပိတ်စတော့ ၀ယ်ပီးသွားပီ။ ကတ်ကြေးမရှိသေးဘူး။  ဒီဇိုင်းတွေကတော့ ထွင်လိုက်တာစိတ်ကူးထဲမှာ လက်တွေ့ချပြတော့ တစ်ခုမှအရာမထင်လာသေးဘူး။
သူငယ်ချင်းတစ်ယောက်က အိကျီဒီဇိုင်းဆွဲရင်သုံးဖို့ ရောင်စုံ စုတ်တံလေးတွေလဲပေးတယ်။
ဖုန်းမှာချိတ်တဲ့ယုန်လေးတစ်ကောင်လဲ ညီမလေးပို့ပေးသေးတယ်။
နောက်နေ့ ကျွန်မစားပွဲနားရောက်တော့ လက်ခုပ်တီးရင် iloveyou..i love you..ကျလိ--ကျလိ အော်တဲ့ ဌက်ကလေးလဲ လက်ဆောင်ရသေးတယ်။



ပူပူ လေယဉ်မယ်ဝတ်စုံနဲ့ ထီးလေးတစ်ချောင်းလဲရသေးတယ်၊ အိကျီ (၃) ထည်၊ ရင်ထိုး (၄) ခု၊ ဖိနပ် ၃ရံ များကြီးဘဲ.. ဟီးးးး။
မွေးနေ့ ဘာချက်စားလဲပြန်စဉ်းစားတော့ ဘာမှမချက်ဘူး။ မောင်လေးရောက်လာတော့ သူဘဲ ဟင်းချက်ပါတယ်။  ကူးကူး စားပါတယ်။  သူက အိမ်မှာ တစ်ခါမှဟင်းချက်ဖူးတာမဟုတ်၊ ရောက်ရောက်ချင်း သူ့ကို တစ်ခါချက်ကြွေးလိုက်တာနဲ့ နောက်နေ့ကစ သူဘဲချက်ပါတော့တယ်။ အဲတော့လဲ အငြိမ်းစားရတာပေါ့လေ။
မွေးနေ့ဆုတောင်းပေးတဲ့သူငယ်ချင်းများအားလုံးကျေးဇူးတင်ပါသည်။...
အားလုံးကျမ်းမာချမ်းသာ လိုအင်ဆန္ဒပြည့်ဝကြပါစေ။ 

    7 Comments:

    ချော(အစိမ်းရောင်လွင်ပြင်) said...

    မွေးနေ့လက်ဆောင်လေးတွေက ချစ်စရာလေး
    တော်တော် ပျော်မယ်ထင်တယ်နော်ကူး
    ကိုယ့်ကိုအဲလို လက်ဆောင်ပေးတာ ဂရုစိုက်မဲ့သူရှိတာ သိပ်ကံကောင်းတာဘဲပေါ့။
    အားကျပါ၏။

    Anonymous said...

    ဝက်ဝံရုပ်ကြီး ပေးတဲ့ ပိုင်ရှင်ကိုပြောသေးဘူးနော် မှန်မှန်ပြော

    မွေးနေ့တရာ တိုင်ပါစေ ပျော်ရွှင်ပါစေဗျာ

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ဆောင်း said...

    ဟက်ပီးဘတ်ဒေး ကူကူးရေ

    ဆောင်း said...

    ဟက်ပီးဘတ်ဒေး ကူကူးရေ

    sosegado said...

    ပျော်ရွင်စရာမွေးနေ့ဖြစ်ပါစေ
    ဝက်ဝံအရုပ်လေးလှတယ်

    T T Sweet said...

    မွေးနေ့မှာ ပျော်ရွှင်ပါစေ ကူးကူးရေ။

    အဖြူရောင်နတ်သမီး said...

    Happy Birthday ..ပါ ကူးရေ..
    လာလာမန့်နေတာ ကြာပေါ့...
    မန့်လို့မရပဲ ပြုတ် ပြုတ်ကျနေလို့..း(
    အခုမှပဲ ရတော့တယ်...

    Post a Comment

    ကူးကူးရေ...

     
    Powered by Blogger