Skip to main content

Posts

Showing posts from June, 2011

ပဒဲကော ဒန့်သလွန်ဟင်းခါး

ခြံထဲမှာတူးဆွရင်းနဲ့ အမြစ်ဥလေးတွေ့တယ်။ ဥလေးတွေက စိုနေသေးတယ်..ပြီးတော့ဂျင်းနဲ့လဲခပ်ဆင်ဆင်မို့ ဂျင်းထင်ပြီးမြေထဲပြန်မြုပ်ထားတယ်... လွန်ခဲ့တဲ့ ၁ လလောက်ကပေါ့။ အခုတစ်လောမုန်တိုင်းခဏခဏ ၀င်တာကြောင့်မိုးတွေက တော်တော်သည်းတယ်။  အဲဒီညလေးတွေကအညှောင့်ပေါက်အပင်လေးတောင်  ကြီးလာပါရော။  ဈေးမရောက်ဖြစ်တာကြာတော့အိမ်မှာ ဂျင်းမရှိတော့တာနဲ့ အပင်တစ်ပင် ဆွဲနှုတ်လာခဲ့တယ် ဂျင်းထင်ပြီး ပဲချက်မလို့လုပ်တုံးအနံ့ကတစ်မျိုးလေးဖြစ်နေတာမို့..  အွန်လိုင်းမှာရှာရင်းနဲ့ ပဒဲကောပင်မှန်း သိ ရတယ်။ ဂျင်းမဖြစ်လဲဝမ်းသာတယ်။  ပဒဲကောဆိုတာ ဒီမှာဝယ်လို့ရတာမဟုတ်၊ပဒဲကောပင်စည်နုနုလေး    တွေ ငပိချက်လေးနဲ့တို့စားအရမ်းကောင်းတယ်။ အိမ်မှာဆိုရင်မာမီက ပဒဲကောပင်လေးတွေစိုက်ထားတယ်။ မောင်လေးက သိပ်ကြိုက်၊  ထမင်းစားရင် တို့ တို့ စားတတ်တယ်။  ကျွန်မလဲစားတယ်.. တစ်ခါတစ်လေပေါ့၊ မောင်လေးလိုတော့ ထမင်းစားတိုင်း ပဒဲကော မရှာ တတ်ဘူး။  ခြံထဲမှာလဲအပင်လေးတွေအများကြီးဆက်ထွက်လာတာမို့..  သေချာမြေဆွပြီးထားခဲ့တယ်။  တူးလာတဲံ  ပဒဲကောဥကိုတော့ ရခိုင်မုန့်တီချက်စားမယ်လို့ ညီမလေးဝမ်းကွဲကို ဖုန်းဆက်လှမ်းတိုင်ပင်ပြီးတော့ ဟင်းရည် ချက်တာဟုတ်ပါပြီး၊ မုန့်ဖတ်မှမရှိတာ... ဟုတ်လဲဟု

ငါးမွကြော်ချဉ်စိမ့်

ငါးကြော်လို့လိုတိုရှင်းပြောလို့ရပါတယ်နော်။ ဒါပေမယ့် စားကြည့်ရင်းနဲ့ အရသာကို ပုံဖော် ရင်းနဲ့ခေါင်းစဉ်ရှည်သွားတယ်ဆိုပါစို့။ ကြိုက်နှစ်သက်ရာငါးတစ်မျိုးမျိုးကို လတ်လတ်ဆတ်ဆတ်ဝယ်ပြီး fillet လွှာခိုင်း ဒါမှမဟုတ်လွှာပြီးသားကိုဝယ်ပါ။ ငါးအရိုးနဲ့ ခေါင်းကိုတော့ ချဉ်ရေဟင်းဖြစ်ဖြစ်၊ ဟင်းချို၊ဟင်းခါး ချက်သောက်ဖို့ဖယ်ထား လို့ရပါတယ်။ အိမ်မှာမာမီက ငါးခြောက်တွေဆိုရင် သေချာထုထောင်းပြီးပြန်ကြော်ပေးရင် မွပြီး ကျွပ် နေတာ၊ စားလို့အရမ်းကောင်းတယ်....  အဲဒါကနေအခြေခံတယ်ဆိုပါတော့.. ငါးအသားလွှာကို ထုဖို့ကြံလိုက်တိုင်း အသားဖတ်တွေစင်ထွက်ကုန်တယ်...  ဒီတစ်ခါတော့ ငါးအသားလွှာလေးကို ရေစင်စင်ဆေး၊ ရေစစ်ပြီး ရေခဲသေတ္တာ အောက်ဘက် မှာ Tupperware အဖုံးဖွင့်ပြီးတစ်ညသိပ်ထားလိုက်ပါတယ်။  နောက်နေ့ နေ့လည် လောက်ဆိုရင် ငါးအသားလွှာ အသားအခြမ်းက အပေါ်ယံလေး တွေမဆိုစလောက်ညိုပီး တင်းနေပါလိမ့်မယ်။ အခုလိုအခြေနေဆိုရင်တော့ စိတ်ကြိုက်ထုထောင်းပါလေ...  ငရုတ်ကျဉ်ပွေ့လေး နဲ့ ဖြစ်ဖြစ်၊ meat tenderizer tool နဲ့ ဖြစ်ဖြစ်..ထုပေးပါ၊ ဆားနဲနဲ၊ ငရုတ်ကောင်းနဲနဲဖြူးပါ၊ ငါးအရေခွံအပိုင်းကိုလဲ လှန်ပြီးထိန်းထုပေးပါ...  ငါးအသားတုံးက ပုံမပျက်ရှိနေမှာပါ၊ ဒါပေမယ့်အထဲကအ