ကျွန်မ နှင့် Hamster ပေါက်ကလေးများ

ကျွန်မ ဆေးရုံတက်နေတာရယ်.  ဆေးရုံဆင်းပီးနောက်ပိုင်း ကွန်ပြူတာကြည့်လို့ မရတာရယ်ကြောင့်ပေါက်ကရမတင်ဖြစ်တာကြာပီ။ တစ်နေ့တစ်နေ့အိမ်မှာ hamster လေးတွေကိုဘဲအဖော်လုပ်ပီးနေရတာနဲ့ သူတို့တွေအကြောင်းကို တော် တော်ကိုနားလည်နေပီ။  စစခြင်းတော့ အကောင်လေး နှစ်ကောင်ဘဲ ၀ယ်ထားတာပါ။  ပထမ ၈ ကောင်မွေးတယ်.. ကိုယ်ကလဲမလုပ်တတ်မကိုင်တတ်နဲ့ မဖတ်မတင်ဘူး။  နောက်တော့ ၆ ကောင်ထပ်မွေးတယ်... အဖတ်မတင်ဘူး။ နောက်ဆုံး ၄ ကောင်မွေးတော့ အဖေကိုခွဲထားလိုက်တယ်.. အမေကိုလဲ အစာအပြည့်ထည့်ထားပီး ချောင်ထဲ မှာထား လိုက်တယ် သွားလဲမကြည့်တော့ ဘူး။ သူက လူများကြည့်ရင်ဂနာမငြိမ်ဖြစ်ပီး သူ့ကလေး သူပြန်ကိုက်သတ်တတ်တာကို အရင်ကမသိခဲ့လို့ ကလေးတွေဆုံးရှုံးခဲ့ရလို့ အခုတော့ သိသွားပီ။  အထီးအနားမှာရှိရင် လဲ သူ့ဘာသူစိတ်လှုပ်ရှားပီး ကလေးတွေကို နို့ကောင်းကောင်း မတိုက်တဲ့အခါ ကလေးတွေက နို့မ၀ဘဲ ပိန်ခြောက်ပီးသေသွားပြန်တယ်... 
သူ့အိမ်လဲ သန့်ရှင်းရေးလုပ်လို့မရဘူး..အနံ့ပြောင်းတာနဲ့ သူ့ကလေးတွေအကုန် ကိုက်သတ်ပြန်တယ်...  ကလေးရှိတဲ့အတောတွင်းတော့ အနံ့အသက်တော်တော်ဆိုးတာ သီးခံရတယ်... ခဏခဏလဲသူ့ကိုသွားကြည့်လို့မရဘူး။  အစားနဲ့ရေကိုတော့ များများထည့်ထားပေးရတယ်.. အစားမ၀လဲ ကလေးကို ကိုက်စားတယ်။   သူ့စိတ်ထဲမှာ လှုပ်ရှားပီ ဆိုရင် ကလေးတွေကို တစ်နေရာပီးတစ်နေရာ ရွှေ့တော့တာ ဘဲ...  သူ့ကလေးတွေကို သူများသတ်မယ်လို့စိတ်ထင်ပီး သူများမသတ်ခင်သူကိုယ်တိုင်အရင်သတ်တဲ့ မိခင်မေတ္တာမျိုးကလဲ တစ်မျိုး...ဘဲ... 
ဒါပေမယ့် ၃ ပတ်လောက် မျက်လုံးလေးပွင့် အမွှေးလေးတွေပေါက်လာရင် အကောင်လေး တွေ စမ်းတစ်ဝါးဝါးလမ်းလျှောက်နေရင်တော့ ကိုင်လို့ ရပီ။  အိမ်လဲ သန့်ရှင်းရေးလုပ်ပေးလို့ရပါပီ။  သိပ်ချစ်ဖို့ကောင်းတယ်။

Hamster အဖေ kooky နဲ့ အမေ luvfy... လည်ပတ်အဖြူလေးနဲ့ က အမေ
ဗိုက်ကြီးသည်လေး Luvfy လပ်(f)ဖီ အိပ်ပျော်နေပုံ
မွေးပီးတစ်ရက် ပေါက်စနလေးများ
ဒုတိယရက် hamster ကလေးများ
ကလေးတို့ အဖေ kooky ကွတ်ကီ.... သိပ်သဘောကောင်းတယ်.. ၀၀ လုံးလုံးနဲ့... ဘယ်သူကိုင်ကိုင် မကိုက်ဘူး... 
၂ ပတ်အကြာ ကလေးများ

16 ရက်သားကလေးများ အမွေး









စပ်စုကောင်လေးတွေပဲသီးစားဖို့လာချောင်းနေတာ..

အိပ်ရင်သိပ်ချစ်ဖို့ကောင်းတာ... အသည်းယားတယ် တစ်ခါတစ်လေ လက်ကိုဆွဲနှိုးပစ်ချင်တာ...

spacer