Skip to main content

Posts

Showing posts from January, 2010

Cebu နောက်ဆုံးည

cebu မြို့ရဲ့ နောက်ဆုံးညနေခင်းမှာ Ayala Mall ကိုရောက်သွားခဲ့တယ်.... ပျော်စရာကောင်းတယ်ထင်တာဘဲ..များသောအားဖြင့် အဖြူတွေအမဲတွေများတယ်..အဲဒီမှာလဲ Fashion TV ကဖွင့်ထားတဲ့ ကျောင်းရှိတယ်လေ။  ဟိုကြည့်ဒီကြည့်နဲ့ ထိုင်ချင်တဲ့နေရာလေးတွေ့တော့ အဲဒီဆိုင်ကို ကြည့်လိုက်တော့ Yellow Cap Pizza တဲ့။ မကြိုက်ပေမယ့်လည်း အဲမှာထိုင်ချင်တော့ Pizza နှစ်စိတ်လောက် မှာ အအေးနဲ့ ထိုင်နေလိုက်တယ်.. ကျွန်မကို မလေးရှားက လားလို့မေးတယ်။  အဲဒါပြောမှ စင်ကာပူက နေ ပြန်အ ထွက်မှာ check in ကောင်တာက ကောင်မလေးက ကျွန်မ passport ကိုတွေ့တော့ သူက မျက်လုံးဝိုင်းပြပီး ကျွန်မ ကို မလေးမ ထင်လို့တဲ့... သူ့ဘေးကောင်တာက ကောင်မလေးကိုတောင် လှမ်းပြောပြနေသေးတယ်။ အာရှဘက်ကလူတွေက ရုပ်ခပ်ဆင်ဆင်ရယ်ပါ.. ဖားတွေတွေ့ရင် ဖားလို့ထင်၊ ထိုင်းသွားရင် ထိုင်းလို့ထင်၊ ဗီယမ်နမ်တွေက သူတို့လူမျိုးလို့ထင်၊ အင်ဒိုတွေကလဲ သူတို့ စကားနဲ့လာပြော၊ အန္ဒိယ တွေကလဲ ကုလား လို့ ထင်နဲ့.. အဖြစ်ကတော့စိုးတယ်.. မြန်မာ လူမျိုးတော့ ဟုတ်တယ်..ဘယ်လူမျိုးနွယ်စုကလဲဆို ပါးစပ်က တန့် သွားရော... အကောင်ထည်ပြစရာ လူမျိုးနွယ်စုလဲမရှိ...နှစ်မျိုးသုံးမျိုးရောပြလဲ မပီး... ဒါကြောင့် ကျောင်းတုန်း ကဆရာတစ်ေ

Gay လိပ်ပြာနှင့် Cebu Plantation Bay

ချောကလက်တောင်ကုန်းတွေသွားကြည့်လို့ဝ ပီဆိုတော့ တောင်ပေါ်ကနေပြန်ဆင်းလာပါတယ်။ ကားပေါ်မှာ အဆင်းဆိုတော့ရှုခင်းလေးတွေလဲအရမ်းလှတယ်.... နောက်တစ်နေရာရောက်တာကတော့ လိပ်ပြာစခန်းပါ။  လိပ်ပြာမျိုးစိတ်တွေကို ခွဲခြားပြထားတဲ့နေရာပါ.... ရှင်းပြတဲ့အကိုကြီးကတော့ အသေးစိတ်ရှင်းပြနေတာပါ၊ ကျွန်မတော့ သိပ်လဲစိတ်မ၀င်စားတာကြောင့်နားမထောင်မိဘူး၊ ရေခဲရေသောက်ချင်လို့ အသဲသန်လိုက်ရှာ နေတာ.. ဒါတွေကတော့ လိပ်ပြာအထီးလဲမဟုတ်၊ အမလဲမဟုတ်တဲ့ လိပ်ပြာအခြောက် gay butterfly တွေပါ ဆိုမှ omg ဆိုပီးလှည့်ကြည့်မိတယ်... သေချာတောင်မရိုက်ခဲ့ရဘူး...ထူးခြားတာတော့ အဲလိုလိပ်ပြာတွေက အတောင်နှစ်ဖက် ကိုယ်လုံးမညီဘူး..အတောင်အောက်ဖက်ပိုင်းတစ်ခုကသေးနေတာတို့... ကိုယ်လုံး ဖင်လေးနားမှာရှုံ့နေတာတို့...အဲဒါ Gay butterfly တဲ့... သူတို့က အထီးနဲ့တွေ့...အဲလေ...မပြောတော့ပါဘူး။ ဒီနေရာမှာ အခြောက်တွေပေါတာများ... လိပ်ပြာတောင်အလွတ်မပေးပါလားလို့ ပြောမိသေးတယ်။ ဒီအောက်မှာကြည့်... အဲဒါ တွေဘဲ.. ကျန်တဲ့ပုံတွေကတော့ ခြံထဲလိုက်ရိုက်ထားတာဘဲ....  battery ကုန်ခါနီးမို့ ပုံသိပ်မရိုက်ဖြစ်တော့ဘူး။ အဲဒီနေ့ကတော့အရမ်းလဲပင်ပန်းနေတော့ အပြန် ကမ်းနားဆိပ်ရောက်... SUPERCAT ဖယ်ရီပြ