Skip to main content

Cebu သို့အပန်းဖြေခရီးစဉ် (၁)

ကျွန်မပြန်ရောက်ပီးညမှာဘဲ..ပစ္စည်းတွေထုတ်သင့်တာထုတ်...အများကြီးလျှော့ချလိုက်ပီး နောက်ခရီးစဉ်တစ်ခု အတွက် ပြင်ဆင်ရပါတယ်။ ဒီတစ်ခါခရီးထွက်တဲ့အကြောင်းကတော့ အပန်းဖြေခရီး မို့လို့ သေသေချာချာကို စာရေးမယ်လို့စဉ်းစားထားတာပါ။ ပြန်ရောက်တာတစ်ပတ်အတွက် နေမကောင်းဖြစ်တာရော အလုပ်တွေပိ နေတာနဲ့ ခရီးသွားဖြစ်တဲ့အကြောင်းလေးအခုမှရေးရတော့တယ်..
ဒီတစ်နှစ်အပန်းဖြေခရီးထွက်မယ့်နေရာက နဲနဲဝေးတယ်..အရင်တုန်းကဆိုရင် အနီးနား မြို့ထဲက resort တစ်နေ ရာရာမှာလုပ်လေ့ရှိပေမယ့်ဒီတစ်ခါသွားမယ့်နေရာကိုတော့ ၂၀၀၉ စက်တင်ဘာလောက်ကတည်းက လေယဉ် လက်မှတ်ကြိုဝယ်ထားတာပါ။ ရုံးကလူတွေအပြင်သူတို့မိသားစုတွေပါပါတော့ မနဲဘူးလေ။  လေယဉ် တစ်စီးလုံးနီးပါးပါဘဲ။
နောက်တစ်နေ့ မနက် ၃ နာရီထ..အိပ်ချင်မူးတူးနဲ့ လာကြိုတဲ့ bus ကားစီကို luggage ဆွဲပီးထွက်သွားလိုက် တယ်။ ထိုင်မယ့် နေရာတွေနဲ့ လေယဉ်အချိန်တွေ အားလုံး အသေးစိတ် email နဲ့ရထားပီးသားမို့ လိုအပ်တဲ့ ပတ်စပို့နဲ့ ဒီနိုင်ငံမှာ နေထိုင်ခွင့် အ၀ါနီကဒ်အဆင်သင့်ဘဲပြင်ထားလိုက်တယ်.. ကားအကြီးကြီး (၃) စီး အဆင်သင့် စောင့်နေတယ်.. ကျွန်မက bus1... အပေါ်တက်တော့ ရုံးကသူငယ်ချင်းတွေဝိုင်းနှုတ်ဆက်... လာဖက်ကြ နမ်းကြ နဲ့ မျက်လုံးတောင်နဲနဲပြူးသွားတယ်... လက်မှတ်ရပီလားတဲ့ တစ်ယောက်က လှမ်းမေးတယ်။ ကျွန်မက ဘာလက်မှတ်လဲဆိုတော့... သွားယူ၊သွားယူ.. နင့် post box ထဲမှာဖြစ်လိမ့်မယ်တဲ့။ ပြန်ရောက်တာနောက်ကျတော့ ရုံးသွားပီး စာတွေလဲသွားမစစ်မိဘူး...ဒါနဲ့ရုံးကိုပြေးပီး လက်မှတ်စာအိတ်လေး သွားယူဖြစ်တယ်...ဖွင့်မကြည့်တော့ဘူး..ဘာလို့လဲဆိုတော့ လက်မှတ်တစ်စောင်မှာ လူ ၆ ယောက်လောက် နာမည်ပါနေတော့ ကိုယ့်အဖွဲ့ထဲကနာမည်ဘဲမှတ်ထားလိုက်တယ်။ bus ပေါ်မှာ အေးလဲအေး...မနက်အချိန် ဒီမှာလဲ အေးနေတာနဲ့ အိပ်ပျော်သွားလိုက်သေးတယ်.. ၂ နာရီလောက်ကြာတော့ လေယဉ်ကွင်းကိုပြန်ရောက် လာပါတယ်.. ဒီတစ်ခါတော့ အ၀တ်စားနဲနဲဘဲဆိုတော့ သယ်ရတာတော်တော် ပေါ့တယ်.. check in လုပ်ဖို့လဲ အားလုံးအိတ်တွေပေါင်း တစ်ခါတည်းလုပ်တာဆိုတော့ စောင့်နေစရာကို မလို ဘူး။ အဆင်ကိုပြေနေတာ... ယောင်တောင်တောင် အိပ်ချင်မူးတူးနဲ့ ဟိုနားရပ်လိုက်...ဒီနားရပ်လိုက်.. လူမျိုး ပေါင်းစုံပါတဲ့ကျွန်မတို့အဖွဲ့ကြီးကို လူတွေက ၀ိုင်းကြည့်နေကြလေရဲ့.... တာဝန်ယူထားတဲ့ခရီးသွား လုပ်ငန်း ကအမျိုးသမီးက ဘာမှပြစရာမလိုဘူးပြောတော့ check in counter မှာသွားတန်းစီမနေတော့ဘူး...နောက်မှ အ၀ါနီကတ် ကိုင်ထားတဲ့ နိုင်ငံခြားသားတွေအကုန် လူကိုယ်တိုင်လာပြမှရမယ်တဲ့... ဆိုတော့လဲ သွားတန်း စီရပြန်ရော.... ထိုင်ဖို့ နေရာ ရတာနဲ့ airport tax ကောင်တာမှာထပ်တန်းစီ..ပေးစရာမလိုဘူးလေ..ရုံးကပေး တာဆိုတော့ တာဝန်ကျတဲ့တစ်ယောက်က ကောင်တာနားရပ်နေပီး ဖြတ်ပိုင်းတစ်ခုဖြတ်တိုင်း သူက ပိုက်ဆံ ထုတ်ပေးတယ်... အထဲဝင်ပီး boarding လုပ်ဖို့စောင့်နေလိုက်တယ်..ကျွန်မက ပထမ ထွက်တဲ့ လေယဉ်နဲ့။  အိမ်မှာတုန်းက မာမီက စိတ်ပူပီး... မီးတောင်ပေါက်တော့မယ့်နေရာ...ဘာလို့များအပန်းဖြေခရီးထွက်ဖို့ ရွေးသလဲဆိုပီး ရွတ်နေသေးတယ်... ကျွန်မက စိတ်မပူပါနဲ့..သေတော့လဲတစ်ပြုံကြီး..တစ်ယောက်တည်းမှ မဟုတ်တာလို့ နောက်နေသေးတယ်... အမှန်က မီးတောင်ပေါက်လုဆဲဆဲဖြစ်နေတဲ့ ကျွန်းနဲ့ နီးပေမယ့် ကျွန်မတို့ခရီးထွက်တဲ့အချိန်က အားလုံးပြန်အေးဆေးနေပီးလို့ လူတွေတောင်ပြန်ရွှေ့နေထိုင်နေကြပီတဲ့...ကဲ...လေယဉ်ပေါ်ရောက်တော့ ဘီးလှိမ့်သံနဲ့အတူ...ပြန်ပီး မှေးကနဲ့အိပ်ပျော်သွားပြန်ပါတယ်....  Welcome to Cebu, Philippines  ဆိုတဲ့အသံကြားမှ နိုးလာပါတော့တယ်....
ကျွန်မတို့အဖွဲ့အပြင်အခြားခရီးသွားတွေလဲ များသောအားဖြင့် အနောက်နိုင်ငံကသူတွေ ဂျပန်နဲ့ ကိုးရီးယား တွေများပါတယ်။ လေယဉ်တစ်စီးတည်းမှာ ပါလဲတဲ့ ဖိလိပိုင်နိုင်ငံက မင်းသမီးနဲ့မင်းသား ဆိုသူ နဲ့ luggage တွေ ရွေးတဲ့နေရာမှာ ရုံးမှာအလုပ်လုပ်နေတဲ့ ဖားတစ်ချို့ ၀မ်းသာအားရဓာတ်ပုံဝိုင်းရိုက်နေကြသေးတယ်။ ရုံးက director တစ်ယောက်ကမေးတယ်..ဘာလို့ အသဲသန်ရိုက်နေကြတာတုန်းတဲ့...ကျွန်မလဲ မသိဘူးလေ.. ကျွန်မ နိုင်ငံက မင်းသမီးမဟုတ်တော့ ကျွန်မအတွက်တော့ သာမန်လူတွေလို့မြင်တာဘဲလို့.... လို့...

ဒါကတော့ သတိရတာနဲ့လှမ်းရိုက်လိုက်တာဘဲ... မြို့အ၀င်တံတားပေါ်ကနေပါ။ စီဗူး မြို့ကိုလှမ်းမြင်နေရပါပီ.. အဲအချိန်မှာ bus ကားကြီးပေါ်ပြန်ရောက်နေပြန်ပါတယ်။ 


ဒီ poster ကိုကြည့် နှုတ်ခမ်းမွှေးစစနဲ့ ငါးခူလိုပုံနဲ့ဟာလေ...နာမည်ကြီးလက်ဝှေ့သမား pacquaio တဲ့။
မြန်မာလိုအသံထွက်ကတော့ (ပတ်ကရောင်း)... ဟီဟီးးး


ဒါကတော့ မီးပွိုင့်မိနေတဲ့လမ်းတစ်နေရာ...အဲလိုအစိမ်းရောင်ကားလေးတွေအများကြီးရှိတယ်.. public ride အဖြစ်သုံးတယ်ထင်တာဘဲ...


နောက်ဆုံးမှာတော့ တည်းမယ့်ဟော်တယ်နားကိုရောက်ပါပီ။ အရင်ဆုံး ညနေရောက်တောမှာမို့ ထမင်းအရင် စားရပါတယ်။ catering service တစ်ခုကိုဌားထားတယ်ထင်ပါတယ်..ထမင်းစားမယ့် နေရာက ဟော်တယ်နဲ့ကပ်ရပ်မှာဘဲ...ထုံးစံအတိုင်းသတ်သတ်လွတ်..း)
ပိန္နဲသီးအစိမ်းကို အုန်းနို့နဲ့ချက်ထားတာရယ်..ပဲနဲ့ အသားတုတွေရယ်..ဟင်းချိုကတော့ မုန်ညှင်းရယ်.. ကန်စွန်းဥရယ်နဲ့ ဘာတွေမှန်းမသိပါ...အဲဒါတွေ...စားလို့တော့ကောင်းပါတယ်.. ဗိုက်လဲဆာနေတာ။



စားပီးတာနဲ့ ပင်ပန်းတာရော...ခရီးစဉ်တွေဆက်နေတာရယ်ကြောင့် ဟော်တယ်ခန်းပြန်ပီး ငြိမ်ငြိမ်လေးအိပ် မနေပါဘူး..အွန်လိုင်းတက်ပီး ဟိုဖတ်ဒီဖတ်၊ ဟို chat ဒီ chat လုပ်ပါသေးတယ်.. FT ကိုလဲ ရေလောင်းရ သေးတယ်လေ...   ဒီနေ့တော့ဒီလောက်ဘဲ...နောက်နေ့မှ ဆက်ရေးတော့မယ်... အစီစဉ်အရတော့ နာမည်ကြီးနေရာတွေ tour bus နဲ့လိုက်ပြမှာဖြစ်တယ်.. ပထမဆုံးမနက်ဖြန်အတွက်ကတော့ တရုတ် ဘုန်းကြီး ကျောင်းပါတဲ့......









Comments

  1. ရောက်ဖူးချင်လိုက်တာ။
    အခု ကူးကူးဘလော့ဂ်ကနေတဆင့် ရောက်ဖူးသွားတာပေါ့။ ထပ်ပြီး တင်ပေးဦးနော်
    ပုံတွေနဲ့ရောပေါ့
    ချစ်တဲ့ မမလု

    ReplyDelete

Post a Comment

ကူးကူးရေ...

Popular posts from this blog

Food Review: ပုရစ်ကြော်

ပုရစ်ကြော်ကြိုက်တဲ့မောင်လေးကိုကို မမ ညီမများအတ ွက်ပါ။ မနှစ်က ရွှေနှင်းဆီညီမလေးဆီက တစ်ခါမှာဖူးတယ်။ ပို့ရတာဝေးတဲ့အတ ွက် ကိုယ့်ဆီရောက်လာတော့ မှိုတေ ွတက်ပြီးစားမရတော့ ၂ သိန်းခ ွဲရှုံးတာဘဲ။ ဒီနှစ်ပရစ်ပေါ်ချိန်ရောက်တော့ သေချာထုပ်ပိုးပြီးပြန်ပို့မယ် ပြောလို့ ယူအကစ် က နေတဆင့် က နေဒါကို လှမ်းပို့တာ နောက်ထပ် ဒေါ်လာ ၅၀ ထပ်ပေးပြီး ချောချောမောမောရောက်လာတယ်။ တန်သလားလို့ မေးရင် မတန်ပါဘူး၊ အရသာရှိလားမေးရင် ရှိပါတယ်။ အစားမက်တဲ့ ကျွန်မအတ ွက်တော့ အလ ွမ်းပြေပုရစ်ကြော်လေးပါ။ အထုပ် ၅ ထုပ်ကို ၃ သိန်းနီးပါးပေးထားရလို့ မျက်စိမှတ်စားပေမယ့်  အ ကောင်တော်တော်များများကို  အ တောင်ပံမဖြုတ်ဘဲကြော်ထားတာ၊  အ တောင်တေ ွမှာ သဲတေ ွရွှံ့တေ ွကပ်နေတာတေ ွ့ရတယ်။ နောင်ဆိုရင်တော့ ပိုပြီး သန့်ရှင်းအောင်လုပ်ပေးမယ်လို့ မျော်လင့်တာပါဘဲ။ ပို့ပေးတဲ့ညီမလေးက တော့ ကြိုးစားပမ်းစားနဲ့ စေတနာထားလုပ်ပေးတာကိုတော့ ကျေနပ်မိတယ်။  ပုရစ်ကြော်အချိ ုထုပ်ကို  သဲမပါအောင်တစ်ကောင်ချင်းထိုင်ရေ ွး ရုံးကိုယူသွားပြီး လုပ်ဖော်ကိုင်ဖက်တေ ွကိုကျွေးတော့ အားလုံးသ ဘောကျ ကြတယ်။ ကြောက်လဲကြောက်တယ် စမ်းလဲစားကြည့်ကြတယ်။ ဒီမှာလဲ ပုရစ်ပေါင်ဒါမှုန့် ကို အားဖြည့်မှုန့်အစားထည

ငါးချဉ် လုပ်ရအောင်

ငါးချဉ်စားချင်တာကြာပါပြီ။ ကိုယ်တိုင်လုပ်ဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်း စားချင်တဲ့စိတ်ကိုမေ့မေ့လျော့လျော့ ထားထားတာ၊ အရင်အပတ်က ကျောင်းတက်နေတဲ့ မြန်မာ မိသားစုအိမ်သွားလည်ရင်းနဲ့ သူငါးချဉ်စမ်းလုပ်ထားတဲ့အကြောင်း၊ အောင်မြင်တဲ့အကြောင်း၊ အဲဒီနေ့က ငါးချဉ်ဗူးကိုဖွင့် သူကိုယ်တိုင်ကြော်ပေးပါတယ်။ ငါးချဉ်ဗူးကိုချောင်းကြည့်တော့ ထမင်းလုံးမာမာလေး တွေတွေ့တယ်..အဲဒီမာတဲ့ထမင်းက မကျက်သေးတဲ့ထမင်းနဲ့တူတယ်။ သူက နောက်မှအေးဆေး လုပ်နည်းပြောပြမယ်ဆိုပြီးအဲဒီနေ့ အခြားအကြောင်းတွေဆီ စကားဆက်ရောက်သွားတာနဲ့ ကျွန်မပြန်လာတဲ့အထိ သူပြောဖို့မေ့သွားတယ်။ မျက်စေ့ထဲမှာ အဲဒီငါးချဉ်ဘဲစွဲနေတာကြောင့် ငါးသွားဝယ်ပီး လိုချင်တဲ့အတုံးအနေခုတ်ခိုင်း တယ်။ ဒီငါးက ငါးသလောက်လိုဘဲ..မြန်မာလိုဘယ်လိုခေါ်လဲမသိ၊ အရိုးသေးသေးမွှားမွှားတွေ အရမ်းများတယ်။ ဒါကတော့ ကျွန်မလုပ်တဲ့နည်းလေးပါ.. ငါးကိုအကြေးခွံကျန်တာလေးတွေနဲ့ ဗိုက်ထဲက ဟာလေးတွေကိုသေချာဆေး။ ပြီးရင်တော့ ဆားကြမ်းနဲ့ နယ်ပီး ၃ နာရီလောက်နှပ်ထားပါတယ်။ ငါးဆားနယ်ထားတဲ့အချိန် ထမင်းကိုစချက်ပါတယ်၊ ထမင်းအိုးမီးမပြောင်းခင် ဆန်မကျက်ခင် လေးမှာ ထမင်းလိုသလောက်ခပ်ထုပ်ပါတယ်။ ထမင်းကို ဆားကြမ်းနဲ

ပုဇွန်ချဉ် (Pickled Shrimps)

ကျွန်မအန်တီလေးတစ်ယောက်ကမြောင်းမြတစ်ဖက်ကမ်း ကွယ်လွမ် မှာနေပါတယ်။နွေကျောင်းပိတ်ရက်တွေ မှာရန်ကုန်ပုသိမ်သင်္ဘောကြီးစီးပီးမြောင်းမြကိုသွားလည်တိုင်းသင်္ဘောဆိုက်ဆိမ်းကမ်းနားရောက်တစ်ဖက် ကမ်းလှမ်းကြည့်လိုက်ရင်အန်တီ့အိမ်ကိုတန်းမြင်ရပါတယ်။ဖုန်းဆက်အကြောင်းကြားထားတော့သူတို့ကလဲ လက်လှမ်းပီး လက်ပြ၊ ကျွန်မတို့မောင်နှမတွေကလဲသင်္ဘောပေါ်ကနေခုန်ဆွခုန်ဆွလက်ပြပီးအရမ်းကို ပျော်ခဲ့ ရပါတယ်။ အထုပ်ပိုးတွေသယ်ပီး ကွယ်လယ်ဘက်ကို ကူးမယ့် ကူးတို့ပေါ် တက်၊ ဗေဒါအဆုပ်လိုက် ကျုပင် မြစ်ပြုတ်ပီး ပေါလောပေါ်နေတာတွေကြားထဲက ကူးတို့လက်တံနှစ်ချောင်း လက်နဲ့လှည့်လှော်ရတဲ့ လှေလေးပေါ်ကနေ တစ်ဖက်ကမ်းကိုကူးကြ ပါတယ်။ အန်တီ့အိမ်ရောက်တာနဲ့ ပူနွေးနွေး ပေါ်ဆန်းမွှေးရယ် ပုဇွန်ချဉ်သုတ်လေးရယ် စားရတဲ့အရသာ ကိုတော့တစ်သက်မမေ့နိုင်ပါဘူး။ ကျွန်မပြောခဲ့ဖူးသလိုနှစ်သက်လှတဲ့အစားသောက်တိုင်းဟာအမှတ်ရစရာအဖြစ်ပျက်တွေကနေအခြေခံလာပါတယ်။ နှစ်ပေါင်းများစွာ ပုဇွန်ချဉ် စားတိုင်း အန်တီလေးကို မြင်ယောင်မိသလို သတိရလွမ်းဆွတ်မိတယ်။ တစ်ဆက်တည်းမှာဘဲ အန်တီလေးလို အဖြစ်မျိုး ဘယ်အိမ်ထောင်သည်အမျိုးသမီးမဆို မကြုံရပါစေ နဲ့လို့လည်းဆိုတောင်းမိပါတယ်။ ကျွန်မကနေဒါရောက်ပီးနောက်ပိုင်းမှ