Skip to main content

Posts

Showing posts from May, 2009

ရာဘာကုန်းကမှို (အမှတ်တရ)

ကျောင်းတုန်းကမိန်းကလေးအဆောင်အနောက်ဖက်ဂုန်နီစက်ရုံသွားတဲ့အခြမ်းမှာတောင်ကုန်းကြီးတစ်ခုရှိတယ်။အဲဒီကုန်းကြီးက ကျောင်းအပိုင်၊ဟင်းသီးဟင်းရွက်တွေအရှေ့တောင်တိုင်းကကရင်မလေးတွေနဲ့ရခိုင်ဖက်ကသူတွေကအဲဒီကုန်မှာသွားပြီးခူးကြ တယ်။အရင်ကမျောက်တွေလဲရှိတယ်၊တောကြောင်တွေနဲ့တောတရိစ္ဆာန်လေးတွေရှိတယ်။နောက်ပိုင်းမှာတော့ရာဘာplantation projectစတော့ရာဘာကုန်းဖြစ်လာတယ်။ကျောင်းသူကျောင်းသားတွေအကုန်အလုပ်လုပ်ရတယ်။သူ့နေရာနဲ့သူပေါ့၊ တစ်ချို့ကတော့ကျောင်းခန်း၊စတိုးဆိုင်၊ကျောင်းဆေးခန်း၊လယ်ခင်း၊ပန်းခင်း၊ရာဘာကုန်း၊လက်သမားစသည်ဖြင့်ခွဲပြီးလုပ်ကြရ တယ်။ရာဘာကုန်းမှာလုပ်တဲ့သူအများစုတော့ပင်ပန်းတယ်။ရာဘာစစိုက်ခါစဆိုတော့ကျွမ်းကျင်တဲ့သူတွေဌားပြီးပလတ်စတစ်ကာ မိုးကာအိမ်အောက်မှာပျိုးပင်လေးတွေကိုစနစ်တကျထားရတယ်။တော်တော်ဂရုစိုက်ရတယ်။ပျိုးပင်ထည့်တဲ့အိတ်လေးတွေကအစ မြေကြီး၊မြေသြဇာအချိုးညီညီနဲ့ရာဘာပင်ပေါက်လေးတွေကိုဂရုတစိုက်စိုက်ရတယ်။ပြီးမှအကွာအဝေးညီညီအကွက်ချထားတဲ့မြေ နေရာမှာတစ်ပင်စီစီတန်းစိုက်ရတယ်။ရေအတွက်ကတော့ရေတွင်းတူးရပါတယ်။ရေတွင်းကအနက်ကြီးတူးရတယ်။ကျယ်လဲကျယ် တယ်။အဲဒီရေတွင်းကြီးမှာလဲဖြစ်ပေါ်လာပုံရာဇ၀င်လေးရှိသေးတယ်။ ကျောင်းမှာregisterစလုပ်တဲ့အချိန်မှာ

တန်ဖိုးမဲ့မျက်ရည်ဟုခေါ်သည်

နှိုးစက်အသံအောက်မှာ ဦးနှောက်ကအလုပ်စလုပ် စိတ်ကနိုးထဖို့သင့်ပီ ခေါင်းထဲကနေ့တဓူဝ အရေးတွေးကာစီစက် တွက်ချက်တဲ့ခဏ အသက်ရှင်နေရခြင်းကို ရွေးချယ်ခွင့်မရှိပေမယ့် သမရိုးကျဘ၀မှာလည်ပတ်ရင်း မဆုံးနိုင်သေးတဲ့ခရီးဆက်လျှောက်ရမှာမို့.. ကိုယ့်ခေါင်းကိုယ်မတ်၊ အစနရှာမရတဲ့အကြောင်းတစ်ခုကိုတွေးပြီးပြုံး.. ဒီလိုနဲ့နေ့တစ်နေ့ကိုအစပြုရပြန်ပီ…. ခေါင်းသေးသေးလေးနဲ့ပင်လယ်ကူးတတ်တယ် တဲ့ ပုဇွန်ဆိတ်လေးကို တွေးမိရုံရီချင်မိပေမယ့် ပုဇွန်ဆိတ်လောက်တောင်မတွေးခေါ်နိုင်တဲ့ခေါင်းကြီးကြီးတစ်ခု ငါ့ခေါင်းပေါ်ဘာလို့များလေးလေးပင်ပင်တင်ထားမိပါလိမ့်။ အချစ်ကြီးသူတွေအရူးမူးချစ်သူတွေ ကိုသနားစာနာမိခဲ့ဖူးပေမယ့်.. အဖာတစ်ရာနဲ့ အဆင့်ဆင့်ထိုးနှက်ခံထားရတဲ့ ငါ့ရင်ထဲငါဘာကြောင့်ဝင်မကြည့်မိပါလိမ့်။ စင်ပေါ်ကဇတ်ရုပ်၊ သူ့ခွင်နဲ့သူ ကကြိုးတွေဆင်.. သူ့ဇတ်သူမျော သူပျော်ပျော်၊ သူမော်မော်… ပွဲကြည့်ပရိတ်သတ်တစ်ရောက်လို အညှို့ခံဘ၀နဲ့ ထိုင်ငေးနေရုံကလွဲ ကိုယ်ဘယ်ရောက်မှန်းမသိ.. စည်းဝိုင်းအပြင်ဘက်က ရွှေစွန်ညိုလိုဝဲနေရတဲ့ဘ၀ ငါခါးသီးလိုက်ချင်တယ်။ မီးတောင်ပေါ်ကခုန်ချလာတဲ့ ပူစပ်စပ်စကားလုံးတွေနဲ့ အခါခါလောင်းချခံထားရတဲ့ ငါ နလန်မထူနိုင်အောင်

ခေါင်းအုံးပေါ်ရောက် Rap စာသားများ

အခုတစ်လောအွန်လိုင်းကရတဲ့ရေဒီယိုလေးတွေနဲ့တော်တော့ကိုဟန်ကျနေတာပါ။သိမ်းထားတဲ့သီချင်းတွေလဲနားထောင်ရတာ အလွတ်ရနေပီ။ရေဒီယိုလေးထဲကသီချင်းလေးတွေကမြန်မာသီချင်းတွေများတာရယ်၊တစ်ပုဒ်ပြီးရင်ဘာသီချင်းများလာမလဲစိတ် ၀င်စားနေတာရယ်နဲ့ရုံးကပြန်ရောက်ရင်FarmTownမှာအလုပ်ရှုပ်ပြီးသီချင်းလေးနားထောင်နဲ့အဆင်ကိုပြေနေတာပါဘဲ။ Rapသီချင်းလေးတွေကိုကျွန်မကြိုက်တတ်သလိုFeaturingလေးတွေနဲ့ဆိုထားတဲ့သီချင်းလေးတွေဆိုအရမ်းသဘောကျတာ။ အွန်လိုင်းမှာသာနေပြီးမမွှေနှောက်တတ်ပြန်တော့ဘာမှမသိဘူး၊ပိန်းတယ်ပြောလဲပြောချင်စရာပါ။ရေဒီယိုဝဘ်ဆိုက်(၂)ခုရ ထားတယ်။MYMCနဲ့APYTZတစ်ဖက်တစ်ဖက်ပြောင်းနားထောင်ရင်းနဲ့ဒီနေ့ညနေတော့သီချင်းတစ်ပုဒ်နားထောင်မိတော့ ဘုတ်ဒေါ၊သမီးရည်းစားချိန်းတွေ့တာထက်လွန်ကဲတဲ့အဆင့်ကိုကောင်မလေးတစ်ယောက်နဲ့တွဲဆိုထားတာ၊စာသားသတိ မထားမိချိန်တော့ခေါင်းတစ်ညိမ့်ညိမ့်နဲ့မိနေတာ၊နောက်မှတော့တို့မြန်မာrapperတွေခေတ်မှီလှချည်လားပြောရမလား၊မသင့် တော်ဘူးပြောရမလား၊ လူငယ်လေး တွေဆိုထားတဲ့သီချင်းတစ်ပုဒ်ပါ။ ဆင်ဆာ မိ/မမိတော့မသိဘူး။ ဘာမှတော့ဝေဖန်ပိုင်ခွင့်မရှိပေမယ့်စိတ်ထဲမှာတော့ထော်လော်ကန့်လန့်ကြီးကိုဖြစ်နေတာ။သတိထားမိတဲ့အချိန်မှာအဲလိုမျိုး သီချင်းတွေတစ်ပုဒ်မကဘဲေ

အိမ်မှအကောင်လေးများ

အိမ်မှာခွေး (၄)ကောင်ရှိတယ်။ ပုလု၊ ပုလုသမီး ရှမီလာ နဲ့ မီးကီ၊ အထီးလေးက ယုန်ယုန်၊ ပုလုနဲ့ ရှမီလာကဗိုက် ကြီးတော့ ကလေးလေးတွေထပ်မွေးတယ်။ ကြောင်ကတော့ ကြီးမှမွေးတာ၊ ညီမလေးက မိဘမဲ့လေး ဆွေမျိုးလဲ မရှိဘူးတစ်ကောင်တည်းလျှောက်သွားနေတာသနားပါတယ်ဆိုပြီးအိမ်ထဲခေါ်မွေးထားတာ။ မိဘမဲ့မို့တော်တော့ တယ် ကြောင်က အရပ်လဲရှည်၊ ၀လဲဝ။။။ ပုံကိုသာကြည့်တော့။ ခွေးလေးတွေက အခုဆို ရင် ၁၀ကောင်ရှိပီ။

တောင်ပေါ်ချင်းပဲပုပ်

မြစ်ဝကျွန်းပေါ်ကနေ တောင်ပေါ်တစ်ခါတက်ပါအုံးမယ်။ မန္တလေးကနေစစ်ကိုင်း၊ စစ်ကိုင်းကနေ ကလေးဝ၊ အဲဒီက နေတဆင့်ကလေးမြို့၊ မဟူရာတောနက်ကြီးကိုဖြတ် ဖလန်း၊ ဟားခါး ရောက်ခဲ့တုန်းက အကြောင်းလေး တွေကိုပြော ပြချင်လို့ပါ။ ကျွန်မအဖွားကဟားခါးချင်းဆိုတော့ ဟားခါးမြို့ရောက်တဲ့ အခါတစ်မြို့လုံးနီးပါးအမျိုး တွေ ချည်းပါဘဲ။ ခရီးသွားခဲ့တုန်းကအတွေ့ကြုံကတော့ သည်းထိတ်ရင်ဖိုစရာကောင်းလှတာမို့ ပြန်လာပီးနောက်ပိုင်းတစ်ခါမှာတွေး မကြည့်မိပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့အပတ်က ဒီမှာကျောင်းလာတက်တဲ့ မီဇို မိသားစုတစ်စုရောက်လာတော့ တောင် ပေါ်က ပဲပုပ်ခြောက်လေးတွေနဲ့ ငရုတ်သီး ခြောက်တွေ လက်ဆောင် လာပေးလို့ တောင်ပေါ်ဒေသ ကိုတစ်ခါပြန်သ တိရမိပါတော့တယ်။ တောင်ပေါ်မှာ အမဲသားဆို အတုံးအတစ် လိုက်ပြုပ်၊ ဆားနဲ့ငရုတ်သီးနဲ့ တို့စားကြတယ်။ ပြောင်း ဖူးပြုတ်ကတော့ကျွန်အနှစ်သက် ဆုံးအစားစာ ဘဲ၊ပြောင်းဖူးအခြောက်ထွေကိုခြွေအခွံ ကွာအောင်ထောင်း ထားပြီး လှောင်ထားလေးရှိတယ်။ အဲဒါကိုပြုပ်၊ ဆားနဲ့ငရုတ်သီးစိမ်းနဲ့ထောင်း ပြောင်းဖူးပြုပ်ရည်နဲ့ အတူတွဲစား၊ တစ်ချို့ ကဂျင်းစိမ်းကိုအပြားလေှးီးပြီးတို့စား တတ်သေးတယ်။ ပြောင်းဖူးပြုပ်ရည်ထဲကိုကျက်ခါနီးမှာ ပဲရွက်၊ ဖရုံရွက် ၊ ဟင်းနုနွယ်စသည်ဖြင်

Gtalk မှ Feeling များ

သူများတကာတွေတော့မသိဘူး။ ကူးကူးတော့ ဂျီတော့ခ်ကတိုင်တယ်လေးတွေကိုတစ်ကူးတစ်ကဖတ်လေ့ရှိ တယ်။ အဲဒီစာတန်းလေးတွေက ကိုယ်စကားပြောချင်တဲ့အခါသူတို့အား၊ မအား၊ အိပ်ပျော်နေသလား၊ အပြင် ထွက်နေလား၊ အသဲကွဲနေလား၊ ပျော်ရွှင်နေလား စသည်ဖြင့်ဖတ်ပြီးခန့်မှန်းလို့ရတယ်လို့ကျွန်မကတော့ယူဆ တယ်။ အင်တာနက်ကိုအလကားနီးပါးသုံးလို့ရသူအများစုနဲ့ အင်တာနက်ဆိုင်မှာအလုပ်လုပ်သူ အများစုက Offline ဆင်းနေတာ၊ Invisible နေတာအရမ်းရှားတရ်။ကျွန်မတော့ Invisible နဲ့နေပီး လာchatရင် လုံးဝကို ပြန်မ ဖြေဘူး။ပုန်းလဲပုန်းတယ်လာလဲစကားပြောတယ်။ အဲဒီအတွက် Gtalk status မှာကောင်လေးတစ်ယောက် တင်ထားတာကိုကျွန်မသဘောကျခဲ့ဖူးတယ်။ Google ကလုပ်တဲ့ mail ကို ဂျီမေး လို့ခေါ်တယ်၊ ဂူဂယ်လ် ကထုတ်တဲ့ တော့ခ် ကို ဂျီတော့ခ် လို့ခေါ် တယ်။ ဂျီတော့ခ် မှာပုန်း Invisible လုပ်ပီးနေတဲ့သူတွေကို ဂျီပုန်း လို့ခေါ်တယ်တဲ့။ ကျွန်မကို သူများကပြောတယ်။ နေ့နေ့ညည အိပ်တာကအစ၊ ဖျားရင်တောင်အွန်လိုင်းပေါ်တက်ဖျားတာရှား တယ်ဆိုဘဲ။ ဟုတ်ပါတယ်။အိမ်မှာလဲအင်တာနက်ကရနေ၊ ရုံးမှာလဲအမြဲလိုလိုအွန်လိုင်းလုပ်ထားတော့ အမြင် ကပ်မယ်ဆိုလဲကပ်ချင်စရာ။ Gtalk, Yahoo Messanger, Skype သုံးခုကိုတော့အမြဲလိုလိုဖွင့်ထားတယ်။ YM ကေ

အရိပ်

မြေပြင်ညီမှာ ၀င့်ကြွား သင့်လျော်ညီညီအရာထင်ဖို့ ချစ်သူရဲ့ အလင်း ငါ လိုတယ်.. မိုးပေါ်တက်အလှမဆင်နိုင်ငြား ချစ်သူ့နွေးထွေးမှုနဲ့ မြေပြင်ကိုအလှဆင်ပေးနိုင်တယ် အချိန်ရောက်တော့ ခြေရာပျောက်ေ၀၀ါးဝါးနဲ့ အခါခါ မှောက် ချစ်သူသည်သာငါ့အလင်း နွေးထွေးမှုနဲ့ ခေါင်းတစ်ချက် ထွေးပိုက်လှည့်ပါအုံး

သီဟိုစေ့ကွတ်ကီး

ဘယ်နေရာရောက်ရောက်မြန်မာပြည်ကသီဟိုစေ့ကလက်ဆောင်အဖြစ်အရမ်း ကိုသင့်တော်လှပါတယ်။ သီဟိုစေ့ကိုမြန်မာမှာနေတုန်းကစားစရာအဖြစ်လို့မ သတ်မှတ်ခဲ့ပေမယ့်ဒီလိုနိုင်ငံမျိုးတွေမှာတော့လူတစ်ကာနှစ်နှစ်ခြိုက်ခြိုက်ဈေး ကြီးပေးဝယ်ပြီးစားနေကြတာပါ။ ဒီနေ့တော့သီဟိုစေ့ကွတ်ကီးလုပ်ဖို့စိတ်ကူးရ တာနဲ့စမ်းလုပ်ကြည့်ဖြစ်ပါတယ်။ သီဟိုစေ့ (၂)ခွက် ဂျုံ (၂)ခွက် ဆားအနဲငယ် သကြား (ကိုယ်ကြိုက်သလောက်ထည့်ပါ၊ အချိုကြိုက်တတ်ရင်များများထည့်) မုန့်ဖုတ်ဆော်ဒါ (လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ) ထောပတ်ဆီ (အနဲငယ်) သီဟိုစေ့အလုံးလိုက်ဆိုရင်ညက်အောင်ကြိတ်ထားလိုက်ပါ။ ကျွန်မကတော့မ ညက်တညက်လေးအနေတော်လောက်ထားပြီး ဂျုံမှုန့်ထဲကိုသကြား၊ ဆားနဲငယ် မုန့်ဖုတ်ဆော်ဒါနဲနဲလေးနဲ့သီဟိုစေ့တွေထည့်ပြီး ရေနွေးနွေးလေးနဲ့နယ်ပါတယ်။ ထောပတ်ဆီလဲထည့်တယ်။ ရိုးရိုးဆီလဲသုံးလို့ရပါတယ်။ နဲနဲလေးအတွန့်တက် ပြီး coffeemate အထုပ်သေးလေးတစ်ခုဖောက်ထည့်လိုက်သေးတယ်။ အဆိမ့်ကလဲကြိုက်သေးသကိုး။ အားလုံးသမအောင်နယ်ထားပြီးတဲ့ဂျုံလုံးကို ခဏထားထားလိုက်ပါတယ်။မိနစ် ၂၀လောက်ဆိုရင်တော့ ဂျုံကိုအရှည်ဖြစ် အောင်လက်လဲလိမ့်ယူပြီးလိုသလောက်အလုံးလေးတွေလုပ်၊ပြီးရင်ပြန်ဖိပြီး ပြားအောင်လုပ် ဗန်းပေါ်ဆီသုတ်ပြီးမုန့်ပြားလေးေ

အဖွားတို့ရွာမှာ

ကျွန်မအဘွားနေတဲ့ရွာကိုသိလ္လာရွာလို့ခေါ်တယ်။ မြောင်းမြကနေ(၂)နာရီလောက် ကားစီးရတယ်။ အရင်တုန်းကဆိုကားလမ်းမပေါက်လို့လမ်းလျှောက်သွားရတယ်။ တောထဲတောင်ထဲမှာပေါ့။ ကားစီးသွားလို့ရတဲ့အချိန်ကျပြန်တော့လဲကားအမိုးက လှုပ်စိလှုပ်စိနဲ့၊ ထော်နဲထော်နဲ့သွားတဲ့ကားကိုမနက် (၄)နာရီလောက်မြောင်းမြက စောင့်စီးရတယ်။ တစ်ရက်တစ်စီးဘဲရှိလို့လူကတော့ကျပ်တောင့်နေတာ၊ တစ်ခါ တစ် လေမတ်တပ်ရပ်တောင်စီးရသေးတယ်။ အဖွားတို့အဒေါ်တို့ကိုတွေ့ချင်တော့ လဲသွား တာပါဘဲ။ ရွာထဲကိုကားဝင်လာပြီဆိုရွာထဲကကလေးတွေအကုန်ပြေး ထွက်လာပြီး ကားနောက်ကိုပြေးလိုက်ကြတယ်။ ရွာအ၀င်မှာကျောင်းနဲ့ဘုန်းကြီး ကျောင်းလေးရှိ တယ်။ အဘွားအိမ်က တောင်အောက်ဘက်ကျတယ်၊ ချိုင့်ထဲမှာ (ရေတွင်းနားမှာ ပေါ့) တစ်ရွာလုံးမှရေတွင်း (၃)တွင်းစု ထားတဲ့နေရာ (၂)နေရာ ဘဲရှိတယ်။ သောက် ရေအတွက် ရေတွင်းကတော့အမိုးတွေဘာတွေရှိတယ်။ ရွာထဲကသူတွေရေချိုးချင် ရင်အဖွားအိမ်နားမှာအကုန်လာချိုးကြတယ်။ ကျွန်မတို့ကားပေါ်ကစင်းတာနဲ့ အမေ့ ကိုတစ်ယောက်ယောက်တွေ့ပီဆိုရင်.. သူ့နာမည်ကိုအရှေ့မှာနန့်XXXXဆိုပြီးလာ နှုတ်ဆတ်ကြတယ်။သူတင်းပို့တဲ့ ကလေးတွေလဲမြန်တယ်။တောင်ချိုင့်အောက်မှာ နေတဲ့ဦးလေးတွေကရောက် လာပြီးပစ္စည်းတွေလာသည်ပေးတယ်။ပြီးရင်တေ

ပဲတ်ီပေါက်အမဲဆုပ်လုံးကြော်

ဘလော့ကိုပြင်နေရတာစိတ်တိုင်းမကျနိုင်တာမို့တော်တော့ကိုစိတ်ထိခိုက်နေရတာ။ အလုပ်လုပ်ရင်တောင်စိတ်ကမဖြောင့်ဘူး။ FB ရဲ့ လယ်ကွက်ထဲကမထွက်နိုင်တာလဲ ပါတယ်။ အပင်စိုက်လိုက်၊ မြေတူးလိုက်၊ သူများလယ်ကွင်းမှာအလုပ်သွားလုပ်လိုက် နဲ့မဟုတ်တာတွေရှုပ်နေတာဆိုးတယ်။ ကျွန်မပဲပင်ပေါက် (ဘယ်လိုခေါ်လဲမသိလို့) ပဲပင်ပေါက်လိုတော့မရှည်ဘူး၊ တိုတုတ်တုတ်လေးတွေ။ အဲဒါလေးတွေကိုကြော်စား ရင် ၀ါးလို့ကောင်းတယ်။ အမဲလုံးကတော့လက်ဝင်တယ်။ အမဲသားကြိတ်ပြီးသားကို ကြက်သွန်နီ၊ ငရုတ်သီးအကြမ်းမှုန့်၊ စပါးလင် အားလုံးညက်အောင်ထောင်း၊ ပြီးရင် အသားကြိတ်ထားတဲ့အထဲကိုရောမွှေ၊ စီးနေအောင်နယ်ပြီးလုံးကြော်ထားတာပါ။ လက်ဝင်ပေမယ့် စားလို့ကောင်းတယ်။ အကြာကြီးလဲအထားခံတယ်။ ဟင်းအနေနဲ့ ချက်စားစား၊ ပျင်းလို့ဘဲ ထိုင်စားစား၊ အသီးရွက်ထဲထည့်ကြော်စားစား၊ အတော်ကို အဆင်ပြေတယ်။ အကြာကြီးလဲချက်စရာမလိုဘူးလေ.း) စိတ်ဝင်စားရင်စမ်းကြည့်။

Farm Town တွင်ပိတ်မိခြင်း

မန်းကျည်းရွက်နုသုပ်

တက်လိုက်ကျလိုက်ဖြစ်နေတဲ့အဖျားကြောင့်အစားသောက်ပျက်(ဘလော့ပျက်တာလဲပါတယ်) တာကြောင့်စိတ်သွားတိုင်းကိုယ်မပါနိုင်ဖြစ်နေတာ ကြာပါပီ။ ဘာစားချင်မှန်းကိုယ့်ကိုတိုင်မသိ၊ သူငယ်ချင်းတွေကလဲစားလို့ကောင်းမယ့်ဟာလေးတွေဝယ်လာပေးလဲခံတွင်းမတွေ့၊ မုန့်ဟင်းခါး စားချင်သလားချက်ပေးမယ်လို့ညီမ၀မ်းကွဲကလှမ်းပြောတော့လဲ ကိုယ့်မှာစားချင်သလားမစားချင် လားအဖြေမရှိ။ရန်ကုန်ကလူကြုံလာမယ်ဆိုတော့မာမီကဘာထည့်ပေးရမလဲမေးတော့ဘာမှစားချင် စိတ်မရှိလို့ဆေးဘဲပို့ပေးပါမှာတော့၊သူကအိမ်ရှေ့မှာစိုက်ထားတဲ့မန်းကျည်းပင်တွေအနုလေးတွေ ထွက်နေတာအများကြီးဘဲပို့ပေးလိုက်မယ်ဆိုပြီး၊မနေ့ကတော့ကျွန်မဆီသတင်းစာရွက်နဲ့ပတ်ထား တဲ့မန်းကျည်းရွက်ထုပ်၊ ငါးဖယ်ထုပ်နဲ့၊ ငါးကြင်းကြော်နဲ့ဆေးတွေရောက်လာပါတယ်။ လေယဉ်(၂)ဆင့်စီးရတော့ကျွန်မကမန်းကျည်းရွက်လေးတွေပုပ်ကုန်မယ်ထင်တာ၊ရောက်တဲ့အထိ လတ်လတ်ဆတ်ဆတ်လေးရှိသေးတယ်။အတော်ပါဘဲ..ကြက်သွန်နီလှီး၊စိုက်ထားတဲ့ငရုတ်ပင်က အသီးကိုလတ်လတ်ဆတ်ဆတ်ခူး၊ ဆီလေးနဲနဲ ဆားနဲနဲ၊ အချိုမှုန့်နဲနဲ ထည့်ပြီးသုပ်စားပါတယ်။ ငရုတ်ပွသီးမို့အထင်မသေးပါနဲ့၊ အရမ်းကိုစပ်ပါတယ်။ မန်းကျည်းရွက်နုသုပ်နဲ့ထမင်းစားရတာ..ထမင်းမြိန်လာပါတယ်..မာမီသိရင်တော့ဝမ်းသာမှာ...း) တစ်ခါတစ်လေ..အဖြေ

16+Crush များသည်

ကျွန်မစိတ်ကစားတတ်တဲ့အရွယ်၊တစ်ရက်မှာသူငယ်ချင်းကခေါ်လို့နေ့လည်ပိုင်း မြန်မာ့အသံ ကလွှင့်တဲ့ဇတ်လမ်းကိုကြည့်ပီး စွဲလမ်းမှုရောဂါစဖြစ်တာ လွင်မိုး ပါ။ သူပထမရိုက်တဲ့ကားလား တော့သေချာမသိပေမယ့်သူတော်တော်လေးငယ်ပါသေးတယ်။ အစွဲဘယ်လောက်ကြီးလဲဆို ကျောင်းခန်းထဲမှာ လွင်မိုး ပုံတွေဝယ်ပြီးကပ်...သူငယ်ချင်းယောက်ျားလေးတွေကြည့်မရလို့ နှုတ်ခမ်းမွှေးတွေဆွဲ၊ ပုံကိုလိုက်ဖျက်၊နဲ့..... လွင်မိုးရောဂါစွဲကပ်ပုံများ ပိုက်ဆံအိတ်ထဲမှာတောင် ဖွင့်လိုက်တာနဲ့လွင်မိုးပုံ။ မှတ်မှတ်ရရ လွင်မိုး ပုံအသေးလေးမွေးနေ့မှာလက်ဆောင်ရဖူးတယ်။ အဲဒီပုံလေးအခုထိရှိတုန်းဘဲ..အပြင်မှာတွေ့ရင်မကြည့်ရဲဘူး။ ဒီလိုနဲ့ လွင်မိုးရောဂါရပ်သွားတဲ့ အချိန်က သူလပ်ထပ်လိုက်တဲ့အချိန်ဘဲ။ သူ့ကိုမေ့ပစ်လိုက်တယ်.... တစ်ရက်.. အင်္ဂလိပ်သီချင်းတွေမကြိုက်တတ်တဲ့ကျွန်မ..မောင်လေးက Westlife အခွေဖွင့်နေတာ ကိုသွားထိုင်ကြည့်ရင်းနဲ့ အဲဒီထဲက တစ်ယောက်ကိုကြိုက်သွားပြန်ရော.. Shane ဆိုလား၊ ခေါင်း ဆောင်လိုတစ်ယောက်အမြဲလိုလိုသူဆိုတာများတယ်။ သူ့ကိုတန်းတန်းစွဲ..အခွေတိုင်းကြည့်၊ ကြည့် ပီးလဲထပ်ကြည့်...နောက်တော့ ကုလားကားတစ်ကားကြည့်ရင်းနဲ့ Amir Khan ကိုတွေ့တော့စိတ် ကပြောင်းသွားပြီး westlife crush လေးက

ဗိုက်မပြည့်ပါ..သို့သော်

ကြာစိ. .စားဖူးကြလား။ ရန်ကုန်မှာဆိုအထုပ်လေးတွေနဲ့ရောင်းတယ်။ တစ်ခါတစ်ရံ တော့ကြာခွက်အလိုက်ငါးခွက်တစ်စည်းရောင်းတယ်။ ကြာခွက်တစ်ခုမှအစေ့အောင် တာနဲနဲဘဲပါလို့ မာမီက ၂၆လမ်းဈေးသွားလို့လမ်းကြုံရင်ကြွပ်ကြွပ်အိတ်နဲ့ရောင်းတဲ့ ကြာစေ့လေးတွေဝယ်လာပေးတယ်။ ဗိုက်ပြည်တဲ့အစားစာတော့မဟုတ်ဘူး။ ဒါပေ မယ့်ကျွန်မကြိုက်မှန်းသိတော့ဝယ်ဝယ်လာပေးတယ်.. photo by: sandakuu at Thailand နောက်တစ်မျိုးက ထန်းသီး ... အညာမှာမွေးတယ်မပြောပါနဲ့၊ ကျွန်မထန်းသီးအရမ်း ကြိုက်တာ။ နုနု၊ ရင့်ရင့်၊ ထန်းရည်..အင်းထန်းရည်အချိုလဲကြိုက်တယ်။ ထန်းရည် အချည်ကိုတော့ယောင်လို့ ပြင်ဦးလွင်မှာ တစ်မော့သောက်ဖူးတယ်။ မူးလို့မဟုတ်။ အရသာကိုမကြိုက်တာ။ ခေါင်ရည်ကိုပိုကြိုက်တယ်။ ခေါင်ရည်ကြောင်မူးရီရီလေး ဖြစ်နေတာကိုကြိုက်တာ။ ခေါင်ရည်တော့တောင်ကြီးမှာ မောင်လေးဝမ်းကွဲ (၄) ယောက်နဲ့ ယိုင်လဲအောင်သောက်ဖူးတယ်။ မုန့်ကျွဲသဲ .... ဒါတော့ကျွန်မအကြိုက်ဆုံးမြန်မာအစားစာ၊ မုန့်ကျွဲသဲကိုအုန်းသီးခြစ် လေးနဲ့စားလိုက်ရလို့၊ အိမ်မှာတုန်းက အဖေကဈေးသွားတယ်။ သူပြန်လာရင်အရင် ဆုံးပြေးပြီး ကြွပ်ကြွပ်အိတ်နဲ့ထုပ်ထားတဲ့မုန့်ကျွဲသဲ ပါမပါလိုက်ရှာရတာအမော။ ရေခဲခြစ်... မန္တလေးမှာကျောင်းတက်တုန်းက (၁၆ အ.ထ