Skip to main content

Posts

Showing posts from October, 2010

ခရမ်းသီး ပြောင်းဖူးစေ့အစာသွပ်

ခေါင်းစဉ်တွေ့တော့ စိတ်နောက်သွားသလား။  အရင်ကဇတ်လမ်းဘဲပြန်ခင်းရမှာ၊ vege potluck အလှည့်ကျတိုင်း ခေါင်းခြောက်အောင်စဉ်းစားရတယ်။ ဘာချက်ရင်ကောင်းမလဲ...ဘယ်လိုချက်ရင်အရသာရှိမလဲနဲ့... ဒီအပတ်တော့ မွေးနေ့မှာ ပန်းလှူဖို့ ပန်းသွားဝယ်ရင်းနဲ့ farm မှာ ပြောင်းဖူးလေးတွေရောင်းတာတွေ့လို့ ၀ယ်လာ ခဲ့တယ်။ အမှန်ကပြုတ်စားမလို့ပါ။ potluck အတွက် ဘာမှစဉ်းစားမရတဲ့အဆုံး ခရမ်းသီးတွေဝယ်လာလာတာ။  အစာသွပ်မလို့စဉ်းစားတာဘဲ၊ ဒါပေမယ့်သွပ်မယ့်အစာသတ်သတ်လွတ်အတွက် ဘယ်လိုလုပ်မှ အရသာ လေး က လေးပြီးစားလို့ကောင်းမလဲစဉ်းစားနေရင်းနဲ့ ပြောင်းဖူးတွေကိုသွားကြည့်မိတာနဲ့ ကဲ.. ဒီလိုဟိုလို စပ်လိုက် ပါတယ်။ သွပ်မယ့်အစာ အတွက် ပြောင်းဖူးစေ့လေးတွေကိုလှီးထုတ်ပါမယ်။ ကြက်သွန်ဖြူနီနဲ့၊ ပဲငံပြာရည်အပျစ် နဲနဲကို ဆနွင်း၊ အရောင်တင်နဲ့ ဆီချက်မွေးမွေးသတ်ထားပါ။ မှိုခဲ knorr ကို ၄ ပုံ ၁ ပုံထည့်ပါ၊  နောက်ဆုံးမှာတော့ အပေါ့ငံမြည်းပြီး၊ ပြောင်းဖူးစေ့လေးတွေပါရောထည့်ပါ။ အကျက်မြန်တဲ့အတွက် အအေးခံထားလို့ရပါပြီ။ ခရမ်းသီးကို လက်နှစ်ဆစ်အရွယ်ဖြတ်ပီး တစ်ခြမ်းကို လေးစိတ်ထပ်ခွဲထားပြီးတော့၊ ပြောင်းဖူးစေ့ အနှစ်ကို နို့ခဲ၊ ဒါမှမဟုတ် နွားနို့ပျစ်ပျစ်နည်းနည်းထည့်ပီးရောမွှေပ

Happy Birthday to Me~~~

ကိုယ့်အတွက်ကိုယ်သီချင်းထိုင်ဆိုနေတယ်။ ရေညှိစွပ် ဘဲသောက်ရမလား၊ birthday cake ဘဲလှီးပြီး ဖူးဖူး..လုပ်ရမလား.. တိုင်ဖွန်း သတိပေးထားတာရှိတော့ အပြင်လဲမထွက်ရဲဘူး။ မနက်နိုးတော့ မိုးတွေအသည်းသန်ရွာနေတယ်။ တစ်နှစ်ထက်ပိုကြီးလာလဲ ဘာမှအထူးထွေပြောင်းလဲလာတာမရှိဘူး။ ဒီပတ်ဝန်းကျင်၊ ဒီခရီး၊ ဒီအိမ်၊ ဒီအတွေး နဲ့... မနေ့ညနေက ရုပ်ရှင်သွားကြည့်တယ်၊ လူသားစားငါးကား မှန်းမသိခဲ့ဘူး။ ရုံထဲရောက်မှ ထွက်မရတော့ဘူး။။ mr. bean လို သူများကို လိုက်ခြောက်၊ ရုပ်ရှင်စပြတော့မှ ကြောက်လို့ တစ်ချက်တစ်ချက် ထထ အော်ရတယ်။ မွေးနေ့မှာ ကိုယ့်ကိုယ်ကိုယ်ပြန်အားပေးတယ်..  obm လိုပေါ့.. စာဖတ်ရတာတောင်ပျင်းနေပီမဟုတ်လား.... ကျွန်မလဲမွေးနေ့ကိုပျင်းပျင်းး်း်းး်း်း်း်း ကြီးဖြတ်နေတယ်..

ဘော်ဒီတောင့်မှ....လား။

ဒီအကြောင်းရေးပြီးမှ ကူးမောင်လေးဝမ်းကွဲပုံတွေတက်လာတော့ သူ့ပုံကိုတွေ့ပြီးတော်တော်အံ့သြသွား တယ်။  အရင်ကပိန်ပိန်ပါးပါးလေး၊ သူ့ကိုလက်ဆွဲရင်ကပ်ပါလာတဲ့ကောင်ကလေးက အခုတော့ ဒီလိုဖြစ်နေ ပါရောလား။ အန်တီကတော့တော်တော်ရင်မောနေရတယ်။  (ရောင်းရန်မဟုတ်ပါ၊း))) အရင်တုန်းကပေါ့လေ..ကိုယ်ကယောကျာ်းလေးတွေသာငမ်းတတ်တယ်လို့ထင်တာ။   မိန်းကလေးတွေခန္တာကိုယ်ကလှတော့သူတို့က တွေ့ရင်အသည်းအသန်လိုက်ကြည့်ကြတယ်၊ ၀တ်စားထားတဲ့ အပေါ်မှာလဲမူတည်တယ်။ ယောက်ျားလေးတွေအတွက် အထူးဆန်းဆိုတာ ၀တ်ခွင့် မရပေမယ့် မိန်းကလေးတွေကတော့ ကြိုက်သလိုထွင်ဝတ်ခွင့်ရှိခဲ့လေရဲ့။ အဲတော့လဲလိုက် ငမ်းနေ ကြတာဆန်းတော့မဆန်းဘူးပေါ့။ ပြောမယ့်သာပြောတယ်၊ မိန်းကလေးလှလှပပ (သို့) ကြောင်တိ ကြောင်ကျား မြင်မကောင်းအောင်ဝတ်ထားရင် မိန်းကလေးချင်းတောင် ငေးမိ၊ ငမ်းမိသေးတာဘဲ။ အခုခေတ်က ယောက်ျားလေးတင်မက၊ မိန်းကလေးတွေပါ ယောက်ျားလေးတွေပေါ်တင်ငမ်းတဲ့ ခေတ်ရောက်နေပါရောလား၊ အရင်ကတော့ ရုပ်ရှင်တွေထဲမှာ ဟာသအနေနဲ့ထည့်ရိုက်ပေမယ့် အခုတော့ အတည်ဖြစ်နေပီ။  ကိုးရီးယားကားတွေဆိုရင် ယောက်ျားလေးတစ်ယောက် အိကျီချွတ်လိုက်တာနဲ့ ဘာသာပြန်တဲ့ သူတွေတောင်မနေနိုင်..အတင်းကို comment ထည့်တော့တာဘဲ။  မိန်းကလေးတွေဆိုလဲ

အသားဒိန်ချဉ်နှပ် နှင့် တုံမ်ယမ်း

ချစ်သူဆီက ရထားတဲ့ recipe ခိုးတင်တာ ပါ။ သူက ကျွန်မကိုအတန်တန်သတိပေးပါတယ်၊ ဘလော့ပေါ်မတင် ပါနဲ့ တဲ့။  အရင်အပတ်တွေက ဖလူး.. ဖလူး.. ကြောင့် ဖျားနေတာ.. ထမင်းလဲမချက်ဘူး၊ အစာလဲမယ်မယ်ရရမစား ဘူး။ ဒါနဲ့ ခံတွင်းပျက်တယ်လို့ ပြောမိတာကြောင့် ချစ်သူက အဲဒါလေးလုပ်စားပါလားပြောတယ်။  ဘယ်လို  ချက်ရမလဲဆိုတာလဲအသေးစိပ်ပြောပြပါတယ်။ အမှန်ကတော့ မြန်မာတွေ potluck လုပ်ရင်ယူသွားမလို့ ပါ။ ဒါပေမယ့်လည်း ရုတ်တရက်စားချင်ဝါးချင်စိတ်ပြန်ပေါက်လာတော့ လုပ်ဖြစ်သွားတယ်၊ ဘလော့ပေါ်မတင်နဲ့ ပြောပေမယ့် ကိုယ်လုပ်ကြည့်ပြီးတော့အရသာက အရမ်းကိုကောင်းလွန်းတော့ မနေနိုင်မထိုင်နိုင် ကွန်ယက် ပေါ်က သူငယ်ချင်းတွေလဲ ကြိုက်ရင် လုပ်ကြည့်လို့ရအောင် တင်လိုက်ပါတယ်။ အမဲသား (သို့) ကြိုက်နှစ်သက်ရာအသားနုနု...  အာလူး တစ်လုံး ကြက်သွန်နီ အဖြူဥကြီး (၁) လုံး ကြက်သွန်ဖြူ ၆မွှာ ဂျင်း လက်တစ်ဆစ် စပါးလင် (၂)ချောင်း ဇီယာ အနည်းငယ် နံနံစေ့ အနည်းငယ် ပျဉ်းတော်သိမ် (၃)ရွက် ဒိန်ချဉ် (သို့) ဒိန်ခဲ (full cream yogurt)  photo credited to  အသားကို ခပ်ပါးပါးလှီးထားပါ။  ကြက်သွန်ဖြူ၊ နီ၊ ဇီယာ၊ ပျဉ်းတော်သိမ်ရွက်၊ နံနံစေ့၊ ဂျင်း နှင့် စပါးလင် ညက်အောင်ကြိတ်ပါ။  အသ

ရည်းစားဦး

ခေါင်းညိမ့်လိုက်ရုံနဲ့ ရည်းစားဖြစ်သွားတယ်လို့လက်ခံရင် ဟုတ်တယ်၊ ဒါရည်းစားဦးဘဲ။ ကျောင်းပြီးခါနီးမှာ သူငယ်ချင်းတွေရည်းစားကိုယ်စီနဲ့ရည်မှန်းချက်ကိုယ်စီနဲ့ရှိတဲ့ အချိန်ထိ ကျွန်မမှာ ရည်းစားမရှိခဲ့ဘူး။ ရည်းစားထားသင့်တယ်၊ အခုချိန်မှမထားရင် နောက်လုပ်ငန်းခွင်ထဲရောက် မလွယ်ဘူး၊ စသည်ဖြင့်ပေါ့ အကြံပေးတဲ့သူတွေရှိသလို၊ အရင်က ကိုယ့်ကိုလိုက်ကြိုက်ခဲ့တဲ့ ချစ်လှ ပါချည်ရဲ့ မရရင်သေပါတော့မယ့်ဆိုတဲ့သူတွေရဲ့ လက်ရှိရည်းစားတွေရဲ့ စောင်းမြောင်း စကားတွေ တွန်းအားလဲပါတယ်၊ နောက်ဆုံးတော့ ခေါင်းငြိတ်လိုက်တယ်။  အဲဒီမှာစပြီး ကမောက်ကမဖြစ် တော့တာ။  ထိုင်နေရင်အကောင်း... ကျွန်မထက် (၁၁) နှစ်ကြီးတယ်၊ အဲဒီတုန်းက ကျွန်မ အသက် (၁၉)နှစ်၊ သူက နိုင်ငံရပ်ခြားမှာ ကျောင်းတက်ပီးပြန်လာတဲ့ ပူပူနွေးနွေးဘွဲ့ရ ကျောင်းဆရာတစ်ယောက်၊ အမေ့ရဲ့အချစ်တော် သားထွေး။ သူက strategic mgt. 1  2 သင်တယ်၊ အတန်းထဲလာရင်ရေမွှေးတွေလဲ ဆွတ်လာ တယ်၊ ထုံးစံအတိုင်းယင်ကောင်တွေလာတော့ ကျွန်မက သူရှက်မှာစိုးလို့ ဇီးဖြူကိုင်းတွေ လွယ် အိတ်လေးထဲထည့်ထည့်သွားပေးတယ်။ သူငယ်ချင်းတွေကရိပ်မိတယ်.. သူကျွန်မကိုစိတ်ဝင်စား နေတယ်ဆိုတာ... သူရည်းစားစကားပြောပီး ခပ်ကြောင်ကြောင်လေးဖြစ်နေတဲ့သူ့က