Skip to main content

Posts

Showing posts from July, 2016

သီးသီးထောင်း Wood Apple Salad

  မန္တလေးသူဖြစ်တဲ့ကျွန်မ အညာအစားစာလေးတွေအရမ်းကိုကြိုက်နှစ်သက်ပါတယ်။အဲဒီထဲမှာ ဘယ်တော့မှမရိုးနိုင်တဲ့သီးသီးလဲပါတယ်။ငယ်ငယ်ကနေခဲ့တဲ့အိမ်ကအမေရိကန်သံရုံးနဲ့နီး တော့ သံရုံးမှာအလုပ်လုပ်နေတဲ့ခင်မင်ရတဲ့ဦးလေးကြီးမျက်နှာနဲ့အများကြီးကကြွေက ျနေတဲ့သီးသီးတွေ ကိုမက်မက်မောမောကောက်ခဲ့ဘူးတယ်။ သီးသီး ထုတိုင်းကစားကြတယ်။မှည့်နေတဲ့အလုံးတွေ ကိုဇွန်းနဲ့ကော်ပီးထညက်ရည်လေးနဲ့စားတယ်။ မွှေးပြီးချိုချည်မြအရသာလေးကိုဘယ်သောအခါ မှမမေ့ခဲ့ဘူး။ ဘယ်ရောက်ရောက်မြန်မာအစားစာမက်တဲ့ကျွန်မအတွက်ဒီမှာရှိတဲ့ဘင်ဂလာဆိုင်တစ်ဆိုင်ကို ရောက်တဲ့အခါမြန်မာနိုင်ငံကငါးဖယ်၊ ကွမ်း၊ ငါးကြင်း၊ ငါးသေးသေး၊ ပုဇွန်သေးသေး၊ ဘလချောင်ကြော်တွေဝယ်လို့ရလို့အရမ်းကိုဝမ်းသာသွားတယ်။ ဒါထက်ပိုပြီး သီးသီး၊ ဂွေးသီး၊လဲ ရာသီအလိုက်ရပါတယ်။သီးသီးကိုအမြဲမရပေမယ့်ဆိုင်ကကောင်မလေးကိုအဲဒီအသီးရောက်လာရင်ဖုန်းလှမ်းခေါ်ပါလို့ ပြောထားတော့အသီးရောက်တိုင်းအမြန်ပြေးဝယ်ရပါတယ်။ သူကတော့သီးသန့်လေးဖယ်ဖယ်ထားပေးတယ်။ ဘယ်သူတွေများဘယ်လောက် ကြိုက်လဲတော့မသိဘူး။ ရောက်တာနဲ့ ပြိုက်ကနဲ့ကုန်သွားတာဘဲ။ မှည့်တဲ့အထိမစောင်းနိုင်လို့အစိမ်းကိုဘဲ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ အနီ၊ ငပိစိမ်းစားလေးနဲ့ထောင်းထားပါတ

တန်ဒိုရီ ကြက်ကင်

ဒီတစ်ပတ်ရုံးပိတ်ရက်မှာ ကျွန်မနေထိုင်တဲ့မြို့မှာရှိတဲ့မြန်မာမိသားစုလေးတွေစုစည်းပီးကလေးတွေအချင်းချင်း ရင်းနှီးအောင်၊ မြန်မာမိသားစုအဖွဲ့ဝင်တွေအချင်းချင်းပိုမိုသိရှိလာအောင်စုပီးပစ်ကနစ် ထွက်ဖို့ပြင်ဆင်ကြပါတယ်။ အစားသောက်တွေအတွက် ဘာဘီက ျူးအဓိကလုပ်မယ်လို့ တိုင်ပင်ထားတဲ့အတွက်သောကြာနေ့ညနေ ချစ်သူမောင် အလုပ်ပီးတော့ ကြက်သားတွေဝယ်လာပီး ကြက်ကင် လုပ်ဖို့ကြိုတင်နယ်နှပ်ထားပါတယ်။ တန်ဒိုရီကြက်ကင် အစားသောက်ချစ်သူတွေအတွက်  တန်ဒိုရီကြက်ကင်လုပ်နည်းကိုပြန်ပီးဝေမှ ျှပါ့မယ်။  အင်ဒီးယန်းလိုတော့ အမွှေ့နံ့သာတွေမစုံဘူး၊  အနံ့ပေါင်းစုံသွားရင် စားလို့သိပ်မကောင်းဘူး။ မြန်မာ ကြက်ကင်အရသာလေးကို တန်ဒိုရီ စပိုက်စ် လေးနဲနဲသုံးထားတဲ့သဘောပါဘဲ။ ကြက်ပေါင် ၅ ချောင်း - ကင်ပီး ၁ ချောင်းကို (၃)ပိုင်းပိုင်းရင်အပိုင်း ၃၀ ရပါတယ်။ ကြက်ပေါင်ကို အရေခွံဆုတ်၊ အဆီတွေဖယ်ထုတ်ပီးသားကို ခွက်တစ်ခွက်ထဲမှာ... ဒိန်ချဉ် ဆား ဆီ (၂)ဇွန်း တန်ဒိုရီမဆလာမှုန့် နံနံစေ့ အရောင်တင်ငရုတ်မှုန့် (ငရုတ်သီးအစိမ်းကိုထောင်းထည့်ပါတယ်) စပ်တယ် ငရုတ်ကောင်း ကြက်သွန်ဖြူ နဲ့ ဂျင်းထောင်း အားလုံးရောမွှေပီး ကြက်သားနဲ့နှပ်ထားပါတယ်။  ရေခဲသေတ္တာထဲမှာ ငွေရောင်စက္ကူဖုန်းပီး ညသိပ

အေးမြတဲ့ဒေသသစ်ဆီသို့ (၁)

အားလုံးဘဲမင်္ဂလာပါရှင်။ အေးရှားဝန်းကျင်ကနေ ကနေဒါပြောင်းပြီးနောက်ပိုင်းမှာ ဘာမှသိပ်မရေးဖြစ်၊ မချက်ဖြစ်ခဲ့တာအတော်ကြာပါပီ။  အကြောင်းကလဲ နေမြေသစ်မှာအသား ကျအောင်နေနေရတာရယ်။ ကျမ်းမာရေးကလဲ မဖြစ်ဘူးတာ တွေထပ်တိုးပြီး အိပ်ရာထဲနေရတဲ့ အချိန်တွေများလာတာရယ်ကြောင့်ပါ။ အရမ်းအေးတဲ့နိုင်ငံရယ်လို့ လူသိများတဲ့ဒီနေရာမှာ အောက်တိုဘာက နေ မေလ လောက်ထိ အလုပ်နဲ့အိမ် ကလွဲဘယ်မှ သိပ်မသွားဖြစ်ခဲ့ဘူး။ ကျွန်မအတွက်ကတော့ အေးအေးလေးနဲ့ နှင်းတွေကျနေပီဆို အရမ်းကို ခြေယားပြီးအပြင်ထွက်ဆော့ချင်တာပါဘဲ။ချစ်သူမောင်ကတော့မြန်မာနိုင်ငံသားပီသစွာ ပူပူပြင်းပြင်း နေတဝင်းဝင်းနဲ့ယင်ကောင်ခြင်ကောင် ပေါတဲ့ နွေရာသီမှသာအပြင်ထွက်လန်းချင်တဲ့ စိတ်ရှိလေတော့ ကားမမောင်းတဲ့ကျွန်မလဲအိမ်တွင်းပုန်းနေခဲ့ရတယ်။ အော်တာဝါ ကျယ်ဝန်းလွန်းတဲ့ ဒီနိုင်ငံကြီးမှာ ကျမ်းမာရေးနဲ့ ပတ်သတ်တာမှန်သမျှဆေးရုံသွားရပီဆိုကုသစရိတ်က အလကားရပါတယ်။ ဒါကလည်း ကနေဒါနိုင်ငံသားဖြစ်ပီးသူတွေ၊ အမြဲနေထိုင်ခွင့် ကဒ် ကိုင်ဆောင်ထားပြီး ကျမ်းမာရေးစစ်ဆေးခွင့်ကဒ်ကိုင်ဆောင်သူတွေနဲ့ နိုင်ငံရေးခိုလှုံခွင့်လျှောက် ထားဆဲသူတွေသာ ဖြစ်ပါတယ်။  ကျွန်မလေယဉ်ကွင်းရောက်တဲ့အခါ  နိုင်ငံသားစစ်ဆေးရေး အရာရှိက ကနေဒါန