Skip to main content

Posts

Showing posts from August, 2011

ကြောင်လျှာသီး အိုးကပ်ချက်

ကျွန်မသူငယ်ချင်း Dapur Restaurant က chef ကြီး ကပြောပါတယ်။  နင့်ဟင်းတွေက platting လိုတယ်တဲ့။ အရသာတော့ရှိပေမယ့်တင်ပြပုံကမလှဘူးဆိုဘဲ။   ဒါပေမယ့်  ဒါပေမယ့်ပေါ့လေ... အိမ်မှာက အလှအပပြင်မယ့် သူပြောတဲ့ အစိမ်းနဲ့အနီ...အ၀ါနဲ့ အမဲ  အဲဒါလေးတွေအလှဆင်ဖို့မရှိတာကြောင့်  ငါကနင့်လို ဆိုင်တင်တဲ့ဟင်းတွေချက်တာမှမဟုတ်တာလို့ ဆင်ခြေပေးလိုက်တယ်.. အမှန်ကတော့ စားချင်စဖွယ်ဖြစ်အောင် အရသာ အပြင် အပြင်အဆင်လေးလဲလိုတယ်ဆိုတာတော့ ကိုယ်တိုင် လဲသိပါတယ်။ နောက်မှကြိုးစားရအုံးမှာပေါ့။ ဒီနေ့တော့ကြောင်လျှာသီးချက်တဲ့ဟင်းလေးတင်ပေးပါမယ်။  ကြောင်လျှာသီးဘယ်ကရဆိုတာကနေအရင် စရ မှာဘဲ။  ဘန်ကောက်က ညီမလေး လူကြုံနဲ့ပို့ပေးလိုက်တာပါ။ ကြောင်လျှာသီးတစ်ချောင်း၊ သံပုရာသီးတွေ နဲ့ ဘောစကိုင်းသီး နုနုလေးတွေပါ တို့စားဖို့ထည့်ပေးလိုက်တယ်။ ကြောင်လျှာသီးကို မီးကင်ပြီး တို့စားသလို၊ အချဉ်စိမ်လဲစားတယ်၊  ကြော်စားတယ်၊ အစိမ်းသုပ်စားတယ်။  ဒီတစ်ခါတော့ သူက ဈေးထဲမှာ တစ်ချောင်းဘဲတွေ့လို့ အဲဒါလေးဘဲပို့လိုက်တာနဲ့  ကြောင်လျှာသီးဟင်း ချက်စားတယ်။ ကြောင်လျှာသီးကို ခပ်ထူထူလေးလှီးပြီး ဆားနဲ့ နယ်ပြီးဆေးထားတယ်  ကြက်သွန်ဖြူရယ်၊ ရေစိမ်ထားတဲ့ငါးခြောက်အသားေ

ဆမခြောက်

ဆမ ခြောက်ကို ၂၀၀၉ ဒီဇင်ဘာရန်ကုန်ရောက်တုန်း စိမ်းလမ်းစိုပြေမှာ စားဖူးတာပါ။ ၂၀၀၈ တုံးက ဆမခြောက်သုပ် စားမလားလို့သူငယ်ချင်းကပြောတော့... ပင်လယ်စာ ထင်လို့ မစားဖူးလို့ငြင်းခဲ့သေးတယ်။  အဲတစ်ခါတော့ စားမိတော့ အင်မတန်ကို ကြိုက် သွားတာဘဲ။  ကျွန်မအကြိုက်ဆုံးငါးခြောက်ကတော့ အာဗြဲခြောက်ပါ။ ဘယ်လိုစား စားမရိုးနိုင်ဘူး။  ဆမခြောက်လေးတွေ အရင်နှစ် ငွေဆောင်သွားတုံးက၀ယ်ခဲ့တာ တွေ တစ်ရက် အိမ်မှာ သူငယ်ချင်းအင်ဒိုကောင်လေးက စားမိတော့ အရမ်းကြိုက်သွား တော့ တစ်ချိန်လုံး လှမ်းမှာခိုင်းတယ်..  ကျွန်မက သုပ်စားတာကြိုက်တယ်။ သူက ကြော်ပီးသားစားတာကိုကြိုက်တယ်။  သူ့တို့ နိုင်ငံက တူနာကို အကောင်လိုက် အစာ သွပ်ကင်တာကျွန်မကကြိုက်တယ်.. ဒါကြောင့် ခဏခဏ လဲ စားဖြစ်တယ်။  ဆမ ခြောက် နဲ့ တူနာ ကင် လဲစားတယ်ဆိုပါတော့..။ ဒါပေမယ့် ဆမ ခြောက်က ကြော်ပြီး ဖဲ့၊ ဆီစိမ်းမွှေးမွှေးလေး၊ ကြက်သွန်နီလှီး၊ ငရုတ်သီးစိမ်းလေး၊ နံနံပင်လေးထည့်သုပ် အရမ်းကိုကောင်းတာ..  သံပုရာလေးဆမ်းလိုက်အုံး..ရှယ်.. အသုပ်တော့အသုပ်ဘဲ ဒါပေမယ့် ငါးခြောက်ကပျော့မသွားဘူး...  ဒါကတော့လောလောလတ်လတ်ကြော်ထားတဲ့ ဆမခြောက်ကြော်ပါ။ ဒါလေးက တော့စိမ်းလမ်းဆိုပြေက ဆမခြောက်သုပ်ပါ။  ရေနွေးကြမ်းလေးနဲ့ဆို

ကောက်ကွေးညွန့် ငါးနီတူကြော်

ကျွန်မတို့အဖွားရွာမှာတော့ ကောက်ကွေးညွန့်လို့ခေါ်တဲ့ Fern ကို ဒီမှာလဲတစ်ခါတစ်လေရတတ် တယ်။  ဈေးမှာ ရောင်းတာကတော့ ဈေးနေ့၊ မိုးတွင်းလိုအချိန်မျိုးမှာ အသည်တစ်သည်က လာရောင်းလေ့ ရှိတယ်။  ဈေးနေ့က တနင်္ဂနွေမနက်စောစော မှ စုံတာမို့ ထဖို့ပျင်းတဲ့နေ့မျိုးဆိုရင် တစ်ပတ်လွတ်ရော။  အခုတစ်လောခေတ်စားနေတာ မျှစ်တွေ၊  အတုံးလိုက်ကိုချရောင်းတာ၊  ၁ ဒေါ်လာဆို ၁တုံးရတယ်။ ၀ါးပိုးဝါး မျှစ်ဆို့ကြီးတွေ။ ပြန်ခုတ်ဖြတ်ရတာတော့မသက်သာလှဘူး။  ကောက်ကွေးညွန့်ကိုတော့ ခြံစိုက်စားတဲ့ ကောင်လေးတစ်ယောက် လာလာပေးလို့စားရတယ်။  အစိမ်းသက်သက် ငပိချက်လေးဖြစ်ဖြစ်၊ ငံပြာရည်ချက်လေးနဲ့ဖြစ်ဖြစ် တို့စားရင် အရမ်း အရသာရှိတာမို့ သူ့ကို ရှိရင်လာရောင်းပါလို့ မှာထားတယ်။  လက်တစ်ဆုပ်စာ အစည်းတစ်စည်ကို .5 ဒေါ်လာလောက်ဘဲပေးရတယ်။  ၂၀၀၉ တုံးက ဈေးမှာတစ်ခါရလို့ သုပ်စားဖူး တယ်။   ကောက်ကွေးညွန့်သုပ် ၊ ဒီတစ်ခါတော့ စာဘား (sabah) က အန်တီတစ်ယောက်က သူတို့ဆီမှာ ဘလချောင်နဲ့ဖြစ်ဖြစ်၊ anchovies နဲ့ဖြစ်ဖြစ်ကြော်စားကြတယ်လို့ပြောပြလို့  ချက်ချင်းဘဲ စမ်းကြည့် လိုက်တယ်။  ကောင်းလွန်းလို့ ကိုယ့် version လေးကိုဒီပေါ်မှာ ထပ်တင်ထားလိုက်တယ်။ ကောက်ကွေးညွန့် တစ်စီး ငါးနီတူခြောက် အနည်

ပဲပုပ်စေ့ မျှစ်စိုထောင်း

ပဲပုပ် ကြိုက်တဲ့သူတွေအတွက်ပါ.. မျှစ်လေးပါ ကဲထောင်းလိုက်တယ်။ ပဲပုပ်အစေ့အခြောက်လေးတွေသိရိမင်္ဂလာဈေးမှာရောင်းတယ်။  နို့ဆီဗူးတစ်ခွက်ဆို လေးခါလောက် ထောင်းစားလို့ ရတယ်။ အိမ်မှာညီမလေးက ပဲပုပ်စေ့အခြောက်ကို ကြက်သွန်ဖြူနီငရုတ်သီးနဲ့ ကြွပ်နေအောင်ကြော်တာ ကြိုက် တယ်။ ကျွန်မကတော့ ပဲပုပ်စေ့တွေထောင်းစားတာကြိုက်တယ်။ မျှစ်ကတော့မထည့်လဲရပါတယ်.. ဒါပေမယ့် မနေ့က မျှစ်လတ်လတ် ဆတ်ဆတ်လေးရလာလို့.တစ်ခါတည်းရောထောင်းထား တယ်။ အရသာလဲပိုပြင်းရှ လာတယ်။ မျှစ်ကို နနွင်းနဲ့ပြုပ်ပီး ရေအေးထဲစိမ်ထားပါတယ်။ ခပ်သေးသေးလှီးပါ။ ပဲပုပ်ခြောက်စေ့လေးတွေကိုရေဆေးပြီး ရေနွေးနဲ့မြုပ်ရုံလောက်စိမ်ထားပါ။ ငရုတ်သီးတောင့်နဲ့ ကြက်သွန်ဖြူကို လှော်ထားပါ။ ငရုတ်ဆုံကျယ်ကျယ်မှာ ဆားထည့်ပြီး ထောင်းပါ၊ နံနံပင် အရိုးကိုလဲ တစ်ခါတည်းထည့်ထောင်းပါ။ ပဲပုပ်အနံ့ပြင်းတာမို့ နံနံရိုးအနံ့ပြင်းပြင်းနဲ့အုပ်တာပါ။ ညက်ပြီဆိုရင် ပဲပုပ်စေ့လေးတွေထည့်ပါ။ ပြီးမှ မျှစ်လေးတွေထည့်ထောင်းပါ...  အချိုမှုန့်စားသူတွေ အချို မှုန့်ထည့်၊မစားရင်လဲမှိုအခြောက်မှုန့်ဖြစ်ဖြစ်ထည့်လို့ ရတယ်။ ကဲ ... စားလို့ရပြီ... ပဲပုပ်မျှစ်စို ထောင်း..း)

BRB Soup (Beef Ribs Bitter)

ကြိုက်နှစ်သက်ရာ အရိုးတစ်မျိုးမျိုး၊ ဒီမှာတော့ ရင်နူးရိုးခေါ်မလား အဲဒါကို သုံးထား ပါတယ်။ ပေါင်းအိုးနဲ့ နူးအောင်တည်ပြီးမှ အိုးကြီးကြီးထဲကိုထည့် ပြီး စွပ်လုပ်မှာပါ။ ပထမအဆင့်ပေါင်းတဲ့အခါ ဂျင်းနဲ့ ကြက်သွန်ဖြူကို ထည့်အရိုးဘေးနားက အသားတွေ နူးအိနေတဲ့အထိပေါင်းပေးပါ။ ပြီးရင်တော့အိုးကြီးကြီးထဲ ထည့်၊ ရေထည့်ပြီး knorr အမဲသား stock cube လေး တစ်ဝက် ကို အချိုမှုန့်အစားထည့်၊ ဆား ထည့် မီး အေးအေးနဲ့ ဆက်တည်ထားပါမယ်။ ကြက်ဟင်းခါးသီး တစ်လုံးရဲ့တစ်ခြမ်း(သို့)ကိုယ်အခါးကြိုက်ရင်ကြိုက်သလောက် ကို အထဲက အစေ့တွေအကုန် ထုတ်ပစ်ပြီး ဘေးအခွံသား သာယူ အဆင်သင့်လှီးဖြတ်ထားပါ မုန်လာထုပ် အရွက်တွေလှီးဖြတ်ဆေးကြောထားပါ၊ ငရုတ်သီးစိမ်းအတောင့်ကို နှစ်ခြမ်းခွဲ အစေ့ထုပ်ထားပါ။ ဘိုစားပဲသီးအတောင့်လိုက်ကိုလဲ အမျှင်နွှာရေဆေးထားပါ။ အရင်ဦးဆုံး အရိုးစွပ် က အရသာ ပြည့်ပြည့်နဲ့ ကိုယ်လိုချင်တဲ့ အနေထားရောက်ပြီဆို ရင် မီးပိတ်အအေးခံထားလိုက်ပါ။  အဆီခဲတွေ အပေါ်မှာ တက်ခဲနေပါလိမ့်မယ်။ ဒါတွေကို ခပ်ထုပ်ပါ။။ ခဲနေတော့ ခပ်ထုပ်ရတာမြန်ပါတယ်။  ပြီးမှ နောက်တစ်ခေါက် ဆက်တည်ပါ.. ဒီတစ်ခါတော့ ဟင်းရည်နဲနဲနွေးတာနဲ့ ကြက်ဟင်းခါးသီး၊ မုန်လာထုပ် နဲ့ ဘိုစားပဲ၊ ငရုတ်သီ

muak lek ရေတံခွန်လေးများ

ရေတံခွန်လေးတွေပါ.. အရမ်းမကြီးလှပေမယ့် စိတ်ကြည်နူးစရာမြင်ကွင်းလေးတွေပါ.. အဲဒီနားတစ်ဝိုက်မှာရေတံခွန်တော်တော်များများရှိတယ်..ရေက သိပ်မကြည်ပါဘူး မကြည်တားလား လူတွေဝိုင်းကူးနေကြလို့ဘဲနောက်သလားမဆိုတတ်ဘူး။ အထဲမှာ တော့ လူတွေများကြီးဘဲ... သူ့တိုဘာသာ အဖွဲ့နဲ့ ပျော်ကြနောက်ကြ.. စားကြ သောက်ကြ... ရေထဲ တွန်းချ... ကမ်းဘေးက ရွှံ့တွေကို လုံးပြီး ရေထဲက လူတွေကို ပစ် ပေါက်နေတာနဲ့ဘဲ...  သူတို့အပျော်တောင်ကိုယ့်ဆီကူးလာတယ်။ အရင်ပိုစ့်မှာတုန်းက မေးထားတဲ့ သူငယ်ချင်းလေးတွေအတွက်ပါ၊ muak lek က ဘန် ကောက်က နေ ၂ နာရီကားစီးရပါတယ်။ အဲဒီဘက်ကိုသွားတဲ့ ကားတွေက ဘန်ကောက်မြို့ထဲက great monument မှာ ကားဂိတ်လေးတွေရှိပါတယ်။  အဲဒီက နေ public van ကားလေးစီးပြီး တောက်လျှောက်... သွားတာပါ။  ဘတ် 130 ဘဲ ပေး ရတယ်။ တက်စီ ဌါးမယ်ဆိုရင်တော့ ၁၆၀၀ ဘတ် ပေးရပါတယ်။ ကျွန်မကတော့ ဘန်ကောက်မြို့ထဲနဲ့စာရင် မြို့ နဲ့ဝေးတဲ့ အခုလိုနေရာမျိုးလေးတွေကို ပိုသဘောကျတယ်။