Pages

Monday, August 1, 2011

muak lek ရေတံခွန်လေးများ

ရေတံခွန်လေးတွေပါ.. အရမ်းမကြီးလှပေမယ့် စိတ်ကြည်နူးစရာမြင်ကွင်းလေးတွေပါ..
အဲဒီနားတစ်ဝိုက်မှာရေတံခွန်တော်တော်များများရှိတယ်..ရေက သိပ်မကြည်ပါဘူး မကြည်တားလား လူတွေဝိုင်းကူးနေကြလို့ဘဲနောက်သလားမဆိုတတ်ဘူး။ အထဲမှာ တော့ လူတွေများကြီးဘဲ... သူ့တိုဘာသာ အဖွဲ့နဲ့ ပျော်ကြနောက်ကြ.. စားကြ သောက်ကြ... ရေထဲ တွန်းချ... ကမ်းဘေးက ရွှံ့တွေကို လုံးပြီး ရေထဲက လူတွေကို ပစ် ပေါက်နေတာနဲ့ဘဲ...  သူတို့အပျော်တောင်ကိုယ့်ဆီကူးလာတယ်။
အရင်ပိုစ့်မှာတုန်းက မေးထားတဲ့ သူငယ်ချင်းလေးတွေအတွက်ပါ၊ muak lek က ဘန် ကောက်က နေ ၂ နာရီကားစီးရပါတယ်။ အဲဒီဘက်ကိုသွားတဲ့ ကားတွေက ဘန်ကောက်မြို့ထဲက great monument မှာ ကားဂိတ်လေးတွေရှိပါတယ်။  အဲဒီက နေ public van ကားလေးစီးပြီး တောက်လျှောက်... သွားတာပါ။  ဘတ် 130 ဘဲ ပေး ရတယ်။ တက်စီ ဌါးမယ်ဆိုရင်တော့ ၁၆၀၀ ဘတ် ပေးရပါတယ်။
ကျွန်မကတော့ ဘန်ကောက်မြို့ထဲနဲ့စာရင် မြို့ နဲ့ဝေးတဲ့ အခုလိုနေရာမျိုးလေးတွေကို ပိုသဘောကျတယ်။















10 Comments:

တောက်ပကြယ်စင် said...

ချိုးချင်စရာလေးပဲ စန္ဒကူးရေ...သစ်ပင်တွေနဲ့ အုံ့အုံ့ဆိုင်းဆိုင်းဆိုတော့ အေးနေမှာပဲ...ကျန်းမာပျော်ရွှင်ပါစေ...

Aunty Oo said...

စိမ်းစိမ်းစိုစိုနဲ.ပျော်ဖို.ကောင်းတဲ့နေရာလေးတခုဖြစ်မှာပါ။ကူးကူးရေးတဲ့ပို.စ်
တိုင်းဖတ်ဖြစ်ပါတယ်။
အန်တီဦး

မေသိမ့်သိမ့် ကျော် said...

ပျော်စရာကောင်းလိုက်တာ။ အရမ်းသွားချင်တယ်။ ဓာတ်ပုံလေးတွေလည်းလှတယ်။

ခင်မင်လေးစားလျက်

Iora said...

သဘာဝအလှလေးတွေ မြင်ရတော့စိတ်တွေလန်းဆန်းတယ်လေနော်။
အိုင်အိုရာ

သဉ္ဇာ - Thinzar said...

လှလိုက်တာ... သဉ္ဇာလည်း ခုတလော ရေတံခွန်တွေကို ဓါတ်ပုံရိုက်ရတာ အရမ်းသဘောကျနေတယ်။ :)

အလင်းသစ် said...

ရေတံခွန်လေးတွေ လှလိုက်တာ။။။။

rose said...

ရေတံခွန် ဓာတ်ပုံလေးတွေ လှလိုက်တာ အစ်မကူးကူးရယ်...

အဖြူရောင်နတ်သမီး said...

သာယာလိုက်တာ ကူးရယ်..
သူငယ်ချင်းတွေနဲ့သွားလည်ချင်လိုက်တာ...

ဝဲစွဲပြီးကတည်းက လင့်တွေပျောက်ကုန်တာ ခု ပြန်ချိတ်လိုက်ပြီနော်..
အဲဒါမှ အမြဲရောက်ဖြစ်မှာ...

mstint said...

ရေတံခွန်ရှိတဲ့နေရာတွေကို ခရီးထွက်ရတာ သဘောကျတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Crystal said...

ကူးကူး အညွှန်းကောင်းလို့ တီချမ်းတို့နဲ့ အရောက်သွားလိုက်ပါတယ်။ တီချမ်းပိုစ့်ရေးလိမ့်အုံးမယ် :)

Post a Comment

ကူးကူးရေ...

 
Powered by Blogger