Pages

Tuesday, August 23, 2011

ဆမခြောက်

ဆမ ခြောက်ကို ၂၀၀၉ ဒီဇင်ဘာရန်ကုန်ရောက်တုန်း စိမ်းလမ်းစိုပြေမှာ စားဖူးတာပါ။ ၂၀၀၈ တုံးက ဆမခြောက်သုပ် စားမလားလို့သူငယ်ချင်းကပြောတော့... ပင်လယ်စာ ထင်လို့ မစားဖူးလို့ငြင်းခဲ့သေးတယ်။  အဲတစ်ခါတော့ စားမိတော့ အင်မတန်ကို ကြိုက် သွားတာဘဲ။  ကျွန်မအကြိုက်ဆုံးငါးခြောက်ကတော့ အာဗြဲခြောက်ပါ။ ဘယ်လိုစား စားမရိုးနိုင်ဘူး။  ဆမခြောက်လေးတွေ အရင်နှစ် ငွေဆောင်သွားတုံးက၀ယ်ခဲ့တာ တွေ တစ်ရက် အိမ်မှာ သူငယ်ချင်းအင်ဒိုကောင်လေးက စားမိတော့ အရမ်းကြိုက်သွား တော့ တစ်ချိန်လုံး လှမ်းမှာခိုင်းတယ်..  ကျွန်မက သုပ်စားတာကြိုက်တယ်။ သူက ကြော်ပီးသားစားတာကိုကြိုက်တယ်။  သူ့တို့ နိုင်ငံက တူနာကို အကောင်လိုက် အစာ သွပ်ကင်တာကျွန်မကကြိုက်တယ်.. ဒါကြောင့် ခဏခဏ လဲ စားဖြစ်တယ်။  ဆမ ခြောက် နဲ့ တူနာ ကင် လဲစားတယ်ဆိုပါတော့..။ ဒါပေမယ့် ဆမ ခြောက်က ကြော်ပြီး ဖဲ့၊ ဆီစိမ်းမွှေးမွှေးလေး၊ ကြက်သွန်နီလှီး၊ ငရုတ်သီးစိမ်းလေး၊ နံနံပင်လေးထည့်သုပ် အရမ်းကိုကောင်းတာ..  သံပုရာလေးဆမ်းလိုက်အုံး..ရှယ်..
အသုပ်တော့အသုပ်ဘဲ ဒါပေမယ့် ငါးခြောက်ကပျော့မသွားဘူး... 
ဒါကတော့လောလောလတ်လတ်ကြော်ထားတဲ့ ဆမခြောက်ကြော်ပါ။
ဒါလေးက တော့စိမ်းလမ်းဆိုပြေက ဆမခြောက်သုပ်ပါ။  ရေနွေးကြမ်းလေးနဲ့ဆိုသိပ်လိုက်တာ။ 
ဆမခြောက် အကြောင်းသိတဲ့သူများရှိရင် ဝေဌသွားပါအုံး.. အဲဒီ ငါး ဘယ်လို ရုပ်မျိုးလဲ ဆိုတာသိပ်သိချင်လို့ပါ။


18 Comments:

Anonymous said...

စားဖူးဘူးထင်တယ်.။
သုပ်တာ ပိုကြိုက်မယ်ထင်တယ်..။
သုပ်ရင် ကြော်ရသေးလား.ဒီအတိုင်းသုပ်ရတာပဲလား.။


ပေါက်

မိုးငွေ့...... said...

ဆမခြောက်ကြော်တော့စားဖူးတယ်...ချောင်းသာတို့ဘာတို့သွားရင် ဈေးထဲမှာ ရောင်းကြတာတွေ့တယ်...။ သုပ်စားလည်းကောင်းမယ့်ပုံပဲ...။

ခင်တဲ့
မိုးငွေ့

ဘေဘီ said...

တခါမှတောင် တွေ့ဖူးဘူးရယ်
စားကောင်းတယ်ဆိုတော့ စားကြည့်ချင်တယ်
ကိုယ်လည်း အာပြဲခြောက်ကြိုက်တယ်

ချော(အစိမ်းရောင်လွင်ပြင်) said...

တော်တော်လေး လွန်ခဲ့တဲ့ နှစ်တွေက စားဖူးတယ်
ကြိုက်တယ်
ကြော်တာဘဲ စားဖူးတာ သုပ်တာ စားဖူးဘူး
ကူးကူးရဲ့ ပုံကြည့်ပြီး သုပ်စားကြည့်ချင်စိတ်ပေါက်လာတယ်

Nay Mya Mya Swe said...

စားဖူးနေတာလဲကြာပြီ ကြိုက်လဲကြိုက်တယ်
ထိုင်းက၀ယ်လို့ ထိုင်းငါးခြောက်လို့ ကိုယ့်ဘာသာနာမည်ပေးထားတာ :-)
ဆမခြောက်လို့ ခေါ်တာအခုမှသိတယ်.ကျေးဇူးပါရှင်

rose said...

ဘာဖြစ်လို့ ဆမခြောက်လို့ ခေါ်တာလဲ မသိဘူးနော်။ နာမည်က အဆန်းလေး။ တစ်ခါစားဖူးတယ်။

Evy said...

စားချင်သွားပြီ။ အဲဒီ ငါးခြောက်လေးတွေယိုးဒယားဈေးမှာတွေ့တာ ကြာပြီ။ ဒါပေမယ့် မ၀ယ်ဖြစ်ဘူး။ ခုတော့ ၀ယ်စားချင်စိတ်ပေါက်သွားပြီ

Anonymous said...

ငါးလိပ်ကျောက်အငယ်လေးတွေကိုခြောက်ထားတာလို့ ကြားဖူးတယ်

စန္ဒကူး said...

ပေါက်ရေ.. သုပ်စားချင်ရင်လဲ အရင်ကြော်ရသေးတယ်..
မဟုတ်ရင်တော်တော်ညှီမှာ..း)

မအိမ်သူ said...

အဲဒါတခါမှတောင်မကြားဖူးဘူး။ စားဖူးကြည့်ချင်လိုက်တာ။ ကောင်းမဲ့ပုံလေး။ အမက အသုပ်ကြိုက်တတ်တော့ သုပ်တာကိုပိုနှစ်သက်လိမ့်မယ်ထင်တယ်။ ခြောက်ထားတဲ့ပုံလေးကလည်း ပန်းပွင့်လေးတွေလိုဘဲနော်။ စိတ်ဝင်စားစရာ...

့်Home Sweet Home said...

ရေစိမ်ပြီးကြော်ရမှာလား ဒီအတိုင်းကြော်ရမှာလားဟင်။ ကြော်ရင်တော်တော်ညှော်လားမသိဘူး။ ယိုးဒယားဆိုင်တွေမှာတွေ့ ဖြစ်ပေမယ့် ဘယ်လိုချက်စားရမှန်းမသိလို့ မ၀ယ်ဖြစ်ဘူး။

Iora said...

ငါးခြောက်ကြိုက်တော့ ကိုယ်လည်းစားရင်ကြိုက်ပါတယ်။ ဒါပေမဲ့ ဘာကောင်မှန်းသေချာမသိလို့ သိပ်မစားဖြစ်ဘူး။ စားရင်လည်း မရပ်တော့ဘူး ရေနွေးကြမ်းနဲ့ တောင်စားတယ်။

Anonymous said...

ငါးလိပ်ကျောက် အငယ်လေးတွေကို ခေါင်းဖြတ်..အမြီးဖြတ်ပါတယ်..ပြီးတော့ အမြောင်းလိုက် ခွဲပြီး အခြောက်လှမ်းပါတယ်...အရိုးကနုပြီးတော့ အရိုးပါစားလို့ရပါတယ်...တစ်ချို့ကတော့ ပြုတ်ပြီးသုတ်စားကြတယ်...

Vista said...

ငါးအရုပ်တော့ မသိဘူး ကျနော်လည်း ယောင်းမပေးမှ စားဖူးတာ အတော်ကြိုက်တယ် အိမ်မှာတောင် ၁ ထုပ်ကျန်သေးတယ်

...အလင်းစက်များ said...

ထားဝယ်နေတုန်းကတော့ အတော်လေးစားမိဖူးတယ် အစ်မ အကောင်ကိုတော့ သိပ် မစပ်စုမိလိုက်ဘူး။ သိပ်မနေလိုက်ရလို့ ပါ။ အနေကြာရင်တော့ မြိတ်ကျွန်းစု အကြောင်း ဘလော့ပေါ်ရောက်လာစေရမှာ။

Anonymous said...

http://en.wikipedia.org/wiki/Batoidea

ငါးလိပ်ကျောက် ပုံ...
ဆမခြောက်ဆိုတာ ငါးလိပ်ကျောက်ကိုအခြောက်လုပ်ပြီး ပြန်ကြော်ရောင်းတာ၊
မြန်မာက ဘီယာဆိုင်တွေမှာလည်း မှာစားလို့ရတယ်၊ မြန်မာမှာ အဲ့ဒါလေးတွေလုပ်ပြီး ဇျေးကွက်သွင်းနေတာ နဲနဲကြာပြီ...စားကောင်းပါတယ်..အခန့်မသင့်ရင် ကိုယ်တွေယားပြီးသွေးမတည့်မှုဖြစ်တတ်တယ်...

Anonymous said...

Greetings! I know this is somewhat off topic but I was wondering which blog platform are you using for
this website? I'm getting tired of Wordpress because I've had problems with hackers and I'm looking at options for another platform. I would be great if you could point me in the direction of a good platform.

Also visit my website: ford ranger forum

Anonymous said...

Wow, incredible weblog layout! How long have you ever been running a blog for?
you make blogging look easy. The entire glance of your web site is magnificent, as neatly as the content!


my web-site - http://infa2.site40.net/wiki/index.php?title=Every_One_Of_New_Ford_Ranger_Related_Articles

Post a Comment

ကူးကူးရေ...

 
Powered by Blogger