Skip to main content

Posts

Showing posts from December, 2010

Pain >>aching>>> Excercise!!

ပုခုံးနဲ့နောက်ကြောဖက်တွေမှာ မီးပူထိုးဆိတ်နေသလိုနာကြင်နေသူများအတွက် လေ့ကျင့်ခန်း လုပ်နည်းတင်ပေးလိုက်ပါတယ်။ စာနဲ့ရေးရတာခက်နေတာရယ်ကြောင့် model လိုက်ရှာနေ တာ။ အခုမှအဆင်ပြေလို့တင်ပေးလိုက်တယ်။ တစ်ကယ်တမ်းလုပ်ကြည့်ရင် အချိန်မကြာပါဘူး။ မနက်တစ်ခါ၊ နေ့လည်တစ်ခါ၊ ညဖက်တစ်ခါ ပုံမှန်လေးလုပ်ပေးမယ်ဆိုရင် နာကြင်တဲ့ဝေးနာ တွေအတော့်ကိုသက်သာသွားမှာပါ။  လေ့ကျင့်ခန်းမလုပ်ခင် နာကြင်နေတဲ့ နေရာကို ရေနွေးအိတ် နဲ့ (၁၅) မိနစ်လောက်အပူပေးဖို့လဲအရေးကြီးပါတယ်။  ဒီတိုင်းအစိမ်းသတ်သတ် လုပ်မယ်ဆိုရင်ကြွက်သားတွေ မာနေပီး ပိုဆိုးလာနိုင်ပါတယ်တဲ့။ ကျွန်မကိုတော့ ဆရာဝန်က ဘယ်ဖက်တစ်ခြမ်းသွေးစီးဆင်းတာ မမှန်ဘူးပြောပါတယ်။  ကြွက်သားတွေနဲ့ အကြောတွေ ထိုင်းနေတဲ့ပုံမျိုးပါ။  အရမ်းကိုက်တယ်၊ အေးတဲ့အချိန်ဆို ပိုဆိုးတယ်။ အလေးနဲနဲမရင်လဲကိုက်ခဲနေတာမျိုးပါ။ ကဲလေ့ကျင့်ခန်းလေးစရအောင်။ ခုံပေါ်တွင်မတ်မတ်ထိုင်ပြီး၊ ညာဖက်လက်ဖ၀ါးကို ပေါင်အောက်သို့ထည့်ပြီး ဘယ်ဖက်လက်ဖြင့် ခေါင်းကိုဖိချပါ။ (၁-၁၀) ထိရေတွက်ပါ။ ပြီးလျှင် ခေါင်းကိုလွှတ်ပြီး တည့်တည့် ခဏပြန်ထားပါ။ ပြန်ဖိချပါ၊ (၁-၁၀) ထိရေတွက်ပါ။ စုစုပေါင်း (၅) ကြိမ်၊ အကြိမ် (၅၀) တစ်ခါဖိချလျှင် (၁၀) ထိဖြစ်သည်။ ည

ငါးဆန်ပြုတ်

ငယ်ငယ်ကလုံးဝမစားခဲ့တဲ့အစာတွေ အခုအသက်လေးရလာတော့ အကြိုက်တွေပြောင်းကုန်တယ်။  ဆန်ပြုတ် ဆို ဖျားရင်တောင်မစားခဲ့ဘူး။ ပဲမြစ်လဲအရင်ကလုံးဝကိုမစားခဲ့တာ.. အခုတော့ ကြိုက်တတ်နေပြီ။  ဆန်ပြုတ်လဲ ဒီနှစ်ထဲမှာမှ အန်တီတစ်ယောက်ပြုပ်ထားတာ အတင်းကျွေးလို့စားမိရာက အရမ်းကိုကြိုက်သွား တယ်။  ကချင်ဆန်ပြုတ်ဆိုလား၊ ပျစ်ပျစ်လေးနဲ့ အရမ်းစားလို့ကောင်း။  ဒီမှာ ဈေးနေ့ဆို ဆန်ပြုတ်ရောင်းတယ်၊  တစ်ခေါက်သွားဝယ်စားမလို့ သူက porridge chicken/ pork ဆိုတော့ ပန်းကန်ထဲထည့်နေရင်း ကျွန်မက chicken, no pork OK? ဆိုတော့သူတို့က ရတယ်ရတယ် ဆိုပီး ကျွန်မ ရှေ့မှာတင် ခွက်ထဲက ၀က်သားဖတ်တွေခပ်ထုတ်နေတယ်၊ ရီလဲရီချင်တယ်.မစားတော့ဘူးပြန်လှည့်ခဲ့တယ်။  ဆန်ပြုတ်ကို ထမင်းလွတ်တော့စားလို့မဖြစ်ဘူး၊ ကျွန်မ ထမင်းပျော့ပျော့စားရင်တောင်ခဏခဏဗိုက်ဆာ တတ် တယ်။  အဲတော့ စားချင်တဲ့ဆန်ပြုတ်ကို ဒီတစ်ခါတော့ ပထမဆုံးကိုယ်တိုင်ပြုပ်ပါတယ်။  ပထမဆုံးငါး ကို ဂျင်းနဲနဲ နဲ့ထည့်ပြုပ်ပါမယ်။ ငါးပြုပ်အသားနွှာ ဂျင်းအနည်းငယ် ငရုတ်ကောင်း ကြက်သွန်နီ ကြက်သွန်ဖြူဆီချက် ကြက်သွန်မိတ် ငရုတ်သီးမှုန့် သံပုရာသီ ဆန်ကောင်းကောင်းလေးနဲ့ပြုပ်ရင်ပိုမွှေးပါတယ်။ ဒီမှာတော့ ထိုင်းက သွင်းတဲ့ Jasm

ဆန်စီးငါးခေါက်ဆွဲ

 ဆန်စီးခေါက်ဆွဲအပြားနဲ့ ငါးချက်ကို ရောစားတဲ့ ကချင်အစားအစာလို့ပြောတဲ့ ဆန်စီးငါးခေါက်ဆွဲ လုပ်နည်း လေးပါ။ လုပ်စားရတာလဲလွယ်ကူပြီးအရမ်းအရသာရှိပါတယ်။ ဒီခေါက်ဆွဲကိုနာမည်ဘယ်လိုခေါ်သလဲ သိမယ့် မမလုလု ဖြစ်ဖြစ် မမဂျာမုန်း ဖြစ်ဖြစ် မြူးစ် ဖြစ်ဖြစ် သိရင် ပြောပြခဲ့နော်။ ရှမ်းခေါက်ဆွဲနဲ့ခပ်ဆင်ဆင်တူပေမယ့် ဒီခေါက်ဆွဲကတော့ ငါးနဲ့ချက်တာပါ။ ဆန်စေး ခေါက်ဆွဲ ခြောက်ထုပ် ရှိရင်လုပ်စားလို့ရပါပြီ။  ညီမလေးဝမ်းကွဲ ကရန်ကုန်ပြန်တုန်း ခေါက်ဆွဲခြောက်ထုပ် ယူလာပီး  သူ့ကိုပေးလိုက် တဲ့ အန်တီက မလိခူး လို့ခေါ်တယ်ပြောတာဘဲ။ အခေါ်ဝေါ်တော့သေချာမသိဘူး။ သူတစ်ခါ လုပ်စားတော့ သွားစားတယ်။ အရမ်းအီလို့မစားနိုင်ဘူး။ ဒါပေမယ့် ၂ လကျော်ကြာတော့ အဲဒါပြန်စား ချင်စိတ် ပေါက်လာတယ်၊ အရမ်းကိုစားချင်တာနဲ့ ဒီတစ်ခါတော့ ကိုယ်တိုင်ချက်ဖြစ်တယ်။ မလိခူးဆန်စီးခေါက်ဆွဲ လို့ပြောတာဘဲ။ မလိခူးကိုအင်တာနက်မှာရှာတော့ ရန်ကုန်က ကချင်ရိုးရာစားသောက်ဆိုင်နာမည်တော့ တွေ့တယ်။ ပြန်ရောက် မှသွားစားအုံးမယ်။ ရိုးရာအစားသောက် တွေစားဖို့တော့ဝန်မလေးဘူးရယ်။ ကဲ ဆန်စီးငါးခေါက်ဆွဲလုပ်နည်းလေး ထပ်ဆင့်ဝေမျှလိုက်ပါတယ်။ ဆန်းစီးခေါက်ဆွဲခြောက် ငါး (ငါးမြစ်ချင်း / ငါးကြင်း / တလာ