Skip to main content

Posts

Showing posts from November, 2009

မြူးစ် (ခ) ရုံလေး သို့

မနက်ကနိုးနိုးခြင်း မြူးစ် ဘလော့မှာ နှုတ်ဆက်တယ် တွေ့လို့ message ချန်ထားစရာနေရာလဲမရှိလို့ပါ။ မြူးစ် .. ဘာဖြစ်လဲတော့ ကူးကူးစ် အသေချာမသိပါဘူး.. ဒါပေမယ့် မြူးစ်  အဲလိုနောက်ဆုတ်သွားဖို့ မလိုပါဘူးနော်။ မြူးစ် ချစ်တဲ့ ဘလော့လေးမှာ စိတ်ချမ်းသာတာလေးတွေရေးပီးဘယ်သူ့ကို မှ အနှောက် ယှက်ပေးတာမဟုတ်.. ကိုယ်မှန်ရာကိုယ်လုပ်နေတာမို့ စိတ်မကောင်းမဖြစ်ပါနဲ့... မြူးစ်ရေးထာတာတော့ ကူးစ် သေချာနားမလည်လို့ ဘယ်လောက်ထိခံစားစိတ်ထိခိုက်မလဲဆိုတာ ကာယကံရှင် ကိုယ်တိုင်သာသိမှာပါ.. ကူးစ်ကိုယ်ချင်းစာပါတယ်.. ဘလော့လေးတော့မဖျက်ပါနဲ့.. မြူးစ် စီဘောက် နဲ့ ကောမန့်ဖြုတ်ထားလို့ရပါတယ်.. တစ်ခါတစ်လေ... ဖြောင့်ဖြောင့်လေးလျှောက်လို့မရတဲ့အခါတွေရှိတယ်..မြူးစ် ရေ..ကျမ်းစာထဲမှာ လူသားချင်း အပြစ်သားတွေချင်းမို့ နားလည်ခွင့်လွှတ်ပေးပါလို့ ကူးစ်တို့သင်ကြားခဲ့ရတယ်မဟုတ်လား.. ကိုယ်ကရိုးသားစွာနေထိုင်ပြောဆိုတဲ့အခါ မကောင်းတဲ့အမြင်နဲ့ကြည့်ရင် မကောင်းတာဘဲမြင်နေမှာမို့ လူ ထောင်သောင်းပေါင်းများစွာရဲ့ အမြင်ကိုလိုက်တည့်မတ်ပေးဖို့ ကိုယ်တို့မတတ်နိုင်ဘူးလေး.. အကောင်းဆုံးက သူတို့အတွက်ဆုတောင်းပေးရုံဘဲရှိတယ်... ကူး

ဘောစကိုင်း တို့စရာ

ကျွန်မငယ်ငယ်တုန်းက မန္တလေးမှာ မမေ့နိုင်တဲ့အရာတွေထဲမှာ ဘောစကိုင်းသီးနဲ့ သီးသီး ပေါ့.. သီးသီး ပြောမှ ချစ်သူက အသဲသန်ငြင်းဖူးသေးတယ်။ ဘာလဲသီးသီး၊ အဲဒီအသီးမရှိဘူးဆိုပီးတော့လေ.. မန္တလေးမှာတုန်းက တစ်ပါတ်တစ်ခါဘုရားကျောင်းအပြီး လူကြီးမိတ်ဆွေစုံကြတဲ့အခါ သံရုံးမှာ အလုပ်လုပ်တဲ့လူပျိုကြီးဦးလေးတစ်ယောက်က သီးသီးထောင်း ပုံမှန် ယူလာတတ်ပီးတော့ မြို့သစ်က အန်ကယ်နဲ့ အန်တီကတော့ ဘောစကိုင်းသီးတို့စရာ၊ နဲ့ အခြားဟင်းလျာ တွေယူလာလေ့ရှိတယ်။ အိမ်ကတော့ ဒိုင်ခံ ပဲကုလားဟင်းချက်တယ်.. ငါးကြော်တယ်..   အခုလက်ရှိ ကျွန်မနေတဲ့ခြံထဲမှာ အပင်အမြင့်ကြီးရှိတယ်.. သရက်ပင်ကြီးဘေးမှာပေါ့.. အသီးတွေအများကြီးသီးတယ်။ ရင့်တယ်၊ ကြွေသွားတယ်.. အရမ်းနှစ်သက်တာတော့မဟုတ်ပေမယ့် အလွမ်းပြေစားကြည့်ချင်နေတာ... အပင်ကတော်တော်မြင့်တော့ ၀ါးမြင့်မြင့်တစ်လုံးရှာပီး အသီးလေးတွေနုနေတုန်းမနေ့ညက တစ်ခိုင်နှစ် ခိုင်ချူလိုက်တယ်.. ငပိချက်လေးနဲ့ တို့စားတာ ကောင်းမှကောင်း... သရက်ကင်းလေးတွေလဲ ၃ လုံးလောက်တွေ့လို့ တစ်ခါတည်းခူးလာလိုက်တယ်... ဘောစကိုင်းရွက်ကိုရေနွေးဖျောတို့စားလဲအရမ်းကောင်းတာပါ။ ဒါပေမယ့် အညွန့်နုလေးတွေခူးဖို့ မလွယ် တာကြောင့် အသီးနုလေးတွေနဲ့ဘဲ ကျေနပ်လိုက်

ခရမ်းသီးကြပ်တိုက် နှပ်

ခရမ်းသီးကြိုက်တဲ့သူများအတွက်ပါ။ အရင်တစ်ပတ်က (၁)နာရီလောက်ဝေးတဲ့ဟင်းသီးဟင်းရွက်ဈေးကို ရောက်သွားခဲ့တယ်။ ရန်ကုန်မှာဆိုရင်တော့ သိရိမင်္ဂလာဈေးလိုမျိုးပေါ့.. ဟင်းသီးဟင်းရွက်တွေ အများကြီး သေချာသပ်သပ်ရပ်ရပ်စီပီးရောင်းနေတာ။ ဒီမှာဆောင်းတွင်းဆို အသီးရွက်က ရှားလာပီလေ။ ဒါနဲ့ ခရမ်းသီးတွေ လဲလတ်လတ်ဆတ်ဆတ်လေးတွေ့တာမို့ဝယ်လာခဲ့ပါတယ်.. ပြန်ရောက်ပီးလဲ မချက်ဖြစ်ဘူး။ ခရမ်းသီးကို ရေခဲသေတ္တာထဲထည့်ထားရင် တစ်ဖြည်းဖြည်းအရောင်ပြောင်းလာပီးတော့ ပုပ်သွားတယ်..အခြားသီးနှံတွေနဲ့ မတူဘူး။ မပုပ်ရင်လဲ ခြောက်သွားတယ်။ ဒါကြောင့်တစ်မျိုးစမ်းကြည့်ဖို့စဉ်းစားပီ အရမ်းလဲခြောက်မသွားကြပ်တိုက်သလောက်လေး အပူပေးပီ နဲနဲအရေခွံလေးတွေခြောက်သွားအောင်ကင်ထားလိုက်ပါတယ်..  တစ်ပတ်ကျော်မှ မှချက်ဖြစ်တာပါ.. ရိုးရိုးခရမ်းသီးနှပ်ပုံစံမျိုး.. ကြက်သွန်ဖြူနီ ဆီသတ် ပုဇွန်ခြောက်မှုန့်နဲ့ ငရုတ်သီးအကြမ်းမှုန့် ခရမ်းသီးကြပ်တိုက်ထားတာလေးတွေထည့်ပီး၊ ငါးငံပြာရည်လဲနဲနဲဖြန်းပီး ဆားအချိုမှုန့်သင့်တင့်အောင် ထည့်ပီးချက်လိုက်တာပါ.. နဲနဲနူးသွားအောင်ရေလေးထည့်ချက်ပါ..အရသာကတော့ဘယ်လိုကွာလဲဆိုတာ ချက်စားမှသိမှာနော်.. ကူးကူးတောင် ရိုးရိုးအစိမ်းချက်တာထက်ကိုပိုအရသာတွေ့နေလို့

Unique Plan for Holidays!

ဒီဇင်ဘာအလှ/အလွမ်း

(စန္ဒကူးရေးချင်တာက) ဒီဇင်ဘာလကိုချစ်တတ်တဲ့သူများအတွက် တစ်ကူးတစ်ကရိုက်ပို့ထားပေးတဲ့ ပုံလေးတွေတင်ပေးလိုက် ပါတယ်။ ညီမလေးက ဒီဇင်ဘာမှာမွေးတယ်၊ မာမီနဲ့ပါးပါး ဒီဇင်ဘာမှာ မင်္ဂလာဆောင်တယ်.. ဒီဇင်ဘာတိုင်းမိသားစုတွေပြန်စုံကြတယ်... ရုံးပိတ်ရက်တွေလဲအများကြီး...လက်ဆောင်တွေလဲအများကြီးရသလို.မရှိဆင်းရဲသားတွေကိုလဲ ကိုယ့်မှာ ရှိတာလေးကို အကုန်နီးပါးပြန်ဝေမျှဖြစ်တဲ့ပုံမှန်လလေးပေါ့.... (ဆက်ဖတ်ရန်) အလုပ်အများဆုံးလလို့ပြောလို့ရသလို.. ဒီဇင်ဘာလရဲ့အေးစိမ့်တဲ့အရသာကိုလဲချစ်တယ်... ခြောက်သွေ့တဲ့လေအေးအေးတွေကိုလဲချစ်တယ်... မိသားစုရဲ့နွေးထွေးမှုကိုလဲလွမ်းတယ်... ချစ်သူ့ရဲ့စိုးရိမ်ပူပန်တဲ့အကြည့် ကိုလဲ တမ်းတတယ်... ဒီနှစ်ခရစ္စမတ်ပါတီကိုတော့ အသက်နဲ့အလိုက် dress code အရောင်တွေသတ်မှတ်ထားတယ်... ကျွန်မအသက်နဲ့ဆိုတော့ အစိမ်းရောင်ကျတယ်... blue christmas လို့ လွမ်းရောင်သန်းပီး အလှဆင်ထားတဲ့ ခရစ္စမတ်သစ်ပင် အပြာရှေ့မှာ အလွမ်းကဗျာ ဆန်မယ့်အရေးမှာ..အခုတော့ အစိမ်းရောင်ဝတ်ပီး ခဏစိမ်းကားနေရအုံးမယ့်နမိတ်များလား..နော်။ (ဆက်ဖတ်ရန်)

ပဂျီသွေး (ခေါ်) အုန်းဆံ

ကျွန်မတို့ငယ်ငယ်က မန္တလေးမှာနေတယ်။ ခြံဝင်ဝင်ခြင်းထောင့်မှာ အုန်းပင်အိုကြီးတစ်ပင်ရှိတယ်။ ကျွန်မ မှတ်မိသလောက်အရွယ်မှာတင် အပင်ကအမြင့်ကြီးနဲ့ အသီးတွေဝေေ၀သီးနေပီလေ။ အဲတုန်းကမန္တလေးမှာအုန်းသီးရှားတယ်ထင်တာဘဲ၊ ဘာလို့လဲဆိုတော့ တော်ရုံဆိုအုန်းသီးမစားရဘူး။ ပွဲတွေ ဘာတွေရှိရင်တော့ ဈေးချိုမှာ အုန်းသီးသွားဝယ်ရတယ်။ တစ်ခါတစ်လေ မိုးသည်း လေပြင်းတိုက်လို့ အုန်းသီးခြောက်များကြွေကျရင် မိုးရေထဲပြေးဝိုင်းကောက်ကြတာဘဲ။ ကျွန်မအုံးသီးတော့အရမ်းကြိုက်တယ်... အုန်းရေလဲကြိုက်တယ်.. အုန်းသားဖတ်တွေကို ထညက်ခဲလေးနဲ့ ဒီတိုင်း ထိုင်စားလဲကြိုက်တယ်၊ အုန်းသီးနုနုလေးတွေလဲကြိုက်တယ်.. အကြိုက်ဆုံးက အုန်းဆံ.. ပဂျီသွေး လို့ ခေါ်တယ်ထင်တာဘဲ... ဒါကြောင့်အုန်းသီးဝယ်တိုင်း အပင်ပေါက်လေးပါတဲ့ဟာရွေးရွေးဝယ်တယ်.. ဖော့နဲ့တူတယ်..ဘာအရသာမှလဲ မရှိဘူး လို့ ပြောကြတယ်.. ကြိုက်တဲ့သူကတော့ ကြံဖန်ကြိုက်တာဘဲမဟုတ်လား.. နှစ်တိုင်းအိမ်ပြန်ခါနီးဆို မာမီက အုန်းသီးတွေဝယ်ပီး အပင်ပေါက်လာအောင်ဖောက်ထားတတ်တယ်။ အရင်ကဆို အလှစိုက်ထားတဲ့အုန်းပင်သေးသေးလေးတွေလဲ အကုန်ဆွဲနုတ်ပီး အထဲကအဆန်လိုက်ရှာပီး စားတာဘဲ... အခုတော့ အုန်းသီးပေါတဲ့ကျွန်းမှာနေတော့ အရမ်းအဆင်ပြေတယ်.. အုန်းသီ

မျှစ် ထောင်း

ဆောင်းတွင်းဝင်လာပီမို့ ရက်ဟောင်းတွေကြွေ၊ ရွက်ရင့်တွေ နီဝါရောင်ပြောင်းလို့ တစ်ဆောင်းသစ်ပြန်ပီပေါ့။ မိုးတွင်းပိုင်းသာ အသီးနှံပေါပေမယ့် ဆောင်းတွင်းကျတော့ အသီးရွက်နဲနဲပါးသွားတယ်။ အရင်အပတ်က supermarket မှာ မျှစ်လေးတွေထုတ်ထားတာတွေ့လို့ဝယ်လာတယ်၊ စိတ်ထဲ တစ်ထင့်ထင့် ရယ်။ ဒီကမျှစ်တွေများ ၀ါးကိုပါးပါးလှီးထားသလားအောက်မေ့ရအောင် ရင့်မာလှပါတယ်။ အိမ်ရောက်ရောက်ခြင်းဖွင့်ကြည့်တော့ မျှစ်လေးတွေက အရမ်းမဟုတ်တောင် အနေတော်လောက်နုနေတော့ အရမ်းကိုပျော်သွားတယ်။ ကားပေါ်မှာလဲမဖွင့်ရဲဘူး။ အနံ့က သင်းလှိုင်နေတာ။ ဒီကနေ ၂နာရီလောက်ကားစီးရတဲ့ နေရာမှာ ကျောင်းတက်နေတဲ့ ဆရာမတစ်ယောက် အိမ်ကို လာလည်တော့ အဲဒီနေ့မှာ မျှစ်တာလပေါ့လေးချက်ထားတာနဲ့ကြုံတော့ သူ့ကိုကျွေးလိုက်တယ်။ သူကအရမ်းစားလို့ကောင်းတာဘဲတဲ့ သူတို့ဘက်မှာတော့ မျှစ်မရောင်းဘူး မျှစ်အရမ်းကြိုက်တယ် လို့ ပြောပါတယ်။ အေးလေ.. ဒါနဲ့ဘဲ ကူးလဲ မျှစ်ကိုဘယ်လိုရှာပုံတော်ဖွင့်ရသလဲ ဆိုတဲ့ဇတ်လမ်းအစက နေ ပြန်ခင်းရပြန်ပါတယ်။ ဒီတစ်ခေါက်တောင် ကံကောင်းစွာ မျှစ်လေးတစ်ထုတ်ရတာပါ။ ကျန်နေတဲ့တစ်ဝက်ကိုတော့ ကျောင်းအလွမ်းပြေ၊ အရှေ့တောင်တိုင်းက ကရင်သူငယ်ချင်းမလေးတွေ အလွမ်းပြေ ထောင်းစားဖို့ စီစဉ်လိုက်ပ

ကင်ဆာ နှင့် ဒူးရင်းသြဇာ

ကျွန်မတို့ရုံးနှစ်ပတ်လည်အစည်းဝေးအတွက် နိုင်ငံအသီးသီးကတက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေ ထဲမှာ တစ်ယောက်ကျွန်မတွေ့တော့ တော်တော်အံ့အားသင့်သွားတယ်။ ဒီနှစ်စမှာဘဲ ဆေးစစ်တဲ့အခါ ကင်ဆာလို့အဖြေထွက်ပီးကျွန်မတို့တစ်တွေစိတ်မကောင်းဖြစ်နေခဲ့တာပါ။ အခုပြန်တွေ့တော့ လန်းဆန်းကျမ်းမာတက်ကြွနေတော့ စကားစမြည်ပြောရင်းနဲ့ ဆေးနည်းလေးတစ်ခုရလာတာကို ဝေမျှခြင်လို့ပါ။ အခုတစ်လော ကင်ဆာ ဆိုတာနဲ့ လူတွေကလန့်နေကြပါပီ။ ခီမိုသွင်းရတာနဲ့ မိသားစုဝင်တွေစိတ်ပင်ပန်းကြတာနဲ့ ရုတ်တရက် သေဆုံးသွားတာ နဲ့ ဒါကြောင့် ကျွန်မတို့ရုံးက အန်တီဆိုရင် သူ့ကင်ဆာဖြစ်တာသူများကိုမသိစေချင်ဘူး၊ သူများတွေသူ့ကိုသေလူလို့ ကြည့်နေတဲ့အကြည့်တွေမခံနိုင်ဘူးဆိုပီးရင်ဖွင့်ရှာပါတယ်။ ကျွန်မ ရဲ့ အချစ်ဆုံး ကြီးကြီး လဲ ကင်ဆာနဲ့ဆုံးသွားသလို အမလိုခင်မင်ပီးချစ်ရတဲ့ ရှေ့နေမမ တစ်ယောက်လဲ ကင်ဆာနဲ့ ဘ၀ဆုံးသွားရရှာပါတယ်။ အထူးသဖြင့် ကျွန်မတို့မိသားစုနဲ့ နှစ်အိမ်တစ်အိမ်လိုဖြစ်နေတဲ့ မိုးကောင်းက အန်တီနဲ့အန်ကယ်လဲ ကင်ဆာနဲ့ဘဲဆုံးပါးသွားကြတယ်။ အရင်ကတော့ ပန်းခါး ဆိုတာအရမ်းကို နာမည်ကြီးတယ်။ ပန်းပင်အခြောက်လေးတွေကိုရေနွေးကြမ်းလိုလုပ်သောက်ရတာပါ၊ အရမ်းကိုခါးတော့ ကျွန်မတောင်စမ်းသောက်ကြည့်ပီးတွန့်

Pre- Christmas

သဇင်ဥကောင်တာ က ပုံလေးတွေပို့ပေးလို့တင်လိုက်ပါတယ်။ အရုပ်လေးတွေနဲ့ လုပ်ထားတဲ့ ပုံကိုအကြိုက်ဆုံးဘဲ... ခရစ္စမတ်တစ်နှစ်ထက်တစ်နှစ်ပိုကဗျာဆန်လာတယ်.. ဒီနှစ်တော့ ကူးကူးအတွက် တော့ blue christmas ပါဘဲ..

မယ်ဇလီဖူးသုပ်

တန်ဆောင်မုန်းလပြည့်ကျော် ၂ရက် သန်းခေါင်းကျော်ပီမို့..ဆေးပေါင်းခအောင် မယ်ဇလီဖူးသုပ်ကျွေးပါမယ်။ ကူးသူငယ်ချင်းတွေအကုန်လုံး blogger ညီမလေးများ၊ အမများအားလုံး မွေးနေ့အတွက်လာဆုတောင်းအား ပေးကြလို့ကျေးဇူးတင်ပါတယ်နော်။ ကူးလဲ ရန်ကုန်မှာနေတုန်းကတော့ ရန်ဖန်ရန်ခါ မယ်ဇလီဖူးသုပ်စားလေ့ ရှိပေမယ့် ရက်အတိကျနဲ့တော့မစားဖူးပါဘူး။ ဒီတစ်ခါတော့ လူကြုံရောက်မယ့်ရက်နဲ့အဆင်ပြေနေလို့ မာမီက တစ်ကူးတစ်က လှမ်းပို့ပေးလိုက်ပါတယ်။ ဘယ်အချိန်အတိကျလဲဆိုတာတောင်ပါလာသေးတယ်။ နိုဝင်ဘာ (၂)ရက်နေ့ ညသန်းခေါင်ကျော် ၁း၁၅မိနစ်တိတိမှာစားရမယ်ဆိုပဲ။ လေယဉ်နှစ်ဆင့်စီးလာရတဲ့ မယ်ဇလီဖူးလေးတွေက အနံ့လေးတစ်မျိုးဖြစ်နေလို့ ရေအေးနဲ့စိမ်ထားလိုက်ပါတရ်။ ညနေတော့ ရေပွက်ပွက်ထဲထည့်ဖျောပီးအဖူးလေးတွေကိုချွေထားလိုက်ပါတယ်။ မနေ့ညနေကတော့ မမလုလုဘလော့ မှာ မယ်ဇလီဖူးသုပ်နည်းလေးရေးထားပေးပီးပါပီ။ ကူးအတွက်တော့ သတ်သတ်လွတ်လေးသုပ်ဖို့အတွက်ရိုးရိုးလေးဘဲပြင်ဆင်ထားလိုက်ပါတယ်။ ကြက်သွန်ဆီချက် မြေပဲထောင်း ပဲမှုန့် ဆား၊ အချိုမှုန့်အနည်းငယ်နဲ့ အချဉ်နဲနဲပါ... (မန်ကျည်းမှည့်လေးနဲ့ဆိုပိုကောင်းမှာ) အချဉ်ညှစ်ရင်အခါကိုပို ဆွပေးသလိုခါးလာ တတ်ပါတယ်။ အခါးအရမ်းကြိုက်တဲ့ကျွန်မအတွက်ေ