Pages

Tuesday, November 24, 2009

ခရမ်းသီးကြပ်တိုက် နှပ်

ခရမ်းသီးကြိုက်တဲ့သူများအတွက်ပါ။ အရင်တစ်ပတ်က (၁)နာရီလောက်ဝေးတဲ့ဟင်းသီးဟင်းရွက်ဈေးကို ရောက်သွားခဲ့တယ်။ ရန်ကုန်မှာဆိုရင်တော့ သိရိမင်္ဂလာဈေးလိုမျိုးပေါ့.. ဟင်းသီးဟင်းရွက်တွေ အများကြီး သေချာသပ်သပ်ရပ်ရပ်စီပီးရောင်းနေတာ။ ဒီမှာဆောင်းတွင်းဆို အသီးရွက်က ရှားလာပီလေ။ ဒါနဲ့ ခရမ်းသီးတွေ လဲလတ်လတ်ဆတ်ဆတ်လေးတွေ့တာမို့ဝယ်လာခဲ့ပါတယ်.. ပြန်ရောက်ပီးလဲ မချက်ဖြစ်ဘူး။ ခရမ်းသီးကို ရေခဲသေတ္တာထဲထည့်ထားရင် တစ်ဖြည်းဖြည်းအရောင်ပြောင်းလာပီးတော့ ပုပ်သွားတယ်..အခြားသီးနှံတွေနဲ့ မတူဘူး။ မပုပ်ရင်လဲ ခြောက်သွားတယ်။ ဒါကြောင့်တစ်မျိုးစမ်းကြည့်ဖို့စဉ်းစားပီ အရမ်းလဲခြောက်မသွားကြပ်တိုက်သလောက်လေး အပူပေးပီ နဲနဲအရေခွံလေးတွေခြောက်သွားအောင်ကင်ထားလိုက်ပါတယ်..  တစ်ပတ်ကျော်မှ မှချက်ဖြစ်တာပါ..

ရိုးရိုးခရမ်းသီးနှပ်ပုံစံမျိုး..
ကြက်သွန်ဖြူနီ ဆီသတ်
ပုဇွန်ခြောက်မှုန့်နဲ့
ငရုတ်သီးအကြမ်းမှုန့်
ခရမ်းသီးကြပ်တိုက်ထားတာလေးတွေထည့်ပီး၊ ငါးငံပြာရည်လဲနဲနဲဖြန်းပီး ဆားအချိုမှုန့်သင့်တင့်အောင် ထည့်ပီးချက်လိုက်တာပါ..
နဲနဲနူးသွားအောင်ရေလေးထည့်ချက်ပါ..အရသာကတော့ဘယ်လိုကွာလဲဆိုတာ ချက်စားမှသိမှာနော်..
ကူးကူးတောင် ရိုးရိုးအစိမ်းချက်တာထက်ကိုပိုအရသာတွေ့နေလို့ ခက်နေပီ..း)

လိုအင်ကြံဆနည်းလမ်းရဆိုပါတော့လေ..း)

6 Comments:

sskyaw said...

စားချင်စရာလေး ခရမ်းသီးနှပ်ဆို သိပ်ကြိုက်တာ ...
ခရမ်းသီးကို ဘာနဲ့ အပူပေးလဲရင် .. လုပ်စားကြည့်ချင်လို့ ... :-)

စန္ဒကူးမေ said...

ovan နဲ့အပူပေးတာပါ... မီးအေးအေးနဲ့ အပေါ်က သံပြားလိုခံပီး တင်ထားလဲရပါတယ်..
ဒီမှာတော့ မိုးရွာတော့ကြံဖန်ရတာ.. ဟိ

လုလု said...

စားချင်တယ်ကွယ်။
နည်းနည်းလောက်ကျွေးပါလား။

မိုးစက်အိမ် said...

လန်းတယ်ဗျို့  တစ်ခွက်လောက်ပို့ ပေးပါ :)

moemoestar said...

ကူးကူးက အကြံပိုင်တယ်နော်...
ဒီမှာလည်း ခရမ်းသီး မတွေ့ တော့ဘူး...

ရုံလေး said...

ကူးးးးးးးးကူးးစ်
ကောင်းမှာနော်
ကိုမိုးစက်အိမ်လို
ပြေားသွားမယ်သိလား
တခွက်လောက် လာပို့ ပေးနော်

Post a Comment

ကူးကူးရေ...

 
Powered by Blogger