Skip to main content

Posts

Showing posts from March, 2012

ပိန်းညှင်းဌက် Kingfisher

  အရင်အပတ် က ရုံးက ငွေကိုင်က လက်ထဲမှာ အကောင်လေးတစ်ကောင်ဆုပ်ပြီး မေ.. ဌက်ကြိုက်တယ်မဟုတ်လားတဲ့.. ကျွန်မလဲ အင်းကြိုက်တယ်လေ..ပြောတော့ ကျွန်မ လက်ကိုယူပီး သူ့လက်ထဲက အကောင်လေးတစ်ကောင် ထည့်ပေးလိုက်တယ်.. ဌက်ပိစိလေး...  အကောင်သေးပေမယ့် အမွှေးအတောင်စုံပါတယ်။ ရုံးခန်းက စာရွက်ထုပ်ဗူးအလွတ်ရှာ..အပေါက်လေးတွေဖောက်ထားပီး သူ့ကိုထည့် ထား တယ်။  ထည့်ပြီး အပေါ်က အဖုံးဖုံးလိုက်တာနဲ့.. အဖုံးကိုဝင်ဝင်ဆောင့် တာ..ကိုယ်လုံး နဲ့မလိုက်ဘူး။  ဒါတင်မကသေးဘူး.. သူ့ကိုကြည့်ချင်လို့ အပေါက်လေးထဲက ချောင်း ကြည့်တော့ အဲဒီချောင်းတဲ့နေရာကို တန်းပျံပီး နှုတ်သီး နဲ့ လာထိုးတော့တာဘဲ.. ကျွန်မလဲ လန့်ပီး သွားမချောင်းရဲတော့ဘူး။ အိမ်ပြန်ရောက်တော့ ကျွန်မအခြားအိမ်က ဌက်လောင်အိမ်သွားဌားပြီး အဲဒီအထဲထည့်ထားတယ်။ အရောင်လေးက အပြာရောင် လှလှလေး..နာမည်က ဟီလို။  အနားသွားကပ်ရင်နှုတ်သီးနဲ့ ဆိတ်တယ်..  ဘာအစာကျွေးကျွေးမစားတဲ့အဆုံး အင်တာနက်မှာရှာရဖွေရ.. ငါးအရှင်မှစားတယ်ဆိုလို့ ခြံထဲက ငါးကန်တွေမှာ ငါးအသေးတွေလိုက်ဖမ်းတာ တစ်မနက်လုံး နဲနဲဘဲရတယ်.. အဲဒီငါးလေးတွေကို ဇလုံလေးထဲရေထည့်ပီး သူ့လှောင်အိမ်ထဲထည့်တော့ အရှိန်ယူပျံ ပြီး တစ်ခါတည်းငါးကို ၀င်ထိုးပီး နှုတ်သီးနဲ့

ဆန္ဒမစောကြပါနဲ့

ဥဥချစ်သူမောင် က tag ထားတယ်။  သူ့ခေါင်းစဉ်ကြီးက ခက်လိုက်တာလို့။ အပင်စိုက်တာဝါသနာပါတဲ့ ကျွန်မတောင်မှ နှစ်ရှည်ပင်ဆိုမစိုက်ချင်ဘူး။  စောင့်ရမှာ စိတ်မရှည်တာရယ်၊ ကိုယ်မရှိမှသီးရင်ဒါမှမဟုတ် ကိုယ်မရှိတဲ့အချိန် ဘာပင်မှန်းမသိ သူများခုတ်ပစ်လိုက်ရင် အလဟသဖြစ်မှာကိုတွေးကြောက်နေတဲ့အတွေးနဲ့ ရေရှည်မ ကြည့်မိခဲ့တဲ့အချိန်တွေအများကြီးရှိဖူးတယ်။ ကျောင်းတုန်းက ဘောပွဲကြည့်တော့တစ်ဖက်အသင်းက နိုင်ရင်ကိုယ်ကမခံချိမခံသာနဲ့.. ဘေးနားက ကျောင်းသားတွေကလဲဟိုလိုကန်ပါလား..ဒီိလိုလုပ်ပါလားဝိုင်းအော်ကြတာတွေလဲနားယဉ်ဖူးတယ်။ စိတ်ထဲမှာတော့ သူတို့ကိုယ်တိုင်ဝင်ကန်ပါလားလို့ အမြင်ကတ်ကတ်နဲ့ ပြောခဲ့ဖူးတယ်။ ကိုယ်တိုင်ဝင်ကန်ဆိုတော့လဲအဖြစ်မရှိ၊ကွင်းလယ်ရောက်ပီးထင်သာမြင်သာရှိတဲ့သူတွေကို ကွင်းဘေးနားထိုင် အချဉ်ထုတ်လေးစား၊ ကွမ်းယာလေးမြုံပီး လှမ်းဆဲဆို နေကြတဲ့ သူတွေ ပိုများနေပါတယ်။ ပွဲပြီးသွားရင် နိုင်တဲ့သူနိုင်မယ်၊ ရှုံးတဲ့သူလဲရှိမယ်။ ဒါကို ပျော်သူရှိသလိုဝမ်းနည်းသူရှိမယ်။ ဒါပေမယ့် ဘောပွဲပီးနောက်မှာတော့ ၀မ်းတစ်ထွာကိုဖြည့်ဖို့ဆက်ပြီးရုန်းနေကြရအုံးမှာ... မြင်နေရတဲ့လူတွေထဲမှာ တစ်ပိုင်တစ်နိုင်ကျိုးစားလုပ်ပေးနေတဲ့သူတွေလဲရှိတယ်။ ကိုယ်နဲ့အ

မုန့်ကျွဲသည်း

မုန့်ကျွဲသည်း... အရမ်းကြိုက်တယ်။  မြန်မာပြည်က မုန့်ကိုတော့ ဘယ်မှီပါ့မလဲလေ။ ဒါပေမယ့်အရသာတော်တော့်ကိုတူတယ်... Farmer's market က၀ယ်လာတာ။