Skip to main content

Posts

Showing posts from January, 2011

ငွေဆောင် သို့ ၂၀၁၀ - Central Hotel

၂၀၁၀ ဒီဇင်ဘာအိမ်အပြန်ကိုတော့ ပင်လယ်သွားကြမယ်လို့ဆုံးဖြတ်ထားပြီတော့.မောင်လေးက ငွေဆောင် မှငွေဆောင်ဖြစ်နေတာမို့ ငွေဆောင်သွားဖို့ ပြင်ဆင်ရပါတယ်။ ကျွန်မတို့မိသားစု ၅ ယောက်အပြင် မိတ်ဆွေ တွေလဲပါမှမို့ စုစုပေါင်း (၁၀)ယောက်အတွက် တစ်ကားထဲမှာဆန့်ဖို့ ကားအရင်လိုက်ရှာရပါတယ်။ မောင်လေးကအရင်ရှာထားပြီးသားပေမယ့် ကားကိုကျွန်မရောက်မှဘဲသွားကြည့်ဖြစ်တယ်။  ၂ ရက်ကို ၃ သိန်းခွဲ။ ကားမောင်းတဲ့ကောင်လေးတွေက ချင်းလေးတွေပါ။ သဘောလဲကောင်းကြပါတယ်။ ငွေဆောင် မှာbooking လုပ်ထားတဲ့ Hotel က Central Hotel ပါ။  ငွေဆောင်ထဲစ၀င်ပြီး အစွန်ဆုံးအဖက်၊ ချစ်သူ များကျွန်း နားလေးမှာပါ။  အရမ်းလဲသန့်၊ အရမ်းလဲ အေးချမ်းတဲ့နေရာပါ။ ဟော်တယ်ဝန်ဆောင်မှုက လဲ တော်တော် စိတ်ကျေနပ်ဖို့ကောင်းပါတယ်။ ဧည့်သည်တွေကိုလိုလေသေးမမရှိအောင်ဂရုစိုက်လာနိုင်တဲ့ မြန်မာ ပြည်က ဟော်တယ်ဝန်ဆောင်မှုကို ကြိတ်ပီးအမှတ်ပေးနေမိတယ်။ နေမကောင်းဖျားနာ ၀မ်းလျှောတာကအစဆေးလိုသလား၊ ဓာတ်ဆားရည်ဝယ်ပေးရမလားစသည်ဖြင့် အရမ်းကို ဂရုစိုက်ပါတယ်။ ရေကူးကန်လဲရှိတော့ ပင်လယ်မှာမကူးချင် အသားမမဲချင်သူတွေရေကူးကန် မှာကူး။  ရေကူးကန်ဆိုတော့ ပင်လယ်သွားပြီးဘာလို့ရေကူးကန်ကူးရမလဲ မမေးနဲ့နော်။ ရေ

လက်ဆော့မိတဲ့အမှား.. ကယ်ကြပါ။

မည်သူမပြုမိမိအမှုပါ။ ဘလော့ထဲမှာ slideshow လေးထည့်ချင်လို့ ဘလော့email နဲ့ register လုပ်မိရာကနေ picasa web album ထဲကို ဘလော့ထဲမှာရှိတဲ့ပုံအကုန်လင့်ရက်သားဖြစ်သွားပြီးသကာလ.... ပြည့်ပီဆိုပြီးဘာပုံမှတင်မရတော့ပါ။  ပုံတင်မရတော့ စိတ်ထိခိုက်တယ်.. စာဘယ်လိုရေးမလဲ။ နဂိုကအရေးသားက တော်တာမဟုတ်..ပုံလေးပါမှ စိတ်ချမ်းသာရတာမဟုတ်လား.. အခုတော့ ပုံလဲတင်မရ.. picasa ကပုံတွေသွားဖျက်တော့ ဘလော့ပေါ်က ပုံတွေပါ ဆွဲချပြီး ဖျက်ပစ်တယ်.. အရမ်းးးးးးး ကိုစိတ်နာတယ်... ဘယ်သူ့ကိုနာရမှန်းမသိဘူး. picasa နဲ့ email နဲ့ ခွဲထုတ်လို့မရတော့ဘူး။ ခွဲချင်ရင် email ပါဖျက်ပစ်ရမယ်တဲ့..း((( ကယ်ကြပါ.. (ရေမကူးတတ်ဘူး) email အသစ်ဖွင့် blog ကို import လဲအဆင်မပြေ.....လုပ်တတ်တဲ့သူများရှိရင် ကူညီပါနော်..နော်။။။။။။

ရန်ကုန်ပြန်အတွေ့ကြုံ နှင့် အညွှန်း

မြန်မာစာရိုက်လို့ရသွားပြီ။း))) ဒီတစ်ခေါက်ခရီးသွားတုန်းအတွေ့အကြုံလေးတွေနဲ့ ညွှန်းချင်တာလေးတွေရေးမလို့ပါ။ စင်ကာပူရောက်တော့ ထုံးစံအတိုင်း ပင်နီစူလာနဲ့နီးတဲ့နေရာမှာဘဲနေပါတယ်။  စားချင်တာလေးတွေ သွားစား လို့ရအောင်နဲ့ ကျွန်မအကြိုက်ဆုံးနေရာလေးဖြစ်တဲ့ မြစ်ဘေးနားမှာ ညပိုင်းလွပ်လွပ်လပ်လပ်သွား ထိုင် ချင် တာလဲပါတယ်။  အန်တီလေးက အလုပ်ပြီးတော့ သူကျွန်မဆီလာမယ်ဆိုတာနဲ့ ကျွန်မနဲ့ ကျွန်မသူငယ်ချင်း ရွှေအင်းလေး ဆိုင်မှာ စားစရာတွေမှာပြီးထိုင်စောင့်နေတယ်၊ အဲဒီအချိန်မှာ အရန်ဟင်းတွေချပြီးနေပီ၊ စားပွဲခုံက နှစ်ခုံဆက်ထားတယ်။ အန်တီလေးက သူလာနေပီ..ရောက်တော့မယ် ဆိုတော့ သူငယ်ချင်းကြီးကို အပေါက်ဝမှာသွားစောင့်ပါလို့ ပြော တော့သူကထသွားတော့ ကျွန်မတစ်ယောက်တည်းကျန်ခဲ့တယ်။  ဘေးနားကစားပွဲဝိုင်းမှာ အသက်မတိမ်းမယိမ်း ကောင်မလေးနှစ်ယောက်လာထိုင်တယ်လေ။ ကျွန်မကတော့ ထုံးစံအတိုင်းမြန်မာမြင်ရင်သိပ်ပျော်၊  ပြုံုးုပြတော့ ခပ်တည်တည်နဲ့ပြန်ကြည့်တယ်။  အဲဒါနဲ့ ကျွန်မလဲ မတော် သူတို့ စိတ်ညစ်စရာတွေများရှိနေလို့လားဆိုပီး မသိသယောင်နဲ့ အခြားဖက်ကို ငေးနေလိုက်တယ်။ စားပွဲက အရမ်းမဝေးတော့ သူတို့ ဟီးဟီးဟားဟား တွေ ကြားနေရတယ်။  အန်တီလေးဝင်လာတော့ မတွေ့ ရတာ

သိရိမင်္ဂလာဈေး -၂

သိရိမင်္ဂလာဈေးအပိုင်း(၂) လာပါပြီ။ ပုံတွေကအများကြီးဘဲ။  ကျွန်မအများဆုံးရိုက်ဖြစ်တာ ဒီမှာ ရှားတဲ့ဟင်းသီးဟင်းရွက်တွေပါ။  ရန်ကုန်ရောက်တော့စားချင်တာတွေလဲအများကြီး၊ ဈေးသွား ရင် အကုန်ကိုဝယ်ချင်တော့တာဘဲ။ နေ့နေ့ညည စားပြီးရင်စားချင်နေတာ ၊ ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ်တွေတွေ့တော့ပိုဆိုးတာပေါ့။  ကဲပုံလေးတွေကြည့်လိုက်ကြအုံး။  ပန်းဂေါ်ဖီ၊ တစ်ပွင့် ၅၀၀ ရှားစောင်းချဉ် (သို့) ရှားဇောင်းခါး (တစ်ခါမှမစားဖူးပါ) (thanks to kogyi Kyauk correct spelling) ကောက်ရိုးမှို  ဂျင်း  ခါကြက်ဥ  မုန်လာထုပ်  သခွားသီး  သံပုရာသီး ပိန်းဥ  အိုစွန်း  စမုံစပါး  ပဲညွန့်  မှို  ဂေါ်ဖီထုပ်  ရွှေဖရုံသီး  ကျောက်ဖရုံ  စပါးလင်  ပျဉ်းတော်သိမ်၊ ရှောက်ရွက်၊ တရုတ်နံနံ၊ ရှမ်းနံနံ၊ ပင်စိမ်း  ပဲပြား  ပဲပုဇွန်သီး (သို့) နွေပဲသီး (thanks baby taster)  ငရုတ်သီး လတ်လတ်ဆတ်ဆတ် ပဲသီး  ဘိုစားပဲ  ကိုက်လံပွင့်  ဂေါ်ရခါးညွန့်  ထောပတ်သီး  ရေကန်ဇွန်း  ထောပတ်ပဲ  ခရမ်းချဉ်သီး  ဇီးဖြူသီး  မုန်လာဥဖြူ ဘဲသွေး    ဂျူးမြစ် ငရုတ်သီးဝယ်ရန်ဈေးဆစ်နေပါသည်။  ပဲ (အမည်မသိ) နံနံပင် (လတ်ဆတ်လိုက်တာများ၊ အရမ်းသဘောကျတာဘဲ။ ကျွန်မနေတဲ့နေရာမှာ နံနံပင် အမြီးတောင်ရှာမတွေ့ဘူး။ နံနံ