Pages

Wednesday, January 5, 2011

ကြည့်မြင်တိုင် ငါးဈေး

ပြန်လာပါပြီ။  အိမ်ပြန်တာ နေလို့မ၀သေးဘူး။ အပြန်တုန်းက တစ်ပြုံးပြုံး.. ပြန်လာတော့ ငိုမဲ့မဲ့ပေါ။ လေယဉ်လက်မှတ် အဘိုးသေတာအကြောင်းပြပြီးရွှေ့ဖို့ကြံစည်တာလဲမအောင်မြင်၊ လက်မှတ် တွေကလဲကြပ်တယ်၊ ရန်ကုန်-စင်ကာပူကို ၁၅ ရက်အထိအပြည့်ဆိုဘဲ။ စင်ကာပူနဲ့ ဒီဖက်က တော့ အချောင်ကြီး၊ ကျွန်မဒီဘက်လေယဉ်ပြောင်းစီးတော့ ၃ ခုံမှာ တစ်ယောက်တည်းထိုင်တယ်။
ရန်ကုန်မှာ စားစရာတွေ၊ လည်စရာတွေ၊ တွေ့စရာတွေ ပိုများလာတယ်လေ။ ဒီတစ်ခေါက် ငွေဆောင်ရောက်သွားတယ်။ ငွေဆောင်အကြောင်းနောက်မှရေးမယ်။ မနေ့ညသန်းခေါင်မှ ပြန်ရောက်တော့ အိပ်ချင်တာတစ်အားဘဲ။  မအိပ်ရသေးဘဲ ရုံးမှာ လာထိုင်နေရတယ်။  အခုတော့ ညီမလေးမွေးနေ့အတွက် ထုံးစံအတိုင်းငါးဈေးသွားတဲ့ပုံလေးတွေတင်ပေးမယ်နော်။
ဈေးသွားဖို့အစောကြီးထပြီး သူငယ်ချင်းကိုလှည်းတန်းမှာသွားဝင်ခေါ်တာ သူ့ကိုစောင့်နေရင်း စားတဲ့ မုန့်ဟင်းခါး။
ဒါကတော့ သိပ်ကြိုက်တဲ့ အီကြာကွေး။  စားလို့မရဘူး တစ်ကိုက်ဘဲ... နောက်နေ့ ရင်ခေါင်းတွေ တောင့်ပီးနေမကောင်းဖြစ်တာ... မာမီက ဘာတွေခိုးစားလဲမေးတာ ပြောဘူး။း)))

လဖက်ရည်ဆိုင်ကစားပွဲထိုးကောင်လေး၊ စောစောစီးစီး နံနက်ခင်းမှာ သနပ်ခါးလေးနဲ့ ချစ်စရာလေး။



































ကျွန်မတို့ဝယ်တာ ငါးကြင်း (၂) ကောင်၊ ၁ ပိသာ ၇၀ သားကို ၄၅၀၀ ပေးရတယ်။ ဆလားဗီးယား (၃) ကောင်နဲ့ ဧည့်သည်တွေအတွက် ပုဇွန် အကြီးလေးတွေပါ။ 

12 Comments:

ပါရမီဖြည့်ဖက်လေး said...

အောင်မလေး- ရန်ကုန်ကို လွမ်းလိုက်တာနော်။ ငါးတွေကလည်း အကြိုက်ပဲ။ ဒီက ပင်လယ်ငါးတွေကို ကြည့်တောင်မကြည့်ချင်ဘူး။ ရန်ကုန်မှာ တော်တော် ပျော်ခဲ့မှာပေါ့နော်။ ရန်ကုန်ကပုံလေးတွေ ထပ်တင်ပါဦး မမကူးရေ။

Sunny said...

ငါးတွေ အများကြီးပဲ.. အဲလိုမျိုး ဈေးထဲသွားပြီး တစ်ခါလောက် ပြန်ဝယ်ချင်လိုက်တာ..

Anonymous said...

ငါးပေါင်းစုံပဲနော်
မင်္ဂလာနှစ်သစ်ပါ ကူးကူးရေ



Baby taster

မိုးယံ said...

ပလော်ဖက်ယှင်ဏယ် ဒတ်ပုံဆရာပဲ... မုန့်ဟင်းခါးပဲ စိတ်ဝင်စားတယ်.. ငါးတွေကတော့ချက်ကျွေးမယ့် သူ(အမေ)နဲ့ဝေးနေတော့ အင့် ဟင့်

စန္ဒကူး said...

hote pa..
myanmar font ma shi lo burgalish nae yite mae...
ngarr tway myarr kyii bae...
di country ka jungly tway ko dot country mar fish paw kyaung kywer chin lo yite lar dar.. heehee

Anonymous said...

ငါးကြင်းတွေ စားချင်စရာပဲ..။
ငါးကြင်းမြင်ရင် ငါးပဲငပိ လုပ်စားချင်တယ်။

ပေါက်

rose said...

အစ်မကူးကူး ပျောက်နေတယ်လို့ ထင်တာ... ရန်ကုန်ပြန်လည် နေတာကိုးးးး။ ပျော်ခဲ့လားပာင်။ ငါးတွေ အများကြီးပဲ။ ပုဇွန်တွေရော။ အကြိုက်တွေချည်းပဲ။ အဲ့လို ဈေးမျိုးမှာ လတ်လတ်ဆတ်ဆတ် သွားဝယ်ချင်လိုက်တာ။ ဒီက ရှော့ပင်းမောလ်တွေမှာ ခဲနေတဲ့ ငါးတွေ မစားချင်ဘူးရယ်း(

Anonymous said...

ငါးတွေ လတ်လတ်ဆတ်ဆတ် သွားဝယ်ချင်လိုက်တာ

Shinlay said...

ငါးငတ်နေတဲ့ကျမ ဓါတ်ပုံတွေကြည့်ပြီး ...
တနေ့ နေ့ တော့....
ကျေးဇူးနော်

rose of sharon said...

ဈေးကြီးတယ်နော်... မမြင်ရတာကြာပြီ ဈေးထဲကငါးတွေကို...

Anonymous said...

ကူးကူး ရေ ပျော်နေမှာနော်
ရန်ကုန်မုံ့ဟင်းငါး လေး အလွမ်းပြေ ကြည့်သွားတယ်
ငွေဆောင်ပို့စ် လည်း မျှော်နေမယ်နော်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

JUSTICE999BURMA said...

သွေးတိုးသမား အခြေအနေကောင်းရဲ့လားဗျိုး... ဂရုစိုက်အုန်းနော်.... လည်လည်တွေသွားပြီး အဆီတွေ အအိမ့်တွေ သိပ်မစားနဲ့ အုန်းဗျိုး...

Post a Comment

ကူးကူးရေ...

 
Powered by Blogger