Pages

Friday, January 14, 2011

ရန်ကုန်ပြန်အတွေ့ကြုံ နှင့် အညွှန်း

မြန်မာစာရိုက်လို့ရသွားပြီ။း)))
ဒီတစ်ခေါက်ခရီးသွားတုန်းအတွေ့အကြုံလေးတွေနဲ့ ညွှန်းချင်တာလေးတွေရေးမလို့ပါ။
စင်ကာပူရောက်တော့ ထုံးစံအတိုင်း ပင်နီစူလာနဲ့နီးတဲ့နေရာမှာဘဲနေပါတယ်။  စားချင်တာလေးတွေ သွားစား လို့ရအောင်နဲ့ ကျွန်မအကြိုက်ဆုံးနေရာလေးဖြစ်တဲ့ မြစ်ဘေးနားမှာ ညပိုင်းလွပ်လွပ်လပ်လပ်သွား ထိုင် ချင် တာလဲပါတယ်။ 
အန်တီလေးက အလုပ်ပြီးတော့ သူကျွန်မဆီလာမယ်ဆိုတာနဲ့ ကျွန်မနဲ့ ကျွန်မသူငယ်ချင်း ရွှေအင်းလေး ဆိုင်မှာ စားစရာတွေမှာပြီးထိုင်စောင့်နေတယ်၊ အဲဒီအချိန်မှာ အရန်ဟင်းတွေချပြီးနေပီ၊ စားပွဲခုံက နှစ်ခုံဆက်ထားတယ်။ အန်တီလေးက သူလာနေပီ..ရောက်တော့မယ် ဆိုတော့ သူငယ်ချင်းကြီးကို အပေါက်ဝမှာသွားစောင့်ပါလို့ ပြော တော့သူကထသွားတော့ ကျွန်မတစ်ယောက်တည်းကျန်ခဲ့တယ်။  ဘေးနားကစားပွဲဝိုင်းမှာ အသက်မတိမ်းမယိမ်း ကောင်မလေးနှစ်ယောက်လာထိုင်တယ်လေ။ ကျွန်မကတော့ ထုံးစံအတိုင်းမြန်မာမြင်ရင်သိပ်ပျော်၊  ပြုံုးုပြတော့ ခပ်တည်တည်နဲ့ပြန်ကြည့်တယ်။  အဲဒါနဲ့ ကျွန်မလဲ မတော် သူတို့ စိတ်ညစ်စရာတွေများရှိနေလို့လားဆိုပီး မသိသယောင်နဲ့ အခြားဖက်ကို ငေးနေလိုက်တယ်။
စားပွဲက အရမ်းမဝေးတော့ သူတို့ ဟီးဟီးဟားဟား တွေ ကြားနေရတယ်။  အန်တီလေးဝင်လာတော့ မတွေ့ ရတာ လဲကြာပြီဖြစ်လို့ ကျွန်မက ၀မ်းသာအားရမတ်တတ်ထရပ်လိုက်တာ.. ခုံနှစ်ခု ဆက်ထားတဲ့အစွန်းနဲ့ တိုက် မိပီး စားပွဲခုံက ပေါ့ပေါ့လေးမို့ စောင်းပီး ဟင်းရည်ခွက်တွေမှောက်ကျပါရော။ 
ဝတ်ထားတာဘောင်းဘီအဖြူ ဆိုတော့ စဉ်းစားကြည့်တော့.. အမှန်က ခေါင်းလဲ နဲနဲ မူးသွားတာ ရုတ်တရက် ထရပ်လိုက်တော့။  ဟင်းခွက်က အောက်ကို ကျ.. အရည်တွေကြမ်းပြင်မှာ ပျံ့ကုန်ရော..  ဒါနဲ့ ဆိုင်ထဲဝင်လာ တဲ့ သူငယ်ချင်းနဲ့ အန်တီလေးက အမြန်ပြေးလာပြီး ဘာဖြစ်သွားလဲ..ဘာလဲ ၊ပေကုန်ပီလားနဲ့ စိုး၇ိမ်တစ်ကြီး ဖြစ်နေတာ။  ဆိုင်ကကောင်လေးတွေကလဲ အမ.. ဘာဖြစ်သွားလဲ ကျွန်တော်တို့ရှင်းလိုက်မယ်.. အနောက်မှာ ဘေစင်ရှိတယ်..ဘာညာနဲ့ပျာပျာသလဲ ဖြစ်နေတဲ့အချိန် ကျွန်မ ဘေးစားပွဲမှာထိုင်နေတဲ့ မမ နှစ်ယောက်က တောက်တစ်ခေါက်ခေါက်နဲ့ ပွစိပွစိ လုပ်နေကြရော.. ကျွန်မလဲ ကိုယ်ဖြစ်တဲ့အမှားမို့ သူတို့ကိုများစင်သွားလား ဆိုပီးစိုးရိမ်တစ်ကြီးနဲ့  ပေသွားလားဟင်.. သွားကြည့်ပေးပါအုံး လို့ ပြောတော့.. ဘာမှလဲမပေဘူး။  သူ့တို့ နားထိ တောင်မရောက်ဘူး။ အဲဒါကိုသူတို့အသည်းသန်စိတ်ဆိုးနေကြတာ.. ဘာကြောင့်မှန်းတော့မသိဘူး။  စိတ်တော့မကောင်းဘူးရယ်။.....  သူငယ်ချင်းဟောင်းကြီးက.. နေပါစေ သူတို့လဲပေတာမဟုတ်ဘဲ အဖြစ်သဲ နေတာ သွားမတောင်းပန်နဲ့တဲ့...  ပေလားလို့မေးတော့လဲမပေဘူး။  ကျွန်မကတော့ မတောင်းပန်လိုက်ရ လို့ စိတ်မကောင်းဘူး တစ်ကယ်ပါ။
ရန်ကုန်ပြန်မယ့်နေ့က ထုံးစံအတိုင်း ပြတင်းပေါက်နားက ကိုယ့်နေရာမှာ ကပ်ပြီးထိုင်နေတော့ လင်မယား နှစ်ယောက်တက်လာပါတယ်။  အမျိုးသမီးက အရပ်တော့မပုပေမယ့် သူ့ပစ္စည်းအလေးကြီးတွေကို သူ အပေါ် ကိုမတင်နိုင်တာသေချာနေတယ်။  သူ့နောက်လာလိုက်လာတဲ့ အသက်အလတ်ပိုင်းလူကြီးက လဲ သူနဲ့မဆိုင် သလိုလိုနဲ့.. သူက မနိုင်တစ်နိုင်လှမ်းတင်နေတာ..  လေယဉ်မယ်တွေကလဲ အကူညီတောင်းဖို့အနားက ယော က်ျားလေးတွေလိုက်ရှာနေသလားမဆိုတတ်..ဟိုကြည့်ဒီကြည့်နဲ့..ဒါနဲ့ ကျွန်မထိုင်ရာက ပြန်ထွက်ပြီး (ဘယ်သူ မှမခိုင်းပါ) ပစည်းတွေ (၃) ထုပ်လောက်ရှိမယ်.. အဲဒါကို အပေါ်တင်ပေးလိုက်တယ်...လေးတာ နင့်နေတာဘဲ။ ဟီး.....  ကိုယ်ချင်းစာပါတယ်လေ ကိုယ်လဲ အိမ်ပြန်ရင်အဲလိုဘဲ။  ကျွန်မအရပ်ရှည်တော့ အပေါ်တန်းကို  အသာလေးမှီတယ်။  ပြီးတော့ အထဲဝင်ထိုင်တော့ သူ့နောက်က ကြောင်တောင်တောင်ရပ်နေတဲ့အမျိုးသား ကပါ ၀င်ထိုင်တော့မှ သူ့ယောက်ျားမှန်းသိတာ...  အဲ .ဒီအမျိုးသမီးက က ကျွန်မကို ကျေးဇူး တစ်ခွန်းတောင် မဆိုပါဘူး။  ကျေးဇူးအတင်ခံချင်လို့လုပ်တာမဟုတ်ပေမယ့် အမြဲလိုလိုကြားနေကျဖြစ်နေလို့ သူက မသိသလို နဲ့ခပ်တည်တည်နေတဲ့ ပုံစံကိုနားမလည်နိုင်ဘူး။  သူအိမ်သာသွားဖို့ထသွားတော့ သူ့အိတ်တွေ ပေါင်ပေါ်တင် တဲ့ပစ္စည်းတွေအကုန် ခုံပေါ်ချပီးပြန်ဝင်လာတော့ အလယ်ခုံမို့ ခက်ခက်ခဲခဲဝင်တယ်၊ ဘေးက သူ့ယောက်ျား ကလဲခပ်တည်တည်ဘဲ.. အဲဒါနဲ့ကျွန်မသူ့ခုံပေါ်ကပစ္စည်းတွေအားလုံးခဏမထားပေးလိုက်တယ်။
သူက ၀င်ထိုင်ပီးတာနဲ့ အကုန်ပြန်ပေးလိုက်တယ်.. အဲဒါလဲ ခပ်တည်တည်ပါဘဲ..လင်မယားမှန်းတော့သိ တယ်။ သူတို့စကားပြောနေတာကိုယ်က ကြားနေရတယ်။ သူ့သမီးနှစ်ယောက်အနောက်မှာထိုင်တယ်။  အင်္ဂလိပ်လိုပြောတာ မွတ်နေတာမို့ စင်ကာပူမှာကျောင်းတက်နေတဲ့သူတွေ ဖြစ်လိမ့်မယ့်မယ်။ 
တစ်ခါတစ်လေ လူတွေကိုမသိစိတ်က အလိုလို ကူညီမိသားဖြစ်နေတာ..မသိစိတ်ကလဲ အလိုလို ကျေးဇူး ဆိုတဲ့ စကားလေးတစ်ခွန်း၊ အကြည့်လေးတစ်ချက်တော့ ပြန်လိုချင်မိနေတဲ့ ကိုယ့်စိတ်ကိုယ်ပြန် ဆင်ခြင်မိ တယ်။
လေယဉ်ပေါ်ကဆင်းတော့ လမ်းလျှောက်တော့ သူ့အထုတ်က ပြုတ်ကျပြန်တယ်၊ အဲဒါလဲ မနေနိုင် သွား ကူကောက်ပေးလိုက်သေးတယ်။ နောက်မှကြည့်မိတော့ အော်..ဘေးနားက အန်တီကြီးပါလား.. သူက တော့ ktt ဘာဘဲ။  အသက်လဲ အရမ်းမကြီးသေးဘူး။  ကျွန်မအမေလောက်ဘဲရှိမှာပေါ။ 
ရန်ကုန်ရောက်တော့ ဒီတစ်ခေါက်တော့ သရေစိမ်းဖိနပ်လေးတစ်ရံဝယ်ဖြစ်အောင်ဝယ်မှဆိုပြီး စကော့ဈေးက မေရှမ်း ဆိုတဲ့ ဖိနပ်ဆိုင်ရောက်သွားတယ်။ လိုချင်တဲ့နံပတ်နဲ့ သဲကြိုးက ပွပွကြီးဖြစ်နေလို့  နံပတ်အသေး ထဲကလို ဖိနပ်သဲကြိုးကျစ်ကျစ်လေးမရှိဘူးလာမေးတော့ ဆိုင်က အဒေါ်ကြီးရဲ့ သမီးနဲ့တူတယ်.. ဘယ်မှ ကြိုး ကြီးလို့လဲ အတူတူဘဲ၊ သေချာကြည့်စမ်းပါ ဘယ်မှာ ကြီးလို့လဲ  ပန်းသီးကထုတ်တာ အားလုံးအတူတူဘဲဆိုပြီး ထအော်ပါတယ်။ ကျွန်မကပြောတယ်.. အမ..ဒီမှာကြည့်လေ ဒီတစ်ရံနဲ့ ဟိုတစ်ရံ ကြိုးအကြီးသေး ဒီ လောက် ကွာတာ..လို့ယှဉ်ပြတော့ သူက ရှက်ရမ်းရမ်းသလားမသိ..မချေမတင်နဲ့ ပြောပါရော။  ကျွန်မလဲ တော်တော့် ကိုအံ့သြမိပါတယ်။ ပေါ်တင်ကြီးမြင်ရက်နဲ့ငြင်းနေတဲ့သူ့ကို ကျွန်မ ပြုံးပီးတော့ဘဲကြည့်တော့ တယ်။ ဈေးမဆစ်ဘဲပိုက်ဆံပေးပြီးပြန်ထွက်လာတယ်။  ကျွန်မပြောတယ် နောက်ဆို ပေါ်တင်ကြီး ဈေးဝယ် သူကို ကိုယ်မှားမှန်းသိရက်မငြင်းပါနဲ့လို့။  နောက်မှာတော့ သူ့အမေနဲ့သူအချေတင်ပြောဆိုသံတွေကျန်ခဲ့တယ်။ 
ကျွန်မက အရင်ကသတိမထားမိပေမယ့် ကျွန်မဆိုင်တစ်ဆိုင်ဝင်ရင် လူတွေအများကြီးလိုက်ဝင်ပြီးဝယ်ကြ တယ်။ တိုက်ဆိုင်တာလည်းဖြစ်နိုင်ပေမယ့် အကုန်လုံးကတိုက်ဆိုင်တော့ အဲဒီနေ့က စကော့ဈေးမှာ လူ တစ်ယောက်မှမ၀င်တဲ့ဆိုင် ကျွန်မ ညီမလေးနဲ့ ၀င်တယ်.. ကျွန်မက ညီမလေးကိုနောက်သလိုလိုနဲ့ ကြည့်နေ လူတွေလာတော့မယ် မကြာခင်လို့.. သိပ်မကြာပါဘူး..နိုင်ငံခြားသားတွေရော..အခြားဈေးဝယ်သူတွေပါ အကုန် ၀ိုင်းအုံလာလို့.. ရွှေချည်ထိုးရောင်းတဲ့ဆိုင်က ကျွန်မနဲ့ညီမလေး ပြောနေတာတွေကြားထားတော့ ဈေးလျှော့ပေးတယ်။  ဟဲဟဲ.. ညီမလေးက လာနောက်တစ်ဆိုင်သွားစမ်းမယ်ပြောတယ်.. ဒါနဲ့ ကျွန်မ ကျောက်စိမ်းလက်စွပ်လေးတွေရောင်းတဲဆိုင် ဘယ်သူမှမရှိတဲ့ဆိုင်ထဲဝင်သွားတယ်..သိပ်မကြာဘူး..လူတွေ ၀ိုင်းအုံပီးလာဝယ်ကြပြန်ရော၊  ရိုးရာအိကျီရောင်းတဲ့ဆိုင်၊ ဒညင်းသီးအုန်းနို့စမ်းဆိုင်.. ယွန်း ဆိုင်.. အကုန် လိုက်စမ်းပြတာ.. ယွန်းဆိုင်ဆို သူတို့တွေထမင်းဝိုင်းထိုင်စားနေကြတာ..ဈေးဝယ်သူလဲမရှိ.. ကျွန်မ၀င်ပြီး ဆွမ်းအုပ်လေးတွေရွေးနေတဲ့အချိန်မှာဘဲ လူတွေအကုန်ပြည့်လာတာ..ဆိုင်ထဲမှာ ဈေးရောင်းတဲ့ ကောင်မ လေး တွေ အကုန်ထပြီးအလုပ်များကြရော..ကျွန်မတောင်မနဲတိုးထွက်လာရပါရောလား။
ညီမလေးနဲ့ က တစ်နှစ်မှတစ်ခါတွေ့တာမို့ သူကတော်တော်အံ့သြနေတယ်..  ကျွန်မ စကော့ဈေးအပေါ်ထပ် လျှောက်နေရင်းနဲ့ ရွှေပြည်နန်းသနပ်ခါးဗူးတွေ ထိုင်ရောင်နေတဲ့ အန်တီ အိပ်တောင်ငိုက်နေတာ.. ဈေးဝယ် သူမရှိလို့.. ကျွန်မက ညီမလေးကို ခဏစောင့်ကြည့်နေဆိုပီး ကျွန်မသနပ်ခါး တစ်ဗူးဘယ်လောက်လဲ သွားမေးတယ်... ကိုင်ကြည့်နေတုန်းရှိသေးတယ်.. နိုင်ငံခြားသားနှစ်ယောက် ပါဝိုင်းလာတယ်။ နောက်တော့ အမျိုးသမီး(၃) ယောက် သနပ်ခါးဆိုင်သေးသေးလေးကိုဝိုင်းအုံနေကြတာ...  ဆိုင်ရှင်အန်တီကြီးလဲ မျက် လုံးတွေကျယ်လာရော..  တော်တော်ရောင်းလိုက်ရတယ်.. ကျွန်မလဲ မ၀ယ်တော့ဘဲ လျိုထွက်ပြီး ခပ်လှမ်း လှမ်းကနေ ညီမလေးနဲ့ လှမ်းကြည့်နေတာ။ 
ကျွန်မနဲ့ဒီကသူငယ်ချင်းတွေကတော့ သိတယ်။ ကျွန်မ မောလ် သွားရင် ဆိုင်တစ်ဆိုင်ဝင်တိုင်း ဈေးဝယ် သူတွေအများဝိုင်းလာတတ်တယ်ဆိုတာ။  ဟင်းသီးဟင်းရွက်ကအစပေါ့..  ဟီး..
intn'l school ဖွင့်ထားတဲ့ သူငယ်ချင်းက ကျွန်မကို နင်ငါ့ကျောင်းမှာ လာထိုင်နေပေးပါလားလို့ ကမ်းလှမ်း တယ်။  အရင်နှစ်က သူ့ကျောင်းမှာ ခဏသွားနေပေးတာ ကျောင်းသားတွေများကြီးတိုးလာတယ်တဲ့လေ။
တိုက်ဆိုင်တာ ဖြစ်နိုင်ပေမယ့် အဲလိုတိုက်ဆိုင်တာမျိုးတော့ ကြိုက်တယ်။ သူများအတွက်လဲ အကူညီဖြစ် တာပေါ့လေ။း))
ရန်ကုန်မှာ shopping mall တွေများလာတယ်။ ဈေးဝယ်ရတာလဲပိုအဆင်ပြေလာတယ်။ အထူးသဖြင့် အိမ်ခဏ ပြန်၊ အစားသောက်တွေပြန်သယ်သွားဖို့ ရည်ရွယ်တဲ့ ကျွန်မတို့လို လူတွေအတွက်ပေါ့။  မောင်လေးရုံးနဲ့ နီးတဲ့ Ruby Mart မှာ တော့ ခဏခဏ ၀င်ဝယ်ဖြစ်တယ်။ အဲဒီက ပဲပုပ်စေ့ကြော် လေးက ရှယ်ကောင်းပါဘဲ။  မယုံရင်ဝယ်စားကြည့်။
ယုဇနက နန်းသပြေ ငါးရံ့ခြောက်ဖုတ် ပြားကလဲ အင်မတန်ကောင်းပါတယ်။  အဆင်သင့်လေး ချွေပြီး ဆီစမ်း စားရုံပါဘဲ။ အရသာလဲသိပ်ရှိတာ။
အဲဒီမှာဘဲ ရခိုင်မုန့်တီချက်ဖို့ ဟင်းရည်ခြောက်ထုတ်လေးတွေလဲရတယ်။  ငါးပြုတ်ပီးရောမွှေထည့်လိုက်ရင် ရပီလေ။ ဘယ်လောက်လွယ်လဲ။ 
ငပိရည်ကျိုအတွက် အမှုန့်ထုတ်လေးတွေလဲရတယ်။  ရေနွေးလေးနဲ့ ဖျော်စားရုံဘဲ။ ငရုတ်သီးခြောက်မှုန့် ထုတ်လေးပါပါသေးတယ်။ အဲဒါကတော့ ruby mart မှာပါ။
မော်တင် junction ကတော့ တော်တော့်ကို သွားလို့ကောင်းတဲ့နေရာပါ။  သူငယ်ချင်းကောင်လေးက အဲဒီမှာ wireless access ကော်နက်ရှင်ပျက်လို့ သွားလုပ်ပေးနေတာနဲ့ ကျွန်မပါရောက်သွားတာ... လေးထပ်.. အပေါ် ဆုံးမှာ ရုပ်ရှင်ရုံ ရှိတယ်။  အဲဒီမှာ စားသောက်ဆိုင်တွေလဲများကြီး...
သူငယ်ချင်းက သူ့အလုပ်ပြီးတော့ Happy ဆိုင်မှာ ကျွေးတယ်။ ကျွန်မစားတာ ငါးပုပ်ခြောက် ထမင်းကြော်။   အရမ်းးးး ကိုကောင်းတယ်။  သူက တော့ ပုန်းရည်ကြီးထမင်းသုပ် စားတယ်။ သူ့ဟာလဲကျွန်မစားသေးတယ်။ ဖုတ်ကောင်လိုဘဲ ရန်ကုန်ပြန်ရင်အကုန်စားတာ... (၁၀)ပေါင်လောက်ထပ်တိုးလာတာဘဲကြည့်တော့။း(
ချင်ကြာပူက ခဏပြန်ရောက်နေတဲ့ဦးကပ်စီး က သဘောကောင်းစွာနဲ့ ရွှေပုဇွန် မှာ ဒိုမီနို လိုက်တိုက်ပါတယ်။ အများကြီးညံ့သွားတယ်။  ခိုတာလားဘာလားတော့မသိဘူး။ အရင်က အရသာများမျိုးရမယ်ထင်တာ တစ်ဇွန်း စားတာနဲ့ စိတ်ပျက်သွားတယ်။  အသီးတွေလဲအစစ်တွေမထည့်တော့ဘူး။  ရေခဲမုန့် အရေဖျော်နဲ့ မကွာတော့ဘူးပေါ့လေ။
YKKO မှာလဲ ကြေးအိုးလိုက်တိုက်ပါသေးတယ်။  ညီမလေးက ကြေးအိုးအရမ်းကြိုက်တယ်။  ရောက်ရောက် ချင်းနေ့မှာ မြို့ထဲကဆိုင်သွားတော့ ဆိုင်နောက်ဖေးခဏ၀င်သွားတာညစ်ပတ်လိုက်တာ... တော်တော် စိတ်ညစ်သွားတယ်။  ပန်းကန်ဆေးတဲ့ စင်ကိုလှမ်းကြည့်တော့ အောင်မလေးလေး..ဆပ်ပြာမှုန့်နဲ့ ရေလည် ဆေးနေတာပန်းကန်တွေအိုးတွေကို။ ဒိန်ချဉ်မှာတော့ ပုရွက်ဆိတ်လေး တောင်အဆစ်ပါသေး။ ... ဟူးးးးး...လက်မ လျှော့သေးဘူး မြေနီကုန်းက YKKO ကိုထပ်သွား တယ်။ 
ကြေးအိုးထည့်တဲ့ပန်းကန်က ကော်အထူစား ညစ်ပတ်နေပီ အကွက်တွေစွန်းနေတယ်။  ပိုဆိုးတာ ညီမလေး စားတဲ့ပန်းကန်မှာ ကြက်အမွှေး တွေ့တာဘဲ။  တော်ပီ..တော်ပီ..စိတ်ကုန်သွားတာအရမ်းဘဲ။
ဂမုန်းပွင့်မှာ ရင်ဖုန်းအိကျီလေးတွေအပျော်ဝတ်... လှလှလေးတွေအများကြီးရှိတယ်။  ဈေးလဲသက်သာတယ်။ Moon Bakery က ဆီချက်အရမ်းကောင်းတာဘဲ။ 
Feel Myanmar က ထမင်းဟင်းတွေကတော့ အမြဲတမ်းကိုယ့်အကြိုက်တွေချည်းဘဲ။
မျှော်စင်ကျွန်းပေါ်က Shanti မှာ လဲ စိတ်ကြိုက်စားခဲ့သေးတယ်။  ကန်ကြီးဘေးမှာ ထိုင်ငေးရတာနဲ့တင် တန်နေပြီ။ 
 
50th street Bar က ကော်ဖီလဲအရမ်းကောင်းတယ်။  pasta လဲမဆိုးပါဘူး။  ပန်ကန်အကြီးကြီးနဲ့ ရက်ရက် ရောရောကိုထည့်ပေးတော့ကုန်အောင်စားဖို့မလွယ်ဘူး။ ဒီကလိုဘဲ တစ်ခွေနှစ်ခွေဘဲပါမယ်ထင်လို့ ဆန်းဝှခ်ျ ပါထပ်မှာလိုက်တာ တစ်ကယ်တော့စားမကုန်တော့ဘူး။   $ နဲ့ပေးရပေမယ့် တော်တော်လေး တန်ပါတယ်။ 
sakura လားမသိ၊ အထပ် ၂၀ က ဆိုင်လေးမှာလဲ ရွှေတိဂုံကိုလှမ်းငေးပြီး အစာစားလို့ကောင်းတယ်။
ရွှေနန်းတော်ဝင်က ထမီကွင်းလေးတွေလဲ နဲနဲဝယ်ခဲ့တယ်။   ၀တ်ချင်တာပါ.. ထမီဝတ်ရင် ၀ါးပိုးဝါး အ၀တ်ပတ် သလိုဘဲမို့ တော်ရုံတော့မ၀တ်ဘူး။။းဟီးး
ပုံတွေတင်ချင်တာ တင်လို့ရတော့ဘူးတဲ့.. 1GB ပြည့်သွာပီတဲ့လေ... ထပ်လိုချင်ရယ်ဝယ်ပါတော့တဲ့။း))
ထည့်ချင်တဲ့ပုံထည့်မရလို့ ရတဲ့ပုံဘဲထည့်ထားတယ်။  ကျွန်မ logo လေ.. နီမိုနဲ့..း)


14 Comments:

Anonymous said...

blog setting လေးကိုပြင်ပေးပါလား။ reader မှာတစ်ဝက်ဘဲပေါ်တယ်။ကျေးဇူး။။ဖတ်လိုကောင်းပါ၏

rose of sharon said...

တော်တော်စုံအောင်လျှောက်စားခဲ့တာဘဲ... ပျော်စရာကြီးနော်...

Sunny said...

ရန်ကုန်ပြန်အတွေ့ အကြုံတွေ ဖတ်သွားတယ် မမကူးရေ.. ပျော်စရာကြီးပဲ.. :)

ဆောင်းနှင်းရွက် said...

စာလုံးဖောင့်တွေ
အရမ်းသေးပြီး
အရမ်းကပ်နေလို့
ဖတ်နေရင်း
ဆက်မဖတ်နိုင်တော့ဘူး ..း(

စာလုံးဖောင့် နဲနဲကြီးပါလား အမ ..


ခင်မင်လျှက်
ဆောင်းနှင်းရွက်

စန္ဒကူး said...

စာလုံးဖောင့်သေးနေတာလား...
ကူးလဲမပြင်တတ်ဘူး..
ခဏလေးစောင့်ပါနော်.. မနက်ဖြန် သူများကို အကူညီတောင်းရမှာမို့..
blog setting ဘယ်လိုချိန်းရမလဲမသိဘူး... ခဏနော်..

ပါရမီဖြည့်ဖက်လေး said...

ရန်ကုန်ပြန်အတွေ့အကြုံလေး ဖတ်သွားတယ် မမကူးရေ။ ဟုတ်တယ် တစ်ချို့ဈေးသည်တွေက ၀ယ်သူကို ဂရုမစိုက်ချင်ကြဘူး။ ညီမလည်း အဲလိုမျိုးတွေ ကြုံဖူးတယ်။ YKKO က ကြေးအိုး သိပ်ကြိုက်တာ။ ခုတော့ စားရမှာတောင် လန့်နေပြီ :-)

Shinlay said...

ရန်ကုန်အကြောင်းတွေအတွက်ကျေးဇူးတင်ပါတယ်။
ဒီတခေါက်ပြန်ရင် သွားစားကြည့်ဖို့ နေရာလေးတွေရပြီ။

ဆောင်း said...

ဒို့ များ ဆိုင်ဖွင့်ရင် ကူကူးကို အရင် ဖိတ်မှဘဲ
ဒါမှမဟုတ် ငယ်ငယ်တုန်းက သူငယ်ချင်းတွေနောက်ပြောသလို တကိုယ်လုံး ဆစ်ဆေးသုတ် ရွှေချပြီး အပေါက်ဝမှာ ထားမှ ထင်တယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟိ
အပေါ်က တစ်ယောက်နဲ့ စိတ်ကူးတူတယ်
တို့လဲ ဆိုင်ဖွင့်ရင် ကူးကို ခေါ်မလို့ သူဦးသွားတယ်
အဲလို Lucky မျိုး လိုချင်လိုက်တာ တကယ်..

စန္ဒကူး said...

အောင်မငေးး... ကြောက်စရာ..လူကို အရုပ်လုပ်ပစ်တော့မယ်...း)))

JulyDream said...

တခါတလေမှာ အဲဒီလို အထူအပါး နားမလည်တဲ့ လူတွေကို ကြုံရတဲ့အခါ အတုံ့အလှည့် ဆိုတာလေးတော့ မြည်းစမ်းဖူးသွားရအောင် လုပ်ပစ်လိုက်ချင်မိတဲ့ စိတ်ဆင်ရိုင်းတွေ ချွန်းအုပ်လို့ မရအောင် ပြူထွက်လာတယ်။

Anonymous said...

hi everyone, how how is everybody?

Wint Wint said...

အဲဒီပန်းပွင့်လေးရဲ့  အမျိုးအမည်သိပါရစေ

စန္ဒကူး said...

ပန်းအမျိုးမည်တော့မသိဘူး... ညနေ ၄ နာရီလောက်ဆိုပွင့်တယ်..

Post a Comment

ကူးကူးရေ...

 
Powered by Blogger