Skip to main content

Posts

Showing posts from November, 2011

Museum of Nature, Ottawa ညနေခင်း

ညနေခင်းတစ်ခုမှာ ရောက်ဖြစ်ခဲ့တဲ့ Canadian Museum of Nature ကပုံလေးတွေ တင်ပေးလိုက်ပါတယ်။အနားဖြတ်သွားတော့ရုပ်လုံးဖော်ထားတဲ့အကောင်ကြီးတွေ အဆောက်ဦးဘေးမှာ ဆင်ထားတာတွေ တွေ့တော့ စိတ်ဝင်စားလို့ဝင်သွားတာ.. ကြည့်လို့ မကုန်နိုင်တော့ပါဘူး....  အရမ်းလဲစိတ်ဝင်စားဖို့ကောင်းတယ်။  ကျွန်မလို အကောင်လေးတွေချစ်တဲ့သူ        အတွက်တော့အတော်ပါဘဲ။အရင်ဆုံးseamonsters3D၀င်ကြည့်တယ်။ ပြီးတော့မှ ပြခန်းတစ်ထပ်ခြင်းဆီကိုအသေးစိတ်လိုက်ကြည့်ပါတယ်။ ဒိုင်နိုဆော ကြီးတွေရဲ့ ရုပ် ကြွင်းတွေရှိတယ်.. အခုခေတ်မှာအဲလောက်ကြီးတဲ့အကောင်တွေရှိရင်မလွယ်ဘူး။ အကောင်တွေအကုန်ကို ရုပ်လုံးသွင်းထားတာ သိပ်အသက်ဝင်တယ်။  ကြာသပတေးနေ့ ညနေ ၅ နာရီနောက်ပိုင်းဆို free admission ပါ။  ကျန်တဲ့အချိန် တွေ admission fees ကို ဒီမှာ သွားကြည့်နိုင်ပါတယ်။         ဒါကတော့ animalium ထဲက သက်ရှိအကောင်လေးတွေပါ။  အသည်းယားဖို့ကောင်း တယ်။  အချို့အကောင်စိမ်းလေးတွေဆို သစ်ရွက်နဲ့ တစ်ထပ်တည်းဘဲ။ သဘာဝ ကအင်မတန်ဆန်းကြယ်တယ်။