Pages

Sunday, November 27, 2011

ကန်ဇွန်းမှို စပ်စပ်သုပ်

ကျွန်မနေတဲ့နေရာကနေ တစ်နာရီကျော်လောက်ကားစီးသွားရင်၊ University တစ်ခုကိုရောက်တယ်။ အဲဒီမှာ မြန်မာပြည်ကနေ ဘွဲ့လွန်လာတက်နေကြတဲ့ ကျောင်းသားကျောင်းသူ ၆ ယောက်လောက်ရှိမယ်။ 
လူပျိုအပျိုတွေကတော့ တော်ရုံမတွေ့ရဘူး။ အဲဒီမှာတက်နေတဲ့ အကိုအမလိုခင်မင်ရတဲ့ ဆရာနဲ့ သူ့ဇနီး ဆီမှာ  ၃ လ တစ်ခါလောက်ထမင်းသွားစားဖြစ်တယ်။
ဒီတစ်ခေါက်တော့ ကန်းဇွန်းရွက်နဲ့မှိုကို ရေနွေးဖျောပြီးလှီးထားတာတွေ့လို့ ဘယ်လိုသုပ်လဲဆိုတာ နဲနဲစပ်စု ခဲ့တယ်။ နိုင်ငံပေါင်းစုံက ကျောင်းသားကျောင်းသူတွေရောထွေးနေတော့..အစားသောက်ခြင်းဖလှယ်ကြ၊ အရသာ ကို ကိုယ့်အကြိုက်ပြုပြင်ကြနဲ့ ဘယ်နိုင်ငံကအစားစာမှန်းတော့ သေချာမသိဘူး။
ဒါပေမယ့် မြန်မာပြည်မှာ ကျောင်းတုန်းက ရခိုင်သူငယ်ချင်းမလေးတွေ ငရုတ်သီးစိမ်းကို ညက်ညက်ထောင်း ၊ အသီးအရွက်စုံ ထည့်သုပ်စားကြလို့... ဒီတစ်ခေါက်အသုပ်လေးကိုလဲ  ရခိုင်သုတ်လို့ဘဲ နာမည်ပေးလိုက်တယ်။
လုပ်နည်းကလွယ်ကူပြီးရိုးစင်းလွန်းပါတယ်။
 
  • ကန်ဇွန်းရွက်နဲ့မှိုကို ရေစင်စင်ဆေး၊ အနေတော်လှီးဖြတ်ပီး ရေနွေးပူပူမှာ ဆားထည့်ပြီး ရေနွေးဖျော လိုက် တာပါ။ 
  • ပြီးရင်တော့ ရေစစ်ထားပြီး သုပ်မယ့် ခွက်ထဲကိုအဆင်သင့်ထည့်ထားတယ်။
  • ကြက်သွန်ဖြူနိုင်နိုင်နဲ့ ငရုတ်သီး များများကို ညက်နေအောင်ထောင်းပါတယ်။
  • ပြီးရင်တော့ အားလုံးရောထည့်ပြီး ဆား၊ အချိုမှုန့်ထည့်ပြီး သမအောင်မွှေလိုက်တာပါ။  
  • အရောင်အဆင်းမရှိလို့... အရသာမရှိဘူးလို့မထင်ပါနဲ့နော်....
  • အင်မတန်ကို အရသာရှိပြီး၊ စိမ်းကြွပ်ကြွပ် လေးနဲ့သိပ်စားလို့ကောင်းပါတယ်။ 
  • ကြက်သွန်ဖြူမကြိုက်တဲ့သူတွေအတွက်တော့ အနံ့လေးပြင်းလိမ့်မယ်။ 
  • သတ်သတ်မလွတ်တဲ့သူတွေကတော့ စိမ်းစားငပိလေးနဲနဲကိုပေါင်းပြီး ထည့်သုပ်လိုက်ပါ။ တစ်ကယ့်ရှယ်။း)
 

PS:  ကျွန်မဘလော့မှာ ရေးထားတဲ့စာတွေဟာ ကျွန်မလက်တွေ့စမ်းသပ်ထားတဲ့အစားသောက်များနဲ့ ကိုယ်တိုင်သိမြင်ကြားနာရတဲ့ အသုံးဝင်ဆေးနည်းလေးတွေနဲ့၊ ကိုယ်ပိုင်ခရီးသွားမှတ်တမ်းလေးတွေပါ။ 
Blog မဟုတ်တဲ့ အခြား website တစ်ချို့နဲ့ Forum တွေမှာ တွေ့ရလို့ ယူသုံးမယ်ဆိုရင် Post အဆုံးထိပြည့်ပြည့်စုံစုံကူးသွားပါလို့။  တစ်ဝက် တစ်ပျက်ကူးပြီး လိုက်တင်ထားတာ အသုံးဝင်မယ် မထင်လို့ပါ။း)))

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကျပါစေ။  ကူးကူးတော့ ဒီဇင်ဘာအိမ်ပြန်ဖို့ စိတ်ကူးနဲ့ မြူးနေပါတယ်။

8 Comments:

ကျော်နှင်းဆီလွင် said...

အများကြီးပဲစားသွားပါတယ်
စပ်လဲစပ်မှာမို့ကြိုက်တယ် ဒီတခါကြုံရင်လုပ်စားကြည့်ဦးမယ်
:D

Anonymous said...

I'll try it.Tks..
Gyidaw

...အလင်းစက်များ said...

စားကြည့်ဦးမယ် လုပ်ရ လွယ်မယ် ထင်တယ်မို့ ပါ။ :D မှိုရော ကန်စွန်းရော သိပ် ကြိုက်။

PhyoPhyo said...

မှိုကန်စွန်းကြိုက်တယ်။ စားလို့ကောင်းမယ့်ပုံလေး

Iora said...

အသုပ်မှန်သမျှနီးနီးကြိုက်တယ်။ ကန်စွန်းရွက်သုပ်လည်းကြိုက်တော့ ဒီလိုသုပ်လည်းကြိုက်မှာသေချာတယ်ကူးရေ။

mstint said...

မှိုကန်စွန်းစပ်စပ်သုတ် လုပ်မစားဘူးသေးဘူး စန္ဒကူးရေ။ စိတ်ဝင်စားတယ် လုပ်စားကြည်မယ် ကျေးဇူးနော်။
စကားမစပ် တီတင့်ပလိပ်သွားတုန်းက အိမ်ဦးသခင်ပြတဲ့ 'စန္ဒကူး' ပင်ကိုမြင်တော့ ဘလော့ဂါ 'စန္ဒကူး' ကို အမှတ်မထင်သတိရလိုက်သေးတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ပစ်ပစ် said...

ကန်စွန်းရွက်သုပ်လုပ်စားကြည့်မယ်အမကူးရေ
ချဉ်စပ်ဆိုရင်ကြိုက်တယ်...

ခင်တဲ့ပစ်ပစ်

စန္ဒကူး said...

ကျော်နှင်းဆီလွင် .. အားရင်လုပ်စားကြည့်နော်..
you'll love the taste.. Gyidaw
အလင်းစက်များ ... လုပ်ရတာသိပ်လွယ်.. အချိန်ကုန်လဲသက်သာတယ်
PhyoPhyo .. လုပ်စားကြည့်လေ ဖြိုးရဲ့
Iora ... ဖြစ်နိုင် သုပ်ပြီးပို့ပေးချင်တာ..း))
တီတင့်.. စန္ဒကူးပင်ကို ကူးလဲမြင်ဖူးချင်တယ်... ငယ်ငယ်တုန်းကဆိုရင် အ ဆောင် တော် ကူး.. ဆိုပီး သူများစတား)
ပစ်ပစ်ရေ... လုပ်စားပစ်လိုက်...နော်း) ဟီးဟီး

Post a Comment

ကူးကူးရေ...

 
Powered by Blogger