Pages

Thursday, November 10, 2011

The Butchart Garden - Victoria (1)

 အစည်းဝေးတက်ဖို့ ခရီးသွားရင်းနဲ့ အစီစဉ်စာရွက်ထဲမှာ အားလပ်ချိန်လည်ပတ်ရမယ့် စာရင်းထဲက ပထဆုံးသွားလည်မယ့်နေရာ  The Butchart garden ပါ။  ဒါပေမယ့် Vancouver မှာ အလည်ကောင်းနေတာ နဲ့၊ Victoria ရောက်တော့ Tour ကားကိုမမှီလိုက်ဘူး။  ဒါကြောင့် အစည်းဝေးပြီးခါနီး ၁ ရက်အလိုမှာ ကျွန်မရယ်၊ ဆရာ့ ကတော်ရယ်၊ ရုံးက အမကြီးရယ်.. Butterfly Garden သွားရင်းနဲ့ တစ်ခါတည်း လှည့်ဝင်လည်ဖြစ်တယ်။  Victoria ရောက်ရင် ဒီပန်းခြံကိုရောက်မှ ခေတ်မှီတယ်ဆိုပြီးပြောလို့ရပါတယ်တဲ့.. ပန်းပေါင်းစုံ... အရောင်သွေးစုံ နဲ့ အခင်းအကျင်းအမျိုးမျိုး ကို စိတ်ဝင်စားဖွယ်တွေ့ရတယ်.. 
နိုင်ငံရပ်ခြား က ဧည်သည်အများစု စိတ်ဝင်တစားလာရောက်လည်ပတ်နေကြတယ်.. 
စာဖွဲ့ရင်တောင် ပုံတွေလောက် ခံစားလို့ရမှာမဟုတ်လို့ ပုံလေးတွေတင်ထားပေးတယ်။  လမ်းကြုံ ရောက်ခဲ့ရင် သွားလည်ဖို့လည်းတိုက်တွန်းလိုက်ပါတယ်နော်..
အဲဒီနေ့က ရာသီဥတုလေးလဲသာယာ၊ နေလဲ ပူနေတာမို့.. ဓာတ်ပုံတွေစိတ်ကြိုက်ရိုက်ခဲ့တယ်။ 



























7 Comments:

Vista said...

လှလိုက်တာ

Anonymous said...

သိပ်လှတာဘဲ။ မျှဝေပေးလို့ ကျေးဇူးပါကူးရေ..
အိုင်အိုရာ

...အလင်းစက်များ said...

မကူးရေ ပုံလေးတွေ လှလိုက်တာဗျာ။ တစ်ချို့ ကူးထားလိုက်တယ်နော်။

jasmine(တောင်ကြီး) said...

လှလိုက်တာရှင် မျက်စိအေးပြီးမောတာတွေပါပျောက်ကုန်တယ်
ကျေးဇူးတင်လိုက်တာ တစ်ကယ်ပါ
မကူးကို ခင်မင်တဲ့ jasmine(မုန်လာထုပ်)

မြတ်ကြည် said...

တော်တော်လှတယ် အစ်မရေ :)

ချော(အစိမ်းရောင်လွင်ပြင်) said...

ဒီပန်းခြံက ကမ္ဘာ့အလှဆုံးပန်းခြံထဲမှာ တစ်ခုအပါအဝင်ဘဲနော်.
ပါလဲပါချင်စရာ
သိပ်လှတာဘဲ.. တကယ်ကိုလှတယ်..
ရောက်ဖူးဘူး.. ပုံတွေထဲမှာဘဲမြင်ဖူးတာ..
ခုလည်း ပုံလေးတွေ လှလွန်းလို့ ပါးစပ်တောင် မစေ့နိုင်အောင် သဘောတွေကျပြီး ကြည့်နေမိတာ..
ကံကောင်းလိုက်တာ ကူးကူးရယ်... အားကျလိုက်တာ..

ချယ်ရီမြေ said...

အင်း... စန္ဒကူးရဲ့ကျေးဇူးနဲ့ Butchart Garden-Victoria တော့ ရောက်ရချည်သေး။ ကြည့်ရှုပြီး မျက်စိပသာဒခံစားသွားတယ်နော်..

ချမ်းမြေ့ပါစေဟု
ချယ်ရီမြေ

Post a Comment

ကူးကူးရေ...

 
Powered by Blogger