Skip to main content

Posts

Showing posts from December, 2009

ခရီးစဉ်

အိမ်မပြန်ခင်ခွင့်ရက်ရှည်အတွက်အလုပ်ကိစ္စတွေတစ်ယောက်ကိုလွှဲထားဖို့နဲ့ စီစဉ်စရာတွေကြောင့် အိပ်ရေးပျက်တာလဲများနေပါပီ။ ဒီနေ့တော့မနက်နှိုးစက်မြည်သံကြောင့်ကမန်းကတန်းကုန်းရုန်း ထပြီး လိုအပ်တာတွေပြင်ဆင် လာခေါ်မယ့်ကားကိုအဆင်သင့်စောင့်လိုက်ပါတယ်။ ကျွန်မပတ်စပို့က သံရုံးမှာဘဲရှိသေးတယ်။ လေယဉ်ကွင်းဆင်းရင်းတစ်ခါတည်းသွားယူမယ်ဆိုပီး ထွက်သွားပါတယ်။ ရုံးချိန် ကားကျပ်တာနဲ့ ကားပေါ်မှာ အိပ်ပျော်သွားသေးတယ်၊ နှစ်နာရီလောက်ကြာ တော့ ကားမောင်းတဲ ဦးလေးကပြောတယ်သံရုံးရောက်ပီတဲ့… ကျွန်မလဲ အပြေးတက်သွားပီး ၈ ထပ်မြောက်မှာ ပတ်စပို့သွားယူလိုက်တယ်.. ခရီးစဉ်ကတော့ ချောချောမောမောပါဘဲ.. Exit clearance ကအရင်ကထက်ပိုများလာတာရယ်၊ ဘောလ်ပန်တွေ သေချာထည့်ထားရဲ့ အသိမ်းလွန်ပီး ပျောက်နေတာကြောင့်သူများဆီ လိုက်ဌားရတာတစ်ခုရယ်၊ window seat မရတာရယ်လေးတော့ စိတ်ဘ၀င် မကျတာရှိတာပေါ့။ လေယဉ်ပေါ်တစ်ခုန်ကျော်က လူကို white card ဖြည့်ဖို့ ဘောလ်ပန်လှမ်း ဌားတော့ ထုတ်ပေးပါတယ်။ သူ့ဘောပန်က ဘောဆံဘဲပါတယ်၊ အခွံမပါဘူး။ ရီချင်လိုက်တာ ပြောမနေနဲ့ အလယ်ခုံက ခရီးသည်မရှိဘူး.. meal request လုပ်တာ ဟိုဟာမစား၊ဒီဟာမစားဘူးပြောတာနဲ့ travel agent က vegetarian လို့ထည့်လိုက်တယ်ထ

သွားပီ.. တာ့တာနော်..

အားလုံးကိုခတ္တနှုတ်ဆက်ခဲ့ပါတယ်နော်။ ကူးကူးအိမ်ပြန်သွားပါပြီ။ ကျမ်းမာရွှင်လန်းကြပါစေ.. လုပ်ကိုင်တဲ့ကိစ္စအ၀၀ အောင်မြင်ကြပါစေ... ပျော်ရွှင်သာယာတဲ့နေ့ရက်လေးတွေပိုင်ဆိုင်နိုင်ပါစေ... ပြန်သာပြန်ရတာ.. ဒီတစ်ခေါက်စိတ်ထဲ မရွှင်ဘူး.. ဘာဖြစ်နေလဲတော့မသိဘူး.. ဒါပေမယ့် အခုသိလိုက်ရပီ.. :(((( ကူးမရှိတဲ့အချိန်လေးအတွက် ကိုယ်စားဝက်ဝံangel လေးထားခဲ့တယ်

အိမ်အပြန် စိတ်ကူး

အလုပ်ကိစ္စအတွက်ခရီးထွက်ရတာနဲ့ အိမ်ကိုပြန်တာကွာလွန်းပါတယ်။ ကိုယ်ဝတ်မယ့်အ၀တ်စား၊ လိုအပ်တဲ့ စာရွက်စာတမ်းတွေနဲ့ ကွန်ပြူတာလေးတစ်လုံးပါရင် ပြီးတတ်ပေမယ့် အိမ်ပြန်ဖို့ဆိုရင်တော့ လက်ဆောင်ဘာညာသရကာတွေက ခေါင်းစားလွန်းပါတယ်။ နှစ်လလောက်ကြိုပြင်ဆင်တာတောင်ဟိုဟာမေ့ဒီဟာမေ့နဲ့၊ ဟိုဟာပေးရကောင်းနိုးနိုး၊ ဒီဟာဘဲဝယ်ရကောင်း နိုးနိုးနဲ့ ခေါင်းစားရပါတယ်။ တန်ဖိုးကြီးတာမ၀ယ်ပေးနိုင်ပေမယ့် တစ်ယောက် နဲနဲ ဆိုတာနဲ့တင် ဘယ်လောက် ထောင်းလဲဆိုတာ တွေးကြည့်ကြပါတော့။ မနှစ်ကတော့ ရန်ကုန်တိုက်ရိုက်မပြန်ဘူးဆိုတော့ အပြောလှတယ်။ အိမ်မှာလဲမနေ ခရီးလှိမ့်သာထွက်နေတော့ သိပ်ပြီးမျက်နှာပူစရာမလိုဘူးပေါ့။ ဒီနှစ်တော့ မာမီက အဖွားတို့ရွာသွားလည်ရမယ်၊ မသွားတာကြာနေပီ သူတို့လဲမျှော်နေကြပီပြောတော့ လက်ဆောင်ပိစိကွေးတွေကို ရွာကအမျိုးတွေအတွက်ပါထည့်စဉ်းစားရပါတယ်။ ရွာကအမျိုးတွေပြောလို့ ဘယ်နှစ်ယောက်လဲမမေးပါနဲ့၊ တစ်ရွာလုံးနီးပါးပါဘဲ။ ခက်တော့ခက်တယ်၊ သယ်တာတော့သယ်သွားပေး ချင်တာပေါ့၊ ရတဲ့ကီလိုက ၂၅၊ လက်ဆွဲလို့ရတာ ၇ ကီလိုဆိုတော့ အ၀တ်စားတွေ လျှော့ပီး အိမ်ရောက်တော့လဲအရင် ချန်ထားတဲ့အိကျီတွေကစွပ်မရ၊ အပြင်ထွက်ဝယ်ပြန်တော့လဲ စိတ်တိုင်းမကျနဲ့၊ အဆင်ကိုမပြေလှပါဘူး။ ရန်က

ငါးအသားလွှာ ကင်ပွန်းချက်

အသားငါး မစားတာလဲကြာပါပီ။ သတ်သတ်လွတ်စားဖို့တော့ ငါးရယ်၊ ငပိရယ်၊ ငံပြာရည်ရယ်ကို မစွန့်လွှတ် နိုင်သေးတာကြောင့်ရဲရဲဝံ့မကြေငြာရဲသေးပါဘူး။ ညီမလေးကတော့သတ်သတ်လွတ်စားဖို့ကို တိုက်တွန်းနေပေမယ့် ကျွန်မကတော့ဆင်ခြေဆင်လက်မျိုးမျိုးနဲ့မစားဖြစ်သေးပါဘူး။  အသား/ငါးမစားဘူးဆိုတော့ သိတဲ့သူတွေက တော့ရီနေရော့မယ်။ ကူးကူးအသား ငါး ကောင်းကောင်းကိုမချက်တတ်ဘူး။ ငါးကိုစားတော့စားချင်တယ်။ ဈေးထဲသွားငါးတန်းရောက်တိုင်း ၀င်ဝင် ငေးပါတယ်။ ငါးတွေက မျက်လုံးပြူးပြူးနဲ့ကြည့်နေတာ တွေ့ရင်မစားရဲတော့ဘူး။ အဟမ်း..သူများချက်ထားရင်တော့ စားပါတယ်။ ချက်ကျွေးမယ့်သူမရှိတဲ့အခုလို အချိန်မျိုးမှာတော့ ငါးစားချင် အသားချည်းသတ်သတ် လွှာရောင်းတဲ့ဟာတွေဝယ်စားပါတယ်။ (ပြောရင်းဆိုရင်းမှ ငါးခေါင်းဟင်းလေးစားချင်လိုက်တာ) ငါးအသားလွှာတွေကို ကင်ပွန်းရွက်နဲ့ ချဉ်ချဉ်လေး စိမ့်စိမ့်လေးချက်နည်းပြောပြမယ်နော်။ ငါးကိုရေသေချာထပ်ဆေးပီး ဆားနဲ့နယ်၊ ရေနဲနဲမှာ ဂျင်း တစ်ပြားရိုက်ထည့်၊ ငါးငံပြာရည် နဲနဲထည့်ပီး အရင် ပြုတ်လိုက်ပါမယ်။ သိပ်ကြာဖို့မလိုပါဘူး။ ငါးကြက်လောက်တာနဲ့  ခဏချထားပီ ဒယ်အိုးတင် ဆီပူအောင်ထားပီး ကြက်သွန်ဖြူနီ၊ ဂျင်းနဲနဲ၊ ငရုတ်သီး ကိုထည့်ပီးဆီသတ်ပါမယ်။ ပီးရင်တော