Pages

Thursday, December 3, 2009

ငါးအသားလွှာ ကင်ပွန်းချက်

အသားငါး မစားတာလဲကြာပါပီ။ သတ်သတ်လွတ်စားဖို့တော့ ငါးရယ်၊ ငပိရယ်၊ ငံပြာရည်ရယ်ကို မစွန့်လွှတ် နိုင်သေးတာကြောင့်ရဲရဲဝံ့မကြေငြာရဲသေးပါဘူး။ ညီမလေးကတော့သတ်သတ်လွတ်စားဖို့ကို တိုက်တွန်းနေပေမယ့် ကျွန်မကတော့ဆင်ခြေဆင်လက်မျိုးမျိုးနဲ့မစားဖြစ်သေးပါဘူး။  အသား/ငါးမစားဘူးဆိုတော့ သိတဲ့သူတွေက တော့ရီနေရော့မယ်။ ကူးကူးအသား ငါး ကောင်းကောင်းကိုမချက်တတ်ဘူး။ ငါးကိုစားတော့စားချင်တယ်။ ဈေးထဲသွားငါးတန်းရောက်တိုင်း ၀င်ဝင် ငေးပါတယ်။ ငါးတွေက မျက်လုံးပြူးပြူးနဲ့ကြည့်နေတာ တွေ့ရင်မစားရဲတော့ဘူး။ အဟမ်း..သူများချက်ထားရင်တော့ စားပါတယ်။ ချက်ကျွေးမယ့်သူမရှိတဲ့အခုလို အချိန်မျိုးမှာတော့ ငါးစားချင် အသားချည်းသတ်သတ် လွှာရောင်းတဲ့ဟာတွေဝယ်စားပါတယ်။ (ပြောရင်းဆိုရင်းမှ ငါးခေါင်းဟင်းလေးစားချင်လိုက်တာ)
ငါးအသားလွှာတွေကို ကင်ပွန်းရွက်နဲ့ ချဉ်ချဉ်လေး စိမ့်စိမ့်လေးချက်နည်းပြောပြမယ်နော်။
ငါးကိုရေသေချာထပ်ဆေးပီး ဆားနဲ့နယ်၊ ရေနဲနဲမှာ ဂျင်း တစ်ပြားရိုက်ထည့်၊ ငါးငံပြာရည် နဲနဲထည့်ပီး အရင် ပြုတ်လိုက်ပါမယ်။
သိပ်ကြာဖို့မလိုပါဘူး။ ငါးကြက်လောက်တာနဲ့  ခဏချထားပီ ဒယ်အိုးတင် ဆီပူအောင်ထားပီး
ကြက်သွန်ဖြူနီ၊ ဂျင်းနဲနဲ၊ ငရုတ်သီး ကိုထည့်ပီးဆီသတ်ပါမယ်။ ပီးရင်တော့ ကင်ပွန်းချဉ်ရွက်တွေထည့်၊
နူးအောင်ဆက်တည်ပါမယ်။ နောက်ဆုံးမှာတော့ ငရုတ်သီးအနီတောင့်ကြီးကိုနှစ်ခြမ်းခြမ်းထည့်ပီး ဂျင်း၊ ငံပြာရည်နဲ့ပြုပ်ထားလို့ မွှေးနေတဲ့ငါးအသာတွေထည့်ပါမယ်။။ အပေါ့ငံစိတ်ကြိုက်ထည့်ပီး နောက်ဆုံး မှာတော့ နံနံပင်လေးအုပ်လိုက်ရင်..အရမ်းကိုအရသာရှိ၊ မွှေးလဲမွှေး၊ ချဉ်စပ်ပီး စိမ့်နေအောင်ကောင်းတဲ ငါးအသားလွှာ အချဉ်ဟင်းလေးရပါပီး။ နံနံပင်ကလေ ဒီမှာဝယ်လို့မရပါဘူး။ မာမီ ကနံနံစေ့လေးတွေ ပို့ထားပေးတော့ ကူးအိမ်နောက်က ပန်းအိုးလေးထဲ ထည့်စိုက်ထားတာ.. စားဖို့အချိန် မတန်သေးဘူး ဒါပေမယ့် နမ်းကြည့်တော့ အနံ့စူးစူးလေးက ထွက်နေပီဆိုတော့ ဟင်းအပေါ်ထပ်အုပ်လိုက်ပါတယ်။း)


ဘောစကိုင်းသီး နဲ့အရွက် ပုံ ပျောက်သွားလို့ မြင်ဖူးချင်သူများအတွက် ပုံပြန်တင်ထားပေးတယ်..
ဘောစကိုင်း တော့ပစ်မှာပြန်သွားကြည့်ကြပါနော်..းP




7 Comments:

subuueain said...

စားချင်စရာလေးဟယ်။ နံနံပင်လေးက ဘာလေးနဲ့တူမှန်းမသိဘူး။ နံနံပင်ရုပ်မထွက်သေးဘူး :)

rose of sharon said...

ကြိုက်တယ်.. စားချင်တယ်

Sandakuu said...

ဟုတ်ပါ့နော်.. တစ်ရွက်နှစ်ရွက် သာ ကြီးသေးတာ.. အပင်ပေါက်လေးတွေ.. ဟီးးးဟီးး

moemoestar said...

ကူးကူးရေ...
ငါးနဲ့ ကင်ပွန်းချဉ်ရွက်ဟင်းလည်းကြိုက်တယ်
ပဒတ်စာနဲ့ ဟင်းချိုချက်လည်းကြိုက်တယ်...

amayarko said...

တူနေပြီ... ငါးဟင်းလေးစားချင်လို.ဈေးသွားတိုင်း ငါးတွေကမျက်လုံးပြူးနဲ့ကြည့်ကြည့်နေတာမို.တခြားချက်စရာပဲ ဝယ်ပြီးပြန်ဖြစ်တယ် ။

ငါးနဲ.ကင်ပွန်းချဉ် ထမင်းသိပ်မြိန်မှာပဲ။စားချင်သွားပြီ။:-)

လုလု said...

ကူးကူးရေ့ 
မမလုလည်း အဲ့ဒီလို ချဉ်ရည်ဟင်းတွေဆို သိပ်ကြိုက်တာ။ ဘောစကိုင်းရွက်နုလေးတွေနဲ့ တို့စားရရင်အမိုက်ပဲ။
ဒါမှမဟုတ်လည်း တညင်းသီးနုနုလေးတွေနဲ့ပေါ့။
ရှလွတ်

ချစ်အုန်းဖေ said...

1. ငါးကြက်လောက်= ငါး၊ကြက်သား၊လောက်ကောင် or ငါးကျက်ခါနီး??
2. ဂျင်း တစ်ပြားရိုက် = ဂျင်းကိုတပြားတည်းရိုက်ထည့် or ဂျင်းဒါးပြားရိုက်???

Post a Comment

ကူးကူးရေ...

 
Powered by Blogger