Skip to main content

Posts

Showing posts from February, 2011

ရုံးပတေသီး တောချက်

ရုံးပတေသီးအတောင်းလိုက်ကို ဖင်ဖြတ်ခေါင်းဖြတ်၊ ရေဆေး၊ အိုးတစ်လုံးထဲမှာ စိမ်းစားငပိ၊ ကြက်သွန်ဖြူ၊ ပင်စိမ်းရွက်၊ ဆားနဲ့ ငရုတ်သီးစိမ်းတောင့်ထုထည့်ပြီး နူးအောင် တည်လိုက်ရင်ရပါပြီ။ လွယ်တယ်နော်.. ဒါပေမယ့် သူများဆီကသင်လာ တာ... စားလို့တစ်အားကောင်း...

ချစ်သူများနေ့ - ၂၀၁၁

Valentine's Day ဆိုတာ အရင်တုန်းက သိပ်မခံစားတတ်ပေမယ့် ဒီရောက်ပြီးနောက်မှာတော့ အရမ်းကို ခံစား တတ်လာသလို ပျော်တတ်လာတယ်။ ချစ်သူရှိမှရယ်မဟုတ်ဘူး...ချစ်သူခင်သူ သူငယ်ချင်းအချင်းချင်းလဲ အဲဒီ နေ့ဆို လက်ဆောင်လေးတွေပေး...ပျော်ရွှင်ကြည်နူးကြတာ... စိတ်ချမ်းမြေ့ဖို့ သိပ်ကောင်းတယ်။ ကျွန်မအခုချိန်ထိ ပန်းစည်းတွေရလဲ အရောင်ရင့်ရင့် တွေသာရနေကျမို့ ဒီနှစ် Valentine ကတော့ ထူးဆန်းနေ တယ်။  နံနက်စောစောမှာ ရုံးက အမကြီးတွေက လာဖက်ကြ နှုတ်ဆက်ကြနဲ့...... လက်ဆောင်ပိစိလေးတွေ လာပေးကြတယ်...  အဲဒီထဲမှာ အမေးခံရဆုံးက ချစ်သူ ဘာပို့လဲဆိုတာဘဲ... ကျွန်မက ဒီနှစ် ပန်းစည်းရောက်မရောက် မသေချာတော့..မသိဘူး..အခုတောင်လက်ဆောင်လေးတွေရ နေတာ ဘဲ၊ တော်ပြီပေါ့လို့ ပြောတော့ သူတို့ကအဲလိုမဟုတ်ဘူးလေ... Valentine's Day ဆိုတော့ ချစ်သူဆီက တစ်ခုခု အထူးပေါ့...ဆိုပြီးသူတို့ပါဝိုင်းစောင့်နေကြတယ်.. နေမကောင်းလဲဖြစ်နေတာနဲ့ ခဏဘဲသွားပြီး အိမ်ပြန် လာအိပ်နေလိုက်တယ်။  နေ့လည်ရောက်တော့ ရုံးက စာတိုက်သွားတဲ့ လူကြီးက ကျွန်မကိုပန်းစည်းလာပို့ပါတယ်။  ကျွန်မထက်ပိုပီးစိတ်လှုပ်ရှားနေတဲ့ သူတွေကို ပြဖို့ ရုံးတစ်ခေါက်ထပ်သွားတယ်... သူတို့ကလဲ အသည်းသန်ကို စောင့်နေကြတယ်

နွားနို့ခြောက်

နွားနို့ခြောက်ကိုစ စားခဲ့ဖူးတာ ကျွန်မသူငယ်ချင်းတစ်ယောက် ကြောင့်ပါ။ နွားနို့၊ နွားနို့ခဲ၊ ဒိန်ချဉ်၊ဒိန်ခဲ အကုန်ကြိုက်တဲ့ ကျွန်မအတွက်တော့ နွားနို့ခြောက်လဲ ကြိုက်တာပါဘဲ။ ကျွန်မသူငယ်ချင်းက india ကနေ ရန်ကုန်ကို တာဝန်နဲ့ခဏလာတဲ့အချိန် သူ့အိမ်လာလည်ဖို့ ဖိတ်တဲ့ နေ့မှာဘဲ စထိုင်တာနဲ့ နွားနို့ခြောက်ကြော်တွေသကြားဖြူးပီးလာချကျွေးလို့ ကျွန်မက ဒီအစာဘယ်ကရသလဲပေါ့... သူက တရုတ်တန်းနားမှာဝယ်တာတဲ့... သူတို့ဆီမှာတောင် မရှိဘူးတဲ့.. သူပြန်ရင် အများကြီးဝယ်ဝယ် သွားတယ် တဲ့။ အဲဒါနဲ့ဘဲ...တစ်ညနေသူနဲ့ တရုတ်တန်းဘက်ထွက်လာပြီးအဲဒီဆိုင်တစ်ဆိုင်မှာသူဝင်ဝယ် တာတွေ့တယ်။ အဲတုန်းကတော့ဈေးကြီးတယ်လေ... အပြားလေးတစ်ပြား ၃၀၀၀ နီးပါးဆိုတော့ ကျွန်မ တစ်ပြားဘဲ ၀ယ်တယ်.. (အဲတုန်း က တက်ကစီတွေက ၅၀၀ နဲ့စီးလို့ရသေးတယ်... ) အပြားလိုက်က စာရွက်ကြီးခေါက်ထားသလိုပါဘဲ.. ကျွန်မကတော့ မီးအေးအေးလေးနဲ့ ကြော်စားပါတယ်.. စိမ့် စိမ့်လေး..နွားနို့မလိုင်အနံ့လေးရတယ်.. သကြားဖြူးစားလဲ အချိုကြိုက်ရင်ပိုကောင်း.... အခုတစ်ခေါက်ရန်ကုန်ပြန်တော့ Ruby Mart မှာ များကြီးတွေ့ခဲ့တယ်.. နေရာတော်တော်များများမှာရောင်း နေကြပီလို့ထင်ပါတယ်။ အခြားနည်းတော့မလုပ်စားတတ်သေးဘူး..

ဝဲ ရှင်းပြီး

အခုတစ်လော ခေတ်စားနေတဲ့ ၀ဲကိစ္စကနေ ပေးထားတဲ့လင့်ခ် မှာသွားစစ်လိုက်တော့...နီရဲတွေ များနေလို့ လန့်ပြီးငြိမ်နေရတယ်။  လုပ်တတ်သလောက်လုပ်တော့လဲအဆင်မပြေ..ဒါနဲ့ဒါနဲ့ ဘဲ.. ကိုလင်းထက် ဘလော့မှာအကူညီလိုသူများစာရေးပါဆိုလို့.. စာလေးတစ်စောင်မ၀ံ့မရဲ ရေးမိပါ တယ် သူက စိတ်လိုလက်ရကူညီမယ်ဆိုတာကြောင့်အားတက်ပြီး အားရပါးရ ပြင်လိုက်ပါတယ်။  လင့်ခ် တွေတော့တစ်ချို့ခဏဖြုတ်ထားပါတယ်။။ နောက်တစ်ခုဆီပြန်ထည့်ပါမယ်။ ကူးကူး ကို စိတ်ရှည်လက်ရှည်ကူညီပြီး အစဆုံးလုပ်ပေးသွားတဲ့တဲ့ ကိုလင်းထက် ကိုလဲကျေးဇူး များကြီး တင်ပါတယ်။  ကူးလဲ အခု ၀ဲ ရှင်းသွားပြီ ဖြစ်ပါကြောင်း..၀မ်းသာအားရကြော်ငြာလိုက် ပါတယ်။  ကဲအခုတော့များ..ဒီလိုပါ။   အရင်တုန်းကပေါ့လေ...း(

မာမီ့ ပန်းပွင့်လေးများ

မာမီ့ပန်းလေးတွေလို့ရေးရတဲ့အကြောင်းကတော့ မာမီဘဲပန်းစိုက်တာ၊ အပင်စိုက်တာဝါသနာ ပါတယ်။ ပါးပါးကတော့ အဲဒါတွေလုပ်လေ့မရှိဘူး၊ တစ်ခါတစ်လေ မာမီခရီးသွားရင် သူ့အပင်တွေ ရောလောင်းပေးဖို့ တစ်ကူးတစ်က ဖုန်းဆက်လှမ်းမှာရတယ်။အိမ်ပြန်ရောက်ရင်လဲ သူ့အပင်တွေသွားကြည့် ခြောက်သွားလား..ဘာဖြစ်လဲ..အဲဒါသူအရင်ဆုံးလုပ်တဲ့အလုပ်။ သူ့ကိုအပင်လက်ဆောင်ပေးရင်သိပ်ကြိုက်။ တစ်ခေါက်များ ကူးကူးကို သဘောကျတဲ့ လူတစ် ယောက်က အခြားသူတွေလိုအခြားလက်ဆောင်မပေးဘဲ မာမီ့ကို တိုက်ရိုက် စက္ကူပန်း နှစ်ရောင် စပ်၊ တစ်ခြမ်းအနီ၊တစ်ခြမ်းအဖြူ လက်ဆောင်တန်းသွားပေးတော့ မာမီက သဘောတွေကျလို့။   အခုချိန်ထိ အဲဒီလူအကြောင်း မေးတုန်း၊ ပြောတုန်း၊ သူနေကောင်းသလား၊ ဘယ်ရောက်နေပြီ လဲစသည်ဖြင့်ပေါ။ သူက တော့နိုင်ငံဂျားသားဆိုတော့ သူ့နိုင်ငံသူပြန်ပီပေါ့လေ၊ ကူးနဲ့လည်း ရည်းစားမဖြစ်ခဲ့သလို နောက်ပိုင်းလဲ မိဘစီစဉ်တဲ့သူနဲ့ ယူလိုက်တာပါဘဲ။  အဲလေ..အဓိက ပြောချင်တာက မာမီပါ။ ပန်းပင်ကြိုက်တာအဲလောက်ထိဘဲ။ ဒါပေမယ့် သူသဘောမကျတဲ့ မောင်လေးနဲ့ရည်းစားလိုလို မလိုလို အမျိုးသမီး ပန်းပင်ပေးတာ ကျတော့ ပြန်ယူသွား၊ အကုန်လွှင့်ပစ်မယ်ဆိုဘဲ။ အဲဒါက တန်ဖိုးရှိတဲ့ သစ်ခွပန်းတွေနော်။