Pages

Thursday, February 17, 2011

နွားနို့ခြောက်

နွားနို့ခြောက်ကိုစ စားခဲ့ဖူးတာ ကျွန်မသူငယ်ချင်းတစ်ယောက် ကြောင့်ပါ။ နွားနို့၊ နွားနို့ခဲ၊ ဒိန်ချဉ်၊ဒိန်ခဲ အကုန်ကြိုက်တဲ့ ကျွန်မအတွက်တော့ နွားနို့ခြောက်လဲ ကြိုက်တာပါဘဲ။

ကျွန်မသူငယ်ချင်းက india ကနေ ရန်ကုန်ကို တာဝန်နဲ့ခဏလာတဲ့အချိန် သူ့အိမ်လာလည်ဖို့ ဖိတ်တဲ့ နေ့မှာဘဲ စထိုင်တာနဲ့ နွားနို့ခြောက်ကြော်တွေသကြားဖြူးပီးလာချကျွေးလို့ ကျွန်မက ဒီအစာဘယ်ကရသလဲပေါ့...
သူက တရုတ်တန်းနားမှာဝယ်တာတဲ့... သူတို့ဆီမှာတောင် မရှိဘူးတဲ့.. သူပြန်ရင် အများကြီးဝယ်ဝယ် သွားတယ် တဲ့။ အဲဒါနဲ့ဘဲ...တစ်ညနေသူနဲ့ တရုတ်တန်းဘက်ထွက်လာပြီးအဲဒီဆိုင်တစ်ဆိုင်မှာသူဝင်ဝယ် တာတွေ့တယ်။ အဲတုန်းကတော့ဈေးကြီးတယ်လေ... အပြားလေးတစ်ပြား ၃၀၀၀ နီးပါးဆိုတော့ ကျွန်မ တစ်ပြားဘဲ ၀ယ်တယ်.. (အဲတုန်း က တက်ကစီတွေက ၅၀၀ နဲ့စီးလို့ရသေးတယ်... )
အပြားလိုက်က စာရွက်ကြီးခေါက်ထားသလိုပါဘဲ.. ကျွန်မကတော့ မီးအေးအေးလေးနဲ့ ကြော်စားပါတယ်.. စိမ့် စိမ့်လေး..နွားနို့မလိုင်အနံ့လေးရတယ်.. သကြားဖြူးစားလဲ အချိုကြိုက်ရင်ပိုကောင်း....
အခုတစ်ခေါက်ရန်ကုန်ပြန်တော့ Ruby Mart မှာ များကြီးတွေ့ခဲ့တယ်.. နေရာတော်တော်များများမှာရောင်း နေကြပီလို့ထင်ပါတယ်။
အခြားနည်းတော့မလုပ်စားတတ်သေးဘူး.. နည်းသိရင်လဲ ပြောပြခဲ့အုန်းနော်.. 

 

10 Comments:

PAUK said...

ကူးကူးစ်ရေ..

ဒါ..
ယူနန် အစာ..
ကြော်တာ နဲနဲတူးတယ်..( ထင်တယ်နော်)
နာတို့အိမ်တွေမှာ အလိပ်ကလေးတွေ လိပ်ပြီးကြော်ကြတယ်.။
အပြားလိုက်ကြော်သူရှားတယ်.။
မန်းလေးမြို့သစ်မှာ အဲ့ဒီလုပ်ငန်းလုပ်သူ ၂ဆိုင်ရှိတယ်..။
တို့တွေ အခေါ်က 乳扇 (ရူဆန့်) လို့ခေါ်တယ်.။
အိမ်မှာ ဧည့်သည်ဖိတ်ကျွေးရင် ကြော်ကျွေးတတ်ကြတယ်။
အစိမ်းကို သကြားဖြူးစားတာလဲ ကောင်းတယ်..။
ဟီးးဟီးး
စာရှည်သွားပြီ..
တော်သေးပြီ။

ငွေစန္ဒာ said...

ကူးကူးရေနွားနို့ခြောက်ကိုမသိဘူး၊စန္ဒာလည်းနွားနို့က
လုပ်တဲ့အစာတွေအကုန်ကြိုက်တယ်။
ခရမ်းချဉ်သီးနဲ့ချက်စားရင်ကောင်းမယ်ထင်တယ်။

စန္ဒကူး said...

ဟုတ်တယ်ပေါက်စ်ရေ... အစက နဲနဲညိုရုံနဲ့ အဲဒီညိုတာလေးစားရင် နဲနဲအချိုပါလို့ အကုန်ညိုကုန်တာ...
ငွေစန္ဒာရေ..ကူးစမ်းကြည့်အုံးမယ်.. ခရမ်းချဉ်သီးနဲ့လေ..

Evy said...

မစားဖူးသေးဘူး ကူးကူးရေ။ အရသာကို မှန်းကြည့်သွားတယ်။

Tun Tun said...

ae dar Mandalay mar pal shi tal htin tar. I like it very much. A sein sar ya tar po kyite tal Sis.

Thank for sharing.

ကျောက်နို့ခြောက် said...

လားရှိုးနေတုန်းက စပြီးစားဖူးတာ..ကျောက်မဲက ပိုပေါတယ်..အလိပ်လေးတွေလုပ်ကြော်တာက မတူးဘူး..ကူးကူးရဲ့

သဉ်ဇာ - Thinzar said...

အစိမ်းစားရတာလည်း ကြိုက်တယ်။ လိပ်ပြီးကြော်ရတာတော့ တော်တော်လက်ဝင်တယ်။ အရောင်လိုက်သွားတာက မလိပ်လို့တော့ မဟုတ်ဘူး.. နွားနို့ခြောက်ကြော်ရင် ဆီအပူရှိန်ကို ထိန်းထားရတယ်။ မီးကို ဆီအရမ်းပူလာရင် ခဏပိတ်.. ပြီးရင် ပြန်ဖွင့်ပြီးကြော်ရတယ်။ ဆီပူသွားရင် ထည့်လိုက်တာနဲ့ အရောင်လိုက်သွားရော..

ချော(အစိမ်းရောင်လွင်ပြင်) said...

ကွတ်ခိုင် ကျောက်မဲဘက်မှာတော့ တအားပေါတယ် ဈေးကတော့ ပေါပါဘူး
၃၀၀၀ ပါဘဲ.. ပြီးခဲ့တဲ့ တစ်ပတ်က ရှမ်းပြည်ခရီးထွက်တော့ ၀ယ်လာသေးတယ်
စားတာတော့ အစိမ်းလိုက်လဲ စားကောင်းတယ်
အများအားဖြင့် ကြော်ဘဲစားကြပါတယ်..

ကြိုက်တယ်း)

Shinlay said...

ကျမ မေမေအကြိုက်ပါ။

phyu said...

origin is from Hsipaw, Kyawme, but the Chinese built a factory in Mandalay, with a good packing.

Rgds/Nang Myint

Post a Comment

ကူးကူးရေ...

 
Powered by Blogger