Pages

Friday, February 18, 2011

ချစ်သူများနေ့ - ၂၀၁၁

Valentine's Day ဆိုတာ အရင်တုန်းက သိပ်မခံစားတတ်ပေမယ့် ဒီရောက်ပြီးနောက်မှာတော့ အရမ်းကို ခံစား တတ်လာသလို ပျော်တတ်လာတယ်။ ချစ်သူရှိမှရယ်မဟုတ်ဘူး...ချစ်သူခင်သူ သူငယ်ချင်းအချင်းချင်းလဲ အဲဒီ နေ့ဆို လက်ဆောင်လေးတွေပေး...ပျော်ရွှင်ကြည်နူးကြတာ... စိတ်ချမ်းမြေ့ဖို့ သိပ်ကောင်းတယ်။
ကျွန်မအခုချိန်ထိ ပန်းစည်းတွေရလဲ အရောင်ရင့်ရင့် တွေသာရနေကျမို့ ဒီနှစ် Valentine ကတော့ ထူးဆန်းနေ တယ်။  နံနက်စောစောမှာ ရုံးက အမကြီးတွေက လာဖက်ကြ နှုတ်ဆက်ကြနဲ့...... လက်ဆောင်ပိစိလေးတွေ လာပေးကြတယ်...  အဲဒီထဲမှာ အမေးခံရဆုံးက ချစ်သူ ဘာပို့လဲဆိုတာဘဲ...
ကျွန်မက ဒီနှစ် ပန်းစည်းရောက်မရောက် မသေချာတော့..မသိဘူး..အခုတောင်လက်ဆောင်လေးတွေရ နေတာ ဘဲ၊ တော်ပြီပေါ့လို့ ပြောတော့ သူတို့ကအဲလိုမဟုတ်ဘူးလေ... Valentine's Day ဆိုတော့ ချစ်သူဆီက တစ်ခုခု အထူးပေါ့...ဆိုပြီးသူတို့ပါဝိုင်းစောင့်နေကြတယ်..
နေမကောင်းလဲဖြစ်နေတာနဲ့ ခဏဘဲသွားပြီး အိမ်ပြန် လာအိပ်နေလိုက်တယ်။  နေ့လည်ရောက်တော့ ရုံးက စာတိုက်သွားတဲ့ လူကြီးက ကျွန်မကိုပန်းစည်းလာပို့ပါတယ်။  ကျွန်မထက်ပိုပီးစိတ်လှုပ်ရှားနေတဲ့ သူတွေကို ပြဖို့ ရုံးတစ်ခေါက်ထပ်သွားတယ်... သူတို့ကလဲ အသည်းသန်ကို စောင့်နေကြတယ်..
ပန်းစည်းဗူးကိုဖွင့်တော့ ပန်းတွေက ပန်းရောင်ဖြစ်နေတယ်.. သူတို့တွေကတော့ သဘောကိုကျလို့...
နောက်မှကိုယ့်ကိုယ်ကိုယ်ပြန်စဉ်းစားမိတယ်.. ကိုယ်ပျော်တာထက်သူတို့က ၀ိုင်းစပြီးပိုပျော်နေကြတယ်..
ထူးထူးဆန်းဆန်းပါ.. ပန်းဆိုရင် အရောင်ဖျော့တစ်ခါမှမရဖူးဘူး...  ပထမဆုံးအကြိမ် အပန်းရောင် နှင်းဆီ ရတာပါ။  ကျွန်မကအရောင်ရင့်တွေနှစ်သက်လေ့ရှိတယ်..  ပန်းရောင်လေးရလဲပျော်တာဘဲ..
ခဏဘဲ..ပန်းအိုးထဲလှယ်ထည့်ပြီးအိမ်ပြန်လာအိပ်တယ်...  နောက်နေ့ရုံးရောက်တော့ ပန်းလေးတွေက တစ်ချို့ ညှိုးနေပြီ။
အလုပ်လုပ်နေ၇င်း ပန်းခြောက်လေးတွေလှမ်းကြည့်ရတာလဲ စိတ်ကြည်နူးမှုတစ်မျိုးပါဘဲ။  

နောက်မှ ပန်းစိုက်တဲ့အန်တီတစ်ယောက်ပြောပြတာ အရောင်ဖျော့တဲ့ပန်းတွေက ကြာ ရှည်မခံဘူးတဲ့...  ခြောက်သွားတဲ့ပန်းခြောက်လေးတွေ အပွင့်လိုက်ခြွေပြီးပန်းအိုးရင်းမှာ ချထားလိုက်တယ်။ 
ဒါကတော့ရုံးကအမကြီးတစ်ယောက်ပေးတဲ့ကြောင်လေးရုပ်နဲ့.. ချောကလက်၊ ကိတ်မုန့်လေးပါ။ 
 ချစ်သူများနေ့အတွက် ရေခဲမုန့်သီးသန့်လိုက်ကျွေးတဲ့သူလဲရှိပါသေးတယ်။  အအေးမိဖျားနေပေမယ့် မငြင်း ရက်တာနဲ့.. avocado & pistachio nuts sugar free ice-cream ပါ..
 ပန်းဆိုတာ အမျိုးသမီးတော်တော်များများကိုစွဲဆောင်နိုင်တဲ့ ကြားခံပစ္စည်းတစ်ခုလို့သတ်မှတ်လဲရတယ်။ 
ချစ်သူများနေ့မှာ ပန်းရတဲ့သူတွေရော... လက်ဆောင်ရသူတွေရော.. မရတဲ့သူတွေရော...  အဲဒါတွေထက် အဓိကကျတဲ့ ချစ်မေတ္တာဆိုတဲ့ပန်းကလေး ကိုယ့်မိသားစု၊ သူငယ်ချင်း၊ ဆွေမျိုး ပတ်ဝန်းကျင်မှာ အမြဲ လန်းဆတ်နေဖို့ ကြိုးစားရအောင်လား....

9 Comments:

Baby taster said...

ချစ်သူလက်ဆောင်လေးရတော့ ပိုပျော်တာပေါ့နော့
အမတော့ ပန်းဆို ပန်းရောင်တို့ အ၀ါရောင်တို့ နှစ်သက်တယ်
ဒါနဲ့ စကားမစပ် ဘာလို့ အပန်းရောင်လို့ခေါ်တာလဲဟင်
ဒီမှာလည်း တချို့တွေ ခေါ်ကြတယ်

အက္ခ၇ာ said...

ချစ်သူများနေ့မှာ လက်ဆောင်တွေရတယ်ဆိုတော့
ပျော်စရာကြီးပဲ ပျော်နေမှာပေါ့နော်

အပြုံးပန်း said...

ပျော်စရာ ကြည်နူးစရာလေးပါပဲ စန္ဒကူးရေ၊
ကိုယ်တော့ ဘာမှ မရပါဘူး၊
ဒီပိုစ့်လေး ဖတ်လိုက်မှာ လိုချင်သွားမိတယ်၊

အပေါ်က ဘေဘီတေ့စ်တာအတွက်
တောင်ကြီးဖက်ကလာတဲ့ လူတွေက ပန်းရောင်ကို အပန်းရောင်လို့ ခေါ်ကြတယ်၊
ကျောင်းတွေ စတက်တော့ အပန်းရောင်လို့ ပြောလို့ အရယ်ခံရသေးတယ်၊
စန္ဒကူးတို့ကတော့ ဘာကြောင့်ခေါ်တယ်မသိ၊

စန္ဒကူး said...

အပန်းရောင် မဟုတ်ဘူးလား... ဟီးဟီး...
အဲလိုဘဲသိထားတာ...

ချော(အစိမ်းရောင်လွင်ပြင်) said...

အားကျလိုက်တာ တကယ် တကယ်
ဘာမှ မရလို့ ဘာမှ မပြောလိုတော့ပါဘူး
ရသူတေံကို မုဒိတာ ပွားလိုက်ပါတယ်း)

Evy said...

ကူးကူး အရမ်းပျော်နေတာပေါ့။ ပျော်စရာကြီး

သဉ်ဇာ - Thinzar said...

ကြောင်ရုပ်လေးက ချစ်စရာလေး။ ရှမ်းပြည်ဘက်ကလူတွေလည်း အပန်းရောင် ဘဲခေါ်တာ.. ရန်ကုန်ကလူတွေက "ပန်းရောင်" လို့ဘဲ ပြောတာထင်တယ်။ အပန်းရောင် သွားပြောလိုက်ရင် သူတို့ကြောင်ကုန်ရော။

Anonymous said...

This piece of writing gives clear idea for the new
people of blogging, that in fact how to do running a blog.


Here is my blog; Ranger Forum

Anonymous said...

Your style is very unique in comparison to other people I've read stuff from. Many thanks for posting when you have the opportunity, Guess I will just bookmark this web site.

Also visit my homepage - ford ranger forum

Post a Comment

ကူးကူးရေ...

 
Powered by Blogger