Skip to main content

Posts

Showing posts with the label အချစ် နှင့်ကျွန်မ

ချစ်သူ မွေးနေ့

April 7..... မွေးနေ့ကျရောက်တဲ့ချစ်သူတစ်ယောက်လိုအင်ဆန္ဒပြည့်ဝပြီး အောင်မြင်တဲ့ဘ၀ပိုင်ဆိုင်နိုင်ပါစေ။ အမှတ်တရ.... ချစ်သူဖြစ်ပြီးနောက်ပိုင်းပြန်တွေ့တဲ့တစ်ရက်မှာ သူကြိုက်တဲ့ ပဲကတီပါပြုပ်ရယ်၊ ချဉ်ပေါင်ကြော်ရယ်... တစ်ခါမှဟင်းမချက်ခဲ့တဲ့ ကျွန်မ၊ သူငယ်ချင်းကိုမေးမြန်း၊ ကိုယ်တိုင်ချက်ပြီး သူငယ်ချင်းတွေနဲ့အတူ Picnic ကိုယူသွားတော့.... အရည်တွေရွှဲနေတဲ့ ပဲကတီပါပြုပ်သုပ် နဲ့ ချဉ်တူးနေတဲ့ချဉ်ပေါင်ကြော်ကို စားပြီး ပြုံးနေတဲ့ပုံရယ်.. ကောင်းလား လို့မေးတော့ ပြုံးပီးကောင်းတယ်လို့ပြောနေတဲ့ပုံရိပ်တွေ နှစ်ပေါင်းကြာနေပေမယ့် မမေ့နိုင်သေးပါဘူးချစ်သူ။ ချစ်သူနဲ့ဝေး..... တစ်ယောက်တည်းနေရတဲ့အခါ..ကိုယ်မချက်မဖြစ်လို့ ချက်စားထားတာလေးတွေ..လုပ်ဖြစ်တာလေးတွေ ဘလော့ပေါ်တင်တိုင်း.. ပေါက်ကရတွေချက်မစားနဲ့နော်လို့ ပြုံးစိစိသတိပေးတာတွေ.. ကိုယ့်အရည်းအချင်းကိုသူသိနေတဲ့ပုံနဲ့။  ပဲပုပ်လုပ်လိုက်၊ ချဉ်ဖတ်လုပ်လိုက်နဲ့....  မောင်ကြိုက်တာလေးတွေများတစ်ခါတစ်လေလောက်ကြိုးစား မချက်ကြည့်ဘူးလားလို့မေးတော့ ကျွန်မအကျယ်ကြီးအော်ရီမိတယ်.. သူ့အကြိုက်နဲ့ ကျွန်မအကြိုက်က တစ်ကယ့်ကိုဆန့်ကျင်ဘက်... ယုံပါချစ်သူ..... ချစ်သူ အကြိုက်ဆုံးအစ...

Happy Valentine's Day ပါချစ်သူ

Happy Valentine's Day ပါချစ်သူမောင်....   မြန်မာပြည်မှာမွေးတဲ့တို့နှစ်ယောက် ဒီနေ့က သိပ်အထူးဆန်းတော့မဟုတ်ပေမယ့် ရောမရောက် ရောမလိုကျင့်တယ်ဘဲဆိုဆို... ကိုယ့်အနားကသူတွေဝိုင်းကျင်းပနေတဲ့အချစ်များနေ့ကို အမှတ်တရနေ့တစ်ခုအနေနဲ့ ထည့်လိုက်တာလဲ အချစ်ရှိတဲ့ သူတွေအတွက်အဆန်းမှမဟုတ်ဘဲလေ.. နှစ်တွေထပ်ထပ်တိုးလာသလို ရင်ထဲက သံယောဇဉ်တွေလဲ ထပ်ထပ်မြဲလာတာ ချစ်သူတို့သဘာဝပါ။ ချစ်သူက ကျွန်မကို ကိုယ့်ကိုယ်ကိုယ်ပိုချစ်တဲ့သူလို့လက်ခံပြီး ကျွန်မလိုချင် တာမှန်မသမျှမငြီးမငြူပြုပြင်နေထိုင်ပေးခဲ့တယ်။ ကျွန်မကတော့ ချစ်သူကို ကိုယ်ဖြစ်စေချင်တဲ့ပုံစံမျိုးကိုပုံသွင်းယူပြီး တည်တည်ငြိမ်ငြိမ် လေး တစ်စက်မှမလျှော့တဲ့အချစ်နဲ့ချစ်နေခဲ့တယ်... မောင်..လို့ခေါ်ပေမယ့် လူကြီးတစ်ယောက်လိုအစစရာရာသိတတ်နားလည်ပေးတဲ့ ကျွန်မချစ်သူကို မုန်းတယ်လို့ ကျွန်မအော်နေရင်တောင် သူက ပြုံးပီးကြည့်နေတယ်။ မင်းမမုန်းဘူးဆိုတာသိပါတယ်ဆိုပြီးရီနေတတ်တယ်... အခုလိုရက်ပိုင်းတွေမှာကျွန်မစိတ်က အမြဲနောက်ကျိနေတယ်.. အရာရာကို ဘယ်လိုဆက်ရင်ဆိုင်ရမလဲဆိုတဲ့အတွေးတွေခြောက်လှန့်နေတယ်.. အရင်ကဖြစ်ဖူးတဲ့ဒဏ်ရာဟောင်းက နာကျင်မှုတွေလဲ လှိမ့်ခံနေရတယ်.. ချစ်သူချော့သိပ်တေးတွေနဲ့...

ပိတောက်ချစ်သော ချစ်သူ၏မွေးနေ့

နံနက်စောစောအိပ်ရာကနိုးတော့ ခြံထဲလမ်းလျှောက်ထွက်ခဲ့တယ်.. လေအဝှေ့မှာ ပန်းလေးတစ်ပွင့် မျက်နှာလာခတ်သွားတာမို့ ကြည့်မိတော့ ပိတောက် ပန်းလေးတစ်ပွင့် လွင့်လာတာ။  ဒါနဲ့အပင်အမြင့်ကြီးပေါ်လှမ်းကြည့်လိုက်တော့ ၀ါဝါ ထိန်နေတဲ့ပိတောက်တွေ။ ပိတောက်ပန်းတွေအပင်ကြီးတွေပေါ်မှာပွင့်နေလိုက် တာ အများကြီး ဒါပေမယ့် ဘာရနံ့မှမရတာဆန်းတယ်။  မြန်မာပြည်ကပိတောက်က ပိုပြီး မွှေးတယ်..ပွင့်ပြီဆိုရင် ပတ်ဝန်းကျင်တစ်ခုလုံးမွှေးပျံ့နေတာ..  နှစ်သစ်ကူးတော့မယ်..ဆိုတဲ့အတွေးနဲ့အတူမှတ်မှတ်ရရချစ်ရသောသူတစ်ယောက်မွေး နေ့ရောက်တော့မယ်ဆိုတဲ့အသိက ကျွန်မကိုအတိတ် ဆီ ပြန်ခေါ်သွားတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ပိတောက်တွေသင်းနေတဲ့မနက်ခင်းတစ်ခုမှာ ခြံဘေးက သူငယ်ချင်းယောက်ျားလေးတစ်ယောက်နဲ့အစောကြီးထ၊ ကိတ်မုန့်ဆိုင်ကို taxi ဌားပြီး ပြေး၊ မှာထားတဲ့ကိတ်ကိုယူ။ ပြီးတော့ ချစ်သူရှိနေမယ့် တိုက်အောက်နားကိုသွား၊ သူ့သူငယ်ချင်းတွေရှာပြီး ကိတ်မုန့်ကို သူ့ဆီသွားပို့ခိုင်း.. ပြီးတော့ ကျွန်မနဲ့ သူငယ်ချင်း ကောင်လေးနဲ့ အိမ်ပြန်လာ.. သူငယ်ချင်းက ပွစိပွစိနဲ့.. နင်ကလေကိတ်မုန့်ပေးတာကိုယ်တိုင်တွေ့ပြီးပေးပါလား.. ဟဲ့ ငါကြောက်တယ်..သူ့အိမ်ကသူတွေနဲ့မတွေ့ရဲဘူး......

ရည်းစားဦး

ခေါင်းညိမ့်လိုက်ရုံနဲ့ ရည်းစားဖြစ်သွားတယ်လို့လက်ခံရင် ဟုတ်တယ်၊ ဒါရည်းစားဦးဘဲ။ ကျောင်းပြီးခါနီးမှာ သူငယ်ချင်းတွေရည်းစားကိုယ်စီနဲ့ရည်မှန်းချက်ကိုယ်စီနဲ့ရှိတဲ့ အချိန်ထိ ကျွန်မမှာ ရည်းစားမရှိခဲ့ဘူး။ ရည်းစားထားသင့်တယ်၊ အခုချိန်မှမထားရင် နောက်လုပ်ငန်းခွင်ထဲရောက် မလွယ်ဘူး၊ စသည်ဖြင့်ပေါ့ အကြံပေးတဲ့သူတွေရှိသလို၊ အရင်က ကိုယ့်ကိုလိုက်ကြိုက်ခဲ့တဲ့ ချစ်လှ ပါချည်ရဲ့ မရရင်သေပါတော့မယ့်ဆိုတဲ့သူတွေရဲ့ လက်ရှိရည်းစားတွေရဲ့ စောင်းမြောင်း စကားတွေ တွန်းအားလဲပါတယ်၊ နောက်ဆုံးတော့ ခေါင်းငြိတ်လိုက်တယ်။  အဲဒီမှာစပြီး ကမောက်ကမဖြစ် တော့တာ။  ထိုင်နေရင်အကောင်း... ကျွန်မထက် (၁၁) နှစ်ကြီးတယ်၊ အဲဒီတုန်းက ကျွန်မ အသက် (၁၉)နှစ်၊ သူက နိုင်ငံရပ်ခြားမှာ ကျောင်းတက်ပီးပြန်လာတဲ့ ပူပူနွေးနွေးဘွဲ့ရ ကျောင်းဆရာတစ်ယောက်၊ အမေ့ရဲ့အချစ်တော် သားထွေး။ သူက strategic mgt. 1  2 သင်တယ်၊ အတန်းထဲလာရင်ရေမွှေးတွေလဲ ဆွတ်လာ တယ်၊ ထုံးစံအတိုင်းယင်ကောင်တွေလာတော့ ကျွန်မက သူရှက်မှာစိုးလို့ ဇီးဖြူကိုင်းတွေ လွယ် အိတ်လေးထဲထည့်ထည့်သွားပေးတယ်။ သူငယ်ချင်းတွေကရိပ်မိတယ်.. သူကျွန်မကိုစိတ်ဝင်စား နေတယ်ဆိုတာ... သူရည်းစားစကားပြောပီး ခပ်ကြောင်ကြောင်လေ...

ချစ်သူလို့ပြောနိုင်ပါသလား

အချိန်လေးရရင် vote ပေးသွားပါနော်။ခေါင်းထဲရောက်နေတာတော့ကြာပြီ။ သူငယ်ချင်းတို့အမြင်လေးလဲသိချင်လို့ပါ။  ဒီတစ်လောတော့ဟင်းမချက်နိုင်သေးဘူး။ ဆေးရုံတစ်ဝက်၊ အိမ်တစ်ဝက် လှည့်နေရတဲ့အချိန်မို့ အိမ်လုံးလုံးပြန်ရောက်မှ ပေါက်ကရ ထပ်ချက်ပါ အုံးမယ်။   အားလုံးရွှင်လန်း ကျမ်းမာ ကြပါစေ။  ............................................................................................................................ ............................................................................................................................

ရင်ကွဲစေ့

ဒီတစ်ပတ်ရုံးပိတ်ရက်တော့ လူက ကိုယ်နွေးနေတာမို့ သတိထားဆေးသောက်အဖျားမ၀င်အောင် ကြိုးစား နေနေရတယ်။  အခုတစ်လော ဒီက သွေးလွန်တုတ်ကွေးတွေ ဗြောင်းဆန်အောင်ဖြစ်နေတာ အရင်အပတ် အပင် သွားဝယ်တော့ လက်မောင်းနဲ့ ခြေသလုံးမှာ လာကိုက်တဲ့ ခြင်ကြီးတွေကို ပြန်မြင်ယောင်ပီးလန့် နေ တာ။ မကြာပါဘူး ရုံးက အကူအကိုကြီးတစ်ယောက်သားက ဆုံးသွားပါရော၊ အငယ်နှစ်ယောက်လဲ သွေးလွန်တုတ် ကွေးနဲ့ဆေးရုံမှာ၊ ဖျားတဲ့သူတိုင်း သွေးစစ်ရတယ်၊ ဆေးရုံမှာလဲ အခြေနေမကောင်းရင်လက်မခံတော့ဘူး၊ ပြန်လွှတ်တယ်။ တော်တော်ဆိုးတဲ့ခြင်... .... ခြင်အကြောင်းစဉ်းစားတော့ ခြင်ဝီ၀ီဝီ လုပ်တဲ့အသံတော်တော်နားကလီဆန်တယ်... နားမငြီးပေမယ့် တော်တော့ ကိုအနှောင့်ယှက်ပေးတယ်။ ဒီမှာတော့ သိပ်မသိရဘူး၊ မြန်မာပြည်မှာတုန်းက နယ်တွေသွားရင် ညနေဆို ခြင်တွေတစ်ဝီ၀ီနဲ့...  မနေနိုင်လိုက်ရိုက်ပြန်လဲမမိ..  သူတို့လဲ အစာငမ်းတော့သေချင်သေပါစေ ကိုက်မှာဘဲဆိုတာမျိုး။ ခြင်အကြောင်းကနေ ပုဇဉ်းရင်ကွဲအကြောင်းတွေးမိပြန်တယ်၊ သူလဲတော်တော်နားငြီးစေတဲ့အကောင်ဘဲ.. အထူးသဖြင့် သစ်ပင်တွေများတဲနေရာဆို အော်လိုက်တာ ကျီ........နဲ့ တော်တော့်ကိုနားမခံနိုင်အောင် အော်တယ်..  သူတို့တွေအော်တဲ့အသံလာတဲ့နေရာ န...

Happy Birthday!!

ပန်းပိတောက်ပွင့်ချိန် ခါနွေဦးမှာမွေးနေ့ကျရောက်ပြန်တဲ့ သူတစ်ယောက် ကျမ်းမာချမ်းသာ.. စိတ်ရွှင်လန်းပီး လိုအင်ဆန္ဒ အ၀၀ ပြည့်ဝနိုင်ပါစေ။ ဘ၀မှာအောင်မြင်မှုများစွာဆက်လက်ပိုင်ဆိုင်နိုင်ပါစေ။ (ဒီကိတ်လေးနဲနဲကျွေးပါတောင်းတာ မကျွေးဝူးတဲ့)

ဒီဇင်ဘာအလှ/အလွမ်း

(စန္ဒကူးရေးချင်တာက) ဒီဇင်ဘာလကိုချစ်တတ်တဲ့သူများအတွက် တစ်ကူးတစ်ကရိုက်ပို့ထားပေးတဲ့ ပုံလေးတွေတင်ပေးလိုက် ပါတယ်။ ညီမလေးက ဒီဇင်ဘာမှာမွေးတယ်၊ မာမီနဲ့ပါးပါး ဒီဇင်ဘာမှာ မင်္ဂလာဆောင်တယ်.. ဒီဇင်ဘာတိုင်းမိသားစုတွေပြန်စုံကြတယ်... ရုံးပိတ်ရက်တွေလဲအများကြီး...လက်ဆောင်တွေလဲအများကြီးရသလို.မရှိဆင်းရဲသားတွေကိုလဲ ကိုယ့်မှာ ရှိတာလေးကို အကုန်နီးပါးပြန်ဝေမျှဖြစ်တဲ့ပုံမှန်လလေးပေါ့.... (ဆက်ဖတ်ရန်) အလုပ်အများဆုံးလလို့ပြောလို့ရသလို.. ဒီဇင်ဘာလရဲ့အေးစိမ့်တဲ့အရသာကိုလဲချစ်တယ်... ခြောက်သွေ့တဲ့လေအေးအေးတွေကိုလဲချစ်တယ်... မိသားစုရဲ့နွေးထွေးမှုကိုလဲလွမ်းတယ်... ချစ်သူ့ရဲ့စိုးရိမ်ပူပန်တဲ့အကြည့် ကိုလဲ တမ်းတတယ်... ဒီနှစ်ခရစ္စမတ်ပါတီကိုတော့ အသက်နဲ့အလိုက် dress code အရောင်တွေသတ်မှတ်ထားတယ်... ကျွန်မအသက်နဲ့ဆိုတော့ အစိမ်းရောင်ကျတယ်... blue christmas လို့ လွမ်းရောင်သန်းပီး အလှဆင်ထားတဲ့ ခရစ္စမတ်သစ်ပင် အပြာရှေ့မှာ အလွမ်းကဗျာ ဆန်မယ့်အရေးမှာ..အခုတော့ အစိမ်းရောင်ဝတ်ပီး ခဏစိမ်းကားနေရအုံးမယ့်နမိတ်များလား..နော်။ (ဆက်ဖတ်ရန်)

Fly back to Me တဲ့.. ဘယ်လိုလုပ်မတုန်း

အရင်အပတ်က မေးလ်ထဲကို တစ်စုံတစ်ယောက်သောသူပို့လိုက်တဲ့ မူဗီ ဖိုင်လေးပါ... အစကတော့ ignore လုပ်ထားမလို့ပါဘဲ... နေ့လည်ထမင်းစားချိန် မရောက်သေးခင် ခေါင်းနောက်လို့ ခဏ နားနေရင်နဲ့ အဲဒီဖိုင်လေးသွားကလစ်မိတော့ ပုံလေးတွေပါ..ပါလို့ဆက်ကြည့်လိုက်တယ်... လေးဖြူသီချင်းဆို ကျွန်မ တစ်ခါမှနားထောင်တာမဟုတ်၊ ခံစားလို့လဲမရ..ဒါပေမယ့် ဒီဟာလေးတော့ ကြည့်ရင်း နဲ့ ထိုင်လဲရီ၊ ရီတော့ သူငယ်ချင်းတွေပါလာဝိုင်းကြည့် သူတို့ကတော့ ဘယ်နားလည်မလဲလေ... အင်္ဂလိပ်လို ရေးထားတာ မြန်မာကဒါရိုက်ပြန်တော့ သူတို့အတွက် အထူးဆန်းဖြစ်နေတာပေါ့.. ကျွန်မကလွဲလို့ဘယ်သူက ခံစားနိုင်မလဲလေ...ဒါပေမယ့်လုပ်ထားတဲ့ ပုံလေးသဘောကျလို့  ချစ်သူနဲ့ အဆင်မပြေသူများ၊ ချစ်သူကိုယ့်ကိုအလိုမကျဖြစ်နေသူများ၊ ချစ်သူက ထားခဲ့သူများ.... ၀မ်းသာ ၀မ်းနည်း ပြုံးစိစိလေးဖြစ်အောင်တင်ပေးလိုက်ပါသည်။

ချစ်သူ့လက်ရာ

စာရေးတာကိုမကြိုက်တဲ့၊ ဘလော့ဖတ်တာစိတ်မ၀င်စားတဲ့၊ ညည အင်တာနက်တစ်ခွင်သဝေထိုးနေတာမကြိုက်တဲ့ချစ်သူက ကျွန်မ၀ါသနာကိုဘေးမဲ့ပေးလိုက်ပီးနောက်မှာ ထပ်ဆင့်တိုးလာတာက သူကိုယ်တိုင် ရောက်တဲ့နေရာမှာ အစားသောက်ပုံနဲ့ပန်းပုံလေးတွေရိုက်လာပေးပါတယ်။ မျက်နှာတည်တည်နဲ့ email ထဲမှာပုံတွေပို့ထားတယ်လို့ ရုတ်တရက်စကားဖြတ်ပြောပီး.. အခြားအကြောင်းတွေကို စကားလွှဲသွားပါတယ်။း)

အရိပ်

မြေပြင်ညီမှာ ၀င့်ကြွား သင့်လျော်ညီညီအရာထင်ဖို့ ချစ်သူရဲ့ အလင်း ငါ လိုတယ်.. မိုးပေါ်တက်အလှမဆင်နိုင်ငြား ချစ်သူ့နွေးထွေးမှုနဲ့ မြေပြင်ကိုအလှဆင်ပေးနိုင်တယ် အချိန်ရောက်တော့ ခြေရာပျောက်ေ၀၀ါးဝါးနဲ့ အခါခါ မှောက် ချစ်သူသည်သာငါ့အလင်း နွေးထွေးမှုနဲ့ ခေါင်းတစ်ချက် ထွေးပိုက်လှည့်ပါအုံး

bUcKwHeAt NooDLE (for B'day)

ဒီနေ့လဲရုံးပိတ်ပြန်ပါတယ်။ ချစ်သောသူမွေးနေ့ကျမ်းမာချမ်းသာစေလိုကြောင်းဆုမွန်ကောင်း တောင်းပြီးအသက်ရှည်ကျမ်းမာဝဖြိုးစေဖို့တစ်ခါမှမချက်ဘူးသေးတဲ့ခေါက်ဆွဲစွပ်ပြုပ်လုပ်ပေး လိုက်ပါတယ်။ မနေ့ကကြက်ရင်အုံသား (အရေခွံဆုတ်ပီး) တစ်ကောင်လုံးကိုဂျင်း၊ ကြက်သွန်ဖြူ၊ မှိုခြောက်၊ ဆားအနည်းငယ်နဲ့ မီးအေးအေးမှာ နူးအိနေအောင်ပြုပ်ထားပါတယ်။ခေါက်ဆွဲကိုတော့ Buckwheat noodle နူးညံ့လို့ဒီခေါက်ဆွဲဘဲသုံးပါတယ်။ ခေါက်ဆွဲကညိုညိုညက်ညက်လေးမို့ စိတ်ကူးနဲ့ရူးတာလဲပါတယ်။ ခေါက်ဆွဲ၊ မှို အညို.. အရည်အတွက်ပြင်ဆင်ပြီးရင်တော့ခေါက်ဆွဲကိုပြုပ်၊ ဇကာပေါ်လောင်းချ၊ ရေအေးနဲ့ပြန်ဆေး ပြီးရင်တော့ အသင့်စားလို့ရတဲ့ ခေါက်ဆွဲအေးလေးရပါပီ။ အပူစားချင်ရင်တော့ ဟင်းရည်ကိုနွေး နွေးထပ်တည်ပြီးလောင်းထည့်လိုက်ရုံပါဘဲ။ ကြက်သွန်မိတ်၊ ငုံးဥလေးတွေနဲ့၊ သံပုရာသီး။ အဟာရပြည့်စုံအရသာလဲကောင်း၊ ခွန်အားလဲတိုးစေမယ့် buckwheat noodle ခေါက်ဆွဲပါ။း)း) သုံးတဲ့ခေါက်ဆွဲအမျိုးစားပုံဒီမှာပြထားပါတယ်။ ဟင်းရည်မှာဆီလုံးဝမထည့်ပါဘူး။ ကြက် နဲ့မှိုပြုပ်နေရင်အဆီသူ့ဟာသူထွက်လာတာပါ။

ချစ်ပါတယ်ဆိုသူများရဲ့ကျိန်စာ

အချစ်လှည့်ဖျားတယ်.. ကွေ့ကောက်တဲ့မာယာတွေနဲ့ ဟန်ဆောင်တဲ့အပြုံးတွေ ငါလက်ခံနေရသလား အပေါင်းလက္ခဏာတစ်ခုပြတိုင်း ငါ့မှာကလေးငယ်လိုအပူပင်ကင်းပျော်ရွှင်လို့ ကပ်ပါလာတဲ့အနုတ်လက္ခဏာတွေမတွေ့မိဘဲ... လက်တွေ့ကျကျဘ၀ကိုလက်ခံပါ စိတ်ကူးယဉ်မဆန်ပါနဲ့ သူတစ်ကာနဲ့မယှဉ်ပါနဲ့ လက်တွေ့ဘ၀ခါးသီးနာကျင်တာမေ့ထားနိုင်ဖို့ စိတ်ကူးယဉ်အကန့်လေးတွေတည်ဆောက်နေရတာ ငါကလွဲလို့ ဘယ်သူကနားလည်နိုင်မှာလဲ မယှဉ်နိုင်မှန်းအစထဲကသိခဲ့လို့ ဒသမတစ်အချိုးလောက်ဖြစ်လာနိုင်ဖို့စိတ်ကူးမိတာရော အပြစ်ရှိသတဲ့လား..... ဒူးနဲ့မျက်ရည်သုတ်ရမယ်ဆိုတာ ထမင်းစားရင်းမျက်ရည်တောက်တောက်ကျရမယ်ဆိုတာ မိဘစိတ်ဆင်းရဲအောင်လုပ်ရင် တစ်သက်လုံးစိတ်မချမ်းသာရဘူးဆိုတာ ထမင်းတောင်ဖြောင့်အောင်မစားရဘူးဆိုတာ လူကြီးတွေချိန်းခြောက်တဲ့စကားအဖြစ် ငါသတ်မှတ်ခဲ့တာ ငါနဲ့မဆိုင်ဘူးလို့ဥပက္ခာပြုခဲ့တာ... ငါကျိန်စာသင့်ခဲ့ပီးပါပြီ။ ပြီးရင်တော့ တွေးခေါ်ဆင်ခြင်ကင်းမဲ့တဲ့ ခေါင်းတစ်စုံငါလိုတယ် အမြဲဟန်ချက်ညီညီခုန်နေတဲ့ နှလုံးသားတစ်ခုလိုပြန်တယ် လက်တွေ့အဖြစ်မှန်တွေ ငါမမြင်ဖို့မျက်လုံးတွေပိတ်ထားဖို့လိုတယ် ငါ့နာကျင်မှုတွေ စူးနက်တဲ့ခံစားချက်တွေ ပျောက်သွားဖို့.. တစ်ခုခုကိုအဆုံးသတ်ဖို့လိုတယ် ငါကျိန်စာထပ်သင့်ပြန...

14 February 2009

Valentine = :(

Valentine's Day ရောက်တော့မယ်တဲ့။ မမြင်ချင်ယောင်၊မသိယောင်ဆောင်လို့လဲမရ။ မေးလ်တွေထဲမှာလဲဘယ်ကလာမှန်းမသိတဲ့ကြေငြာတွေများကြီးဝင်ဝင်လာတယ်။ Friendster Hi5မှာလဲဝင်လာတဲ့post တွေကValentine နဲ့ပတ်သတ်တဲ့အကြောင်းတွေ။ ဟူးးးးးးးးးးးး မှတ်မှတ်ရရဖြစ်ခဲ့ဖူးတဲ့ Valentine နေ့အကြောင်တွေကိုပြန်ပြောင်းတွေးရရင်တော့........ ကျောင်းတုန်းက ကျွန်မတို့ Strategic Mgt. သင်တဲ့ဆရာလူပျိုကကျွန်မကိုကိတ်မုန့်ပေးတာ surprise ဖြစ်စေချင်လို့သူကမမြင်အောင်အုပ်ထားတာကိုမသိဘဲအတင်းဆွဲဖယ်မိတော့ကိတ် မုန့်တွေအကုန်ပြုတ်ကျပုံပျက်ပန်းပျက်၊ မလေးရှားရောက်နေတဲ့ကျောင်းနေဖက်ငယ်သူငယ်ချင်းက love song cdနဲ့သီချင်းတစ်ပုဒ် စီကိုခေါင်းစဉ်နဲ့အလိုက်ကဒ်လေးတွေကဗျာလေးတွေရေးထားတဲ့ box ရောက်လာတုန်းက ဘာမှန်းမသိလှိုက်ကနဲပျော်မိသေးတယ်။ ၂၀၀၄ ခု Valentine မှာတော့ကျွန်မချစ်သူနှင်းဆီပန်းစည်းကြီးကိုင်ပြီးအိမ်ရှေ့မှာလာရပ်စောင့် နေတာကိုအဖေကပေးမ၀င်ဘဲပြန်တော့လို့မောင်းထုတ်တော့သူ့မှမျက်နှာငယ်လေးနဲ့အကြာ ကြီးခေါင်းငုံ့ရပ်စောင့်နေတာကိုကျွန်မအခန်းထဲကပြတင်းပေါက်ကနေလှမ်းကြည့်ပြီးစိတ်မ ကောင်းဖြစ်ခဲ့ရဖူးတယ်။ ဒီရောက်ပြီးတစ်နှစ်မှာတော့အကိုကြီးတစ်ယောက်ထူးထူးဆန်းဆန်းvalentine ...

ကျွန်မဧ။်ချစ်သူထိုသူသည်

သူ့အသံကိုစကြားရုံနဲ့တင် သူမရင်ခုန်မိသည်။ အချစ်ဆိုတာကိုတာရှည်မခံတဲ့စိတ်ခံစား ရူးသွပ်မှုတစ်ခုအဖြစ်နှင့်သာသဘောထားခဲ့သောအရာတစ်ခု ကျွန်မရင်သို့တိုက်ရိုက်ထိမှန် လာတဲ့အခါ... စာမကျက်ဘဲစာမေးပွဲခန်းတွင်းသို့ဝင်ထိုင်မိသောအဖြစ်နှင့်ခပ်ဆင်ဆင်၊ ဘာမှမပြင်ဆင် ထားမှန်းသိရက်၊ ၀င်ထိုင်ဖြေဆိုရမယ်မှန်းသိလျှက်၊ မေးခွန်းစာရွက်ရလျှင်ကြောင်တောင် တောင်ဖြစ်နေမယ်မှန်းသိရက်.အားလုံးကိုသိရက်နှင့်ကြိုတင်မပြင်ဆင်ထားတဲ့ခံစားချက်မျိုး။ အချစ်သည်ထိုကဲ့သို့ဖြစ်သည်ဟုဆိုရမည်လား။ အပြောဆိုနည်းပေမယ့်၊ ပြောမိပြန်ရင်လဲဘုဆတ်ဆတ်မာကြောကြောပြောတတ်သော ကျွန်မကိုနူးညံ့တတ်အောင်သင်ပေးသူသည်လဲကျွန်မချစ်သူပင်.. တစ်ဦးတစ်ယောက်ကမေးလျှင်ကြားရက်နှင့်မကြားချင်ယောင်ဆောင်နေတတ်သော ကျွန်မရဲ့မကောင်းတဲ့အကျင့်ကိုလဲပျောက်လုနီးပါးဖြစ်အောင်စိတ်ရှည်လက်ရှည်ရှင်းပြ ပေးသည်မှာလဲကျွန်မချစ်သူပင်။ စနေသမီးကျွန်မသည်ခေါင်းမာပါသည်။ ခံမပြောနားမထောင်၊ ကျွန်မစိတ်ဆိုးလျှင်ဒေါ သထွက်လျှင်သူများကိုဘာမှမလုပ်ပါ၊ ဆိတ်ဆိတ်နေပြီး ကိုယ့်ကိုကိုယ်သာဒဏ်ခတ် တတ်သောအကျင့်ဆိုးကြောင့်စကားကတောက်ကစကျွန်မကစပြသနာရှာလည်းကျွန် မထက်ဦးစွာအရင်တောင်းပန်ပြီး ကျွန်မစိတ်သောကတွေကိုနေ့တောင်မကူးစေတတ် တာလ...

Happy Birthday!

~~Happy Birthday~~ ဒီနေ့ ပန်းတောက်ပန်းကိုအရမ်းကြိုက်တဲ့သူတစ်ယောက်ရဲ့မွေးနေ့ပေါ့။ တစ်ခါက.. ဒီလိုနေ့မျိုးတစ်ရက်မှာ သင်္ကြန်မိုးကရုတ်တရက်ရွာချလိုက်လို့ ပန်းပိတောက်တွေလှိုင်လှိုင်ပွင့် ပြီးနေရာအနှံ့ သင်းပျံ့နေတဲ့အချိန် ကျွန်မနဲ့ကျွန်မသူငယ်ချင်း ကအိမ်ကခိုးထွက်ပြီးမှာထားတဲ့ ကိတ်မုန့်ဆိုင်ကိုကားဌားပြီးပြေးကြလေရဲ့။ လမ်းတစ်လမ်းလုံးပန်းတောက်ပန်းတွေဝါထိန်နေပြီး မိန်းကလေးတွေအားလုံးခေါင်းမှာလဲစောစောစီးစီး ပန်းတောက်တွေနေရာယူနေလေရဲ့။ ကိတ်မုန့် ၀ယ်ပြီးပြန်အလာblazonနားကိုသွားပြီးသူငယ်ချင်းနောက် တစ်ယောက်ကိုထပ်ခေါ်ပြီးတော့ ကိတ်မုန့်ပေး၊ပြီးသွားပေးပေးပါလို့ပြောပြီးအမြန်ပြန်လာခဲ့ဖူးတာသတိရ မိတယ်။ နှစ်ပေါင်းများစွာကြာပြီးနောက်မှာဒီနေ့မျိုးလေးထပ်ရောက်လာတော့တိုက်တိုက်ဆိုင်ဆိုင် ဒီမှာ လဲ ပန်းပိတောက်တွေဝေလို့ပေါ့။ ပန်းတောက်ကြိုက်သူလေးကတော့ရင်ဘတ်ကအိပ်ကပ်ထဲမှာ ပန်းတောက်ခက်တစ်ခက်ထိုးပြီးမွေးနေ့မှာဓာတ်ပုံတွေရိုက်ထားတာနောက်တော့ပြန်တွေ့ခဲရပါတယ်။ အချိန်ဆိုတာကုန်လွယ်လိုက်တာ။ ပန်းတောက်ချစ်တဲ့သူတစ်ယောက်မွေးနေ့မှာကျန်းမာပျော်ရွှင်ပြီးလုပ်လေရာအားလုံးအဆင်ပြေချော မွေ့ပြီးသကာလ ပညာရေးမှာလဲထူးချွန်တဲ့သူတစ်ယောက်ဖြစ်ပါစေလို...

အချစ်နှင့်ကျွန်မထင်မြင်ချက်-၁

အချစ်ဆိုတာ စိတ်ခံစားမှုတစ်ခုပါ။ လူတွေကိုပျော်ရွှင်စေနိုင်သလို ၀မ်းနည်းစေနိုင်တယ်။ စိတ်ဓာတ်မြင့်တင်ပေးနိုင်သလိုစိတ်ကိုဟိုးအောက်ခြေထိကျအောင်လဲလုပ်နိုင်စွမ်းရှိတယ်။ တစ်ချို့သူတွေအတွက်အချစ်ဟာကစားစရာတစ်ခု၊အလဲအလှယ်တစ်ခုအနေနဲ့သဘောထား ကြပေမယ့်သူတို့မှာရောစစ်မှန်တဲ့အချစ်မရှိဘူးလား။မဟုတ်ပါဘူး၊ရှိတယ်။လူတိုင်းမှာကိုယ် နှစ်နှစ်ကာကာရင်ထဲကဖြစ်ပေါ်လာတဲ့အချစ်ကရှိကြတာပါဘဲ။ကျွန်မအပျိုပေါက်အရွယ်က တွေးမိတယ်။ ငါတစ်ချိန်ကျရင်တော့ကောင်လေး တစ်ယောက်တွေ့မယ်၊ရင်ခုန်မယ်၊ချစ်မယ် ပေါ့။အချိန်ကြာလာတာနဲ့အမျှအချစ်စစ်ဆိုတာကိုနားလည်သိရှိပြီးနောက်ပိုင်းမှာတစ်ဖြည်း ဖြည်းနဲ့လန့်လာတယ်။ငါတစ်ယောက်ယောက်ကိုလက်ခံလိုက်ပြီးမှ၊ လက်ထပ်လိုက်ပြီးမှ ငါတစ်ကယ်ချစ်ရတဲ့သူတစ်ယောက်ကိုထပ်တွေ့ရင်တော်တော်ခံစားရမှာ၊အဲဒါကိုတွေးပြီး ကြောက်လာတယ်။အချစ်..ဆိုတာကြောက်စရာကောင်းတဲ့အရာလို့ကျွန်မမြင်ပါတယ်။ ဘာကြောင့်လဲ..အဲဒီစိတ်နဲ့လူတစ်ယောက်ကိုသေဆိုသေ..ရှင်ဆိုရှင်..အချစ်ဆိုတဲ့အရာ ဖုံးနေလို့ကတော့ရှေ့ကိုဘာမှမမြင်တဲ့မျက်ကန်းတစ်ယောက်နဲ့မခြားဘာဆိုဘာမှမမြင် တော့ဘူး။တစ်ကယ်တမ်းအချစ်ကိုပြန်သုံးသပ်လိုက်တော့စိတ်ခံစားမှုတစ်ခုဘဲ၊ပြင်းထန် လွန်းတဲ့အခါဦးနှောက်ကဘာမှမစဉ်းစားနိုင်...

ခွင့်မလွှတ်ပါနဲ့ချစ်သူ့

ချစ်ရက်နဲ့လမ်းခွဲစကားပြောရတာ...ဖတ်ခဲ့ဖူးတဲ့စာတွေထဲမှာ၊ ကြည့်ခဲ့ဖူးတဲ့ ရုပ်ရှင်တွေထဲမှာတောင် သူများသရုပ်ဆောင်တာကြည့်တာနဲ့တင် အရမ်းကိုခံစားရတယ်။။ ကိုယ်တိုင်ကြုံတွေ့လာတဲ့အခါဘယ်လောက်ခံစားရမလဲဆိုတာကိုနားလည်ပေးကြပါ။ လူတစ်ယောက်ကိုချစ်တယ်လို့ ပြောတာတစ်ချိုတွေအတွက် အတွေ့ထိကိုမရှောင်နိုင်လို့ဖြစ်ချင်ဖြစ်မယ်၊ မက်မောတဲ့အရာတစ်ခုကိုဘန်းပြထားလို့ပြောတာလဲဖြစ်ချင်ဖြစ်မယ်၊ စိတ်ထဲမှာမပါဘဲပေါ့ပေါ့တန်တန်ပြောလိုက်တာလဲဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် ကျွန်မအတွက် ချစ်တယ်ဆိုတဲ့စကားက ကျွန်မအသက်တစ်မျှအရေးကြီးတယ်လို့ခံယူပါတယ်။ ကျွန်မနှလုံးသားခံစားချက်နဲ့ထွက်လာတဲ့စကားတစ်ခုကို ကျွန်မဦးနှောက်ကပြန်ရုတ်သိမ်းလိုက်တဲ့အခါ ကျွန်မရူးတော့မယ်...မခံစားနိုင်တော့ပါဘူး... မဖြစ်လာနိုင်တဲ့ အရာကိုလဲ ရေရှည်ဆွဲပြီး မြော်လင့်မနေချင်တော့လို့ပြောလိုက်မိတဲ့စကားအတွက် တစ်ဖက်သားခံစားရမယ့် စိတ်ဝေဒနာတွေထက် ကျွန်မနှစ်ဆ ထက်ပြီးခံစားရပါစေလို့ဘဲ ဆုတောင်းပေးပါရစေတော့။ အစထဲက စိတ်အလိုလိုက်ပြီးရူးသွပ်ခဲ့တာကျွန်မပါ။ အခုလဲရူးနေပြီ။ နောက်လဲ ကိုယ်ဆုံးဖြတ်ခဲ့တဲ့အရာအတွက် တစ်သက်လုံးနောင်တရပါစေ..အဲဒီနောင်တတွေနဲ့ ကျွန်မကြောင့်ခံစားခဲ့ရသူရဲ့ စိတ်ဒုက္ခ နှစ်ဆကိုက...

နောက်တတ်တဲ့ချစ်သူ

မနေ့မနက်ကကျွန်မစောင်လေးခြုံပြီးကွေးကွေးလေးအိပ်နေတာကိုချစ်သူက ကုလားထိုင်ပေါ်ကနေ သတင်းစာဖတ်ရင်းလှမ်းကြည့်နေတယ်။ ကျွန်မနိုးလာတော့.. သူကနိုးပြီလားတဲ့...နေကောင်းလားတဲ့.. ကိုယ်အိမ်ဈေးတွေဖတ်ကြည့်နေတာတဲ့.. ဒါနဲ့ ကျွန်မကဘာအိမ်ဈေးလဲဆိုတော့ သူက လှမ်းမြင်နေရတဲ့ အသစ်ဆောက်လက်စ ကွန်ဒိုတွေကိုပြပြီးတော့ ဒီဘက်က၃ လွှာမှာ ၂ သိန်း တဲ့ ဟိုနားက (၅)လွှာမှာတော့ (၃) သိန်းတဲ့... အဲဒါဘယ်တစ်ခုကိုဝယ်ရင်ကောင်းမလဲ.. ဟိုနားက ၅ လွှာကတော့ ကားအ၀င်အထွက်အဆင်ပြေတယ်၊ ကားထားမယ့်နေရာလဲကျယ်တယ်တဲ့။ ဒါပေမယ့်မ၀ယ်တော့ပါဘူး ကိုယ်တို့မှာကားမှမရှိတာ တဲ့.... ဒါနဲ့ ကျွန်မလဲအရမ်းကိုသဘောကျ ပြီးအော်ရီလိုက်တယ်... ပြီးတော့လန့်နိုးလာတယ်.... ဒီလိုအိမ်မက်မျိုးလေးတွေသာမက်နေရရင် ကျွန်မတစ်ကယ်ကိုမနိုးချင်တော့ပါဘူး...