Pages

Friday, February 13, 2009

Valentine = :(


Valentine's Day ရောက်တော့မယ်တဲ့။ မမြင်ချင်ယောင်၊မသိယောင်ဆောင်လို့လဲမရ။
မေးလ်တွေထဲမှာလဲဘယ်ကလာမှန်းမသိတဲ့ကြေငြာတွေများကြီးဝင်ဝင်လာတယ်။ Friendster
Hi5မှာလဲဝင်လာတဲ့post တွေကValentine နဲ့ပတ်သတ်တဲ့အကြောင်းတွေ။ ဟူးးးးးးးးးးးး

မှတ်မှတ်ရရဖြစ်ခဲ့ဖူးတဲ့ Valentine နေ့အကြောင်တွေကိုပြန်ပြောင်းတွေးရရင်တော့........
ကျောင်းတုန်းက ကျွန်မတို့ Strategic Mgt. သင်တဲ့ဆရာလူပျိုကကျွန်မကိုကိတ်မုန့်ပေးတာ
surprise ဖြစ်စေချင်လို့သူကမမြင်အောင်အုပ်ထားတာကိုမသိဘဲအတင်းဆွဲဖယ်မိတော့ကိတ်
မုန့်တွေအကုန်ပြုတ်ကျပုံပျက်ပန်းပျက်၊
မလေးရှားရောက်နေတဲ့ကျောင်းနေဖက်ငယ်သူငယ်ချင်းက love song cdနဲ့သီချင်းတစ်ပုဒ်
စီကိုခေါင်းစဉ်နဲ့အလိုက်ကဒ်လေးတွေကဗျာလေးတွေရေးထားတဲ့ box ရောက်လာတုန်းက
ဘာမှန်းမသိလှိုက်ကနဲပျော်မိသေးတယ်။
၂၀၀၄ ခု Valentine မှာတော့ကျွန်မချစ်သူနှင်းဆီပန်းစည်းကြီးကိုင်ပြီးအိမ်ရှေ့မှာလာရပ်စောင့်
နေတာကိုအဖေကပေးမ၀င်ဘဲပြန်တော့လို့မောင်းထုတ်တော့သူ့မှမျက်နှာငယ်လေးနဲ့အကြာ
ကြီးခေါင်းငုံ့ရပ်စောင့်နေတာကိုကျွန်မအခန်းထဲကပြတင်းပေါက်ကနေလှမ်းကြည့်ပြီးစိတ်မ
ကောင်းဖြစ်ခဲ့ရဖူးတယ်။
ဒီရောက်ပြီးတစ်နှစ်မှာတော့အကိုကြီးတစ်ယောက်ထူးထူးဆန်းဆန်းvalentine မှာအစိမ်းရောင် ဖားနှစ်ကောင်ရတယ်ဘယ်လိုစိတ်ကူးပီးဝယ်ပေးခဲ့တာလဲ တော့မသိဘူး၊နှိပ်လိုက်တော့ သီချင်း ထအော်ဆိုလို့ရုံးကသူတွေလာလာဝိုင်းနှိပ်ပြီးသီချင်းခဏခဏဆိုခိုင်းတာမှတ်မှတ်ရရဘဲ။
ကျန်၊ကျန်တဲ့ valentine တွေကတော့နှင်းဆီပန်းတွေ၊ ချောကလက်တွေ၊လက်ဆောင်ပစ္စည်း
တွေနဲ့မှတ်မှတ်ရရမရှိခဲ့တော့တာတော့အမှန်ပါ။ ချစ်တဲ့သူတွေနဲ့ကိုယ့်ရဲ့ချစ်သူကအဝေးမှာဆို
တော့ valentine ရောက်ရင်သူတကာဘာညာတွေရပေမယ့်ကျွန်မအမြဲနောက်ကျပြီးမှရပါတယ်။
နောက်မကျရင်တောင်စောပြီးရောက်တတ်တယ်။ ကျွန်မချစ်သူကိုအမြဲပြောတယ် နေ့ထူးတစ်
ခုရောက်လို့လက်ဆောင်၊အမှတ်တရလေးတွေကအဲဒီနေ့မှာမရောက်ရင်ဘာမှအဓိပယ်မရှိတော့
ဘူးလို့။ ဒါပေမယ့်လိုတိုင်းမရ၊ရတိုင်းမလို ချစ်သူရှိရင်တောင်အလွဲလေးတွေဖြစ်နေတာဘဲမဟုတ်
လားနော်။
Valentine မှာ ချစ်သူရှိသူတွေဘာပေးရင်ကောင်းမလဲခေါင်းစားနေကြမယ်..
Valentine မှာ ချစ်သူမရှိသေးသူတွေ ကိုယ်ချစ်တဲ့သူကိုလက်ဆောင်လေးတွေပေးဖို့စိတ်စောမယ်။
Valentine မှာ ကိုယ့်ချစ်မိတဲ့သူကမလွတ်လပ်သူဖြစ်တော့ ဘာမှန်းမဟုတ်အလိုလိုခံစားနေရမယ်။
Valentine မှာ ချစ်သူလိုချင်ပေမယ့်မရနိုင်သေးတဲ့သူတွေ အဲဒီနေ့ကိုဘယ်လိုဖြတ်ကျော်မလဲစဉ်းစား
နေမယ်။
Valentine မှာ ကိုယ့်ချစ်ယောကျာ်းအလုပ်များလို့ကိယ့်တွက်ဘာများအမှတ်တရလုပ်ပေးမလဲရင်
လေးသူတွေရှိမယ်။
Valentine မှာ ချစ်သူမရှိပေမယ့်သူငယ်ချင်းကြားမှာကြွားချင်တော့ပန်းတွေကိုယ့်ဘာသာကိုယ်မှာ
ပြီး delivery လုပ်ခိုင်းတဲ့သူတွေလဲရှိမယ်။ (mr. bean လိုပေါ့းP)
Valentine မှာ လောကကြီးမှာမရှိတော့တဲ့ချစ်သူ/ယောက်ျားကိုသတိရလွမ်းဆွတ်နေမယ့်သူတွေ
ရဲ့ရင်ထဲကနာကျင်မှုတွေရှိတယ်။
Valentine မှာ ကိုယ့်အပေါ်သစ္စာမရှိမှန်းသိပေမယ့် အပေါ်ယံသကာရေလောင်းတဲ့လက်ဆောင်
တွေကိုရင်နာနာနဲ့လက်ခံယူနေမယ့်သူတွေလဲရှိမယ်။
Valentine မှာ ........................ ပျော်ရွှင်မှုနဲ့ထပ်တူ...နာကျင်မှုတွေလဲရှိနေမယ့်သူတွေရှိမယ်။
အချိုးချရရင် တိတ်တိတ်ကြေကွဲနေမယ့်သူတွေများလိမ့်မယ်ထင်တယ်။ သူတကာပျော်သည်ဖြစ်စေ
နာကျင်နေသည်ဖြစ်စေ ကိုယ်နဲ့ဘာမှမဆိုင်ဘူးလို့တွေးချင်တွေးမယ်.. ကျွန်မအမြင်မှာတော့ %နဲ့
တွက်မှာဆိုရင်..
Valentine ဟာ စဖြစ်ကတည်းက ကြေကွဲမှုစိတ်မကောင်းမှုတွေနဲ့စခဲ့လို့ ပျော်စရာကောင်းတဲ့နေ့
လို့မသတ်မှတ်ဘူး။ လူသားတွေရဲ့အားနည်းချက်ဖြစ်တဲ့အချစ်ကိုထိုးဆွနာကျင်စေတဲ့နေ့တစ်နေ့လို့
သာမြင်ပါရစေတော့။

2 Comments:

Aye said...

inn.. don't complain if you get your present early. Last year valentine, my boy friend gave me a bunch of rose on 13th feb. I told him why don't you give me tomorrow instead of today. and you know what he did ...
he threw took the roses from my hand and threw them away .. I fell so sad and we didn't talk to each other for 2 days. Since then , I learn never to complain and just thank to him.

စန္ဒကူးမေ said...

short temper!! my bf will never do that to me. he never was...

Post a Comment

ကူးကူးရေ...

 
Powered by Blogger