Pages

Saturday, February 21, 2009

ကြက်ဟင်းခါးသီးအစာသွပ်

ကြက်ဟင်းခါးသီးအစာသွပ်ချက်ပါတယ်။ အစာသွပ်ချက်နည်းတွေထဲမှာအကြိုက်ဆုံးက
တော့ဗုံလုံသီးပါ။ ဒီမှာတော့မရှိဘူး၊ရောင်းလဲမရောင်းပါဘူး။ တစ်ချို့ဆိုမြင်တောင်မမြင်
ဖူးဘူး။ ကြက်ဟင်းခါးသီး (native) သီးမဟုတ်တဲ့ဟာတွေကသိပ်မခါးဘူး။ အစာအတွက်
ပြင်ဆင်ရတာလဲများများစားစားတော့မရှိပါဘူ..
ကြက်သွန်နီ (တောက်တောက်စင်း)
ကြက်ဟင်းခါးသီးထဲကအစေ့နုလေးတွေ (တောက်တောက်စင်း)
မုန်လာဥနီ (အမျှင်သေးသေးလေးတွေဖြစ်အောင်ခြစ်ထား)
ပုဇွန်ခြောက်အကောင်သေး
ခရမ်းချဉ်သီး တစ်လုံး၊ ဆားနဲ့ ပဲငံပြာရည် အားလုံးတို့ကိုသမအောင်ရောမွှေပြီး
ကြက်ဟင်းခါးသီးကိုအပိုင်းဖြတ်လှီးအထဲကအဖတ်တွေကိုဓားလေးနဲ့လှည့်ထုတ်ပြီးရောမွှေ
ထားတဲ့အစာတွေထည့်၊ ကြက်သွန်ဖြူနီနဲ့ငရုတ်သီးမှုန့်ကိုတော့ဆီချက်သတ်ဖို့သပ်သပ်
ထည့်ကြော်ပါတယ်။ ငံပြာရည်လေးနဲနဲထည့်ပါတယ်၊ ပြီးရင်တော့အစာသွပ်ထားတဲ့ကြက်
ဟင်းခါးသီးတွေကိုစီထည့်ပြီးမီးအေးအေးနဲ့နူးနေအောင်နှပ်ပါတယ်။ ပြီးရင်တော့စားဖို့အဆင်
သင့်ဖြစ်နေပါပြီ။ ပဲနီလေးဟင်းချိုနဲ့အရမ်းလိုက်ပါတယ်။ အထဲကသွပ်ထားတဲ့အစာတွေက
ကြက်ဟင်းခါးသီးအခွံထဲအရသာစိမ့်ဝင်သွာတော့အနည်းငယ်ခါးသက်သက်လေးသာကျန်
တော့တယ်။

ကြက်ဟင်ခါးသီးလေးတွေချက်ဖို့တန်းစီ

စားဖို့အဆင်သင့်ပြင်လို့ရပါပီ။

3 Comments:

subuueain said...

ဒီကောင်မလေး ကြက်ဟင်းခါးသီးတော့ တော်တော်ကြိုက်။ အရွက်လည်းကြော်စားသေး။
:)

Anonymous said...

ကူကူး...
ကြက်ဟင်းခါးသီးလာကြည့်သရေယိုသွားသည်။
ုမြူးသျှရီ

sin dan lar said...

အိမ်မှာ မေမေလုပ်ကျွေးရင်တော့ အလုံးလိုက် အစာသွတ်တာ..
ကိုယ့်ဘာသာကိုယ်တော့ ဗုံလုံသီး အစာသွပ်ဖူးတယ်....။
ကူးကူးလုပ်နည်း အတိုင်းပဲ....
ကြက်ဟင်းခါးသီးကို လုပ်ကြည့်ရကောင်းမလား စဉ်းစားနေသည်..။

Post a Comment

ကူးကူးရေ...

 
Powered by Blogger