Pages

Monday, February 9, 2009

ကော်ပြန့် မလိပ်တလိပ်ကြော်

ကော်ပြန့်ကြော်လို့ခေါ်ရင်ကောင်းမလား၊ ကော်ကြေမွှကြော်လို့ခေါ်ရမလားတော့မသိဘူး။
စားပွဲတိုင်းမှာအချောင်းလေးတွေသေသပ်သပ်လေးလိပ်ကြော်ထားတာတွေ့တိုင်းသဘော
ကျတာနဲ့စမ်းကြည့်မယ်ဆိုပြီး ဒီမှာတော့ Lumpia လို့ခေါ်တယ်။ wrapper ..လိပ်တဲ့အရွက်
တွေဝယ်လာပြီး အစာပလာအတွက်ဆန်ကြာဇံ၊ ပြောင်းဖူးနဲ့မုန်လာဥနီတွေပြင်ဆင်ကြော်
ပြီးတော့စလိပ်တာနဲ့စတာ၊ ခွာရတာခက်လို့ အပူပေးလဲမရ၊ရေဆွတ်လဲမရ၊ အားလုံးပေါက်
ပြဲကုန်တာနဲ့လေးငါးရွက်ပေါင်းပြီးတစ်လိပ်လုပ်လိုက်တာတစ်ထုပ်လုံးကိုအကြော်ငါးချောင်း
ဘဲရပါတယ်။ အဲလောက်တော့ခက်မယ်မထင်ဘူး၊ နည်းလမ်းတော့ရှိမှာပါ။ ဆရာမပြနည်း
မကျဆိုသလို youtube မှာကြည့်တော့လွယ်လိုက်တာ။ စားလို့တော့ကောင်းတယ်။ ဒါပေ
မယ့်မလှဘူးလေ။ အစားသောက်မှာပြင်ဆင်တာအရေးကြီးတယ်မဟုတ်လားနော်။ ရုပ်
ဆိုးဆိုးကြီးဆိုတော့သိပ်တော့ဘ၀င်မကျလှဘူး။ နောက်မှထပ်ကြိုးစားကြည့်အုံးမယ်။



7 Comments:

khin oo may said...

အာ..ဟ.. :P

subuueain said...

ကြာဇံတွေက အများကြီးပါလား

စန္ဒကူးမေ said...

ရီပါ..မမKOM ရီပါ..း( ဟီးဟီး

စန္ဒကူးမေ said...

ဟုတ်တယ်စုဘူးအိမ်ရေ..
မခန့်မှန်းတတ်တော့အများကြီးဖြစ်သွားတယ်။...
နည်းနည်းလေးသာထည့်လိပ်ရတာနော်အမှန်ဆိုရင်..
ခုတော့စားမကုန်..အလဟသဖြစ်..း(

Tea said...

Seems Delicious :P

Mae said...

ခွာတာ လွယ်ချင်ရင် လက်သုပ်ပဝါကို ရေစွတ် ပြီးတော့ ရေကုန်အောင်ညှစ်ပြီး အပေါ်မှာ အုပ်ထားပါ၊ တစ်ချပ်ချင်းဆီယူပြီး ပြန်အုပ်ထားပါ၊

အမတော့ အစာကို အသားစင်းကောလဲ ထည့်တယ်၊ သက်သတ်လွတ်ဆိုရင်တော့ ဂေါ်ဖီနဲ့ ပဲပင်ပေါက်နဲ့ ဥနီနဲ့ ခြစ်ပြီးထည့်ပါတယ်၊ ကျစ်ကျစ်လိပ်ရင် မပေါက်ဘူး၊

Sandakuu said...

Mae ရေ.. အုပ်ထားတယ်..ရဘူး..ခွာလို့... မလုပ်တတ်လို့ဖြစ်မှာ..း(

Post a Comment

ကူးကူးရေ...

 
Powered by Blogger